တရုတ်ပြည်တွင် ခေါက်ဆွဲဆိုင်ရှင်၏ အတုယူဖွယ် စိတ်ထားကို လေးစားသွားသော လာရောက် စားသုံးသည့် ဆောက်လုပ်ရေး လုပ်သားက ဆိုင်ရှင်၏ အကြံပြုချက်အရ ကျသင့်ငွေထက် ၁၀ ဆ ပေးခဲ့သည့်ဖြစ်ရပ် တရုတ်ပြည်လူမှုကွန်ရက်တွင် ဂယက်ရိုက်

တရုတ်ပြည်တွင် ခေါက်ဆွဲဆိုင်ရှင်၏ အတုယူဖွယ် စိတ်ထားကို လေးစားသွားသော လာရောက် စားသုံးသည့် ဆောက်လုပ်ရေး လုပ်သားက ဆိုင်ရှင်၏ အကြံပြုချက်အရ ကျသင့်ငွေထက် ၁၀ ဆ ပေးခဲ့သည့်ဖြစ်ရပ် တရုတ်ပြည်လူမှုကွန်ရက်တွင် ဂယက်ရိုက် - Property Knowledge in Myanmar from iMyanmarHouse.com
11 Jul 2024 12:34 pm တွင် တင်ခဲ့သည်
958 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

စားသောက်ဆိုင်တစ်ခုတွင် ဘောက်ဆူးငွေပေးကြခြင်းမှာ ထူးဆန်းသော အကြောင်းရပ် မဟုတ်ချေ။

သို့သော် တရုတ်ပြည်မှ ဆောက်လုပ်ရေးလုပ်သားတစ်ဦး ဘောက်ဆူးငွေ ပေးခဲ့သည့် ဖြစ်ရပ်တွင် ထူးခြားသည့် အကြောင်းရင်းတစ်ခု ရှိနေသည်။

၎င်း ဝင်ရောက်စားသောက်ခဲ့သော စားသောက်ဆိုင်ပိုင်ရှင်၏ အကြံပြုချက်အရ ပေးခဲ့ခြင်း ဖြစ်သည်။

ကျန်းလျူကျွမ် (Zheng Liuzhuang) အမည်ရှိ ဆောက်လုပ်ရေး လုပ်သားလူငယ်တစ်ဦးသည် တရုတ်ပြည် တောင်ပိုင်း ဖိုရှန်မြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် ခေါက်ဆွဲတစ်ပန်းကန်နှင့် ဖျော်ရည်တစ်ခွက် မှာယူ စားသောက်ခဲ့ကြောင်း Zhejiang Daily သတင်းဌာနက ဖော်ပြသည်။

စားသောက်ပြီးစီးချိန်တွင် ကျန်းလျူကျွမ်က လူမှုကွန်ရက် App တစ်ခုဖြစ်သော WeChat မှတဆင့် ယွမ်ငွေ ၂၀၀ (ကန်ဒေါ်လာ ၂၈) ပေးချေကာ ထွက်သွားခဲ့သည်။

၎င်း စားသောက်ခဲ့သော ကျသင့်ငွေမှာ ယွမ် ၂၀ သာ ဖြစ်သည်။

စားသောက်ဆိုင်ပိုင်ရှင် ရှူယွီလျန်က ယူဆသည်မှာ စားသုံးသူသည် သုညတစ်လုံးမှားထည့််ကာ ကျသင့်ငွေ ထက် ပိုရှင်းမိသည်ဟု ထင်ခဲ့သည်။

ထို့ကြောင့် နောက်မှ ပြေးလိုက်ကာ ပြောပြခဲ့သည်။

သို့သော် ကျန်းလျူကျွမ်က ဆိုင်ရှင်အား ပြောသည်မှာ ထိုငွေကို တမင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ စားသောက်ဆိုင် တံခါးတွင် ရေးသားထားသောစာကို ဖတ်မိသောကြောင့် ယခုကဲ့သို့ ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

 

(ခေါက်ဆွဲဆိုင်ပိုင်ရှင်က စားသုံးသူက မှားယွင်းကာ ငွေပိုပေးသွားသည်ဟု ထင်ကာ လမ်းထဲသို့ ပြေးလိုက်ခဲ့ သည်။ ဓာတ်ပုံ-Baidu)

 

စားသောက်ဆိုင်တံခါးတွင် ရေးသားထားသည်မှာ------

“လူကြီးမင်းတို့ရဲ့ ဘဝမှာ အခက်အခဲတွေ ကြုံနေပြီး ဝင်ငွေ မရှိဘူးဆိုရင် ဒီဆိုင်ကိုလာပြီး အခမဲ့ စားသောက်နိုင်ပါတယ်။ နောင်တချိန် ချမ်းသာလာတဲ့အခါ အကူအညီ လိုအပ်နေသူတွေကို ကူညီပေးဖို့ မမေ့ပါနဲ့”ဟု ဖြစ်သည်။

အဆိုပါ စားသောက်ဆိုင်ပိုင်ရှင်က လွန်ခဲ့သော ၃ နှစ်ခန့်မှ စတင်ကာ ဖွင့်လှစ်ခဲ့ပြီး ထိုအချိန်ကတည်းက ငွေမတတ်နိုင်သူများကို အခမဲ့ ကျွေးမွေးနေခဲ့ခြင်း ဖြစ်သည်။

၎င်းက ပြောပြသည်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက ရွှေ့ပြောင်းလုပ်သားတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ကိုင်နေစဉ် ….တခါတွင် ငွေကြေးတပြားတချပ်မှ မရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရာ ကုန်မာဆိုင်ငယ် ပိုင်ရှင်တစ်ဦးက မိမိအား အကူအညီပေးခဲ့ကြောင်း ပြောပြသည်။

“ကျွန်တော် အငတ်ငတ်အပြတ်ပြတ် ဖြစ်ရတော့မယ့် အခြေအနေကနေ လွတ်မြောက်ခဲ့ပါတယ်။ ဒီကျေးဇူးကို ကျွန်တော် တသက်လုံး မေ့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ခုအချိန်မှာ အခက်ကြုံနေရတဲ့သူတွေကို ကူညီချင် ပါတယ်”ဟု ခေါက်ဆွဲဆိုင်ရှင်က ပြောသည်။

လာရောက်စားသုံးသူ ကျန်းလျူကျွမ်သည် အသက် ၂၄ နှစ်အရွယ် ဆောက်လုပ်ရေး လုပ်သားတစ်ဦး ဖြစ်သည်။

ကျန်းလျူကျွမ်က ပြောသည်မှာ ငွေမရှိသူများအား စားသောက်ဖွယ်ရာများ လှူဒါန်းသည့် သတင်းများ ဖတ်ရကြောင်း၊ မိမိကိုယ်တိုင်လည်း ပါဝင်လှူဒါန်းမှုများ ပြုလုပ်လိုကြောင်း ပြောသည်။

စားသောက်ဆိုင်တွင် ကျန်းလျူကျွမ် လုပ်ဆောင်ခဲ့ပုံကို သူ၏ ကုမ္ပဏီက တွေ့ရှိသွားချိန်တွင် ဂုဏ်ပြုလက်မှတ် တစ်ခုနှင့်အတူ ငွေသားအချို့ ဆုချီးမြှင့်ခဲ့သည်။

ကျန်းလျူကျွမ်က ဂုဏ်ပြုလက်မှတ်ကိုသာ ယူခဲ့ပြီး ငွေကို အလုပ်ရှင်ထံ ပြန်ပေးခဲ့သည်။

 

(စားသောက်ဆိုင်တံခါးတွင် ချိတ်ဆွဲထားသော စာတမ်းကို တွေ့ရပုံ။ ဓာတ်ပုံ-Baidu)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China worker takes tipping to new level at noodle shop with a heart (scmp)

Photo Credit-Baidu

 

 

[Zawgyi]

 

တရုတ္ျပည္တြင္ ေခါက္ဆြဲဆိုင္ရွင္၏ အတုယူဖြယ္ စိတ္ထားကို ေလးစားသြားေသာ လာေရာက္ စားသံုးသည့္ ေဆာက္လုပ္ေရး လုပ္သားက ဆိုင္ရွင္၏ အၾကံျပဳခ်က္အရ က်သင့္ေငြထက္ ၁၀ ဆ ေပးခဲ့သည့္ျဖစ္ရပ္ တရုတ္ျပည္လူမႈကြန္ရက္တြင္ ဂယက္ရိုက္

 

စားေသာက္ဆိုင္တစ္ခုတြင္ ေဘာက္ဆူးေငြေပးၾကျခင္းမွာ ထူးဆန္းေသာ အေၾကာင္းရပ္ မဟုတ္ေခ်။

သို႔ေသာ္ တရုတ္ျပည္မွ ေဆာက္လုပ္ေရးလုပ္သားတစ္ဦး ေဘာက္ဆူးေငြ ေပးခဲ့သည့္ ျဖစ္ရပ္တြင္ ထူးျခားသည့္ အေၾကာင္းရင္းတစ္ခု ရွိေနသည္။

၎ ဝင္ေရာက္စားေသာက္ခဲ့ေသာ စားေသာက္ဆုိင္ပိုင္ရွင္၏ အၾကံျပဳခ်က္အရ ေပးခဲ့ျခင္း ျဖစ္သည္။

က်န္းလ်ဴကၽြမ္ (Zheng Liuzhuang) အမည္ရွိ ေဆာက္လုပ္ေရး လုပ္သားလူငယ္တစ္ဦးသည္ တရုတ္ျပည္ ေတာင္ပိုင္း ဖုိရွန္ျမိဳ႕ရွိ စားေသာက္ဆိုင္တစ္ခုတြင္ ေခါက္ဆြဲတစ္ပန္းကန္ႏွင့္ ေဖ်ာ္ရည္တစ္ခြက္ မွာယူ စားေသာက္ခဲ့ေၾကာင္း Zhejiang Daily သတင္းဌာနက ေဖာ္ျပသည္။

စားေသာက္ျပီးစီးခ်ိန္တြင္ က်န္းလ်ဴကၽြမ္က လူမႈကြန္ရက္ App တစ္ခုျဖစ္ေသာ WeChat မွတဆင့္ ယြမ္ေငြ ၂၀၀ (ကန္ေဒၚလာ ၂၈) ေပးေခ်ကာ ထြက္သြားခဲ့သည္။

၎ စားေသာက္ခဲ့ေသာ က်သင့္ေငြမွာ ယြမ္ ၂၀ သာ ျဖစ္သည္။

စားေသာက္ဆိုင္ပိုင္ရွင္ ရွဴယြီလ်န္က ယူဆသည္မွာ စားသံုးသူသည္ သုညတစ္လံုးမွားထည့္္ကာ က်သင့္ေငြ ထက္ ပိုရွင္းမိသည္ဟု ထင္ခဲ့သည္။

ထုိ႔ေၾကာင့္ ေနာက္မွ ေျပးလုိက္ကာ ေျပာျပခဲ့သည္။

သို႔ေသာ္ က်န္းလ်ဴကၽြမ္က ဆိုင္ရွင္အား ေျပာသည္မွာ ထိုေငြကို တမင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း၊ စားေသာက္ဆိုင္ တံခါးတြင္ ေရးသားထားေသာစာကို ဖတ္မိေသာေၾကာင့္ ယခုကဲ့သို႔ ေပးခဲ့ျခင္း ျဖစ္ေၾကာင္း ျပန္လည္ေျဖၾကားခဲ့သည္။

(ေခါက္ဆြဲဆုိင္ပိုင္ရွင္က စားသံုးသူက မွားယြင္းကာ ေငြပိုေပးသြားသည္ဟု ထင္ကာ လမ္းထဲသုိ႔ ေျပးလိုက္ခဲ့ သည္။ ဓာတ္ပုံ-Baidu)

စားေသာက္ဆိုင္တံခါးတြင္ ေရးသားထားသည္မွာ------ “လူၾကီးမင္းတို႔ရဲ႕ ဘဝမွာ အခက္အခဲေတြ ၾကံဳေနျပီး ဝင္ေငြ မရွိဘူးဆိုရင္ ဒီဆိုင္ကိုလာျပီး အခမဲ့ စားေသာက္ႏိုင္ပါတယ္။ ေနာင္တခ်ိန္ ခ်မ္းသာလာတဲ့အခါ အကူအညီ လုိအပ္ေနသူေတြကို ကူညီေပးဖို႔ မေမ့ပါနဲ႔”ဟု ျဖစ္သည္။

အဆိုပါ စားေသာက္ဆိုင္ပုိင္ရွင္က လြန္ခဲ့ေသာ ၃ ႏွစ္ခန္႔မွ စတင္ကာ ဖြင့္လွစ္ခဲ့ျပီး ထုိအခ်ိန္ကတည္းက ေငြမတတ္ႏိုင္သူမ်ားကို အခမဲ့ ေကၽြးေမြးေနခဲ့ျခင္း ျဖစ္သည္။

၎က ေျပာျပသည္မွာ လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာက ေရႊ႕ေျပာင္းလုပ္သားတစ္ဦးအျဖစ္ လုပ္ကိုင္ခဲ့ေၾကာင္း၊ ထိုသို႔ လုပ္ကိုင္ေနစဥ္ ….တခါတြင္ ေငြေၾကးတျပားတခ်ပ္မွ မရွိေတာ့သည့္ အေျခအေနသို႔ ဆုိက္ေရာက္ခဲ့ရာ ကုန္မာဆိုင္ငယ္ ပိုင္ရွင္တစ္ဦးက မိမိအား အကူအညီေပးခဲ့ေၾကာင္း ေျပာျပသည္။

“ကၽြန္ေတာ္ အငတ္ငတ္အျပတ္ျပတ္ ျဖစ္ရေတာ့မယ့္ အေျခအေနကေန လြတ္ေျမာက္ခဲ့ပါတယ္။ ဒီေက်းဇူးကို ကၽြန္ေတာ္ တသက္လံုး ေမ့မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ခုအခ်ိန္မွာ အခက္ၾကံဳေနရတ့ဲသူေတြကို ကူညီခ်င္ ပါတယ္”ဟု ေခါက္ဆြဲဆိုင္ရွင္က ေျပာသည္။

လာေရာက္စားသံုးသူ က်န္းလ်ဴကၽြမ္သည္ အသက္ ၂၄ ႏွစ္အရြယ္ ေဆာက္လုပ္ေရး လုပ္သားတစ္ဦး ျဖစ္သည္။

က်န္းလ်ဴကၽြမ္က ေျပာသည္မွာ ေငြမရွိသူမ်ားအား စားေသာက္ဖြယ္ရာမ်ား လွဴဒါန္းသည့္ သတင္းမ်ား ဖတ္ရေၾကာင္း၊ မိမိကိုယ္တုိင္လည္း ပါဝင္လွဴဒါန္းမႈမ်ား ျပဳလုပ္လိုေၾကာင္း ေျပာသည္။

စားေသာက္ဆိုင္တြင္ က်န္းလ်ဴကၽြမ္ လုပ္ေဆာင္ခဲ့ပံုကို သူ၏ ကုမၸဏီက ေတြ႔ရွိသြားခ်ိန္တြင္ ဂုဏ္ျပဳလက္မွတ္ တစ္ခုႏွင့္အတူ ေငြသားအခ်ဳိ႕ ဆုခ်ီးျမွင့္ခဲ့သည္။

က်န္းလ်ဴကၽြမ္က ဂုဏ္ျပဳလက္မွတ္ကိုသာ ယူခဲ့ျပီး ေငြကို အလုပ္ရွင္ထံ ျပန္ေပးခဲ့သည္။

(စားေသာက္ဆိုင္တံခါးတြင္ ခ်ိတ္ဆြဲထားေသာ စာတမ္းကို ေတြ႔ရပံု။ ဓာတ္ပံု-Baidu)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China worker takes tipping to new level at noodle shop with a heart (scmp)

Photo Credit-Baidu

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service