သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်

သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
29 Apr 2024 11:07 am တွင် တင်ခဲ့သည်
893 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မူဟာမက်အလီ (မွေး ၁၉၄၂- ကွယ်လွန် ၂၀၁၆) ကို ၂၀ ရာစု အားကစားလောက၏ အရေးအပါဆုံး ပုဂ္ဂိုလ်များ တွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ကြသည့်အပြင် သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့သမားအဖြစ် ရည်ညွှန်းကြသည်။

၁၉၉၉ ခုနှစ်တွင် Sports Illustrated မဂ္ဂဇင်းက မူဟာမက်အလီကို Sportsman of the Century အဖြစ် ဖော်ပြခဲ့သည်။

 

(မူဟာမက်အလီ တချိန်က ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ် လေလံတင်ရောင်းချတော့မည်။ ဓာတ်ပုံ-Concierge Auctions)

 

ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ မူဟာမက်အလီ၏ လော့စ်အိန်ဂျလိတွင်ရှိသော အီတလီ ရီနေးဆင်း ဗိသုကာဟန် ဖြင့် ဆောက်လုပ်ထားသည့် စံအိမ် လေလံတင်ရောင်းချတော့မည် ဖြစ်သည်။

လော့စ်အိန်ဂျလိမြို့၊ Hancock Park အရပ်တွင် တည်ရှိပြီး နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်သော စံအိမ်ကို မူဟာမက်အလီက ၁၉၇၉ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

မူဟာမက်အလီ၏ စံအိမ်ကို Concierge Auctions လေလံအဖွဲ့နှင့်အတူ The Beverly Hills Estates အိမ်ခြံမြေ ကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော Stefani Stolper နှင့် Kristen Lawson ၊ Coldwell Banker အိမ်ခြံမြေ ကုမ္ပဏီမှ June Ahn တို့က ရောင်းချပေးရန် ပူးတွဲတာဝန်ယူထားသည်။

ဧပြီလ ၂၆ ရက်တွင် လေလံစတင်ဖွင့်လှစ်ခဲ့ပြီး မေလ ၁၅ ရက်တွင် လေလံပိတ်သိမ်းမည် ဖြစ်သည်။

ဗိသုကာပညာရှင် John C. Austin က ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ပေးထားသော စံအိမ်ဖြစ်သည်။

Austin သည် လော့စ်အိန်ဂျလိ၏ အထင်ကရ အဆောက်အအုံကြီးများဖြစ်သော L.A. City Hall နှင့် Griffith Observatory တို့ကို ဒီဇိုင်းရေးဆွဲပေးခဲ့သူ ဖြစ်သည်။

နန်းတော်ကြီးတမျှ ခမ်းနားလှသော စံအိမ်ကြီးတွင် မူဟာမက်အလီတို့မိသားစုက ၁၉၈၄ ခုနှစ်အထိ နေထိုင်ခဲ့ ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

မူဟာမက်အလီ နေထိုင်စဉ်ကာလအတွင်း ဤစံအိမ်ကြီးသို့ ဆီဗက်စတာ စတားလုံး၊ ကလင့်အိစ်ဝုဒ်နှင့် မိုက်ကယ်ဂျက်ဆင်တို့ လာရောက်လည်ပတ်ခဲ့ကြဖူးကြောင်း Concierge Auctions လေလံကုမ္ပဏီက ပြောသည်။

(Larry Holmes နှင့် နောက်ဆုံးထိုးသတ်ပွဲမတိုင်မီ မူဟာမက်အလီကို ဤစံအိမ်တွင် ၁၉၈၀ ပြည့်နှစ်အတွင်း တွေ့ရပုံ။ ဓာတ်ပုံ-Getty Images)

 

(အတွင်းပိုင်း မွမ်းမံပြင်ဆင်ထားပုံ။ ဓာတ်ပုံ-Concierge Auctions)

 

ဤစံအိမ်တွင် နေထိုင်ခဲ့သော အထင်ကရပုဂ္ဂိုလ်များမှာ မူဟာမက်အလီတစ်ဦးတည်းသာ မဟုတ်။

Bank of America တည်ထောင်သူ A.P. Giannini နှင့် The Gillette ကုမ္ပဏီ တည်ထောင်သူ King C Gillette တို့လည်း ဤစံအိမ်တွင် နေထိုင်ခဲ့ကြဖူးကြောင်း Concierge က ဖော်ပြသည်။

PropertyShark ၏ အချက်အလက်များအရ လက်ရှိပိုင်ရှင်က ဤစံအိမ်ကို ၂၀၀၁ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စံအိမ်အကျယ်မှာ စတုရန်းပေ ၁၀၅၀၀ ရှိပြီး ခြံဝန်းအကျယ် ၁ ဒသမ ၆ ဧကရှိကာ ပန်းဥယျာဉ်အသွင် မြေယာ အလှပြင်ဆင်ထားသည်။

(ခြံဝန်းအကျယ် ၁ ဒသမ ၆ ဧကရှိပြီး ပန်းဥယျာဉ်အသွင် မြေယာအလှပြင်ဆင်ထားသည်။ ဓာတ်ပုံ-Concierge Auctions)

ခြံဝန်းအတွင်း ရေကူးကန်၊ ပန်းဥယျာဉ်များ၊ နွယ်ပင်စင်များ စီရရီရှိသော လျှောက်လမ်းများ၊ စတုရန်းပေ ၁၀၀၀ ကျယ်ဝန်းကာ အိပ်ခန်း ၁ ခန်းပါသော ဧည့်ဂေဟာအိမ်တစ်လုံးတို့ ပါဝင်သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Muhammad Ali’s Knockout Former Los Angeles Mansion Is Going to Auction (mansionglobal)

Photo Credit: Concierge Auctions, Getty Images

 

 

 

 

[Zawgyi]

သမိုင္းတစ္ေလွ်ာက္ အႀကီးျမတ္ဆုံး ဟဲဗီးဝိတ္ လက္ေဝွ႔ေက်ာ္ မူဟာမက္အလီ၏ ေလာ့စ္အိန္ဂ်လိစံအိမ္ ေလလံတင္ ေရာင္းခ်မည္

 

မူဟာမက္အလီ (ေမြး ၁၉၄၂- ကြယ္လြန္ ၂၀၁၆) ကို ၂၀ ရာစု အားကစားေလာက၏ အေရးအပါဆံုး ပုဂၢိဳလ္မ်ား တြင္ တစ္ဦးအပါအဝင္အျဖစ္ သတ္မွတ္ၾကသည့္အျပင္ သမိုင္းတေလွ်ာက္ အၾကီးျမတ္ဆံုး ဟဲဗီးဝိတ္ လက္ေဝွ႔သမားအျဖစ္ ရည္ညႊန္းၾကသည္။

၁၉၉၉ ခုႏွစ္တြင္ Sports Illustrated မဂၢဇင္းက မူဟာမက္အလီကို Sportsman of the Century အျဖစ္ ေဖာ္ျပခဲ့သည္။

(မူဟာမက္အလီ တခ်ိန္က ပိုင္ဆိုင္ခဲ့ေသာ ေလာ့စ္အိန္ဂ်လိစံအိမ္ ေလလံတင္ေရာင္းခ်ေတာ့မည္။ ဓာတ္ပံု-Concierge Auctions)

ဟဲဗီးဝိတ္လက္ေဝွ႔ခ်န္ပီယံ မူဟာမက္အလီ၏ ေလာ့စ္အိန္ဂ်လိတြင္ရွိေသာ အီတလီ ရီေနးဆင္း ဗိသုကာဟန္ ျဖင့္ ေဆာက္လုပ္ထားသည့္ စံအိမ္ ေလလံတင္ေရာင္းခ်ေတာ့မည္ ျဖစ္သည္။

ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Hancock Park အရပ္တြင္ တည္ရွိျပီး ႏွစ္ေပါင္း ၁၀၀ ေက်ာ္ သက္တမ္းရွိျပီျဖစ္ေသာ စံအိမ္ကို မူဟာမက္အလီက ၁၉၇၉ ခုႏွစ္တြင္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

မူဟာမက္အလီ၏ စံအိမ္ကို Concierge Auctions ေလလံအဖြဲ႔ႏွင့္အတူ The Beverly Hills Estates အိမ္ျခံေျမ ကုမၸဏီမွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ Stefani Stolper ႏွင့္ Kristen Lawson ၊ Coldwell Banker အိမ္ျခံေျမ ကုမၸဏီမွ June Ahn တို႔က ေရာင္းခ်ေပးရန္ ပူးတြဲတာဝန္ယူထားသည္။ ဧျပီလ ၂၆ ရက္တြင္ ေလလံစတင္ဖြင့္လွစ္ခဲ့ျပီး ေမလ ၁၅ ရက္တြင္ ေလလံပိတ္သိမ္းမည္ ျဖစ္သည္။

ဗိသုကာပညာရွင္ John C. Austin က ဒီဇိုင္းေရးဆြဲ ေဆာက္လုပ္ေပးထားေသာ စံအိမ္ျဖစ္သည္။

Austin သည္ ေလာ့စ္အိန္ဂ်လိ၏ အထင္ကရ အေဆာက္အအံုၾကီးမ်ားျဖစ္ေသာ L.A. City Hall ႏွင့္ Griffith Observatory တို႔ကို ဒီဇိုင္းေရးဆြဲေပးခဲ့သူ ျဖစ္သည္။

နန္းေတာ္ၾကီးတမွ် ခမ္းနားလွေသာ စံအိမ္ၾကီးတြင္ မူဟာမက္အလီတို႔မိသားစုက ၁၉၈၄ ခုႏွစ္အထိ ေနထုိင္ခဲ့ ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

မူဟာမက္အလီ ေနထုိင္စဥ္ကာလအတြင္း ဤစံအိမ္ၾကီးသို႔ ဆီဗက္စတာ စတားလံုး၊ ကလင့္အိစ္ဝုဒ္ႏွင့္ မိုက္ကယ္ဂ်က္ဆင္တို႔ လာေရာက္လည္ပတ္ခဲ့ၾကဖူးေၾကာင္း Concierge Auctions ေလလံကုမၸဏီက ေျပာသည္။

(Larry Holmes ႏွင့္ ေနာက္ဆံုးထိုးသတ္ပြဲမတိုင္မီ မူဟာမက္အလီကို ဤစံအိမ္တြင္ ၁၉၈၀ ျပည့္ႏွစ္အတြင္း ေတြ႔ရပံု။ ဓာတ္ပံု-Getty Images)

(အတြင္းပိုင္း မြမ္းမံျပင္ဆင္ထားပံု။ ဓာတ္ပံု-Concierge Auctions)

 

ဤစံအိမ္တြင္ ေနထိုင္ခဲ့ေသာ အထင္ကရပုဂၢိဳလ္မ်ားမွာ မူဟာမက္အလီတစ္ဦးတည္းသာ မဟုတ္။

Bank of America တည္ေထာင္သူ A.P. Giannini ႏွင့္ The Gillette ကုမၸဏီ တည္ေထာင္သူ King C Gillette တို႔လည္း ဤစံအိမ္တြင္ ေနထုိင္ခဲ့ၾကဖူးေၾကာင္း Concierge က ေဖာ္ျပသည္။

PropertyShark ၏ အခ်က္အလက္မ်ားအရ လက္ရွိပိုင္ရွင္က ဤစံအိမ္ကို ၂၀၀၁ ခုႏွစ္တြင္ ကန္ေဒၚလာ ၂ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

စံအိမ္အက်ယ္မွာ စတုရန္းေပ ၁၀၅၀၀ ရွိျပီး ျခံဝန္းအက်ယ္ ၁ ဒသမ ၆ ဧကရွိကာ ပန္းဥယ်ာဥ္အသြင္ ေျမယာ အလွျပင္ဆင္ထားသည္။

(ျခံဝန္းအက်ယ္ ၁ ဒသမ ၆ ဧကရွိျပီး ပန္းဥယ်ာဥ္အသြင္ ေျမယာအလွျပင္ဆင္ထားသည္။ ဓာတ္ပံု-Concierge Auctions)

ျခံဝန္းအတြင္း ေရကူးကန္၊ ပန္းဥယ်ာဥ္မ်ား၊ ႏြယ္ပင္စင္မ်ား စီရရီရွိေသာ ေလွ်ာက္လမ္းမ်ား၊ စတုရန္းေပ ၁၀၀၀ က်ယ္ဝန္းကာ အိပ္ခန္း ၁ ခန္းပါေသာ ဧည့္ေဂဟာအိမ္တစ္လံုးတို႔ ပါဝင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Muhammad Ali’s Knockout Former Los Angeles Mansion Is Going to Auction (mansionglobal)

Photo Credit: Concierge Auctions, Getty Images

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service