၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ

၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ - Property News in Myanmar from iMyanmarHouse.com
30 May 2024 11:34 am တွင် တင်ခဲ့သည်
756 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာပေါ်တွင် အခြေချနေထိုင်ရန် အကောင်းဆုံးနေရာကို သိလိုပါသလား။

US News & World Report မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော ရပ်တည်မှုအဆင့် ထုတ်ပြန်ချက်အရ ကမ္ဘာ့နံပါတ် ၁ နေရာတွင် ရပ်တည်နေသည်မှာ အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်မှ နေပယ်မြို့ ဖြစ်သည်။

နေပယ်သည် ဖြူလွလွ သဲသောင်ကမ်းခြေများ၊ ကမ္ဘာ့အဆင့် ဂေါက်ကွင်းများဖြင့် ကမ္ဘာကျော်သည့်နေရာ ဖြစ်ကာ စီးပွားရေးလုပ်ငန်းများမှ အနားယူလိုက်ကြသည့် အငြိမ်းစားတို့က ဆောင်းဥတု အအေးဒဏ်ကို ရှောင်ရန် လာရောက်အပန်းဖြေလေ့ရှိသည့် လောကနိဗ္ဗာန် ဖြစ်သည်။

ဝင်ငွေခွန်လည်း ကောက်ယူခြင်းမရှိသော ပြည်နယ်ဖြစ်ရာ သူဌေးသူကြွယ်များအတွက်မူ ကောင်းခြင်းအဖြာဖြာ နှင့် ပြည့်စုံသော နေရာဖြစ်သည်။

ယခုနှစ် ရပ်တည်မှုအဆင့်တွင် တက္ကဆပ်ပြည်နယ်၊ အယ်လ်ဘားမား၊ မြောက်နှင့်တောင် ကာရိုလိုင်းနား ပြည်နယ်များရှိ ဒေသများမှာ ထိပ်ဆုံး ၁၀ နေရာတွင် ၅ နေရာအထိ ချိတ်ဆွဲခဲ့သည်။

ကော်လိုရာဒိုပြည်နယ်သည် လတ်ဆတ်သောလေနှင့် တောင်တန်းအလှ ရှုခင်းတို့ကြောင့် ထိပ်ဆုံး ၂ နေရာတွင် ပါဝင်လာသည်။

အဆိုပါ ထိပ်တန်းနေရာတို့၏ တူညီသည့်အချက်မှာ အမေရိကရှိ အခြားနေရာများနှင့်နှိုင်းယှဉ်လျှင် ကုန်ကျစရိတ် သက်သာခြင်း ဖြစ်သည်။

ထို့အပြင် လမ်းလျှောက်ရန် အဆင်ပြေသော မြို့လယ်နေရာများရှိခြင်းနှင့် စိမ်းလန်းစိုပြည်သောနေရာများ များပြားခြင်းတို့မှာလည်း တူညီသောအချက်များ ဖြစ်သည်။

Realtor အိမ်ခြံမြေဝက်ဘ်ဆိုက်မှ စီးပွားရေးပညာရှင် ဒင်နီယယ်ဟေးကမူ အဆိုပါ ဒေသများသို့ ပြောင်းရွှေ့လိုသူများအနေဖြင့် မိမိတို့ကိုယ်တိုင် လေ့လာမှုများ ပြုလုပ်သင့်ကြောင်း အကြံပြုသည်။

“လက်ရှိ ကိုယ်နေထိုင်တဲ့နေရာနဲ့ အလှမ်းကွာတဲ့နေရာကို သွားမယ်ဆိုရင် အဲဒီနေရာမှာ ဘာထူးခြားချက်တွေ ရှိလဲဆိုတာ အတော်အတန်လေ့လာထားသင့်ပါတယ်။ နေပယ်မှာဆိုရင် နွေးထွေးတဲ့ အဖြူရောင် သဲသောင် ကမ်းခြေ ရှိတယ်”ဟု သူမကပြောသည်။

အောက်တွင် ၂၀၂၄ ခုနှစ်အတွင်း အခြေချနေထိုင်ရန် အကောင်းဆုံး ၁၀ မြို့ကို ဖော်ပြထားပါသည်။

((နေပယ်၊ ဖလော်ရီဒါ))

● အလယ်လတ်တန်း အိမ်ဈေးနှုန်း-ဒေါ်လာ ၇၉၅၀၀၀

● အလယ်လတ်တန်း အိမ်ငှားခ- ဒေါ်လာ ၆၀၀၀

(နေပယ်မြို့မှ ကန်ဒေါ်လာ ၉၄၉၀၀၀ ဖြင့် ရောင်းချမည့်အိမ်တစ်လုံး။ ဓာတ်ပုံ-Realtor)

((ဘွိုင်စီ၊ အိုင်ဒါဟိုပြည်နယ်))

● အလယ်လတ်တန်း အိမ်ဈေးနှုန်း-ဒေါ်လာ ၄၂၂၀၈၀

● အလယ်လတ်တန်း အိမ်ငှားခ- ဒေါ်လာ ၁၄၁၈

(ဘွိုင်စီမြို့တွင် ဒေါ်လာ ၄၇၅၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်နေသော အိပ်ခန်း ၃ ခန်းပါ နေအိမ်တစ်လုံး။ ဓာတ်ပုံ-Realtor)

((ကော်လိုရာဒို စပရင်းစ်မြို့၊ ကော်လိုရာဒို ပြည်နယ်))

● အလယ်လတ်တန်း အိမ်ဈေးနှုန်း-ဒေါ်လာ ၃၉၄၅၅၃

● အလယ်လတ်တန်း အိမ်ငှားခ- ဒေါ်လာ ၁၇၀၂

(ကော်လိုရာဒို စပရင်းစ်တွင် ဒေါ်လာ ၈၇၅၀၀၀ ဖြင့် ရောင်းချမည့် အိမ်တစ်လုံး။ ခြံအကျယ်မှာ ၃၅ ဧက ဖြစ်သည်။ ဓာတ်ပုံ-Realtor)

((ဂရင်းဗီးလ်မြို့၊ တောင်ကာရိုလိုင်းနားပြည်နယ်))

● အလယ်လတ်တန်း အိမ်ဈေးနှုန်း-ဒေါ်လာ ၃၉၃၈၀၉

● အလယ်လတ်တန်း အိမ်ငှားခ- ဒေါ်လာ ၁၁၉၃

(ဂရင်းဗီးလ်တွင် ဒေါ်လာ ၂၅၀၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်နေသောအိမ်။ ဓာတ်ပုံ-Realtor)

((ရှားလော့မြို့၊ မြောက်ကာရိုလိုင်းနားပြည်နယ်))

● အလယ်လတ်တန်း အိမ်ဈေးနှုန်း-ဒေါ်လာ ၃၅၉၄၄၆

● အလယ်လတ်တန်း အိမ်ငှားခ- ဒေါ်လာ ၁၅၀၃

(ရှားလော့မြို့တွင် ဒေါ်လာ ၂၉၆၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်နေသော အိပ်ခန်း ၄ ခန်းပါ နေအိမ်တစ်လုံး။ ဓာတ်ပုံ-Realtor)

((ရီလေးမြို့၊ မြောက်ကာရိုလိုင်းနားပြည်နယ်))

● အလယ်လတ်တန်း အိမ်ဈေးနှုန်း-ဒေါ်လာ ၃၈၂၆၇၇

● အလယ်လတ်တန်း အိမ်ငှားခ- ဒေါ်လာ ၁၄၃၃

(ရီလေးမြို့တွင် ဒေါ်လာ ၄၀၉၉၀၀ ဖြင့် အရောင်းဈေးကွက်ဝင်နေသော စတုရန်းပေ ၂၄၇၀ ရှိ နေအိမ်တစ်လုံး။ ဓာတ်ပုံ-Realtor)

((ဟန့်စ်ဗီးလ်မြို့၊ အယ်လ်ဘားမားပြည်နယ်))

● အလယ်လတ်တန်း အိမ်ဈေးနှုန်း-ဒေါ်လာ ၂၄၅၃၈၁

● အလယ်လတ်တန်း အိမ်ငှားခ- ဒေါ်လာ ၁၂၂၆

(ဟန့်စ်ဗီးလ်မြို့တွင် ဒေါ်လာ ၂၃၅၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်နေသော အိပ်ခန်း ၃ ခန်းပါ နေအိမ်တစ်လုံး။ ဓာတ်ပုံ-Realtor)

((ဗာဂျီးနီးယား ဘိချ်မြို့၊ ဗာဂျီးနီးယားပြည်နယ်))

● အလယ်လတ်တန်း အိမ်ဈေးနှုန်း-ဒေါ်လာ ၃၅၈၄၇၇

● အလယ်လတ်တန်း အိမ်ငှားခ- ဒေါ်လာ ၁၈၀၄

(ဗာဂျီးနီးယား ဘိချ်မှ ဤကမ်းခြေကွန်ဒိုခန်းကို ဒေါ်လာ ၃၉၉၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်သည်။ ဓာတ်ပုံ-Realtor)

((အော်စတင်မြို့၊ တက္ကဆပ်ပြည်နယ်))

● အလယ်လတ်တန်း အိမ်ဈေးနှုန်း-ဒေါ်လာ ၄၈၇၉၈၁

● အလယ်လတ်တန်း အိမ်ငှားခ- ဒေါ်လာ ၁၇၁၆

(အော်စတင်မြို့တွင် ဒေါ်လာ ၁၃၉၉၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်နေသော နေအိမ်တစ်လုံး။ ဓာတ်ပုံ-Realtor)

((ဘိုးလ်ဒါမြို့၊ ကော်လိုရာဒိုပြည်နယ်))

● အလယ်လတ်တန်း အိမ်ဈေးနှုန်း-ဒေါ်လာ ၈၅၄၄၂၄

● အလယ်လတ်တန်း အိမ်ငှားခ- ဒေါ်လာ ၂၀၆၁

(ဘိုးလ်ဒါမြို့တွင် ဒေါ်လာ ၈၅၉၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်နေသော နေအိမ်နှင့် ၃ ဧကကျယ်သော ခြံဝန်း။ ဓာတ်ပုံ-Realtor)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Best Places To Live in 2024 May Surprise You—Including What You’ll Pay for a House (realtor)

Photo Credit: realtor

[Zawgyi]

၂၀၂၄ ခုႏွစ္အတြင္း အေမရိကတြင္ ေနထုိင္ရန္ အေကာင္းဆံုး ၁၀ ေနရာႏွင့္ အိမ္ေစ်းႏႈန္း အခ်က္အလက္မ်ား

ကမၻာေပၚတြင္ အေျခခ်ေနထိုင္ရန္ အေကာင္းဆံုးေနရာကို သိလိုပါသလား။

US News & World Report မွ မၾကာေသးမီက ထုတ္ျပန္ခဲ့ေသာ ရပ္တည္မႈအဆင့္ ထုတ္ျပန္ခ်က္အရ ကမၻာ့နံပါတ္ ၁ ေနရာတြင္ ရပ္တည္ေနသည္မွာ အေမရိကန္ျပည္၊ ဖေလာ္ရီဒါျပည္နယ္မွ ေနပယ္ျမိဳ႕ ျဖစ္သည္။

ေနပယ္သည္ ျဖဴလြလြ သဲေသာင္ကမ္းေျခမ်ား၊ ကမၻာ့အဆင့္ ေဂါက္ကြင္းမ်ားျဖင့္ ကမၻာေက်ာ္သည့္ေနရာ ျဖစ္ကာ စီးပြားေရးလုပ္ငန္းမ်ားမွ အနားယူလိုက္ၾကသည့္ အျငိမ္းစားတို႔က ေဆာင္းဥတု အေအးဒဏ္ကို ေရွာင္ရန္ လာေရာက္အပန္းေျဖေလ့ရွိသည့္ ေလာကနိဗၺာန္ ျဖစ္သည္။

ဝင္ေငြခြန္လည္း ေကာက္ယူျခင္းမရွိေသာ ျပည္နယ္ျဖစ္ရာ သူေဌးသူၾကြယ္မ်ားအတြက္မူ ေကာင္းျခင္းအျဖာျဖာ ႏွင့္ ျပည့္စံုေသာ ေနရာျဖစ္သည္။

ယခုႏွစ္ ရပ္တည္မႈအဆင့္တြင္ တကၠဆပ္ျပည္နယ္၊ အယ္လ္ဘားမား၊ ေျမာက္ႏွင့္ေတာင္ ကာရိုလိုင္းနား ျပည္နယ္မ်ားရွိ ေဒသမ်ားမွာ ထိပ္ဆံုး ၁၀ ေနရာတြင္ ၅ ေနရာအထိ ခ်ိတ္ဆြဲခဲ့သည္။

ေကာ္လိုရာဒိုျပည္နယ္သည္ လတ္ဆတ္ေသာေလႏွင့္ ေတာင္တန္းအလွ ရႈခင္းတို႔ေၾကာင့္ ထိပ္ဆံုး ၂ ေနရာတြင္ ပါဝင္လာသည္။

အဆိုပါ ထိပ္တန္းေနရာတို႔၏ တူညီသည့္အခ်က္မွာ အေမရိကရွိ အျခားေနရာမ်ားႏွင့္ႏိႈင္းယွဥ္လွ်င္ ကုန္က်စရိတ္ သက္သာျခင္း ျဖစ္သည္။

ထို႔အျပင္ လမ္းေလွ်ာက္ရန္ အဆင္ေျပေသာ ျမိဳ႕လယ္ေနရာမ်ားရွိျခင္းႏွင့္ စိမ္းလန္းစိုျပည္ေသာေနရာမ်ား မ်ားျပားျခင္းတို႔မွာလည္း တူညီေသာအခ်က္မ်ား ျဖစ္သည္။

Realtor အိမ္ျခံေျမဝက္ဘ္ဆုိက္မွ စီးပြားေရးပညာရွင္ ဒင္နီယယ္ေဟးကမူ အဆိုပါ ေဒသမ်ားသို႔ ေျပာင္းေရႊ႕လိုသူမ်ားအေနျဖင့္ မိမိတို႔ကိုယ္တုိင္ ေလ့လာမႈမ်ား ျပဳလုပ္သင့္ေၾကာင္း အၾကံျပဳသည္။

“လက္ရွိ ကိုယ္ေနထိုင္တဲ့ေနရာနဲ႔ အလွမ္းကြာတဲ့ေနရာကို သြားမယ္ဆိုရင္ အဲဒီေနရာမွာ ဘာထူးျခားခ်က္ေတြ ရွိလဲဆိုတာ အေတာ္အတန္ေလ့လာထားသင့္ပါတယ္။ ေနပယ္မွာဆိုရင္ ေႏြးေထြးတဲ့ အျဖဴေရာင္ သဲေသာင္ ကမ္းေျခ ရွိတယ္”ဟု သူမကေျပာသည္။

ေအာက္တြင္ ၂၀၂၄ ခုႏွစ္အတြင္း အေျခခ်ေနထိုင္ရန္ အေကာင္းဆံုး ၁၀ ျမိဳ႕ကို ေဖာ္ျပထားပါသည္။

((ေနပယ္၊ ဖေလာ္ရီဒါ))

● အလယ္လတ္တန္း အိမ္ေစ်းႏႈန္း-ေဒၚလာ ၇၉၅၀၀၀

● အလယ္လတ္တန္း အိမ္ငွားခ- ေဒၚလာ ၆၀၀၀

(ေနပယ္ျမိဳ႕မွ ကန္ေဒၚလာ ၉၄၉၀၀၀ ျဖင့္ ေရာင္းခ်မည့္အိမ္တစ္လံုး။ ဓာတ္ပံု-Realtor)

((ဘြိဳင္စီ၊ အိုင္ဒါဟိုျပည္နယ္))

● အလယ္လတ္တန္း အိမ္ေစ်းႏႈန္း-ေဒၚလာ ၄၂၂၀၈၀

● အလယ္လတ္တန္း အိမ္ငွားခ- ေဒၚလာ ၁၄၁၈

(ဘြိိဳင္စီျမိဳ႕တြင္ ေဒၚလာ ၄၇၅၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္ေနေသာ အိပ္ခန္း ၃ ခန္းပါ ေနအိမ္တစ္လံုး။ ဓာတ္ပံု-Realtor)

((ေကာ္လိုရာဒို စပရင္းစ္ျမိဳ႕၊ ေကာ္လိုရာဒို ျပည္နယ္))

● အလယ္လတ္တန္း အိမ္ေစ်းႏႈန္း-ေဒၚလာ ၃၉၄၅၅၃

● အလယ္လတ္တန္း အိမ္ငွားခ- ေဒၚလာ ၁၇၀၂

(ေကာ္လိုရာဒို စပရင္းစ္တြင္ ေဒၚလာ ၈၇၅၀၀၀ ျဖင့္ ေရာင္းခ်မည့္ အိမ္တစ္လံုး။ ျခံအက်ယ္မွာ ၃၅ ဧက ျဖစ္သည္။ ဓာတ္ပံု-Realtor)

((ဂရင္းဗီးလ္ျမိဳ႕၊ ေတာင္ကာရိုလိုင္းနားျပည္နယ္))

● အလယ္လတ္တန္း အိမ္ေစ်းႏႈန္း-ေဒၚလာ ၃၉၃၈၀၉

● အလယ္လတ္တန္း အိမ္ငွားခ- ေဒၚလာ ၁၁၉၃

(ဂရင္းဗီးလ္တြင္ ေဒၚလာ ၂၅၀၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္ေနေသာအိမ္။ ဓာတ္ပံု-Realtor)

((ရွားေလာ့ျမိဳ႕၊ ေျမာက္ကာရိုလိုင္းနားျပည္နယ္))

● အလယ္လတ္တန္း အိမ္ေစ်းႏႈန္း-ေဒၚလာ ၃၅၉၄၄၆

● အလယ္လတ္တန္း အိမ္ငွားခ- ေဒၚလာ ၁၅၀၃

(ရွားေလာ့ျမိဳ႕တြင္ ေဒၚလာ ၂၉၆၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္ေနေသာ အိပ္ခန္း ၄ ခန္းပါ ေနအိမ္တစ္လံုး။ ဓာတ္ပံု-Realtor)

((ရီေလးျမိဳ႕၊ ေျမာက္ကာရိုလိုင္းနားျပည္နယ္))

● အလယ္လတ္တန္း အိမ္ေစ်းႏႈန္း-ေဒၚလာ ၃၈၂၆၇၇

● အလယ္လတ္တန္း အိမ္ငွားခ- ေဒၚလာ ၁၄၃၃

(ရီေလးျမိဳ႕တြင္ ေဒၚလာ ၄၀၉၉၀၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္ေနေသာ စတုရန္းေပ ၂၄၇၀ ရွိ ေနအိမ္တစ္လံုး။ ဓာတ္ပံု-Realtor)

((ဟန္႔စ္ဗီးလ္ျမိဳ႕၊ အယ္လ္ဘားမားျပည္နယ္))

● အလယ္လတ္တန္း အိမ္ေစ်းႏႈန္း-ေဒၚလာ ၂၄၅၃၈၁

● အလယ္လတ္တန္း အိမ္ငွားခ- ေဒၚလာ ၁၂၂၆

(ဟန္႔စ္ဗီးလ္ျမိဳ႕တြင္ ေဒၚလာ ၂၃၅၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္ေနေသာ အိပ္ခန္း ၃ ခန္းပါ ေနအိမ္တစ္လံုး။ ဓာတ္ပံု-Realtor)

((ဗာဂ်ီးနီးယား ဘိခ်္ျမိဳ႕၊ ဗာဂ်ီးနီးယားျပည္နယ္))

● အလယ္လတ္တန္း အိမ္ေစ်းႏႈန္း-ေဒၚလာ ၃၅၈၄၇၇

● အလယ္လတ္တန္း အိမ္ငွားခ- ေဒၚလာ ၁၈၀၄

(ဗာဂ်ီးနီးယား ဘိခ်္မွ ဤကမ္းေျခကြန္ဒိုခန္းကို ေဒၚလာ ၃၉၉၀၀၀ ျဖင့္ ဝယ္ယူရရွိႏိုင္သည္။ ဓာတ္ပံု-Realtor)

((ေအာ္စတင္ျမိဳ႕၊ တကၠဆပ္ျပည္နယ္))

● အလယ္လတ္တန္း အိမ္ေစ်းႏႈန္း-ေဒၚလာ ၄၈၇၉၈၁

● အလယ္လတ္တန္း အိမ္ငွားခ- ေဒၚလာ ၁၇၁၆

(ေအာ္စတင္ျမိဳ႕တြင္ ေဒၚလာ ၁၃၉၉၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္ေနေသာ ေနအိမ္တစ္လံုး။ ဓာတ္ပံု-Realtor)

((ဘိုးလ္ဒါျမိဳ႕၊ ေကာ္လိုရာဒိုျပည္နယ္))

● အလယ္လတ္တန္း အိမ္ေစ်းႏႈန္း-ေဒၚလာ ၈၅၄၄၂၄

● အလယ္လတ္တန္း အိမ္ငွားခ- ေဒၚလာ ၂၀၆၁

(ဘိုးလ္ဒါျမိဳ႕တြင္ ေဒၚလာ ၈၅၉၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္ေနေသာ ေနအိမ္ႏွင့္ ၃ ဧကက်ယ္ေသာ ျခံဝန္း။ ဓာတ္ပံု-Realtor)

Ref: The Best Places To Live in 2024 May Surprise You—Including What You’ll Pay for a House (realtor)

Photo Credit: realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တချိန်က ပုရိသတို့၏ နှလုံးသားများကို ကိုင်လှုပ်ခဲ့ပြီး လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သော စူပါမော်ဒယ်၊ မိုက်ကယ်ဂျက်ဆင်က လက်ထပ်ခွင့် အကြိမ်ကြိမ်တောင်းဆိုခြင်းခံခဲ့ရသူ ဘရွတ်ခ်ရှီး၏ နယူးယောက် စံအိမ် အကြောင်း...

အမေရိကန်ဒုသမ္မတ ခါမလာ ဟဲရစ်က သူ၏ နေအိမ်သို့ ကျူးကျော်ဝင်ရောက်သူရှိပါက သေနတ်ဖြင့် ပစ်မည်ဟူသော ပြောဆိုမှု ဂယက်ရိုက်လျက်ရှိ...
အမေရိကန်ဒုသမ္မတ ခါမလာ ဟဲရစ်က သူ၏ နေအိမ်သို့ ကျူးကျော်ဝင်ရောက်သူရှိပါက သေနတ်ဖြင့် ပစ်မည်ဟူသော ပြောဆိုမှု ဂယက်ရိုက်လျက်ရှိ...
အမေရိကန်ပြည်တွင် ငွေတိုက်ခန်းနှင့် ကျည်ကာမှန်များ ထည့်သွင်းတပ်ဆင်ထားသော ဘဏ်အဆောက်အအုံ ကြီးကို ကန်ဒေါ်လာ ၅၀၀,၀၀၀ မျှဖြင့် ရောင်းချရန် စီစဉ်လာ...
အမေရိကန်ပြည်တွင် ငွေတိုက်ခန်းနှင့် ကျည်ကာမှန်များ ထည့်သွင်းတပ်ဆင်ထားသော ဘဏ်အဆောက်အအုံ ကြီးကို ကန်ဒေါ်လာ ၅၀၀,၀၀၀ မျှဖြင့် ရောင်းချရန် စီစဉ်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပေါ်ဒေသတွင်ရှိသော ကိုယ်ပျောက်အိမ်တစ်လုံး တစ်လလျှင် ကန်ဒေါ်လာ ၉၅၀၀၀ ဖြင့် အငှားဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပေါ်ဒေသတွင်ရှိသော ကိုယ်ပျောက်အိမ်တစ်လုံး တစ်လလျှင် ကန်ဒေါ်လာ ၉၅၀၀၀ ဖြင့် အငှားဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တလွှား ဒေါ်လာ ၇၀၀,၀၀၀ အောက်ဖြင့် ဝယ်ယူရရှိနိုင်သော ထူးထူးခြားခြား ရေပေါ်အိမ်များ...
အမေရိကန်ပြည်တလွှား ဒေါ်လာ ၇၀၀,၀၀၀ အောက်ဖြင့် ဝယ်ယူရရှိနိုင်သော ထူးထူးခြားခြား ရေပေါ်အိမ်များ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ၈၅ ဧကကျယ်သည့် ခြံကြီးကို ကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ၊ စပျစ်ခင်းကြီး၏ အကျယ်အဝန်းသည်ပင်လျှင် ၅၇ ဧကရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ၈၅ ဧကကျယ်သည့် ခြံကြီးကို ကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ၊ စပျစ်ခင်းကြီး၏ အကျယ်အဝန်းသည်ပင်လျှင် ၅၇ ဧကရှိ...
အမေရိကသို့ စာရွက်စာတမ်းမရှိဘဲ ဝင်ရောက်လာသူများကို အိမ်ခြံမြေချေးငွေ ရယူခွင့်ပေးမည်မဟုတ်ဘဲ ပိတ်ပင်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် ပြောကြား...
အမေရိကသို့ စာရွက်စာတမ်းမရှိဘဲ ဝင်ရောက်လာသူများကို အိမ်ခြံမြေချေးငွေ ရယူခွင့်ပေးမည်မဟုတ်ဘဲ ပိတ်ပင်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် ပြောကြား...
ကနေဒါကောင်စစ်ဝန် နေထိုင်ခဲ့သော နယူးယောက်မြို့ ၊ ပန်းခြံရိပ်သာလမ်း ကွန်ဒိုခန်းကို ကနေဒါအစိုးရက ကန်ဒေါ်လာ ၉ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
ကနေဒါကောင်စစ်ဝန် နေထိုင်ခဲ့သော နယူးယောက်မြို့ ၊ ပန်းခြံရိပ်သာလမ်း ကွန်ဒိုခန်းကို ကနေဒါအစိုးရက ကန်ဒေါ်လာ ၉ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
ဂျနီဖာ အန်နစ္စတန်က ရုပ်သံထူးချွန်ဆုပေးပွဲ Emmy Award ပွဲမတိုင်မီ လူမှုကွန်ရက်ပရိသတ် ၄၄ ဒသမ ၈ သန်းအား သူ၏ ဒေါ်လာ ၂၁ သန်းတန် စံအိမ်မြင်ကွင်းများ ရှားရှားပါးပါး ထုတ်ဖော်ပြသ...
ဂျနီဖာ အန်နစ္စတန်က ရုပ်သံထူးချွန်ဆုပေးပွဲ Emmy Award ပွဲမတိုင်မီ လူမှုကွန်ရက်ပရိသတ် ၄၄ ဒသမ ၈ သန်းအား သူ၏ ဒေါ်လာ ၂၁ သန်းတန် စံအိမ်မြင်ကွင်းများ ရှားရှားပါးပါး ထုတ်ဖော်ပြသ...
ဒေးဗစ်ဘက်ခမ်းက သူ၏ အော်ဂဲနစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို ပရိသတ်များအား ချပြလာ
ဒေးဗစ်ဘက်ခမ်းက သူ၏ အော်ဂဲနစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို ပရိသတ်များအား ချပြလာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် HDB တိုက်ခန်းတစ်ခုထဲ၌ လူ ၁၂ ဦးအထိ နေထိုင်လျက်ရှိသည်ကိုတွေ့သော အိမ်ခြံမြေ အကျိုးဆောင်က နေထိုင်သူများကို နှင်
စင်္ကာပူတွင် HDB တိုက်ခန်းတစ်ခုထဲ၌ လူ ၁၂ ဦးအထိ နေထိုင်လျက်ရှိသည်ကိုတွေ့သော အိမ်ခြံမြေ အကျိုးဆောင်က နေထိုင်သူများကို နှင်
၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ က
၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ က
Mark Zuckerberg မှာ ယခုနှစ်အတွင်း ကန်ဒေါ်လာ ၅၁ ဘီလီယံ ပိုမိုချမ်းသာလာခဲ့ရာ မကြာမီအချိန်အတွင်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ
Mark Zuckerberg မှာ ယခုနှစ်အတွင်း ကန်ဒေါ်လာ ၅၁ ဘီလီယံ ပိုမိုချမ်းသာလာခဲ့ရာ မကြာမီအချိန်အတွင်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ
လီကာရှင်း၏ ဟောင်ကောင်ရှိ ဈေးဝယ်စင်တာကြီးမှာ တရုတ်လူမျိုးတို့ ငွေသုံးစွဲမှု ထိုးကျနေသောကြောင့် လူသူကင်းမဲ့လျက်ရှိ
လီကာရှင်း၏ ဟောင်ကောင်ရှိ ဈေးဝယ်စင်တာကြီးမှာ တရုတ်လူမျိုးတို့ ငွေသုံးစွဲမှု ထိုးကျနေသောကြောင့် လူသူကင်းမဲ့လျက်ရှိ
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ၈၅ ဧကကျယ်သည့် ခြံကြီးကို ကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ၊ စ
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ၈၅ ဧကကျယ်သည့် ခြံကြီးကို ကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်းမျှဖြင့် အရောင်းဈေးကွက်တင်လာ၊ စ
ဂျပ်စတင်ဘီဘာနှင့် Dwayne Johnson တို့ အပန်းဖြေနေထိုင်ခဲ့သော ဟာဝိုင်အီမှ စံအိမ် ဝယ်လက်တစ်ဦးထံ ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင်
ဂျပ်စတင်ဘီဘာနှင့် Dwayne Johnson တို့ အပန်းဖြေနေထိုင်ခဲ့သော ဟာဝိုင်အီမှ စံအိမ် ဝယ်လက်တစ်ဦးထံ ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင်
နာမည်ကြီး ဘတ်စ်ကက်ဘော ကြယ်ပွင့် မိုက်ကယ်ဂျော်ဒန်က ချီကာဂိုစံအိမ်ကို အရောင်းဈေးကွက်တင်ထား သည်မှာ ၁၂ နှစ်ရှိပြီဖြစ်သည့်တို
နာမည်ကြီး ဘတ်စ်ကက်ဘော ကြယ်ပွင့် မိုက်ကယ်ဂျော်ဒန်က ချီကာဂိုစံအိမ်ကို အရောင်းဈေးကွက်တင်ထား သည်မှာ ၁၂ နှစ်ရှိပြီဖြစ်သည့်တို
ကမ္ဘာကျော် နိုင်အာဂရာ ရေတံခွန်ကြီးတွင် စုံတွဲတစ်တွဲ အမှတ်တရ ရိုက်ကူးခဲ့သော ဓာတ်ပုံ၏ နောက်ကွယ်မှ ဆို့နင့်ကြေကွဲဖွယ်ဖြစ်ရပ
ကမ္ဘာကျော် နိုင်အာဂရာ ရေတံခွန်ကြီးတွင် စုံတွဲတစ်တွဲ အမှတ်တရ ရိုက်ကူးခဲ့သော ဓာတ်ပုံ၏ နောက်ကွယ်မှ ဆို့နင့်ကြေကွဲဖွယ်ဖြစ်ရပ
ရှုံးပွဲမရှိ စံချိန်ဖြင့် လက်ဝှေ့လောကမှ အနားယူသွားသူ ဖလွိုက် မေဝယ်သာက လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်ရှိ စံအိမ်က
ရှုံးပွဲမရှိ စံချိန်ဖြင့် လက်ဝှေ့လောကမှ အနားယူသွားသူ ဖလွိုက် မေဝယ်သာက လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်ရှိ စံအိမ်က
နေ့ချင်းညချင်း ဘီလျံနာဖြစ်လာသလို အိမ်ကိုပင်ရောင်းချကာ စီအီးအိုဘဝမှ နှုတ်ထွက်ပေးခဲ့ရသူ Peloton ကုမ္ပဏီပိုင်ရှင် အမေရိကန်
နေ့ချင်းညချင်း ဘီလျံနာဖြစ်လာသလို အိမ်ကိုပင်ရောင်းချကာ စီအီးအိုဘဝမှ နှုတ်ထွက်ပေးခဲ့ရသူ Peloton ကုမ္ပဏီပိုင်ရှင် အမေရိကန်
expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service