ကင်ညေးဝက်စ်၏ အိမ်နံရံ မရှိသော အိမ်ကြီး အံ့ဖွယ်ရောင်းထွက်သွား

ကင်ညေးဝက်စ်၏ အိမ်နံရံ မရှိသော အိမ်ကြီး အံ့ဖွယ်ရောင်းထွက်သွား - Property News in Myanmar from iMyanmarHouse.com
7 Aug 2024 2:03 pm တွင် တင်ခဲ့သည်
508 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကင်ညေးဝက်စ်ကတော့ လေကလေးတချွန်ချွန်နဲ့ နှပ်နေလောက်ပြီဗျို့။

ဘာလို့ဆို မာလီဘူးမှာ သူဖြိုချထားတဲ့ အိမ်ပျက်ကြီးကို ငွေပုံပေးမယ့် ဝယ်လက် တွေ့သွားလို့လေ။

မာလီဘူးဆိုတာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ရဲ့ အနောက်ဘက်က ပင်လယ်ကမ်းခြေမြို့လေး။

ကင်ညေးဝက်စ်က အဲ့အိမ်ကို ပြင်မယ်ဆိုပြီး နံရံတွေဖြိုချထားတာ။ ပြီးတော့ ဘာမှဆက်မလုပ်ဘဲ ဒီတိုင်း တန်းလန်းကြီး ထားထားတာ။

အွန်လိုင်းမှာ တွေ့ရတဲ့ အချက်အလက်တွေအရဆို ကင်ညေးက မာလီဘူးအိမ်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဝယ်လက်ရှာတွေ့သွားတယ်လို့ သိရပါတယ်။

(နေအိမ်ဖြိုမချမီက မြင်ကွင်း။ ဓာတ်ပုံ-Roger Davies/ The Oppenheim Group)

ဒီဘီးကြဲ အဲ့အိမ်ကို ရောင်းဖို့လုပ်နေတာ နည်းနည်းတော့ကြာပြီ။

ဇန်နဝါရီတုန်းက ဒေါ်လာ ၅၃ သန်း ဈေးခေါ်ထားတာ။ ရောင်းမစွံတာကြောင့် ဧပြီလထဲရောက်တော့ ဒေါ်လာ ၁၄ သန်း ဈေးလျှော့ပေးပါလေရော။

ဒီတော့ ခေါ်ဈေးက ဒေါ်လာ ၃၉ သန်းကို ဈေးကျသွားတယ်။ အခု ဘယ်လောက်နဲ့ ဈေးတည့်သွားလဲတော့ မသိရသေးဘူး။ သူက အိမ်ကြီးကို ဖြိုချထားတာဆိုတဲ့တစ်ချက် မမေ့နဲ့ဦးဗျ။ သူက ပြန်ပြင်မယ်ဆို လုပ်နေတာ။ မပြင်ဖြစ်ဘဲ ဒီတိုင်းကြီးရှိနေတာ။

ဒီတော့ ဒါကြီးက လူနေဖို့ဆို အများကြီးပြန်ပြင်ရဦးမယ့် အနေအထား။

ဟုတ်တယ်လေ။

နံရံတွေတောင် မရှိဘူးဆိုတော့ လူနေလို့ မရဘူးပေါ့။

အရောင်းအဝယ်သာ အပြီးသတ်သွားမယ်ဆို ပိုင်ရှင်သစ်အတွက်ကတော့ အချိန်ကုန်၊ ငွေကုန်ဦးမှာပေါ့။

ကင်ညေးက သူ့အိမ် ရောင်းပေးဖို့ Selling Sunset ရုပ်သံအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ဂျေဆင် အိုပင်ဟိုင်း (Jason Oppenheim) ကို အပ်ထားတယ်။

(Selling Sunset ဆိုတာက Netflix အတွက် ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ အမေရိကန် ရုပ်သံအစီအစဉ် reality show တစ်ခုပါ။ လော့စ်အိန်ဂျလိမှာ တန်ဖိုးကြီး အိမ်ခြံမြေတွေကို အရောင်းအဝယ်လုပ်ပေးတဲ့ Oppenheim Group ဆိုတဲ့ အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီတစ်ခုရှိပါတယ်။ အဲဒီကုမ္ပဏီမှာ အလုပ်လုပ်တဲ့ အိမ်ခြံမြေ အကျိုးဆောင်တွေရဲ့ ကိုယ်ရေးကိုယ်တာဘဝနဲ့ လုပ်ငန်းလုပ်ကိုင်ပုံတွေကို ရိုက်ကူးတင်ပြထားတဲ့ အစီအစဉ်ပေါ့)

ဂျေဆင်က ကင်ညေးရဲ့ အိမ်ကြီးကို ကိုယ်လိုရာ ပုံဖော်လို့ရတဲ့ ပန်းချီကင်းဗတ်စ အလွတ်တစ်ခုလို့ တင်စားပြီး အစွံထုတ်ဖို့ လုပ်ခဲ့တာ တကယ်အလုပ်ဖြစ်သွားတယ်ဗျို့။

လိုရာ ပုံဖော်ချင်တဲ့ ဝယ်လက်နဲ့ တွေ့သွားတယ် ထင်ပါရဲ့။ အိမ်ရဲ့ အကျယ်အဝန်းကတော့ စတုရန်းပေ ၄၀၀၀၊ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၅ ခန်းနဲ့။

Outdoor deck တွေကနေ ပစိဖိတ်သမုဒ္ဒရာရဲ့ အလှအပတွေ ထိုင်ငေးလို့ ကောင်းသတဲ့။

ဒီအိမ်ကြီးကို ဝယ်လိုက်တဲ့ ပိုင်ရှင်သစ်က ဘယ်လိုပုံစံဖြစ်အောင် ပုံဖော်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပဲဗျ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: KANYE WEST BYE, BYE MALIBU!!!Gutted Mansion In Escrow (tmz)

Photo Credit- Roger Davies/ The Oppenheim Group

[Zawgyi]

ကင္ေညးဝက္စ္၏ အိမ္နံရံ မရွိေသာ အိမ္ၾကီး အံ့ဖြယ္ေရာင္းထြက္သြား

ကင္ေညးဝက္စ္ကေတာ့ ေလကေလးတခၽြန္ခၽြန္နဲ႔ ႏွပ္ေနေလာက္ျပီဗ်ဳိ႕။

ဘာလို႔ဆို မာလီဘူးမွာ သူျဖိဳခ်ထားတဲ့ အိမ္ပ်က္ၾကီးကို ေငြပံုေပးမယ့္ ဝယ္လက္ ေတြ႔သြားလို႔ေလ။

မာလီဘူးဆိုတာ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕ရဲ႕ အေနာက္ဘက္က ပင္လယ္ကမ္းေျချမိဳ႕ေလး။

ကင္ေညးဝက္စ္က အဲ့အိမ္ကို ျပင္မယ္ဆိုျပီး နံရံေတြျဖိဳခ်ထားတာ။ ျပီးေတာ့ ဘာမွဆက္မလုပ္ဘဲ ဒီတိုင္း တန္းလန္းၾကီး ထားထားတာ။

အြန္လိုင္းမွာ ေတြ႔ရတဲ့ အခ်က္အလက္ေတြအရဆို ကင္ေညးက မာလီဘူးအိမ္ကို ျပီးခဲ့တဲ့ ၾကာသပေတးေန႔က ဝယ္လက္ရွာေတြ႔သြားတယ္လို႔ သိရပါတယ္။

(ေနအိမ္ျဖဳိမခ်မီက ျမင္ကြင္း။ ဓာတ္ပံု-Roger Davies/ The Oppenheim Group)

ဒီဘီးၾကဲ အဲ့အိမ္ကို ေရာင္းဖို႔လုပ္ေနတာ နည္းနည္းေတာ့ၾကာျပီ။

ဇန္နဝါရီတုန္းက ေဒၚလာ ၅၃ သန္း ေစ်းေခၚထားတာ။ ေရာင္းမစြံတာေၾကာင့္ ဧျပီလထဲေရာက္ေတာ့ ေဒၚလာ ၁၄ သန္း ေစ်းေလွ်ာ့ေပးပါေလေရာ။

ဒီေတာ့ ေခၚေစ်းက ေဒၚလာ ၃၉ သန္းကို ေစ်းက်သြားတယ္။ အခု ဘယ္ေလာက္နဲ႔ ေစ်းတည့္သြားလဲေတာ့ မသိရေသးဘူး။ သူက အိမ္ၾကီးကို ျဖိဳခ်ထားတာဆိုတဲ့တစ္ခ်က္ မေမ့နဲ႔ဦးဗ်။ သူက ျပန္ျပင္မယ္ဆို လုပ္ေနတာ။ မျပင္ျဖစ္ဘဲ ဒီတိုင္းၾကီးရွိေနတာ။

ဒီေတာ့ ဒါၾကီးက လူေနဖုိ႔ဆို အမ်ားၾကီးျပန္ျပင္ရဦးမယ့္ အေနအထား။

ဟုတ္တယ္ေလ။

နံရံေတြေတာင္ မရိွဘူးဆိုေတာ့ လူေနလို႔ မရဘူးေပါ့။

အေရာင္းအဝယ္သာ အျပီးသတ္သြားမယ္ဆို ပိုင္ရွင္သစ္အတြက္ကေတာ့ အခ်ိန္ကုန္၊ ေငြကုန္ဦးမွာေပါ့။

ကင္ေညးက သူ႔အိမ္ ေရာင္းေပးဖို႔ Selling Sunset ရုပ္သံအစီအစဥ္မွာ ပါဝင္ခဲ့တဲ့ ေဂ်ဆင္ အိုပင္ဟိုင္း (Jason Oppenheim) ကို အပ္ထားတယ္။

(Selling Sunset ဆိုတာက Netflix အတြက္ ရုိက္ကူးထုတ္လႊင့္ခဲ့တဲ့ အေမရိကန္ ရုပ္သံအစီအစဥ္ reality show တစ္ခုပါ။ ေလာ့စ္အိန္ဂ်လိမွာ တန္ဖုိးၾကီး အိမ္ျခံေျမေတြကို အေရာင္းအဝယ္လုပ္ေပးတဲ့ Oppenheim Group ဆိုတဲ့ အိမ္ျခံေျမအက်ဳိးေဆာင္ ကုမၸဏီတစ္ခုရွိပါတယ္။ အဲဒီကုမၸဏီမွာ အလုပ္လုပ္တဲ့ အိမ္ျခံေျမ အက်ဳိးေဆာင္ေတြရဲ႕ ကိုယ္ေရးကိုယ္တာဘဝနဲ႔ လုပ္ငန္းလုပ္ကိုင္ပံုေတြကို ရိုက္ကူးတင္ျပထားတဲ့ အစီအစဥ္ေပါ့)

ေဂ်ဆင္က ကင္ေညးရဲ႕ အိမ္ၾကီးကို ကိုယ္လိုရာ ပံုေဖာ္လို႔ရတဲ့ ပန္းခ်ီကင္းဗတ္စ အလြတ္တစ္ခုလို႔ တင္စားျပီး အစြံထုတ္ဖုိ႔ လုပ္ခဲ့တာ တကယ္အလုပ္ျဖစ္သြားတယ္ဗ်ဳိ႕။

လုိရာ ပံုေဖာ္ခ်င္တဲ့ ဝယ္လက္နဲ႔ ေတြ႔သြားတယ္ ထင္ပါရဲ႕။ အိမ္ရဲ႕ အက်ယ္အဝန္းကေတာ့ စတုရန္းေပ ၄၀၀၀၊ အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၅ ခန္းနဲ႔။

Outdoor deck ေတြကေန ပစိဖိတ္သမုဒၵရာရဲ႕ အလွအပေတြ ထိုင္ေငးလို႔ ေကာင္းသတဲ့။

ဒီအိမ္ၾကီးကို ဝယ္လိုက္တဲ့ ပိုင္ရွင္သစ္က ဘယ္လိုပံုစံျဖစ္ေအာင္ ပံုေဖာ္မလဲဆိုတာကေတာ့ စိတ္ဝင္စားစရာပဲဗ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: KANYE WEST BYE, BYE MALIBU!!!Gutted Mansion In Escrow (tmz)

Photo Credit- Roger Davies/ The Oppenheim Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service