ဟောလိဝုဒ်ရုပ်ရှင်မင်းသား Mark Wahlberg သြစတေးလျတွင် Play Dirty ရုပ်ရှင်ဇာတ်ကားသစ် ရိုက်ကူးနေစဉ် ဆစ်ဒနီမြို့ရှိ ဒေါ်လာ သန်း ၁၀၀ တန်စံအိမ်ကြီး၌ ငှားရမ်းနေထိုင်
ဟောလိဝုဒ်ရုပ်ရှင်မင်းသား Mark Wahlberg သြစတေးလျတွင် Play Dirty ရုပ်ရှင်ဇာတ်ကားသစ် ရိုက်ကူးနေစဉ် ဆစ်ဒနီမြို့ရှိ ဒေါ်လာ သန်း ၁၀၀ တန်စံအိမ်ကြီး၌ ငှားရမ်းနေထိုင် - Property News in Myanmar from iMyanmarHouse.com
22 Mar 2024 1:24 pm တွင် တင်ခဲ့သည်
414 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အော်စကာဆုရ The Departed ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဟောလိဝုဒ်ရုပ်ရှင်မင်းသား မာ့ခ် ဝါးလ်ဘာ့ဂ် (Mark Wahlberg) သည် သူ၏ ရုပ်ရှင်ဇာတ်ကားသစ် Play Dirty တွင် ပါဝင်သရုပ်ဆောင် နေစဉ်အတွင်း ဆစ်ဒနီမြို့ရှိ ၃ ထပ်စံအိမ်ကြီးတစ်လုံးကို ငှားရမ်းနေထိုင်ခဲ့သည်။
အဆိုပါစံအိမ်ကြီးသည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်းက ဒေါ်လာ ၅၁ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပိုင်ရှင်ပြောင်းလဲခဲ့ကာ ဆစ်ဒနီ၏ အိမ်ခြံမြေဈေးနှုန်း မြင့်တက်မှုများကြောင့် ယခုအခါ ဝယ်ဈေးထက် ၂ ဆခန့် တန်ကြေးရှိနေပြီဟု ခန့်မှန်းရသည်။
အထင်ကရ ဆစ်ဒနီဆိပ်ကမ်းကို စီးမိုးတွေ့မြင်ရပြီး ဆစ်ဒနီ၏ ဂုဏ်ရှိန်အကြီးဆုံးနေရာဟု သတ်မှတ်ထားကြ သော Point Piper အရပ်တွင် တည်ရှိသည်။
(ကျယ်ပြောသော deck နေရာ။ ဓာတ်ပုံ-Domain)
(outdoor ရေကူးကန်များအနက်မှ တစ်ခု။ ဓာတ်ပုံ-Domain)
(ဆစ်ဒနီဆိပ်ကမ်းကို စီးမိုးတွေ့မြင်ရသော ရေချိုးခန်း။ ဓာတ်ပုံ-Domain)
မာ့ခ် ဝါးလ်ဘာ့ဂ်ငှားရမ်းနေထိုင်သော စံအိမ်ကြီးမှာ သြစတေးလျ ဝန်ကြီးချုပ်ဟောင်း Malcolm Turnbull နှင့် ဘီလျံနာသူဌေးကြီး Scott Farquhar တိို့၏ စံအိမ်အနီးတွင် တည်ရှိသည်ဟု ဆိုသည်။
စံအိမ်အတွင်း အိပ်ခန်း ၅ ခန်း၊ ကျယ်ဝန်းသော လသာဆောင်၊ ရေကူးကန်များစွာ၊ အိမ်တွင်းရုပ်ရှင်ရုံနှင့် ကား ၇ စင်းဆန့် ကားဂိုဒေါင်တို့ ပါဝင်သည်။ ဒေါ်လာ သန်း ၆၀၀ ချမ်းသာကြွယ်ဝသူ၊ အသက် ၅၂ နှစ်အရွယ်ရှိ မာ့ခ် ဝါးဘာ့ဂ်က The Daily Telegraph သတင်းဌာနသို့ ပြောသည်မှာ “ကျွန်တော်က ဒီအိမ်ရဲ့ပိုင်ရှင်မဟုတ်ပါဘူး။ အိမ်ကတော့ တကယ်ကောင်း ပါတယ်။ အခက်အခဲတစ်ခုက မိသားစုနဲ့ အရမ်းဝေးတာပါပဲ” ဟု ဆိုသည်။
(အိမ်တွင်း ရုပ်ရှင်ရုံ။ ဓာတ်ပုံ-Domain)
(ဝိုင်သိုလှောင်ခန်း။ ဓာတ်ပုံ-Domain)
(အိပ်ခန်းမှတဆင့် အထင်ကရ ဆစ်ဒနီဆိပ်ကမ်းအား တွေ့ရပုံ။ ဓာတ်ပုံ-Domain)
ရုပ်ရှင်ရိုက်ကူးခြင်းများမှ အားလပ်ချိန်များတွင် မာ့ခ် ဝါးလ်ဘာ့ဂ်သည် ၎င်းပူးတွဲတည်ထောင်ထားသော Municipal အမှတ်တံဆိပ်နှင့် ရင်းနှီးမြှုပ်နှံမှုများ အဓိက ပါဝင်ထားသော Ultra-premium Tequila အမှတ်တံဆိပ်တို့အတွက် ရောင်းအားမြှင့်တင်မှုများ ပြုလုပ်ပေးလျက်ရှိသည်။
(မာ့ခ်ဝါးလ်ဘာ့ဂ်က Ultra-premium Tequila အား ရောင်းအားမြှင့်တင်မှုများ ပြုလုပ်ပေးသည်။ ဓာတ်ပုံ-Zach Margolius)
(မာ့ခ်ဝါးလ်ဘာ့ဂ်နှင့် ဂေါက်ကွင်းပိုင်ရှင် Greta Packer တို့ကို Ellerston ဂေါက်ကွင်းတွင် တွေ့ရပုံ။ ဓာတ်ပုံ-Mark Wahlberg)
(Ellerston ဂေါက်ကွင်း။ ဓာတ်ပုံ-Ellerston Golf Course)
မာ့ခ်ဝါးလ်ဘာ့ဂ်သည် Play Dirty ဇာတ်ကားတွင် အော်စကာဆု ဇကာတင်စာရင်းဝင် LaKeith Stanfield, Dermot Mulroney, Rosa Salazar တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ထားပြီး Iron Man 3 ရိုက်ကူးခဲ့သော ဒါရိုက်တာ Shane Black က ရိုက်ကူးထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Hollywood star Mark Wahlberg based in $100m Sydney Harbour mansion while shooting new film Play Dirty (perthnow)
Photo Credit: Domain, Zach Margolius, Mark Wahlberg, Ellerston Golf Course
(ကျယ်ပြောသော deck နေရာ။ ဓာတ်ပုံ-Domain)
မာ့ခ် ဝါးလ်ဘာ့ဂ်ငှားရမ်းနေထိုင်သော စံအိမ်ကြီးမှာ သြစတေးလျ ဝန်ကြီးချုပ်ဟောင်း Malcolm Turnbull နှင့် ဘီလျံနာသူဌေးကြီး Scott Farquhar တို့၏ စံအိမ်အနီးတွင် တည်ရှိသည်ဟု ဆိုသည်။
(ဝိုင်သိုလှောင်ခန်း။ ဓာတ်ပုံ-Domain)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အင်္ဂလန်ရုပ်ရှင်မင်းသမီးကြီး ဂျိန်းစီမောပိုင်ဆိုင်ခဲ့ဖူးပြီး Radiohead နှင့် the Cure တို့ကဲ့သို့ ရော့ခ်ဂီတ ဝိုင်းကြီးများကို အငှားချထားခဲ့ဖူးသော နှစ်ပေါင်း ၄၀၀ သက်တမ်းရှိ စံအိမ်ကြီး ပေါင် ၁၂ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
လော့စ်အိန်ဂျလိမှ အိမ်ရှင်အမျိုးသမီးက သူ၏ ဒေါ်လာ ၁ ဒသမ ၆ သန်းတန် အိမ်ကို အငှားချထားရာ ငှားရမ်းသည့်သူက အင်္ဂလန်သို့ ပြောင်းရွှေ့သွားပြီးနောက် လော့စ်အိန်ဂျလိမှ အခန်းကို အချိန်ပိုင်းတရားမဝင် ပြန်လည်အငှားချ...
ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်က အိမ်ရာမဲ့များအတွက် အိမ်ငယ်လေးပေါင်း ၁၂၀၀ ဆောက်လုပ်မည်ဟု လွန်ခဲ့သောနှစ်က ကတိပြုခဲ့သော်လည်း ယခုတိုင် အိမ်ရာမဲ့တစ်ဦးမှ လက်ခံခြင်း မရှိသေး...
ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်က အိမ်ရာမဲ့များအတွက် အိမ်ငယ်လေးပေါင်း ၁၂၀၀ ဆောက်လုပ်မည်ဟု လွန်ခဲ့သောနှစ်က ကတိပြုခဲ့သော်လည်း ယခုတိုင် အိမ်ရာမဲ့တစ်ဦးမှ လက်ခံခြင်း မရှိသေး...
ဂျင်မ်ကာရေးက လော့စ်အိန်ဂျလိစံအိမ်ကို အဆက်မပြတ် ဈေးလျှော့ပေးနေသော်လည်း ရောင်းမထွက်‌သောကြောင့် တတိယအကြိမ် ဈေးလျှော့ပေးလာပြန်...
ဂျင်မ်ကာရေးက လော့စ်အိန်ဂျလိစံအိမ်ကို အဆက်မပြတ် ဈေးလျှော့ပေးနေသော်လည်း ရောင်းမထွက်‌သောကြောင့် တတိယအကြိမ် ဈေးလျှော့ပေးလာပြန်...
အင်္ဂလန်တွင် ကိုယ်ပိုင်ရထားလမ်းပါသော အံ့ဖွယ်စံအိမ်တစ်လုံး ပေါင် ၁ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် ကိုယ်ပိုင်ရထားလမ်းပါသော အံ့ဖွယ်စံအိမ်တစ်လုံး ပေါင် ၁ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ...
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ...
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ်ကြီး လက်ဆောင်ပေး...
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ်ကြီး လက်ဆောင်ပေး...
အိမ်ခြံမြေအကျပ်အတည်းကြောင့် ခရိုအေးရှားနိုင်ငံသားများ အသက် ၃၃ နှစ်အရွယ်ခန့်အထိ မိဘအိမ်တွင် နေထိုင်ကြရ...
အိမ်ခြံမြေအကျပ်အတည်းကြောင့် ခရိုအေးရှားနိုင်ငံသားများ အသက် ၃၃ နှစ်အရွယ်ခန့်အထိ မိဘအိမ်တွင် နေထိုင်ကြရ...
Britain Got Talent ဒိုင်လူကြီး ရုပ်ရှင်မင်းသမီး အာမန်ဒါ ဟိုးလ်ဒန်းနှင့် လူရွှင်တော် အလန်ကားရ်တို့ ၁ ယူရို ဖြင့် ဝယ်ယူကာ ပြန်လည်မွမ်းမံခဲ့သော ၁၇ ရာစုနေအိမ် ကန်ဒေါ်လာ ၂၃၈,၀၀၀ ဖြင့် ရောင်းထွက်...
Britain Got Talent ဒိုင်လူကြီး ရုပ်ရှင်မင်းသမီး အာမန်ဒါ ဟိုးလ်ဒန်းနှင့် လူရွှင်တော် အလန်ကားရ်တို့ ၁ ယူရို ဖြင့် ဝယ်ယူကာ ပြန်လည်မွမ်းမံခဲ့သော ၁၇ ရာစုနေအိမ် ကန်ဒေါ်လာ ၂၃၈,၀၀၀ ဖြင့် ရောင်းထွက်...
ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအားလုံး ပေးဝေလှူဒါန်းပစ်...
ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအားလုံး ပေးဝေလှူဒါန်းပစ်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
area-one-business-complex
golden-city
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service