ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ

ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
29 May 2024 12:09 pm တွင် တင်ခဲ့သည်
1029 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဆော်ဒီအာရေးဗီးယားမှ လက်လီအရောင်းလုပ်ငန်းသူဌေးကြီး Fawaz Al Hokair သည် နယူးယောက်မြို့၊ ပန်းခြံရိပ်သာလမ်း အမှတ် ၄၃၂ ရှိ Penthouse ခန်းကို ဒေါ်လာ ၁၀၅ သန်းဈေးလျှော့ကာ အရောင်းဈေးကွက် တင်လာသည်။

အဆိုပါအခန်းကို ယခင်က ကန်ဒေါ်လာ ၁၆၉ သန်းဈေးခေါ်ခဲ့ပြီး အရောင်းဈေးကွက်တင်ခဲ့ရာ ၃ နှစ်နီးပါး ကြာမြင့်သည်အထိ ရောင်းမထွက်သောကြောင့် အလွန်များပြားစွာ ဈေးလျှော့ကာ အရောင်းပြန်တင်လာခြင်း ဖြစ်သည်။

သူဌေးကြီး Fawaz Al Hokair သည် စတုရန်းပေ ၈၂၀၀ ကျယ်ဝန်းသောအခန်းကို ၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၈၇ ဒသမ ၆၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဝယ်ယူပြီးနောက်ပိုင်း အဆိုပါအခန်းတွင် တစ်ညမျှပင် နေထိုင်ခဲ့ဖူးခြင်းမရှိရာ အခန်းမှာ အသစ်အနေအထား အတိုင်း ရှိနေသည်။

(အခန်းအကျယ်မှာ စတုရန်းပေ ၈၂၀၀ ရှိသည်။ ဓာတ်ပုံ- Douglas Elliman)

(မီးဖိုဆောင်။ ဓာတ်ပုံ- Douglas Elliman)

သူဌေးကြီး Fawaz Al Hokair ဝယ်ယူခဲ့ချိန်က အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းမှာ နယူးယောက်မြို့တွင် ဈေးအကြီးဆုံး အရောင်းအဝယ်များတွင် ပါဝင်ခဲ့သည်။

အဆိုပါ အဆောက်အအုံတွင်ပင်ရှိသော အခြားသော အခန်းတစ်ခန်းဖြစ်သည့် အမှတ် ၈၄ A ကို မကြာသေးမီက ရောင်းချခဲ့ရာတွင်လည်း ဝယ်ဈေးအောက် များစွာ အရှုံးပေါ်ခဲ့ကြောင်း နယူးယောက်မြို့ ဘဏ္ဍာရေးဌာန၏ အချက်အလက်များအရ သိရသည်။

ယင်းအခန်းကို အမည်မသိဝယ်လက်တစ်ဦးက ၂၀၁၆ ခုနှစ်အတွင်း ဒေါ်လာ ၂၁ ဒသမ ၃၈ သန်းဖြင့် ဝယ်ယူခဲ့သော်လည်း ပြန်လည်ရောင်းချရာတွင် ဒေါ်လာ ၁၃ ဒသမ ၅ သန်းသာ ရခဲ့သည်။

သူဌေးကြီး Fawaz Al Hokair ၏ အခန်းတွင် အိပ်ခန်း ၆ ခန်းပါဝင်ပြီး မျက်နှာကြက်မှာ ၁၂ ဒသမ ၅ ပေအထိ မြင့်မားကာ သီးသန့်ဓာတ်လှေကားရှိသည်။

(နံနက်စာ စားသည့်နေရာ။ ဓာတ်ပုံ- Douglas Elliman)

(နံနက်စာ စားသည့်အခန်း။ ဓာတ်ပုံ- Douglas Elliman)

(ညစာစားနေရာ။ ဓာတ်ပုံ- Douglas Elliman)

(ထင်းသုံး မီးလင်းဖိုပါသော ဧည့်ခန်း။ ဓာတ်ပုံ- Douglas Elliman)

(အိပ်ခန်း ၆ ခန်းအနက်မှ တစ်ခု။ ဓာတ်ပုံ- Douglas Elliman)

(အခြားအိပ်ခန်း ၁ ခန်း။ ဓာတ်ပုံ- Douglas Elliman)

(ပင်မရေချိုးခန်း။ ဓာတ်ပုံ- Douglas Elliman)

(ပန်းခြံ၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသော ရေစိမ်ကန်နေရာ။ ဓာတ်ပုံ- Douglas Elliman)

ထိုသို့ များပြားစွာ ဈေးလျှော့ချပေးထားသော်လည်း သူဌေးကြီး Fawaz Al Hokair ၏ Penthouse ခန်းသည် နယူးယောက်မြို့၏ ဈေးအကြီးဆုံး အိမ်ခြံမြေများတွင် ပါဝင်နေဆဲ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Saudi tycoon slashes price of never-lived-in NYC penthouse by $64M — initially listed for $169M (nypost) Photo Credit: Douglas Elliman

[Zawgyi]

ေဆာ္ဒီလုပ္ငန္းရွင္သူေဌးၾကီးက နယူးေယာက္ျမိဳ႕ရွိ ေဒၚလာ ၁၆၉ သန္းတန္ Penthouse ခန္းကို သန္း ၁၀၀ ေက်ာ္ ေစ်းေလွ်ာ့ကာ ေဒၚလာ ၆၄ သန္းမွ်ျဖင့္ အေရာင္းေစ်းကြက္တင္လာ

ေဆာ္ဒီအာေရးဗီးယားမွ လက္လီအေရာင္းလုပ္ငန္းသူေဌးၾကီး Fawaz Al Hokair သည္ နယူးေယာက္ျမိဳ႕၊ ပန္းျခံရိပ္သာလမ္း အမွတ္ ၄၃၂ ရွိ Penthouse ခန္းကို ေဒၚလာ ၁၀၅ သန္းေစ်းေလွ်ာ့ကာ အေရာင္းေစ်းကြက္ တင္လာသည္။

အဆိုပါအခန္းကို ယခင္က ကန္ေဒၚလာ ၁၆၉ သန္းေစ်းေခၚခ့ဲျပီး အေရာင္းေစ်းကြက္တင္ခဲ့ရာ ၃ ႏွစ္နီးပါး ၾကာျမင့္သည္အထိ ေရာင္းမထြက္ေသာေၾကာင့္ အလြန္မ်ားျပားစြာ ေစ်းေလွ်ာ့ကာ အေရာင္းျပန္တင္လာျခင္း ျဖစ္သည္။

သူေဌးၾကီး Fawaz Al Hokair သည္ စတုရန္းေပ ၈၂၀၀ က်ယ္ဝန္းေသာအခန္းကို ၂၀၁၆ ခုႏွစ္အတြင္း ကန္ေဒၚလာ ၈၇ ဒသမ ၆၆ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ဝယ္ယူျပီးေနာက္ပိုင္း အဆိုပါအခန္းတြင္ တစ္ညမွ်ပင္ ေနထိုင္ခဲ့ဖူးျခင္းမရွိရာ အခန္းမွာ အသစ္အေနအထား အတုိင္း ရွိေနသည္။

(အခန္းအက်ယ္မွာ စတုရန္းေပ ၈၂၀၀ ရွိသည္။ ဓာတ္ပံု- Douglas Elliman)

(မီးဖိုေဆာင္။ ဓာတ္ပံု- Douglas Elliman)

သူေဌးၾကီး Fawaz Al Hokair ဝယ္ယူခဲ့ခ်ိန္က အေရာင္းအဝယ္ျဖစ္ခဲ့ေသာ ေစ်းႏႈန္းမွာ နယူးေယာက္ျမဳိ႕တြင္ ေစ်းအၾကီးဆံုး အေရာင္းအဝယ္မ်ားတြင္ ပါဝင္ခဲ့သည္။

အဆိုပါ အေဆာက္အအုံတြင္ပင္ရွိေသာ အျခားေသာ အခန္းတစ္ခန္းျဖစ္သည့္ အမွတ္ ၈၄ A ကို မၾကာေသးမီက ေရာင္းခ်ခဲ့ရာတြင္လည္း ဝယ္ေစ်းေအာက္ မ်ားစြာ အရံႈးေပၚခဲ့ေၾကာင္း နယူးေယာက္ျမိဳ႕ ဘ႑ာေရးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

ယင္းအခန္းကို အမည္မသိဝယ္လက္တစ္ဦးက ၂၀၁၆ ခုႏွစ္အတြင္း ေဒၚလာ ၂၁ ဒသမ ၃၈ သန္းျဖင့္ ဝယ္ယူခဲ့ေသာ္လည္း ျပန္လည္ေရာင္းခ်ရာတြင္ ေဒၚလာ ၁၃ ဒသမ ၅ သန္းသာ ရခဲ့သည္။

သူေဌးၾကီး Fawaz Al Hokair ၏ အခန္းတြင္ အိပ္ခန္း ၆ ခန္းပါဝင္ျပီး မ်က္ႏွာၾကက္မွာ ၁၂ ဒသမ ၅ ေပအထိ ျမင့္မားကာ သီးသန္႔ဓာတ္ေလွကားရွိသည္။

(နံနက္စာ စားသည့္ေနရာ။ ဓာတ္ပံု- Douglas Elliman)

(နံနက္စာ စားသည့္အခန္း။ ဓာတ္ပံု- Douglas Elliman)

(ညစာစားေနရာ။ ဓာတ္ပံု- Douglas Elliman)

(ထင္းသံုး မီးလင္းဖိုပါေသာ ဧည့္ခန္း။ ဓာတ္ပံု- Douglas Elliman)

(အိပ္ခန္း ၆ ခန္းအနက္မွ တစ္ခု။ ဓာတ္ပံု- Douglas Elliman)

(အျခားအိပ္ခန္း ၁ ခန္း။ ဓာတ္ပံု- Douglas Elliman)

(ပင္မေရခ်ဳိးခန္း။ ဓာတ္ပံု- Douglas Elliman)

(ပန္းျခံ၏ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆုိင္ထားေသာ ေရစိမ္ကန္ေနရာ။ ဓာတ္ပံု- Douglas Elliman)

ထိုသို႔ မ်ားျပားစြာ ေစ်းေလွ်ာ့ခ်ေပးထားေသာ္လည္း သူေဌးၾကီး Fawaz Al Hokair ၏ Penthouse ခန္းသည္ နယူးေယာက္ျမိဳ႕၏ ေစ်းအၾကီးဆံုး အိမ္ျခံေျမမ်ားတြင္ ပါဝင္ေနဆဲ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Saudi tycoon slashes price of never-lived-in NYC penthouse by $64M — initially listed for $169M (nypost) Photo Credit: Douglas Elliman

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Lucky Doll လား Chucky Doll လား ကောင်းကျိုးပေးမည့် ကလေးဝိဉာဉ်များခိုကပ်နေထိုင်သော ကလေးနတ်ကိုးကွယ်မှု
Lucky Doll လား Chucky Doll လား ကောင်းကျိုးပေးမည့် ကလေးဝိဉာဉ်များခိုကပ်နေထိုင်သော ကလေးနတ်ကိုးကွယ်မှု
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း...
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း...
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှာ...
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှာ...
အမေရိကန်ပြည်၊ Phoenix မြို့တွင် ကျူးတို့က နေအိမ်တစ်လုံးကို ကျူးကျော်နေထိုင်သည့်အပြင် ပိုင်ရှင်မသိဘဲ စာရွက်စာတမ်းအတုများဖြင့် နေအိမ်ရောင်းစားမှု ဖြစ်ပေါ်...
အမေရိကန်ပြည်၊ Phoenix မြို့တွင် ကျူးတို့က နေအိမ်တစ်လုံးကို ကျူးကျော်နေထိုင်သည့်အပြင် ပိုင်ရှင်မသိဘဲ စာရွက်စာတမ်းအတုများဖြင့် နေအိမ်ရောင်းစားမှု ဖြစ်ပေါ်...
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (Kurt Cobain ၏ ဇနီး) လည်း ပါဝင်လာ၊ Courtney Love က လော့စ်အိန်ဂျလိမှနေအိမ်ကို ရောင်းချကာ ဗြိတိန်နိုင်ငံသားအဖြစ် ခံယူရန်စီစဉ်...

[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန်းကြယ်သောဖြစ်ရပ်...
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန်းကြယ်သောဖြစ်ရပ်...
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ...
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ...
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ်နေ၊ ထရမ့်ဂျူနီယာ၏ ဇနီးဟောင်း ဗနက်ဆာမှာ တိုက်ဂါးဝုဒ်၏ ဒေါ်လာ သန်း ၆၀ တန် စံအိမ်...

ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ...
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရာ ကြက်သားအစိမ်းများကို မဖုံးမအုပ်ဘဲ ရေခဲသေတ္တာအတွင်း တင်ထားမှုအပေါ် ကြည့်ရှုရသည့် ပရိသတ်များ စိတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ
မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွ
တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွ
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
CarsDB
Expo Singapore

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service