တရားရုံးတွင် အမှုများအား အာမခံလျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

တရားရုံးတွင် အမှုများအား အာမခံလျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
14 Jul 2024 11:49 am တွင် တင်ခဲ့သည်
1160 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ရဲအရာရှိတစ်ဦးက ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသောအမှုကို ရဲအရေးပိုင်သော အမှုဟုခေါ်ပြီး ဝရမ်းပါမှ ဖမ်းဆီးခွင့်ရှိလျှင် ရဲအရေးမပိုင်သောအမှုဟုခေါ်ပါသည်။

ရာဇဝတ်ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယား (၂) ရဲ့ စာတိုင် (၃) တွင် ဖော်ပြချက်များရှိပြီး ခွဲခြား ကြည့်ရှုနိုင်ပါတယ်။ အမှုများတွင် အစွပ်စွဲခံရသူ အမှုသည်အား (၂၄) နာရီတစ်ရက်ထက်ပိုမို၍ ချုပ်နှောင်ပါက တရားရုံး တရားသူကြီးထံ ရမာန်ချုပ်မိန့် တောင်းခံရန် လိုအပ်ပါတယ်။

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ နောက်ဆက်တွဲ ဇယား (၂)၊ စာတိုင်(၅)တွင် ကြည့်ရှုပြီး မည်သည့်အမှု အမျိုးအစားသည် အာမခံပေးနိုင်ကြောင်း၊ မပေးနိုင်ကြောင်းကို တရားရုံးမှ ခွဲခြားသတ်မှတ်ကာအာမခံနိုင်သော ပုဒ်မဖြစ်ပါက အာမခံပေးမည်ဖြစ်ပါသည်။

ထို့ပြင် အာမခံမပေးနိုင်သော အမှုအမျိုးအစားများဖြစ်သော်လည်း အောက်ပါခြွင်းချက်များအတွင်း ကျရောက်လျှင် တရားရုံးမှ အာမခံပေးလိုက ပေးနိုင်ပါသည်။

- အသက်အရွယ်ကြီးရင့်သူ၊ အမျိုးသမီးတရားခံ၊ မကျန်းမမာသူ၊ မသန်စွမ်းသူ၊ (၁၆) နှစ်အောက်တရားခံတို့ ဖြစ် ပါသည်။

အာမခံပေးနိုင်သော ပြစ်မှုများတွင်တော့ အာမခံမပေးပဲ မနေရပါ။ တရားရုံးတို့ အာမခံပေးနိုင်သူများ အား မတင်ပြနိုင်သေးပါကလဲ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၄၉၆ အရ ခံဝန်ချုပ်ချုပ်ဆိုစေလျက် လွှတ်ထား နိုင်ပါသည်။ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ- ၄၉၇(၁) အရ သေဒဏ်၊ တစ်သက်တစ်ကျွန်း ဒဏ်ထိုက်သော အမှုများအား ကျူးလွန်ထားသည်ဟု ယုံကြည်ရန်အကြောင်းရှိလျှင် အာမခံဖြင့် လွှတ်ထားခြင်းတော့ မပြုနိုင်ပါ။

အာမခံ လျှောက်ထားလွှာတွင် ရုံးခွန်တံဆိပ်ခေါင်းထမ်းဆောင်ရမည်ဖြစ်ကာ အာမခံသူ(၂)ဦး၏ မှတ်ပုံ တင်မူရင်းနှင့် မိတ္တူ၊ သန်းခေါင်စာရင်း၊ အိမ်ပိုင်ဆိုင်ကြောင်း ရပ်ကွက်ထောက်ခံချက်၊ ကျန်းမာရေးမကောင်းသူဖြစ်ပါက ဆေးစာတို့လိုအပ်ပါသည်။

အာမခံမပေးနိုင်သော ပြစ်မှုကျူးလွန်ထားကြောင်း အစွပ်စွဲခံရသော်လည်း အမှုအတော်အတွင်း ပြစ်မှုကျူးလွန်ကြောင်း မထင်ရှားပါက အစွပ်စွဲခံရသူအား အမှုစစ်ဆေးနေစဉ် အာမခံပေးနိုင်သည် (သို့) ခံဝန်ချုပ်ဖြင့်လဲ ထားနိုင်ပါသည်။

တရားရုံးမှ အာမခံလျှောက်လွှာ ရရှိပါကပြစ်မှုအမျိုးအစား၊ တရားခံတင်ပြသည့် အာမခံလျှောက်လွှာ၏ အထောက်အထားများ၊ အာမခံဖြင့်လွှတ်ထားပါက မလျော်ဩဇာသုံးခြင်း၊ တရားလိုနှင့် လိုပြသက်သေများအား၏ သက်သေခံချက်များအား ဖျက်စီးနိုင်ခြင်းရှိမရှိ၊ တရားခံသည် ထွက်ပြေးနိုင်ခြင်းရှိမရှိ၊ ရုံးချိန်းမှန်မမှန် ကြည့်ရှု စစ်ဆေးမည်ဖြစ်ပါသည်။

တရားခံမှ ထွက်ပြေးတိမ်းရှောင်ခြင်းပြုပါက အာမခံပေးသူများသည် ခံဝန်ချုပ်ပါငွေကို ပေးလျော်ရ မည်ဖြစ်ပါသည်။ အကယ်၍ အာမခံသူများမှလဲ ငြင်းဆန်ပါက ၎င်းတို့အာမခံအဖြစ် တင်ပြထားသော မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအား ဝရမ်းကပ်၍ တရားရုံးမှ ရောင်းချခြင်းပြုနိုင်ပါသည်။ မူလရုံးမှ အာမခံပေးရန် ငြင်းပယ်ပါကလဲ တရားခံများဘက်မှ အဆင့်မြင့်ရုံးတွင် ရာဇဝတ်အထွေထွေမှု ဖွင့်လှစ်ဆောင်ရွက်နိုင်ကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]


 











 

 

 

 

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service