အမေရိကန်ပြည်တွင် ရထားလမ်း၊ ဘူတာရုံ၊ တံတားများ၊ ခုံးကျော်များ၊ တောင်တန်းများ၊ မြို့များ၊ ကျေးရွာများ ပုံစံငယ်ပြုလုပ်ထားသည့် မြေအောက်ခန်းကြီးပါဝင်သော စတုရန်းပေ ၂၀၀၀၀ ကျော် ကျယ်ဝန်းသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၃,၂၉၅,၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည်တွင် ရထားလမ်း၊ ဘူတာရုံ၊ တံတားများ၊ ခုံးကျော်များ၊ တောင်တန်းများ၊ မြို့များ၊ ကျေးရွာများ ပုံစံငယ်ပြုလုပ်ထားသည့် မြေအောက်ခန်းကြီးပါဝင်သော စတုရန်းပေ ၂၀၀၀၀ ကျော် ကျယ်ဝန်းသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၃,၂၉၅,၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
23 May 2024 12:53 pm တွင် တင်ခဲ့သည်
654 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အီလီနွိုက်စ်ပြည်နယ်၊ ချီကာဂိုမြို့ ဆင်ခြေဖုံးဒေသ Northbrook ကျေးရွာရှိ အံ့ဖွယ် စံအိမ်တစ်လုံး ကန်ဒေါ်လာ ၃၂၉၅၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာပြီး ရထားချစ်သူများ၏ အိပ်မက်စံအိမ်တစ်လုံးလည်း ဖြစ်သည်။

စံအိမ်အကျယ်အဝန်း စတုရန်းပေ ၂၀၈၉၀ ရှိကာ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၈ ခန်း၊ ထင်းသုံးမီးလင်းဖို၊ အားကစားလေ့ကျင့်ခန်းမ၊ အဝတ်အစားထားသိုခန်းနှင့် sauna တို့ ပါဝင်သည်။

သို့သော် စံအိမ်၏ တကယ့်အံ့ဖွယ်မှာ မြေအောက်ခန်းထဲတွင် တည်ရှိသည်။

မြေအောက်ခန်းထဲတွင် ရထားလမ်းပုံစံငယ်တစ်ခု ပြုလုပ်ထားပြီး မြေအောက်ခန်းကြီးတစ်ခုလုံးနီးပါး အပြည့်နေရာယူထားသည်။

ရထားလမ်းပုံစံငယ်တွင် ရထားလမ်းများ၊ အဆောက်အအုံများ၊ ကုန်လှောင်ရုံများ၊ ဘူတာများ၊ တံတားများ၊ ခုံးကျော်များ၊ တောင်တန်းများ၊ မြို့များနှင့် ကျေးရွာများ ပုံဖော်ထားသည်။

နံရံများကိုပင်လျှင် ရထားလမ်းနှင့် လိုက်ဖက်ညီစေရန် ဆေးသုတ်ထားသည်။

 

(ရထားလမ်းပုံစံငယ်ရှိရာ မြေအောက်ခန်းကြီး။ ဓာတ်ပုံ-Jam Press/ Berkshire Hathaway Home)

 

(ရထားချစ်သူတို့၏ အိပ်မက်နေရာ။ ဓာတ်ပုံ-Jam Press/ Berkshire Hathaway Home)

 

ခြံအကျယ် ၁ ဧကနီးပါးရှိကာ ကောင်းမွန်ထိန်းသိမ်းမွမ်းမံထားသော မြက်ခင်းပြင်ရှိသည်။

သီးသန့်ယာဉ်မောင်းလမ်းတစ်ခုမှတဆင့် စံအိမ်ရှိရာသို့ ရောက်ရှိမည်ဖြစ်ပြီး ကား ၄ စင်းဆန့် ဂိုဒေါင်တစ်လုံးလည်း ပါဝင်သည်။

ဤစံအိမ်မှာ ရထားချစ်သူများအတွက်ဖြစ်သည်ဟု အတိအကျဆိုနိုင်သော်လည်း ရထားချစ်မြတ်နိုးသူ မဟုတ်ပါကလည်း သင့်အတွက် amenity များစွာရှိပါသေးသည်။

ဧည့်သည်များအနေဖြင့် အိမ်ရှေ့တံခါးမှ ဝင်လိုက်သည်နှင့် ခမ်းနားသောအဝင်ခန်းမသို့ ရောက်မည်ဖြစ်ပြီး မျက်နှာကြက်ဆီတွင် လက်ဖြင့်အလှဆင်ပြုလုပ်ထားသော အမိုးခုံး၊ နှစ်ဘက်ချိုး လှေကား၊ ခြံဝန်းအတွင်း မြင်ကွင်းတို့ တွေ့ရမည် ဖြစ်သည်။

 

(ခမ်းနားလှသော လှေကား။ ဓာတ်ပုံ-Jam Press/ Berkshire Hathaway Home)

 

(ခြံဝန်းအတွင်းမှ ရေကူးကန်။ ဓာတ်ပုံ-Jam Press/ Berkshire Hathaway Home)

 

ပထမထပ်တွင် သီးသန့်ရေချိုးခန်းနှင့် နားနေခန်းပါသော ရုံးခန်းကြီးတစ်ခု ရှိသည်။

ပစ္စည်းအစုံ ထည့်သွင်းထားသော မီးဖိုဆောင်တွင် အနက်ရောင် စကျင်ကျောက်ပြားခင်း မီးဖိုခုံ ၂ ခု၊ ဖန်မီးဆိုင်းများနှင့် ဝက်သစ်ချသား ကြောင်အိမ်များ ပါဝင်သည်။

 

(စံအိမ်အကျယ်အဝန်း စတုရန်းပေ ၂၀၈၉၀ ရှိကာ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၈ ခန်း၊ ထင်းသုံးမီးလင်းဖို၊ အားကစားလေ့ကျင့်ခန်းမ၊ အဝတ် အစားထားသိုခန်းနှင့် sauna တို့ ပါဝင်သည်။ ဓာတ်ပုံ-Jam Press/ Berkshire Hathaway Home)

 

(အားကစားလေ့ကျင့်ခန်းမ။ ဓာတ်ပုံ-Jam Press/ Berkshire Hathaway Home)

 

(စံအိမ်ရှေ့မြင်ကွင်း။ ဓာတ်ပုံ-Jam Press/ Berkshire Hathaway Home)

 

(Sauna။ ဓာတ်ပုံ-Jam Press/ Berkshire Hathaway Home)

 

(ခေတ်မီအဆင့်မြှင့်တင်ထားသော မီးဖိုဆောင်။ ဓာတ်ပုံ-Jam Press/ Berkshire Hathaway Home)

 

(စံအိမ်၏ Floor Plan။ ဓာတ်ပုံ-Jam Press/ Berkshire Hathaway Home)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This £2,600,000 mansion has an entire room dedicated to trains (metro)

Photo Credit- Jam Press/Berkshire Hathaway Home

 

 

 

 

 

[Zawgyi]

အေမရိကန္ျပည္တြင္ ရထားလမ္း၊ ဘူတာရံု၊ တံတားမ်ား၊ ခံုးေက်ာ္မ်ား၊ ေတာင္တန္းမ်ား၊ ျမိဳ႕မ်ား၊ ေက်းရြာမ်ား ပံုစံငယ္ျပဳလုပ္ထားသည့္ ေျမေအာက္ခန္းၾကီးပါဝင္ေသာ စတုရန္းေပ ၂၀၀၀၀ ေက်ာ္ က်ယ္ဝန္းသည့္ စံအိမ္ၾကီးတစ္လံုး ကန္ေဒၚလာ ၃,၂၉၅,၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

 

အီလီႏြိဳက္စ္ျပည္နယ္၊ ခ်ီကာဂိုျမိဳ႕ ဆင္ေျခဖံုးေဒသ Northbrook ေက်းရြာရွိ အံ့ဖြယ္ စံအိမ္တစ္လံုး ကန္ေဒၚလာ ၃၂၉၅၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္လာျပီး ရထားခ်စ္သူမ်ား၏ အိပ္မက္စံအိမ္တစ္လံုးလည္း ျဖစ္သည္။

စံအိမ္အက်ယ္အဝန္း စတုရန္းေပ ၂၀၈၉၀ ရွိကာ အိပ္ခန္း ၆ ခန္း၊ ေရခ်ဳိးခန္း ၈ ခန္း၊ ထင္းသံုးမီးလင္းဖို၊ အားကစားေလ့က်င့္ခန္းမ၊ အဝတ္အစားထားသိုခန္းႏွင့္ sauna တို႔ ပါဝင္သည္။

သို႔ေသာ္ စံအိမ္၏ တကယ့္အံ့ဖြယ္မွာ ေျမေအာက္ခန္းထဲတြင္ တည္ရွိသည္။

ေျမေအာက္ခန္းထဲတြင္ ရထားလမ္းပံုစံငယ္တစ္ခု ျပဳလုပ္ထားျပီး ေျမေအာက္ခန္းၾကီးတစ္ခုလံုးနီးပါး အျပည့္ေနရာယူထားသည္။

ရထားလမ္းပံုစံငယ္တြင္ ရထားလမ္းမ်ား၊ အေဆာက္အအံုမ်ား၊ ကုန္ေလွာင္ရံုမ်ား၊ ဘူတာမ်ား၊ တံတားမ်ား၊ ခံုးေက်ာ္မ်ား၊ ေတာင္တန္းမ်ား၊ ျမိဳ႕မ်ားႏွင့္ ေက်းရြာမ်ား ပံုေဖာ္ထားသည္။

နံရံမ်ားကိုပင္လွ်င္ ရထားလမ္းႏွင့္ လိုက္ဖက္ညီေစရန္ ေဆးသုတ္ထားသည္။

(ရထားလမ္းပံုစံငယ္ရွိရာ ေျမေအာက္ခန္းၾကီး။ ဓာတ္ပံု-Jam Press/ Berkshire Hathaway Home)

(ရထားခ်စ္သူတို႔၏ အိပ္မက္ေနရာ။ ဓာတ္ပံု-Jam Press/ Berkshire Hathaway Home)

ျခံအက်ယ္ ၁ ဧကနီးပါးရွိကာ ေကာင္းမြန္ထိန္းသိမ္းမြမ္းမံထားေသာ ျမက္ခင္းျပင္ရွိသည္။

သီးသန္႔ယာဥ္ေမာင္းလမ္းတစ္ခုမွတဆင့္ စံအိမ္ရွိရာသို႔ ေရာက္ရွိမည္ျဖစ္ျပီး ကား ၄ စင္းဆန္႔ ဂိုေဒါင္တစ္လံုးလည္း ပါဝင္သည္။

ဤစံအိမ္မွာ ရထားခ်စ္သူမ်ားအတြက္ျဖစ္သည္ဟု အတိအက်ဆိုႏိုင္ေသာ္လည္း ရထားခ်စ္ျမတ္ႏိုးသူ မဟုတ္ပါကလည္း သင့္အတြက္ amenity မ်ားစြာရွိပါေသးသည္။

ဧည့္သည္မ်ားအေနျဖင့္ အိမ္ေရွ႕တံခါးမွ ဝင္လိုက္သည္ႏွင့္ ခမ္းနားေသာအဝင္ခန္းမသို႔ ေရာက္မည္ျဖစ္ျပီး မ်က္ႏွာၾကက္ဆီတြင္ လက္ျဖင့္အလွဆင္ျပဳလုပ္ထားေသာ အမိုးခံုး၊ ႏွစ္ဘက္ခ်ဳိး ေလွကား၊ ျခံဝန္းအတြင္း ျမင္ကြင္းတို႔ ေတြ႔ရမည္ ျဖစ္သည္။

(ခမ္းနားလွေသာ ေလွကား။ ဓာတ္ပံု-Jam Press/ Berkshire Hathaway Home)

(ျခံဝန္းအတြင္းမွ ေရကူးကန္။ ဓာတ္ပံု-Jam Press/ Berkshire Hathaway Home)

 

ပထမထပ္တြင္ သီးသန္႔ေရခ်ဳိးခန္းႏွင့္ နားေနခန္းပါေသာ ရံုးခန္းၾကီးတစ္ခု ရွိသည္။

ပစၥည္းအစံု ထည့္သြင္းထားေသာ မီးဖိုေဆာင္တြင္ အနက္ေရာင္ စက်င္ေက်ာက္ျပားခင္း မီးဖိုခံု ၂ ခု၊ ဖန္မီးဆိုင္းမ်ားႏွင့္ ဝက္သစ္ခ်သား ေၾကာင္အိမ္မ်ား ပါဝင္သည္။

(စံအိမ္အက်ယ္အဝန္း စတုရန္းေပ ၂၀၈၉၀ ရွိကာ အိပ္ခန္း ၆ ခန္း၊ ေရခ်ဳိးခန္း ၈ ခန္း၊ ထင္းသံုးမီးလင္းဖို၊ အားကစားေလ့က်င့္ခန္းမ၊ အဝတ္ အစားထားသိုခန္းႏွင့္ sauna တို႔ ပါဝင္သည္။ ဓာတ္ပံု-Jam Press/ Berkshire Hathaway Home)

(အားကစားေလ့က်င့္ခန္းမ။ ဓာတ္ပံု-Jam Press/ Berkshire Hathaway Home)

(စံအိမ္ေရွ႕ျမင္ကြင္း။ ဓာတ္ပံု-Jam Press/ Berkshire Hathaway Home)

(Sauna။ ဓာတ္ပံု-Jam Press/ Berkshire Hathaway Home)

(ေခတ္မီအဆင့္ျမွင့္တင္ထားေသာ မီးဖိုေဆာင္။ ဓာတ္ပံု-Jam Press/ Berkshire Hathaway Home)

(စံအိမ္၏ Floor Plan။ ဓာတ္ပံု-Jam Press/ Berkshire Hathaway Home)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This £2,600,000 mansion has an entire room dedicated to trains (metro)

Photo Credit- Jam Press/Berkshire Hathaway Home

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service