အိမ်ခြံမြေအကျပ်အတည်းကြောင့် ခရိုအေးရှားနိုင်ငံသားများ အသက် ၃၃ နှစ်အရွယ်ခန့်အထိ မိဘအိမ်တွင် နေထိုင်ကြရ

အိမ်ခြံမြေအကျပ်အတည်းကြောင့် ခရိုအေးရှားနိုင်ငံသားများ အသက် ၃၃ နှစ်အရွယ်ခန့်အထိ မိဘအိမ်တွင် နေထိုင်ကြရ - Property News in Myanmar from iMyanmarHouse.com
30 May 2024 9:50 am တွင် တင်ခဲ့သည်
550 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လုရှာ မာလိုဟိုဂျစ်သည် အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး အောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေကာ အရာရာမှာ အောင်မြင်မှုလမ်းကြောင်းပေါ်တွင် ရှိနေသည်။

သို့တိုင် မာလိုဟိုဂျစ်သည် မိဘနှစ်ပါးနှင့် အတူနေထိုင်နေဆဲ ဖြစ်၏။ မာလိုဟိုဂျစ်သည် ချမ်းသာကြွယ်ဝသော ကမ္ဘာလှည့်ခရီးသည်များကို မြေထဲပင်လယ်၏ မြောက်ဘက် အေဒရီယဲ့တစ် ပင်လယ်ကမ်းရိုးတန်းတလျှောက် လှေဖြင့် လိုက်လံပြသသည့် ခရီးစဉ်များ စီစဉ်ပေးသည့် လုပ်ငန်းလုပ်ကိုင်သည်။

ခရိုအေးရှားမှ millennial အများစုနည်းတူ မာလိုဟိုဂျစ်သည်လည်း အတောင်စုံပြီဖြစ်စေကာမူ မိဘတို့၏ အသိုက်မှ မပျံနိုင်သေး။

(မှတ်ချက်။ millennial ဟူသည်မှာ ၁၉၈၁ မှ ၁၉၉၆ ခုနှစ်ကြား မွေးဖွားသူများ ဖြစ်သည်)

မကြာမီကာလအတွင်း မိဘတို့ထံမှ ထွက်ခွာနိုင်ရန် လမ်းမမြင်သေး။ Dubrovnik ရှိ ကော်ဖီဆိုင်တစ်ခုတွင် ထိုင်ရင်း မာလိုဟိုဂျစ်က သူ၏ လက်ရှိအခြေအနေကို အလေးအနက် သုံးသပ်နေသည်။

“ဒီအခြေအနေကို ပြောင်းလဲသင့်တယ်လို့ တွေးမိကြလိမ့်မယ်။ ဒါပေမယ့် ဘယ်လိုလုပ်ကြမလဲ”

ဥရောပသမဂ္ဂ စာရင်းအင်းရုံး Eurostat မှ အချက်အလက်များအရ ခရိုအေးရှားနိုင်ငံသားတို့သည် ပျမ်းမျှအားဖြင့် အသက် ၃၃ နှစ်ကျော်အရွယ်တွင်မှ မိဘတို့အိမ်မှ ထွက်ခွာကြသည်။

(Dubrovnik မြို့ old town အရပ်၏ မြင်ကွင်း။ ဓာတ်ပုံ-Joshua Zitser/ Business Insider)

အမေရိကန်ပြည်ထောင်စုတွင်ဆိုလျှင် ထိုအသက်အရွယ်ရှိသူအားလုံးနီးပါးမှာ မိဘအိမ်မှ ထွက်ခွာသွားကြပြီး ဖြစ်သည်။

အမေရိကန်သန်းခေါင်စာရင်းအချက်အလက်များအရ အသက် ၂၅ မှ ၃၄ နှစ်ကြားရှိသူ အမေရိကန်နိုင်ငံသား ၁၆ ရာခိုင်နှုန်းခန့်သာ မိဘများနှင့်အတူနေထိုင်ကြကြောင်း ဖော်ပြသည်။

Dubrovnik မြို့၏ ခရီးသွားရာသီအစဖြစ်သော ဧပြီလအတွင်း Business Insider သတင်းဌာနက သွားရောက်လည်ပတ်ခဲ့ကာ ထိုမြို့တွင် millennial များ၏ ဘဝအခြေအနေကို ကြားသိနိုင်ရန် လေ့လာခဲ့သည်။

၎င်းတို့က Business Insider သတင်းဌာနသို့ ပြောကြသည်မှာ ခြေချုပ်မိကာ ကလေးပမာ ဖြစ်နေသကဲ့သို့ ခံစားရကြောင်း ပြောကြသည်။

အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဆိုလျှင် ၎င်းထံသို့လာသော စာများကို မိဘဆွေမျိုးများက ကြားဖြတ် ဖတ်ရှုနေကြဆဲဖြစ်ပြီး အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးဆိုလျှင် ၎င်း၏အဘွားက မြေးဖြစ်သူအား မိန်းကလေး များနှင့် ပတ်သက်မှုကို မျက်စိဒေါက်ထောက်ကြည့်နေသည်။

အဆိုပါအခြေအနေများအရ မာလိုဟိုဂျစ်သည် မိဘများအရိပ်အောက်တွင် နောက်ထပ် ၇ နှစ်ခန့် ဆက်လက် နေထိုင်ရဖွယ်ရှိပြီး ထို့ထက်လည်း ကြာမြင့်နိုင်သည်။

“ဘာမဆို ဝယ်ဖို့၊ အိမ်ငှားဖို့တောင် အတော်ခက်ခဲပါတယ်။ စိတ်ပျက်စရာပါပဲ” ဟု မာလိုဟိုဂျစ်က ပြောသည်။

Eurostat မှ အချက်အလက်များအရ ခရိုအေးရှားတွင် ပြီးခဲ့သော ဆယ်စုနှစ်အတွင်း အိမ်ခြံမြေဈေးနှုန်းများ တရိပ်ရိပ် တက်လာနေခဲ့သည်။

ပြီးခဲ့သောနှစ်အတွင်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ အိမ်ခြံမြေ ဈေးနှုန်းညွှန်းကိန်းတွင် ခရိုအေးရှားမှာ တစ်နှစ်တာအတွင်း ဈေးနှုန်းမြင့်တက်မှု အမြင့်မားဆုံးဖြစ်ခဲ့သည်။

မာလိုဟိုဂျစ်က ပြောသည်မှာ မိမိ၏ မိတ်ဆွေသူငယ်ချင်းများစွာမှာ မိမိကဲ့သို့ ထပ်တူအခြေအနေမျိုး ရှိနေ ကြောင်း၊ ကံကောင်းသူ အနည်းငယ်သည်သာလျှင် အမွေရသော အိမ်ခြံမြေများရှိကြကြောင်း ပြောသည်။

အထူးသဖြင့် ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရသော သာယာလှပသည့် Dubrovnik မြို့လေးတွင် အိမ်ခြံဈေးနှုန်းများ အလွန်မြင့်မားသည်။

Total Croatia သတင်းဌာန၏ ဖော်ပြချက်အရ ထိုမြို့တွင် တိုက်ခန်း (သို့မဟုတ်) နေအိမ်တစ်လုံး၏ ဈေးနှုန်းမှာ ၁ စတုရန်းမီတာလျှင် ယူရို ၃၆၀၀ ကျော် (သို့မဟုတ်) ၁ စတုရန်းပေလျှင် ကန်ဒေါ်လာ ၃၃၅ ခန့် ဈေးပေါက်သည်ဟု ဆိုသည်။

အမေရိကန်တွင်ဆိုလျှင် ၁ စတုရန်းပေလျှင် ပျှမ်းမျှဈေးနှုန်း ဒေါ်လာ ၂၃၀ သာရှိပြီး လစာလည်း ပိုမိုမြင့်မားသည်။

အမေရိကန်တွင် ပျှမ်းမျှလစာနှုန်းမှာ ခရိုအေးရှားထက် ၃ ဆခန့်မြင့်သည်။ အမေရိကန်တွင် ပျှမ်းမျှလစာ ဒေါ်လာ ၅၉၀၀၀ ခန့်ရှိပြီး ခရိုအေးရှား၏ ပျှမ်းမျှလစာနှုန်းမှာ ကန်ဒေါ်လာ ၁၈၅၀၀ ဖြစ်သည်။

(ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်သူ Ivan Vukovic ကို Dubrovnik မြို့ရှိ ကော်ဖီဆိုင်တစ်ခုတွင် တွေ့ရပုံ။ ဓာတ်ပုံ-Joshua Zitser/ Business Insider)

“ဒီမှာဆိုရင် အိမ်ဝယ်နိုင်လောက်တဲ့ လစာမျိုး မရပါဘူး” ဟု ဧည့်လမ်းညွှန် Ivan Vukovic က ပြောသည်။

Ivan သည် ၁၉၈၁ ခုနှစ်တွင် မွေးဖွားပြီး Dubrovnik တွင် နေထိုင်ကြီးပြင်းခဲ့သူ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The European housing crisis warping millennial life: The average Croatian lives with parents until 33 (businessinsider)

Photo Credit: Joshua Zitser/ Business Insider

[Zawgyi]

အိမ္ျခံေျမအက်ပ္အတည္းေၾကာင့္ ခရိုေအးရွားႏိုင္ငံသားမ်ား အသက္ ၃၃ ႏွစ္အရြယ္ခန္႔အထိ မိဘအိမ္တြင္ ေနထိုင္ၾကရ

လုရွာ မာလိုဟိုဂ်စ္သည္ အသက္ ၂၇ ႏွစ္အရြယ္ရွိျပီျဖစ္ျပီး ေအာင္ျမင္ေသာ စီးပြားေရးလုပ္ငန္းတစ္ခုကို လုပ္ကိုင္ေနကာ အရာရာမွာ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚတြင္ ရွိေနသည္။

သို႔တုိင္ မာလိုဟိုဂ်စ္သည္ မိဘႏွစ္ပါးႏွင့္ အတူေနထိုင္ေနဆဲ ျဖစ္၏။ မာလိုဟိုဂ်စ္သည္ ခ်မ္းသာၾကြယ္ဝေသာ ကမၻာလွည့္ခရီးသည္မ်ားကို ေျမထဲပင္လယ္၏ ေျမာက္ဘက္ ေအဒရီယဲ့တစ္ ပင္လယ္ကမ္းရိုးတန္းတေလွ်ာက္ ေလွျဖင့္ လိုက္လံျပသသည့္ ခရီးစဥ္မ်ား စီစဥ္ေပးသည့္ လုပ္ငန္းလုပ္ကိုင္သည္။

ခရိုေအးရွားမွ millennial အမ်ားစုနည္းတူ မာလိုဟိုဂ်စ္သည္လည္း အေတာင္စံုျပီျဖစ္ေစကာမူ မိဘတို႔၏ အသိုက္မွ မပ်ံႏိုင္ေသး။

(မွတ္ခ်က္။ millennial ဟူသည္မွာ ၁၉၈၁ မွ ၁၉၉၆ ခုႏွစ္ၾကား ေမြးဖြားသူမ်ား ျဖစ္သည္)

မၾကာမီကာလအတြင္း မိဘတို႔ထံမွ ထြက္ခြာႏိုင္ရန္ လမ္းမျမင္ေသး။ Dubrovnik ရွိ ေကာ္ဖီဆိုင္တစ္ခုတြင္ ထိုင္ရင္း မာလိုဟိုဂ်စ္က သူ၏ လက္ရွိအေျခအေနကို အေလးအနက္ သံုးသပ္ေနသည္။

“ဒီအေျခအေနကို ေျပာင္းလဲသင့္တယ္လို႔ ေတြးမိၾကလိမ့္မယ္။ ဒါေပမယ့္ ဘယ္လိုလုပ္ၾကမလဲ”

ဥေရာပသမဂၢ စာရင္းအင္းရံုး Eurostat မွ အခ်က္အလက္မ်ားအရ ခရိုေအးရွားႏိုင္ငံသားတို႔သည္ ပ်မ္းမွ်အားျဖင့္ အသက္ ၃၃ ႏွစ္ေက်ာ္အရြယ္တြင္မွ မိဘတို႔အိမ္မွ ထြက္ခြာၾကသည္။

(Dubrovnik ျမိဳ႕ old town အရပ္၏ ျမင္ကြင္း။ ဓာတ္ပံု-Joshua Zitser/ Business Insider)

အေမရိကန္ျပည္ေထာင္စုတြင္ဆိုလွ်င္ ထိုအသက္အရြယ္ရွိသူအားလံုးနီးပါးမွာ မိဘအိမ္မွ ထြက္ခြာသြားၾကျပီး ျဖစ္သည္။

အေမရိကန္သန္းေခါင္စာရင္းအခ်က္အလက္မ်ားအရ အသက္ ၂၅ မွ ၃၄ ႏွစ္ၾကားရွိသူ အေမရိကန္ႏိုင္ငံသား ၁၆ ရာခိုင္ႏႈန္းခန္႔သာ မိဘမ်ားႏွင့္အတူေနထိုင္ၾကေၾကာင္း ေဖာ္ျပသည္။

Dubrovnik ျမိဳ႕၏ ခရီးသြားရာသီအစျဖစ္ေသာ ဧျပီလအတြင္း Business Insider သတင္းဌာနက သြားေရာက္လည္ပတ္ခဲ့ကာ ထိုျမိဳ႕တြင္ millennial မ်ား၏ ဘဝအေျခအေနကို ၾကားသိႏိုင္ရန္ ေလ့လာခဲ့သည္။

၎တို႔က Business Insider သတင္းဌာနသို႔ ေျပာၾကသည္မွာ ေျခခ်ဳပ္မိကာ ကေလးပမာ ျဖစ္ေနသကဲ့သို႔ ခံစားရေၾကာင္း ေျပာၾကသည္။

အသက္ ၃၅ ႏွစ္အရြယ္ အမ်ဳိးသမီးတစ္ဦးဆိုလွ်င္ ၎ထံသို႔လာေသာ စာမ်ားကို မိဘေဆြမ်ဳိးမ်ားက ၾကားျဖတ္ ဖတ္ရႈေနၾကဆဲျဖစ္ျပီး အရြယ္ေရာက္ျပီး အမ်ဳိးသားတစ္ဦးဆိုလွ်င္ ၎၏အဘြားက ေျမးျဖစ္သူအား မိန္းကေလး မ်ားႏွင့္ ပတ္သက္မႈကို မ်က္စိေဒါက္ေထာက္ၾကည့္ေနသည္။

အဆိုပါအေျခအေနမ်ားအရ မာလိုဟိုဂ်စ္သည္ မိဘမ်ားအရိပ္ေအာက္တြင္ ေနာက္ထပ္ ၇ ႏွစ္ခန္႔ ဆက္လက္ ေနထိုင္ရဖြယ္ရွိျပီး ထို႔ထက္လည္း ၾကာျမင့္ႏိုင္သည္။

“ဘာမဆို ဝယ္ဖို႔၊ အိမ္ငွားဖို႔ေတာင္ အေတာ္ခက္ခဲပါတယ္။ စိတ္ပ်က္စရာပါပဲ” ဟု မာလိုဟိုဂ်စ္က ေျပာသည္။

Eurostat မွ အခ်က္အလက္မ်ားအရ ခရိုေအးရွားတြင္ ျပီးခဲ့ေသာ ဆယ္စုႏွစ္အတြင္း အိမ္ျခံေျမေစ်းႏႈန္းမ်ား တရိပ္ရိပ္ တက္လာေနခဲ့သည္။

ျပီးခဲ့ေသာႏွစ္အတြင္း ဥေရာပသမဂၢအဖြဲ႔ဝင္ႏိုင္ငံမ်ား၏ အိမ္ျခံေျမ ေစ်းႏႈန္းညႊန္းကိန္းတြင္ ခရိုေအးရွားမွာ တစ္ႏွစ္တာအတြင္း ေစ်းႏႈန္းျမင့္တက္မႈ အျမင့္မားဆံုးျဖစ္ခဲ့သည္။

မာလိုဟိုဂ်စ္က ေျပာသည္မွာ မိမိ၏ မိတ္ေဆြသူငယ္ခ်င္းမ်ားစြာမွာ မိမိကဲ့သို႔ ထပ္တူအေျခအေနမ်ဳိး ရွိေန ေၾကာင္း၊ ကံေကာင္းသူ အနည္းငယ္သည္သာလွ်င္ အေမြရေသာ အိမ္ျခံေျမမ်ားရွိၾကေၾကာင္း ေျပာသည္။

အထူးသျဖင့္ ယူနက္စကိုက ကမၻာ့အေမြအႏွစ္အျဖစ္ သတ္မွတ္ခံထားရေသာ သာယာလွပသည့္ Dubrovnik ျမိဳ႕ေလးတြင္ အိမ္ျခံေစ်းႏႈန္းမ်ား အလြန္ျမင့္မားသည္။

Total Croatia သတင္းဌာန၏ ေဖာ္ျပခ်က္အရ ထိုျမိဳ႕တြင္ တိုက္ခန္း (သို႔မဟုတ္) ေနအိမ္တစ္လံုး၏ ေစ်းႏႈန္းမွာ ၁ စတုရန္းမီတာလွ်င္ ယူရို ၃၆၀၀ ေက်ာ္ (သို႔မဟုတ္) ၁ စတုရန္းေပလွ်င္ ကန္ေဒၚလာ ၃၃၅ ခန္႔ ေစ်းေပါက္သည္ဟု ဆိုသည္။

အေမရိကန္တြင္ဆိုလွ်င္ ၁ စတုရန္းေပလွ်င္ ပွ်မ္းမွ်ေစ်းႏႈန္း ေဒၚလာ ၂၃၀ သာရွိျပီး လစာလည္း ပိုမိုျမင့္မားသည္။

အေမရိကန္တြင္ ပွ်မ္းမွ်လစာႏႈန္းမွာ ခရိုေအးရွားထက္ ၃ ဆခန္႔ျမင့္သည္။ အေမရိကန္တြင္ ပွ်မ္းမွ်လစာ ေဒၚလာ ၅၉၀၀၀ ခန္႔ရွိျပီး ခရိုေအးရွား၏ ပွ်မ္းမွ်လစာႏႈန္းမွာ ကန္ေဒၚလာ ၁၈၅၀၀ ျဖစ္သည္။

(ဧည့္လမ္းညႊန္အျဖစ္ လုပ္ကိုင္သူ Ivan Vukovic ကို Dubrovnik ျမိဳ႕ရွိ ေကာ္ဖီဆိုင္တစ္ခုတြင္ ေတြ႔ရပံု။ ဓာတ္ပံု-Joshua Zitser/ Business Insider)

“ဒီမွာဆိုရင္ အိမ္ဝယ္ႏိုင္ေလာက္တဲ့ လစာမ်ဳိး မရပါဘူး” ဟု ဧည့္လမ္းညႊန္ Ivan Vukovic က ေျပာသည္။

Ivan သည္ ၁၉၈၁ ခုႏွစ္တြင္ ေမြးဖြားျပီး Dubrovnik တြင္ ေနထိုင္ၾကီးျပင္းခဲ့သူ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The European housing crisis warping millennial life: The average Croatian lives with parents until 33 (businessinsider)

Photo Credit: Joshua Zitser/ Business Insider

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service