ဆိုဗီယက်ခေတ် စတာလင်၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခဲ့သော ပင်လယ်ထဲမှ မြို့ကြီးမှာ ယခုအခါ စွန့်ပစ်ခံထားရပြီး မကြာမီ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားတော့မည့် အလားအလာရှိနေ

ဆိုဗီယက်ခေတ် စတာလင်၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခဲ့သော ပင်လယ်ထဲမှ မြို့ကြီးမှာ ယခုအခါ စွန့်ပစ်ခံထားရပြီး မကြာမီ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားတော့မည့် အလားအလာရှိနေ - Property News in Myanmar from iMyanmarHouse.com
23 Jul 2024 1:21 pm တွင် တင်ခဲ့သည်
590 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လမ်းအလျား မိုင် ၂၀၀ ခန့်ဖြင့် ဆက်သွယ်ထားသော ပင်လယ်ပြင်အတွင်းရှိ မြို့ကြီးတစ်ခုရှိနေပြီး ယခုအခါ ပျက်စီးယိုယွင်းကာ ပင်လယ်ရေပြင်အောက်သို့ မကြာမီရောက်ရှိသွားတော့မည့် အလားအလာနှင့် ရင်ဆိုင် နေရသည်။

Neft Dashlari (သို့မဟုတ်) Oil Rocks ဟု အမည်ရသော အဆိုပါပင်လယ်ထဲမှမြို့ကြီးကို ၁၉၄၉ ခုနှစ်တွင် ဆိုဗီယက်ခေါင်းဆောင် ဂျိုးဇက် စတာလင်၏ အမိန့်ဖြင့် အဇာဘိုင်ဂျန်ရှိ ကက်စပီယန်ပင်လယ်အတွင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုနေရာတဝိုက်တွင် ရေနံသိုက်ကြီးတစ်ခုတွေ့ရှိခဲ့သောကြောင့် ရေနံလိုအပ်ချက် မြင့်မားနေမှုအရ ရေနံတူးဖော်ရန် ဆောက်လုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ ပင်လယ်ထဲမှ ကမ်းလွန်ရေနံတူးစင် (သို့မဟုတ်) မြို့ကြီးမှာ လက်ရှိ ကမ္ဘာပေါ်တွင် တည်ရှိနေသော ကမ်းလွန်ရေနံတူးနေရာများအနက် သက်တမ်းအရင့်ဆုံးနှင့် အကြီးမားဆုံးဖြစ်သည်ဟု ယူဆရသည်။

သို့သော် သဘာဝတရား၏ တိုက်စားမှုကြောင့် ပျက်စီးယိုယွင်းနေပြီဖြစ်သကဲ့သို့ ဒေါက်တိုင်များ ထားရှိသော ရေယာဉ်များမှာလည်း နစ်မြှုပ်လာနေပြီ ဖြစ်သည်။ ကနဦးတွင် အဆိုပါနေရာသို့ လမ်းတစ်ခုတည်းသာရှိသော်လည်း နောက်ပိုင်းတွင် လမ်းကွန်ရက်များစွာ ချိတ်ဆက်ပေးခဲ့သည်။

၁၉၅၂ ခုနှစ်တွင် အဆိုပါနေရာရှိ ကျွန်းတုများကို မြင်းခုံတိုင်ရှိသော တံတား၊ ကွန်ကရစ်တံတားများ၊ သတ္တု ပိုက်လိုင်းများဖြင့် ဆက်သွယ်ပေးခဲ့သည်။

 

(စွန့်ပစ်ခံမြို့ဟောင်းကြီးတွင် ဆိုဗီယက်ခေတ် ရုပ်တုများ ယနေ့တိုင် တွေ့ရသည်။ ဓာတ်ပုံ-Getty)

၁၉၅၈ ခုနှစ်တွင် ရေနံတူးဖော်ထုတ်လုပ်ရန် အကြီးစား ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခဲ့ပြီး ၂ နှစ်အတွင်း ပြီးစီးခဲ့သည်။

ယင်းနောက်ပိုင်းနှစ်များတွင် Neft Dashian ၌ နေထိုင်သူ များစွာရှိလာခဲ့ပြီး အထပ်ပေါင်းများစွာ ပါသော လူနေ အဆောင်များ၊ ဘောလုံးကွင်း၊ ပန်းခြံနှင့် ရုပ်ရှင်ရုံတို့ အပါအဝင် နေထိုင်သူ အလုပ်သမားများအတွက် amenities များစွာ ထည့်သွင်းပေးထားသည်။

ထို့အပြင် ဓာတ်အားပေးစက်ရုံများ၊ ယဉ်ကျေးမှုစင်တာများ အပါအဝင် နေထိုင်သော အလုပ်သမားများအတွက် လိုအပ်သည့်အရာအားလုံးရှိစေရန် စီစဉ်ပေးထားသည်။

အထွတ်အထိပ်ကာလများတွင် ထိုနေရာ၌ နေထိုင် အလုပ်လုပ်ကိုင်ခဲ့သော အလုပ်သမား ၅၀၀၀ ခန့်ရှိခဲ့ပြီး ပထမ နှစ်ပေါင်း ၆၀ အတွင်း ရေနံ တန်ချိန် သန်း ၁၇၀ ခန့် ထုတ်လုပ်ခဲ့ကြောင်း The Sun သတင်းဌာနက ဖော်ပြသည်။

 

(၂၀၁၂ ခုနှစ်အထိ ထိုနေရာသို့ ဆက်သွယ်ထားသော လမ်းပိုင်းအနက် မိုင် ၂၀ ခန့်သာ အသုံးပြုနိုင်တော့ပြီး ကျန်နေရာများမှာ ပြိုကျခြင်း -သို့မဟုတ်- သံချေးတက်နေကာ အသုံးပြုရန် မသင့်တော့သည့် အခြေအနေမျိုး ရှိသည်။ ဓာတ်ပုံ-Getty)

 

(ကျွမ်းကျင်ပညာရှင်တို့၏ ပြောကြားချက်အရ ထိုနေရာမှ ရေနံတန်ချိန် သန်း ၃၀ ခန့် ထုတ်လုပ်မည်ဆိုက ထုတ်လုပ်နိုင်သေးကြောင်း ပြောသည်။ ဓာတ်ပုံ-Getty)

ဆိုဗီယက် စီးပွားရေးကျဆင်းသွားပြီးနောက်ပိုင်း ယခုအဆောက်အအုံတို့ကို စွန့်ပစ်ထားလိုက်ရာ အဆောက်အအုံတို့နှင့် အခြားစက်ယန္တရားတို့မှာ ယိုယွင်းပျက်စီးလာခဲ့ပြီး ရေလွှမ်းမိုးမှုများကြောင့်လည်း ပိုမို ပျက်စီးစေခဲ့သည်။

၂၀၁၂ ခုနှစ်အထိ ထိုနေရာသို့ ဆက်သွယ်ထားသော လမ်းပိုင်းအနက် မိုင် ၂၀ ခန့်သာ အသုံးပြုနိုင်တော့ပြီး ကျန်နေရာများမှာ ပြိုကျခြင်း -သို့မဟုတ်- သံချေးတက်နေကာ အသုံးပြုရန် မသင့်တော့သည့် အခြေအနေမျိုး ရှိကြောင်း ဂျာမန်သတင်းစာ Der Spiegel က ဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Europe's crumbling abandoned city that's slowly sinking into the sea (express) Photo Credit-Getty

 

 

[Zawgyi]

ဆိုဗီယက္ေခတ္ စတာလင္၏ လမ္းၫႊန္မႈျဖင့္ ေဆာက္လုပ္ခဲ့ေသာ ပင္လယ္ထဲမွ ၿမိဳ႕ႀကီးမွာ ယခုအခါ စြန႔္ပစ္ခံထားရၿပီး မၾကာမီ ပင္လယ္ေရေအာက္သို႔ ေရာက္ရွိသြားေတာ့မည့္ အလားအလာရွိေန 

လမ္းအလ်ား မိုင္ ၂၀၀ ခန႔္ျဖင့္ ဆက္သြယ္ထားေသာ ပင္လယ္ျပင္အတြင္းရွိ ၿမိဳ႕ႀကီးတစ္ခုရွိေနၿပီး ယခုအခါ ပ်က္စီးယိုယြင္းကာ ပင္လယ္ေရျပင္ေအာက္သို႔ မၾကာမီေရာက္ရွိသြားေတာ့မည့္ အလားအလာႏွင့္ ရင္ဆိုင္ ေနရသည္။

Neft Dashlari (သို႔မဟုတ္) Oil Rocks ဟု အမည္ရေသာ အဆိုပါပင္လယ္ထဲမွၿမိဳ႕ႀကီးကို ၁၉၄၉ ခုႏွစ္တြင္ ဆိုဗီယက္ေခါင္းေဆာင္ ဂ်ိဳးဇက္ စတာလင္၏ အမိန႔္ျဖင့္ အဇာဘိုင္ဂ်န္ရွိ ကက္စပီယန္ပင္လယ္အတြင္း ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ထိုေနရာတဝိုက္တြင္ ေရနံသိုက္ႀကီးတစ္ခုေတြ႕ရွိခဲ့ေသာေၾကာင့္ ေရနံလိုအပ္ခ်က္ ျမင့္မားေနမႈအရ ေရနံတူးေဖာ္ရန္ ေဆာက္လုပ္ခဲ့ျခင္းလည္း ျဖစ္သည္။

အဆိုပါ ပင္လယ္ထဲမွ ကမ္းလြန္ေရနံတူးစင္ (သို႔မဟုတ္) ၿမိဳ႕ႀကီးမွာ လက္ရွိ ကမာၻေပၚတြင္ တည္ရွိေနေသာ ကမ္းလြန္ေရနံတူးေနရာမ်ားအနက္ သက္တမ္းအရင့္ဆုံးႏွင့္ အႀကီးမားဆုံးျဖစ္သည္ဟု ယူဆရသည္။

သို႔ေသာ္ သဘာဝတရား၏ တိုက္စားမႈေၾကာင့္ ပ်က္စီးယိုယြင္းေနၿပီျဖစ္သကဲ့သို႔ ေဒါက္တိုင္မ်ား ထားရွိေသာ ေရယာဥ္မ်ားမွာလည္း နစ္ျမႇဳပ္လာေနၿပီ ျဖစ္သည္။ ကနဦးတြင္ အဆိုပါေနရာသို႔ လမ္းတစ္ခုတည္းသာရွိေသာ္လည္း ေနာက္ပိုင္းတြင္ လမ္းကြန္ရက္မ်ားစြာ ခ်ိတ္ဆက္ေပးခဲ့သည္။

၁၉၅၂ ခုႏွစ္တြင္ အဆိုပါေနရာရွိ ကြၽန္းတုမ်ားကို ျမင္းခုံတိုင္ရွိေသာ တံတား၊ ကြန္ကရစ္တံတားမ်ား၊ သတၱဳ ပိုက္လိုင္းမ်ားျဖင့္ ဆက္သြယ္ေပးခဲ့သည္။

(စြန႔္ပစ္ခံၿမိဳ႕ေဟာင္းႀကီးတြင္ ဆိုဗီယက္ေခတ္ ႐ုပ္တုမ်ား ယေန႔တိုင္ ေတြ႕ရသည္။ ဓာတ္ပုံ-Getty) ၁၉၅၈ ခုႏွစ္တြင္ ေရနံတူးေဖာ္ထုတ္လုပ္ရန္ အႀကီးစား ေဆာက္လုပ္ေရးလုပ္ငန္းမ်ား စတင္ခဲ့ၿပီး ၂ ႏွစ္အတြင္း ၿပီးစီးခဲ့သည္။

ယင္းေနာက္ပိုင္းႏွစ္မ်ားတြင္ Neft Dashian ၌ ေနထိုင္သူ မ်ားစြာရွိလာခဲ့ၿပီး အထပ္ေပါင္းမ်ားစြာ ပါေသာ လူေန အေဆာင္မ်ား၊ ေဘာလုံးကြင္း၊ ပန္းၿခံႏွင့္ ႐ုပ္ရွင္႐ုံတို႔ အပါအဝင္ ေနထိုင္သူ အလုပ္သမားမ်ားအတြက္ amenities မ်ားစြာ ထည့္သြင္းေပးထားသည္။

ထို႔အျပင္ ဓာတ္အားေပးစက္႐ုံမ်ား၊ ယဥ္ေက်းမႈစင္တာမ်ား အပါအဝင္ ေနထိုင္ေသာ အလုပ္သမားမ်ားအတြက္ လိုအပ္သည့္အရာအားလုံးရွိေစရန္ စီစဥ္ေပးထားသည္။

အထြတ္အထိပ္ကာလမ်ားတြင္ ထိုေနရာ၌ ေနထိုင္ အလုပ္လုပ္ကိုင္ခဲ့ေသာ အလုပ္သမား ၅၀၀၀ ခန႔္ရွိခဲ့ၿပီး ပထမ ႏွစ္ေပါင္း ၆၀ အတြင္း ေရနံ တန္ခ်ိန္ သန္း ၁၇၀ ခန႔္ ထုတ္လုပ္ခဲ့ေၾကာင္း The Sun သတင္းဌာနက ေဖာ္ျပသည္။

(၂၀၁၂ ခုႏွစ္အထိ ထိုေနရာသို႔ ဆက္သြယ္ထားေသာ လမ္းပိုင္းအနက္ မိုင္ ၂၀ ခန႔္သာ အသုံးျပဳႏိုင္ေတာ့ၿပီး က်န္ေနရာမ်ားမွာ ၿပိဳက်ျခင္း -သို႔မဟုတ္- သံေခ်းတက္ေနကာ အသုံးျပဳရန္ မသင့္ေတာ့သည့္ အေျခအေနမ်ိဳး ရွိသည္။ ဓာတ္ပုံ-Getty)

(ကြၽမ္းက်င္ပညာရွင္တို႔၏ ေျပာၾကားခ်က္အရ ထိုေနရာမွ ေရနံတန္ခ်ိန္ သန္း ၃၀ ခန႔္ ထုတ္လုပ္မည္ဆိုက ထုတ္လုပ္ႏိုင္ေသးေၾကာင္း ေျပာသည္။ ဓာတ္ပုံ-Getty)

ဆိုဗီယက္ စီးပြားေရးက်ဆင္းသြားၿပီးေနာက္ပိုင္း ယခုအေဆာက္အအုံတို႔ကို စြန႔္ပစ္ထားလိုက္ရာ အေဆာက္အအုံတို႔ႏွင့္ အျခားစက္ယႏၲရားတို႔မွာ ယိုယြင္းပ်က္စီးလာခဲ့ၿပီး ေရလႊမ္းမိုးမႈမ်ားေၾကာင့္လည္း ပိုမို ပ်က္စီးေစခဲ့သည္။

၂၀၁၂ ခုႏွစ္အထိ ထိုေနရာသို႔ ဆက္သြယ္ထားေသာ လမ္းပိုင္းအနက္ မိုင္ ၂၀ ခန႔္သာ အသုံးျပဳႏိုင္ေတာ့ၿပီး က်န္ေနရာမ်ားမွာ ၿပိဳက်ျခင္း -သို႔မဟုတ္- သံေခ်းတက္ေနကာ အသုံးျပဳရန္ မသင့္ေတာ့သည့္ အေျခအေနမ်ိဳး ရွိေၾကာင္း ဂ်ာမန္သတင္းစာ Der Spiegel က ေဖာ္ျပသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Europe's crumbling abandoned city that's slowly sinking into the sea (express) Photo Credit-Getty

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service