ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး

ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး - Property News in Myanmar from iMyanmarHouse.com
4 Jun 2024 11:34 am တွင် တင်ခဲ့သည်
1040 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အိန္ဒိယနိုင်ငံ တမီနာဒူးပြည်နယ်၊ တူတီကိုရင်ခရိုင်ရှိ မီနက်ရှီပူရမ်ကျေးရွာကလေးတွင် နေထိုင်သော အသက် ၇၃ နှစ်အရွယ် အဘိုးအို ကန်ဒါဆာမိ နာယကာသည် ပြီးခဲ့သော တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့သည်။

ကန်ဒါဆာမိ၏ နောက်ဆုံးထွက်သက်သည် မီနက်ရှီ ပူရမ် ရွာလေးတစ်ခုလုံး၏ နောက်ဆုံးထွက်သက်ဟုလည်း ဆိုနိုင်သည်။

မီနက်ရှီပူရမ် ရွာလေးတွင် အခြေချနေထိုင်သော ရွာသားဟူ၍ ကန်ဒါဆာမိတစ်ဦးတည်းသာရှိသည်။

တချိန်က စည်ကားသိုက်မြိုက်ခဲ့သော ရွာကြီးတစ်ခု၏ ဝမ်းနည်းဖွယ် နောက်ဆုံးထွက်သက် ဖြစ်သည်။ယခုအခါ ရွာတွင် လူသူတစ်ဦးမှ မရှိတော့ဘဲ စွန့်ပစ်ခံ တစ္ဆေရွာကြီးတစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

၂၀၀၁ ခုနှစ် သန်းခေါင်စာရင်းအရ မီနက်ရှီ ပူရမ်ရွာတွင် ရွာသူရွာသား ၁၂၉၆ ဦး နေထိုင်ခဲ့သည်။

ရာသီဥတုပြောင်းလဲခြင်း၊ မိုးခေါင်ရေရှားခြင်းတို့ကြောင့် ရွာပင်အခြေချနေထိုင်သူ တစ်စထက်တစ်စ နည်းပါး လာရာမှ ပြီးခဲ့သော ဆယ်စုနှစ်အတွင်း ရွာမှ အလုံးအရင်း ရွှေ့ပြောင်းသွားကြမှုများ ဖြစ်ပေါ်ခဲ့သည်။

တချိန်က မြေဆီသြဇာကောင်းမွန်ခဲ့သော ကွင်းပြင်တို့မှာ ဖုန်းဆိုးတောများ ဖြစ်လာခဲ့ရာ ရွာသူရွာသားတို့မှာ ရေကြည်ရာ မြက်နုရာသို့ ရွှေ့ပြောင်းသွားခဲ့ကြသည်။

ထိုသို့ ရွာမှ အလုံးအရင်း ကျောခိုင်းထွက်ခွာသွားကြသော်လည်း ကန်ဒါဆာမိကမူ သူမွေးဖွားခဲ့ရာ ရွာကလေးကို မစွန့်ခွာနိုင်ဘဲ ဆက်လက်နေထိုင်ခဲ့သည်။

ကန်ဒါဆာမိတွင် သား ၂ ဦး ၊ သမီး ၂ ဦးရှိသည်။

ကန်ဒါဆာမိ၏ သားငယ် ဘာလ ကရစ်ရှ်နန်က ပြောသည်မှာ “ရွာက စိုက်ပျိုးရေးကို အဓိက မှီခိုနေရတာပါ။ မိုးခေါင်ရေရှားလာတဲ့နောက်ပိုင်း အခြေအနေတွေ စတင်ဆိုးရွားလာပါတယ်။ ရေနဲ့ တခြားပစ္စည်းတွေရဖို့ ၂ မိုင် ၃ မိုင်လောက် လမ်းလျှောက်ရတယ်။ ဒါကြောင့် ဒီရွာမှာ ဆက်ပြီး မနေချင်ကြတော့ဘူး”ဟု ပြောသည်။

ကန်ဒါဆာမိ၏ နောက်ဆုံးဆန္ဒမှာ သူမွေးဖွားခဲ့ရာ ရွာကလေးတွင် ခေါင်းချရန် ဖြစ်သည်။

ရွာတွင် တစ်ဦးတည်းသာ ရှိတော့သောကြောင့် ကိုယ်တိုင်ချက်ပြုတ် စားသောက်ရ၏။

မကြာသေးမီကမူ သားငယ် ကရစ်ရှ်နန်က ဖခင်ကြီးအား အကူအညီပေးရန် လူတစ်ဦးလွှတ်ပေးသည်။

ကရစ်ရှ်နန်သည် ဖခင်ကြီးရွာမှ ၁၅ ကီလိုမီတာ ဝေးကွာသော ကာစီလန်ဂပူရမ်ရွာတွင် နေထိုင်ပြီး ဖခင်အတွက် မကြာခဏ စားစရာပို့ပေးသည်။ တခါတရံတွင်လည်း ကန်ဒါဆာမိက သားဖြစ်သူ၏ အိမ်သို့ သွားသည်။

တနင်္ဂနွေနေ့ နေဝင်ချိန်တွင်မူ ကန်ဒါဆာမိထံ သွားရောက်ကြည့်ရှုပေးသူက ကန်ဒါဆာမိ အသက်ကုန် နေသည် ကို တွေ့ခဲ့ရသည်။

“ကျွန်တော့်အဖေက လယ်သမားတစ်ယောက်ဖြစ်ပေမဲ့ ကျွဲပြိုင်ပွဲတွေမှာလည်း တော်တော် နာမည်ကြီးခဲ့တယ်” ဟု ကရစ်ရှ်နန်က ပြောသည်။

ဆက်ကရာကူဒီ ပန်ချာရတ် ကျေးရွာအုပ်စုဥက္ကဌ ရာမလက်ရှ်မီးက ပြောသည်မှာ “ပန်ချာရတ်ရဲ့ ပိုင်နက်မှာ ကျေးရွာ ၆ ခုရှိပါတယ်။ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း အလုံးအရင်းပြောင်းရွှေ့မှုတွေကြောင့် အခုအခါမှာ ကျွန်မတို့အတွက် ရွာတစ်ရွာ တရားဝင်ဆုံးရှုံးသွားခဲ့ပါပြီ” ဟု ပြောသည်။

၎င်းက ဆက်လက်ပြောကြားသည်မှာ ပြီးခဲ့သောနှစ်များအတွင်း မြေအောက်ရေသိုလှောင်မှု ပြန်လည်တိုးတက် ကောင်းမွန်လာပြီး လမ်းများလည်း ဖောက်လုပ်ထားပြီးဖြစ်ကြောင်း ပြောသည်။

“ဒါပေမယ့် ဒီရွာကို ဘယ်သူမှ ပြန်ပြီး အခြေမချကြပါဘူး”

လူ့သမိုင်းမှ မီနက်ရှီ ပူရမ် မှေးမှိန်ပျောက်ကွယ်သွားတော့မည့်အရေးမှာ ထိုဒေသတွင် အလားတူအခြေအနေမျိုး ရင်ဆိုင်နေရသည့် ကျေးရွာများစွာအတွက် သတိပြုစရာ အကြောင်းရပ် ဖြစ်လာသည်။

မီနက်ရှီ ပူရမ်ကို လူတို့ စွန့်ခွာသွားသည့် အကြောင်းရပ်မှာ ကမ္ဘာကြီးကို ပုံဖော်နေသည့် ရာသီဥတု ပြောင်းလဲမှု၏ ရက်စက်ကြမ်းတမ်းသော အရှိတရားကို ပြသနေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: After losing its last inhabitant, Tamil Nadu ghost village stands as example of perils of climate change (timesofindia)

 

 

 

[Zawgyi]

 

ကာဒါဆာမိ၏ ေနာက္ဆံုးထြက္သက္ (သို႔မဟုတ္) လူတစ္ဦးတည္းသာ ေနထိုင္ေသာ အိႏိၵယက ေက်းရြာေလး

 

အိႏိၵယႏိုင္ငံ တမီနာဒူးျပည္နယ္၊ တူတီကိုရင္ခရိုင္ရွိ မီနက္ရွီပူရမ္ေက်းရြာကေလးတြင္ ေနထုိင္ေသာ အသက္ ၇၃ ႏွစ္အရြယ္ အဘိုးအို ကန္ဒါဆာမိ နာယကာသည္ ျပီးခဲ့ေသာ တနဂၤေႏြေန႔က ကြယ္လြန္သြားခဲ့သည္။

ကန္ဒါဆာမိ၏ ေနာက္ဆံုးထြက္သက္သည္ မီနက္ရွီ ပူရမ္ ရြာေလးတစ္ခုလံုး၏ ေနာက္ဆံုးထြက္သက္ဟုလည္း ဆိုႏိုင္သည္။

မီနက္ရွီပူရမ္ ရြာေလးတြင္ အေျခခ်ေနထိုင္ေသာ ရြာသားဟူ၍ ကန္ဒါဆာမိတစ္ဦးတည္းသာရွိသည္။

တခ်ိန္က စည္ကားသိုက္ျမဳိက္ခဲ့ေသာ ရြာၾကီးတစ္ခု၏ ဝမ္းနည္းဖြယ္ ေနာက္ဆံုးထြက္သက္ ျဖစ္သည္။ယခုအခါ ရြာတြင္ လူသူတစ္ဦးမွ မရွိေတာ့ဘဲ စြန္႔ပစ္ခံ တေစၦရြာၾကီးတစ္ခု ျဖစ္သြားခဲ့ျပီ ျဖစ္သည္။

၂၀၀၁ ခုႏွစ္ သန္းေခါင္စာရင္းအရ မီနက္ရွီ ပူရမ္ရြာတြင္ ရြာသူရြာသား ၁၂၉၆ ဦး ေနထုိင္ခဲ့သည္။

ရာသီဥတုေျပာင္းလဲျခင္း၊ မိုးေခါင္ေရရွားျခင္းတို႔ေၾကာင့္ ရြာပင္အေျခခ်ေနထုိင္သူ တစ္စထက္တစ္စ နည္းပါး လာရာမွ ျပီးခဲ့ေသာ ဆယ္စုႏွစ္အတြင္း ရြာမွ အလံုးအရင္း ေရႊ႕ေျပာင္းသြားၾကမႈမ်ား ျဖစ္ေပၚခဲ့သည္။

တခ်ိန္က ေျမဆီၾသဇာေကာင္းမြန္ခဲ့ေသာ ကြင္းျပင္တို႔မွာ ဖုန္းဆိုးေတာမ်ား ျဖစ္လာခဲ့ရာ ရြာသူရြာသားတို႔မွာ ေရၾကည္ရာ ျမက္ႏုရာသို႔ ေရႊ႕ေျပာင္းသြားခဲ့ၾကသည္။

ထိုသို႔ ရြာမွ အလံုးအရင္း ေက်ာခိုင္းထြက္ခြာသြားၾကေသာ္လည္း ကန္ဒါဆာမိကမူ သူေမြးဖြားခဲ့ရာ ရြာကေလးကို မစြန္႔ခြာႏိုင္ဘဲ ဆက္လက္ေနထိုင္ခဲ့သည္။

ကန္ဒါဆာမိတြင္ သား ၂ ဦး ၊ သမီး ၂ ဦးရွိသည္။

ကန္ဒါဆာမိ၏ သားငယ္ ဘာလ ကရစ္ရွ္နန္က ေျပာသည္မွာ “ရြာက စုိက္ပ်ဳိးေရးကို အဓိက မွီခိုေနရတာပါ။ မိုးေခါင္ေရရွားလာတဲ့ေနာက္ပိုင္း အေျခအေနေတြ စတင္ဆိုးရြားလာပါတယ္။ ေရနဲ႔ တျခားပစၥည္းေတြရဖို႔ ၂ မိုင္ ၃ မိုင္ေလာက္ လမ္းေလွ်ာက္ရတယ္။ ဒါေၾကာင့္ ဒီရြာမွာ ဆက္ျပီး မေနခ်င္ၾကေတာ့ဘူး”ဟု ေျပာသည္။

ကန္ဒါဆာမိ၏ ေနာက္ဆံုးဆႏၵမွာ သူေမြးဖြားခဲ့ရာ ရြာကေလးတြင္ ေခါင္းခ်ရန္ ျဖစ္သည္။

ရြာတြင္ တစ္ဦးတည္းသာ ရွိေတာ့ေသာေၾကာင့္ ကိုယ္တုိင္ခ်က္ျပဳတ္ စားေသာက္ရ၏။

မၾကာေသးမီကမူ သားငယ္ ကရစ္ရွ္နန္က ဖခင္ၾကီးအား အကူအညီေပးရန္ လူတစ္ဦးလႊတ္ေပးသည္။

ကရစ္ရွ္နန္သည္ ဖခင္ၾကီးရြာမွ ၁၅ ကီလိုမီတာ ေဝးကြာေသာ ကာစီလန္ဂပူရမ္ရြာတြင္ ေနထိုင္ျပီး ဖခင္အတြက္ မၾကာခဏ စားစရာပို႔ေပးသည္။ တခါတရံတြင္လည္း ကန္ဒါဆာမိက သားျဖစ္သူ၏ အိမ္သို႔ သြားသည္။

တနဂၤေႏြေန႔ ေနဝင္ခ်ိန္တြင္မူ ကန္ဒါဆာမိထံ သြားေရာက္ၾကည့္ရႈေပးသူက ကန္ဒါဆာမိ အသက္ကုန္ ေနသည္ ကို ေတြ႔ခဲ့ရသည္။

“ကၽြန္ေတာ့္အေဖက လယ္သမားတစ္ေယာက္ျဖစ္ေပမဲ့ ကၽြဲျပိဳင္ပြဲေတြမွာလည္း ေတာ္ေတာ္ နာမည္ၾကီးခဲ့တယ္” ဟု ကရစ္ရွ္နန္က ေျပာသည္။

ဆက္ကရာကူဒီ ပန္ခ်ာရတ္ ေက်းရြာအုပ္စုဥကၠဌ ရာမလက္ရွ္မီးက ေျပာသည္မွာ “ပန္ခ်ာရတ္ရဲ႕ ပိုင္နက္မွာ ေက်းရြာ ၆ ခုရွိပါတယ္။ ျပီးခဲ့တဲ့ ၁၀ စုႏွစ္အတြင္း အလံုးအရင္းေျပာင္းေရႊ႕မႈေတြေၾကာင့္ အခုအခါမွာ ကၽြန္မတို႔အတြက္ ရြာတစ္ရြာ တရားဝင္ဆံုးရံႈးသြားခဲ့ပါျပီ” ဟု ေျပာသည္။

၎က ဆက္လက္ေျပာၾကားသည္မွာ ျပီးခဲ့ေသာႏွစ္မ်ားအတြင္း ေျမေအာက္ေရသိုေလွာင္မႈ ျပန္လည္တိုးတက္ ေကာင္းမြန္လာျပီး လမ္းမ်ားလည္း ေဖာက္လုပ္ထားျပီးျဖစ္ေၾကာင္း ေျပာသည္။

“ဒါေပမယ့္ ဒီရြာကို ဘယ္သူမွ ျပန္ျပီး အေျခမခ်ၾကပါဘူး”

လူ႔သမိုင္းမွ မီနက္ရွီ ပူရမ္ ေမွးမွိန္ေပ်ာက္ကြယ္သြားေတာ့မည့္အေရးမွာ ထိုေဒသတြင္ အလားတူအေျခအေနမ်ဳိး ရင္ဆိုင္ေနရသည့္ ေက်းရြာမ်ားစြာအတြက္ သတိျပဳစရာ အေၾကာင္းရပ္ ျဖစ္လာသည္။

မီနက္ရွီ ပူရမ္ကို လူတို႔ စြန္႔ခြာသြားသည့္ အေၾကာင္းရပ္မွာ ကမၻာၾကီးကို ပံုေဖာ္ေနသည့္ ရာသီဥတု ေျပာင္းလဲမႈ၏ ရက္စက္ၾကမ္းတမ္းေသာ အရွိတရားကို ျပသေနသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: After losing its last inhabitant, Tamil Nadu ghost village stands as example of perils of climate change (timesofindia)

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service