ToI Lifestyle Desk သတင်းဌာနမှ ရေးသားဖော်ပြသော အသက် ၃၀ ကျော် အမျိုးသားများအတွက် ရုံးပတီသီးရည် သောက်ခြင်း၏ အကျိုးတရား (၅) ပါး

ToI Lifestyle Desk သတင်းဌာနမှ ရေးသားဖော်ပြသော အသက် ၃၀ ကျော် အမျိုးသားများအတွက် ရုံးပတီသီးရည် သောက်ခြင်း၏ အကျိုးတရား (၅) ပါး - Property Knowledge in Myanmar from iMyanmarHouse.com
8 Jul 2024 2:45 pm တွင် တင်ခဲ့သည်
974 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

Indian Express သတင်းဌာနလက်အောက်ခံ ToI Lifestyle Desk သတင်းဌာနက အသက် ၃၀ ကျော် အမျိုးသားများအတွက် ရုံးပတီသီးရည် သောက်ခြင်း၏ အကျိုးတရား ၅ ပါးကို ရေးသားဖော်ပြလာသည်။

အမျိုးသားများစွာအတွက် အသက် ၃၀ အရွယ်သို့ ရောက်ရှိလာခြင်းမှာ အရေးပါသော ဘဝမှတ်တိုင်တစ်ခုသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ကျန်းမာရေးအတွက် ယခင်က ရေတိုအစီအမံများသာ ရှိခဲ့ရာမှ ယခုအခါ ရေရှည်မဟာဗျူဟာများ ချမှတ်ရ တော့မည့် ကာလသို့ ရောက်လာပြီ ဖြစ်သည်။

ကျန်းမာရေးအတွက် သောက်သုံးကြသည့် tonic အရည်များတွင် ရုံးပတီရည်မှာ စိတ်ဝင်စားဖွယ်တစ်ခု ဖြစ်သည်။

ရုံးပတီရည်သောက်သုံးခြင်း (အထူးသဖြင့် အသက် ၃၀ ကျော် အမျိုးသားများ) တွင် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုး များစွာရှိနေသည်။

ရိုးရှင်းကာ ခွန်အားပြည့်စေသော ရုံးပတီရည်ကို နေ့စဉ်သောက်သုံးခြင်းမှာ game-changer တစ်ခု မည်သို့ ဖြစ်လာနိုင်ပုံကို အောက်တွင် ဖော်ပြထားပါသည်။

(၁) ဆီးချိုရောဂါ တိုက်ဖျက်နိုင်စွမ်းရှိ

ဆီးချိုရောဂါမှာ ရတက်မအေးဖြစ်ဖွယ် အကြောင်းရပ်တစ်ခုဖြစ်လာနေသည်။

အထူးသဖြင့် အသက် ၃၀ နှင့်အထက် အမျိုးသားများတွင် ဖြစ်၏။

သွေးတွင်းသကြားဓာတ်ထိန်းချုပ်ရေးမှာ ဆီးချို ထိရောက်စွာ ကာကွယ်ရေးအတွက် အရေးကြီးလာသည်။

ရုံးပတီသီးတွင် ပျော်ဝင်နိုင်သော အမျှင်ဓာတ်ပါဝင်ရာ အူတို့၏ သကြားဓာတ်စုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ် ထိန်းညှိရာတွင် အထောက်အကူ ဖြစ်စေသည်။

Pharmaceutical Biology ဂျာနယ်တွင် ဖော်ပြချက်အရ ရုံးပတီစေ့များနှင့် အခွံတို့တွင် ဆီးချိုရောဂါ ကာကွယ် နိုင်စွမ်းရှိကြောင်း၊ Type 2 ဆီးချို ဝေဒနာရှင်များတွင် သွေးတွင်း သကြားဓာတ်လျှော့ချ ပေးနိုင်ချေရှိကြောင်း ဖော်ပြထားသည်။

(၂) အစာချေပြဿနာများကို လျှော့ချပေးနိုင်

အမျိုးသားများ အသက်အရွယ်ရလာသည်နှင့်အမျှ အစာချေပြဿနာများမှာ ကြီးမားစွာ ရတက်မအေးဖွယ် အကြောင်းရပ်တစ်ခု ဖြစ်လာနိုင်သည်။

လေပွခြင်း၊ ဖောရောင်ခြင်း၊ ဝမ်းချုပ်ခြင်းများ ဖြစ်လေ့ရှိပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို များစွာ အနှောင့်အယှက် ဖြစ်စေသည်။

ရုံးပတီတွင် ဂျယ်ကဲ့သို့ ချွဲပျစ်သောအရည်များ ပေါကြွယ်ဝရာ အစာခြေလမ်းကြောင်းကို ချောမွေ့စေသည်။

Food Science and Technology ဂျာနယ်တွင် ဖော်ပြချက်အရ ရုံးပတီတွင်ပါဝင်သော အချွဲဓာတ်သည် အူထဲတွင် သဘာဝချောဆီအဖြစ် လုပ်ဆောင်ကြောင်း ဖော်ပြသည်။

အသက် ၃၀ အထက်အမျိုးသားများအနေဖြင့် ရုံးပတီရည် နေ့စဉ်သောက်သုံးပါက အစာမကြေသည့် ပြဿနာ များ လျှော့ချပေးနိုင်မည် ဖြစ်သည်။

 

 

(၃) ကိုယ်ခံအားစနစ်ကို မြင့်တက်စေ

ကူးစက်ရောဂါများ ကာကွယ်ရန်နှင့် ကျန်းမာရေးကောင်းစေရန်အတွက် ကိုယ်ခံအားစနစ်ကောင်းမွန်ရန် လိုအပ်သည်။ အထူးသဖြင့် အသက်ရလာသော အမျိုးသားများတွင် ဖြစ်သည်။

ရုံးပတီသီးတွင် ဗိုက်တာမင်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပေါကြွယ်ဝသည်။

အထူးသဖြင့် ဗိုက်တာမင် စီနှင့် ကျန်းမာရေးအတွက် ကောင်းကျိုးပြုသော flavonoids ဓာတ်များ ပေါကြွယ်ဝသည်။

အဆိုပါဓာတ်တို့သည် ကိုယ်ခံအားတက်စေသော အရာများအဖြစ် သိရှိထားကြသောဓာတ်များဖြစ်သည်။

Nutrients ဂျာနယ်တွင် ဖော်ပြချက်အရ ရုံးပတီသီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပေါကြွယ်ဝမှုကြောင့် Oxidative Stress (ကိုယ်ခန္ဓာအတွင်း free radical များ အလွန်များပြားနေပြီး ၎င်းတို့ကို တိုက်ထုတ်နိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း အလုံအလောက်မရှိခြင်း) ကို လျှော့ချပေးနိုင်ကာ ကိုယ်ခံအားတုန့်ပြန်မှု မြင့်တက်စေ နိုင်ကြောင်း ဖော်ပြထားသည်။

ရုံးပတီရည်ကို ပုံမှန်သောက်သုံးခြင်းအားဖြင့် ကိုယ်ခံအားစနစ် အားကောင်းစေနိုင်ပြီး အဖျားနှင့် တုပ်ကွေးကဲ့သို့ ရောဂါများ ထိရောက်စွာကာကွယ်ပေးနိုင်သည်။

 

(၄) နှလုံးရောဂါများ ကာကွယ်နိုင်

နှလုံးကျန်းမာရေးမှာ အမျိုးသားများအတွက် အထူးပူပန်ရသော ပြဿနာ ဖြစ်သည်။

အထူးသဖြင့် အသက် ၃၀ ကို ဖြတ်ကျော်ခဲ့သော အမျိုးသားများ ဖြစ်သည်။

ရုံးပတီရည်တွင် နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိသည်။

ရုံးပတီသီးတွင် အမျှင်ဓာတ် မြင့်မားစွာ ပါဝင်ရာ သည်းခြေရည်နှင့် ပေါင်းစပ်ပြီး ကိုလက်စထရောတို့ကို ဖယ်ရှားပေးသည်။ American Journal of Clinical Nutrition ဂျာနယ်တွင် ဖော်ပြချက်အရ ရုံးပတီသီးကဲ့သို့ အမျှင်ဓာတ် မြင့်မား သော အစားအစာများသည် ကိုလက်စထရော (LDL) ပမာဏကို သိသာစွာ လျှော့ချပေးနိုင်ကြောင်း ဖော်ပြသည်။

(၅။) အရိုးကျန်းမာရေးအတွက် ဖြည့်စွက်စာ ဖြစ်

အရွယ်ရလာသော အမျိုးသားများအတွက် အရိုးကျန်းမာရေးမှာ အရေးကြီးသည်။

အရွယ်ရလာသည်နှင့်အမျှ အရိုးတို့၏ သိပ်သည်းမှုနှင့် ခိုင်မာမှု နည်းပါးလာသည်။

ရုံးပတီရည်မှာ အရိုးများ ခိုင်မာအားကောင်းစေရေးအတွက် တန်ဖိုးမဖြတ်နိုင်သော အရာ ဖြစ်သည်။

ရုံးပတီသီးတွင် ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဗိုက်တာမင် K တို့ကဲ့သို့ အရိုးကျန်းမာရေးအတွက် အရေးကြီး သော ဓာတ်များ ပေါကြွယ်ဝသည်။

 

 

((ရုံးပတီရည် ဘယ်လိုလုပ်မလဲ))

● ရုံးပတီသီး ၅ တောင့်ခန့်ကို ဖုန်နှင့် ပိုးသတ်ဆေးတို့ ဖယ်ရှားပေးနိုင်ရန် ကောင်းစွာ ဆေးကြောပါ။

● မျက်နှာပြင်ဧရိယာ များများရစေရန် ရုံးပတီတောင့်များကို ပါးပါးလှီးပါ။

● ထို့နောက် ဖန်ခွက်တစ်ခုထဲတွင် ရေထည့်ကာ ပါးပါးလှီးထားသော ရုံးပတီသီးများ ထည့်ပြီး တစ်ညသိပ် စိမ်ထားပါ။

● မနက်သို့ ရောက်လျှင် ရေစစ်တစ်ခုဖြင့် စစ်ထုတ်ပြီး သောက်သုံးရန် အသင့်ဖြစ်ပါပြီ။

ရုံးပတီရည်သောက်ရန် အကောင်းဆုံးအချိန်မှာ ဝမ်းထဲတွင် အစာမရှိသော အချိန် ဖြစ်သည်။

ထိုအချိန်မျိုးတွင် သောက်သုံးပါက အကျိုးကျေးဇူး အမြင့်မားဆုံး ရရှိနိုင်မည် ဖြစ်သည်။

စတင် သောက်သုံးချိန်တွင် အနည်းငယ်သာ သောက်ပြီး နောက်ရက်များတွင် တဖြည်းဖြည်းချင်းတိုး၍ သောက်သုံးပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 5 benefits of okra water for 30-plus men (timesofindia)

 

 

[Zawgyi]

ToI Lifestyle Desk သတင္းဌာနမွ ေရးသားေဖာ္ျပေသာ အသက္ ၃၀ ေက်ာ္ အမ်ိဳးသားမ်ားအတြက္ ရံုးပတီသီးရည္ ေသာက္ျခင္း၏ အက်ဳိးတရား (၅) ပါး

 

Indian Express သတင္းဌာနလက္ေအာက္ခံ ToI Lifestyle Desk သတင္းဌာနက အသက္ ၃၀ ေက်ာ္ အမ်ိဳးသားမ်ားအတြက္ ရံုးပတီသီးရည္ ေသာက္ျခင္း၏ အက်ဳိးတရား ၅ ပါးကို ေရးသားေဖာ္ျပလာသည္။

အမ်ဳိးသားမ်ားစြာအတြက္ အသက္ ၃၀ အရြယ္သို႔ ေရာက္ရွိလာျခင္းမွာ အေရးပါေသာ ဘဝမွတ္တိုင္တစ္ခုသို႔ ေရာက္ရွိလာျခင္း ျဖစ္သည္။

က်န္းမာေရးအတြက္ ယခင္က ေရတိုအစီအမံမ်ားသာ ရွိခဲ့ရာမွ ယခုအခါ ေရရွည္မဟာဗ်ဴဟာမ်ား ခ်မွတ္ရ ေတာ့မည့္ ကာလသို႔ ေရာက္လာျပီ ျဖစ္သည္။

က်န္းမာေရးအတြက္ ေသာက္သံုးၾကသည့္ tonic အရည္မ်ားတြင္ ရံုးပတီရည္မွာ စိတ္ဝင္စားဖြယ္တစ္ခု ျဖစ္သည္။

ရံုးပတီရည္ေသာက္သံုးျခင္း (အထူးသျဖင့္ အသက္ ၃၀ ေက်ာ္ အမ်ဳိးသားမ်ား) တြင္ က်န္းမာေရးဆိုင္ရာ ေကာင္းက်ဳိး မ်ားစြာရွိေနသည္။

ရိုးရွင္းကာ ခြန္အားျပည့္ေစေသာ ရံုးပတီရည္ကို ေန႔စဥ္ေသာက္သံုးျခင္းမွာ game-changer တစ္ခု မည္သို႔ ျဖစ္လာႏိုင္ပံုကို ေအာက္တြင္ ေဖာ္ျပထားပါသည္။

(၁) ဆီးခ်ဳိေရာဂါ တိုက္ဖ်က္ႏိုင္စြမ္းရွိ

ဆီးခ်ဳိေရာဂါမွာ ရတက္မေအးျဖစ္ဖြယ္ အေၾကာင္းရပ္တစ္ခုျဖစ္လာေနသည္။

အထူးသျဖင့္ အသက္ ၃၀ ႏွင့္အထက္ အမ်ဳိးသားမ်ားတြင္ ျဖစ္၏။

ေသြးတြင္းသၾကားဓာတ္ထိန္းခ်ဳပ္ေရးမွာ ဆီးခ်ဳိ ထိေရာက္စြာ ကာကြယ္ေရးအတြက္ အေရးၾကီးလာသည္။

ရံုးပတီသီးတြင္ ေပ်ာ္ဝင္ႏိုင္ေသာ အမွ်င္ဓာတ္ပါဝင္ရာ အူတို႔၏ သၾကားဓာတ္စုပ္ယူမႈကို ေႏွးေကြးေစျပီး ေသြးတြင္းသၾကားဓာတ္ ထိန္းညွိရာတြင္ အေထာက္အကူ ျဖစ္ေစသည္။

Pharmaceutical Biology ဂ်ာနယ္တြင္ ေဖာ္ျပခ်က္အရ ရံုးပတီေစ့မ်ားႏွင့္ အခြံတို႔တြင္ ဆီးခ်ဳိေရာဂါ ကာကြယ္ ႏိုင္စြမ္းရွိေၾကာင္း၊ Type 2 ဆီးခ်ဳိ ေဝဒနာရွင္မ်ားတြင္ ေသြးတြင္း သၾကားဓာတ္ေလွ်ာ့ခ် ေပးႏိုင္ေခ်ရွိေၾကာင္း ေဖာ္ျပထားသည္။

(၂) အစာေခ်ျပႆနာမ်ားကို ေလွ်ာ့ခ်ေပးႏိုင္

အမ်ဳိးသားမ်ား အသက္အရြယ္ရလာသည္ႏွင့္အမွ် အစာေခ်ျပႆနာမ်ားမွာ ၾကီးမားစြာ ရတက္မေအးဖြယ္ အေၾကာင္းရပ္တစ္ခု ျဖစ္လာႏိုင္သည္။

ေလပြျခင္း၊ ေဖာေရာင္ျခင္း၊ ဝမ္းခ်ဳပ္ျခင္းမ်ား ျဖစ္ေလ့ရွိျပီး ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ားကို မ်ားစြာ အေႏွာင့္အယွက္ ျဖစ္ေစသည္။

ရံုးပတီတြင္ ဂ်ယ္ကဲ့သို႔ ခၽြဲပ်စ္ေသာအရည္မ်ား ေပါၾကြယ္ဝရာ အစာေျခလမ္းေၾကာင္းကို ေခ်ာေမြ႔ေစသည္။

Food Science and Technology ဂ်ာနယ္တြင္ ေဖာ္ျပခ်က္အရ ရံုးပတီတြင္ပါဝင္ေသာ အခၽြဲဓာတ္သည္ အူထဲတြင္ သဘာဝေခ်ာဆီအျဖစ္ လုပ္ေဆာင္ေၾကာင္း ေဖာ္ျပသည္။

အသက္ ၃၀ အထက္အမ်ဳိးသားမ်ားအေနျဖင့္ ရံုးပတီရည္ ေန႔စဥ္ေသာက္သံုးပါက အစာမေၾကသည့္ ျပႆနာ မ်ား ေလွ်ာ့ခ်ေပးႏိုင္မည္ ျဖစ္သည္။

(၃) ကိုယ္ခံအားစနစ္ကို ျမင့္တက္ေစ

ကူးစက္ေရာဂါမ်ား ကာကြယ္ရန္ႏွင့္ က်န္းမာေရးေကာင္းေစရန္အတြက္ ကိုယ္ခံအားစနစ္ေကာင္းမြန္ရန္ လိုအပ္သည္။ အထူးသျဖင့္ အသက္ရလာေသာ အမ်ဳိးသားမ်ားတြင္ ျဖစ္သည္။

ရံုးပတီသီးတြင္ ဗိုက္တာမင္ႏွင့္ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ား ေပါၾကြယ္ဝသည္။

အထူးသျဖင့္ ဗိုက္တာမင္ စီႏွင့္ က်န္းမာေရးအတြက္ ေကာင္းက်ဳိးျပဳေသာ flavonoids ဓာတ္မ်ား ေပါၾကြယ္ဝသည္။

အဆိုပါဓာတ္တို႔သည္ ကိုယ္ခံအားတက္ေစေသာ အရာမ်ားအျဖစ္ သိရွိထားၾကေသာဓာတ္မ်ားျဖစ္သည္။

Nutrients ဂ်ာနယ္တြင္ ေဖာ္ျပခ်က္အရ ရံုးပတီသီးတြင္ ဓာတ္တိုးဆန္႔က်င္ပစၥည္း ေပါၾကြယ္ဝမႈေၾကာင့္ Oxidative Stress (ကုိယ္ခႏၶာအတြင္း free radical မ်ား အလြန္မ်ားျပားေနျပီး ၎တို႔ကို တိုက္ထုတ္ႏိုင္သည့္ ဓာတ္တိုးဆန္႔က်င္ပစၥည္း အလံုအေလာက္မရွိျခင္း) ကို ေလွ်ာ့ခ်ေပးႏိုင္ကာ ကိုယ္ခံအားတုန္႔ျပန္မႈ ျမင့္တက္ေစ ႏိုင္ေၾကာင္း ေဖာ္ျပထားသည္။

ရံုးပတီရည္ကို ပံုမွန္ေသာက္သံုးျခင္းအားျဖင့္ ကိုယ္ခံအားစနစ္ အားေကာင္းေစႏိုင္ျပီး အဖ်ားႏွင့္ တုပ္ေကြးကဲ့သို႔ ေရာဂါမ်ား ထိေရာက္စြာကာကြယ္ေပးႏိုင္သည္။

 

(၄) ႏွလံုးေရာဂါမ်ား ကာကြယ္ႏိုင္

ႏွလံုးက်န္းမာေရးမွာ အမ်ဳိးသားမ်ားအတြက္ အထူးပူပန္ရေသာ ျပႆနာ ျဖစ္သည္။

အထူးသျဖင့္ အသက္ ၃၀ ကို ျဖတ္ေက်ာ္ခဲ့ေသာ အမ်ဳိးသားမ်ား ျဖစ္သည္။

ရံုးပတီရည္တြင္ ႏွလံုးက်န္းမာေရးအတြက္ ေကာင္းက်ဳိးမ်ားစြာ ရွိသည္။

ရံုးပတီသီးတြင္ အမွ်င္ဓာတ္ ျမင့္မားစြာ ပါဝင္ရာ သည္းေျခရည္ႏွင့္ ေပါင္းစပ္ျပီး ကိုလက္စထေရာတုိ႔ကုိ ဖယ္ရွားေပးသည္။ American Journal of Clinical Nutrition ဂ်ာနယ္တြင္ ေဖာ္ျပခ်က္အရ ရံုးပတီသီးကဲ့သို႔ အမွ်င္ဓာတ္ ျမင့္မား ေသာ အစားအစာမ်ားသည္ ကိုလက္စထေရာ (LDL) ပမာဏကို သိသာစြာ ေလွ်ာ့ခ်ေပးႏိုင္ေၾကာင္း ေဖာ္ျပသည္။

(၅။) အရိုးက်န္းမာေရးအတြက္ ျဖည့္စြက္စာ ျဖစ္

အရြယ္ရလာေသာ အမ်ဳိးသားမ်ားအတြက္ အရိုးက်န္းမာေရးမွာ အေရးၾကီးသည္။

အရြယ္ရလာသည္ႏွင့္အမွ် အရိုးတို႔၏ သိပ္သည္းမႈႏွင့္ ခိုင္မာမႈ နည္းပါးလာသည္။

ရံုးပတီရည္မွာ အရိုးမ်ား ခိုင္မာအားေကာင္းေစေရးအတြက္ တန္ဖိုးမျဖတ္ႏိုင္ေသာ အရာ ျဖစ္သည္။

ရံုးပတီသီးတြင္ ကယ္ဆီယမ္၊ မဂၢနီဆီယမ္ႏွင့္ ဗိုက္တာမင္ K တို႔ကဲ့သုိ႔ အရိုးက်န္းမာေရးအတြက္ အေရးၾကီး ေသာ ဓာတ္မ်ား ေပါၾကြယ္ဝသည္။

 

((ရံုးပတီရည္ ဘယ္လိုလုပ္မလဲ))

● ရံုးပတီသီး ၅ ေတာင့္ခန္႔ကို ဖုန္ႏွင့္ ပိုးသတ္ေဆးတို႔ ဖယ္ရွားေပးႏိုင္ရန္ ေကာင္းစြာ ေဆးေၾကာပါ။

● မ်က္ႏွာျပင္ဧရိယာ မ်ားမ်ားရေစရန္ ရံုးပတီေတာင့္မ်ားကို ပါးပါးလွီးပါ။

● ထို႔ေနာက္ ဖန္ခြက္တစ္ခုထဲတြင္ ေရထည့္ကာ ပါးပါးလွီးထားေသာ ရံုးပတီသီးမ်ား ထည့္ျပီး တစ္ညသိပ္ စိမ္ထားပါ။

● မနက္သို႔ ေရာက္လွ်င္ ေရစစ္တစ္ခုျဖင့္ စစ္ထုတ္ျပီး ေသာက္သံုးရန္ အသင့္ျဖစ္ပါျပီ။

ရံုးပတီရည္ေသာက္ရန္ အေကာင္းဆံုးအခ်ိန္မွာ ဝမ္းထဲတြင္ အစာမရွိေသာ အခ်ိန္ ျဖစ္သည္။

ထိုအခ်ိန္မ်ဳိးတြင္ ေသာက္သံုးပါက အက်ဳိးေက်းဇူး အျမင့္မားဆံုး ရရွိႏိုင္မည္ ျဖစ္သည္။

စတင္ ေသာက္သံုးခ်ိန္တြင္ အနည္းငယ္သာ ေသာက္ျပီး ေနာက္ရက္မ်ားတြင္ တျဖည္းျဖည္းခ်င္းတိုး၍ ေသာက္သံုးပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 5 benefits of okra water for 30-plus men (timesofindia)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service