ကမ္ဘာကျော် ရော့ခ်အဖွဲ့ကြီး Iron Maiden ၏ ပထမဆုံး အဆိုတော်ကြီး Paul Di’ Anno ဆင်းဆင်းရဲရဲဖြင့် အထီးကျန်စွာ ကွယ်လွန်သွားခဲ့သော အင်္ဂလန်ရှိ တန်ဖိုးနည်း လူနေအိမ်ရာမှ လူနေခန်းလေး

ကမ္ဘာကျော် ရော့ခ်အဖွဲ့ကြီး Iron Maiden ၏ ပထမဆုံး အဆိုတော်ကြီး Paul Di’ Anno ဆင်းဆင်းရဲရဲဖြင့် အထီးကျန်စွာ ကွယ်လွန်သွားခဲ့သော အင်္ဂလန်ရှိ တန်ဖိုးနည်း လူနေအိမ်ရာမှ လူနေခန်းလေး - Property News in Myanmar from iMyanmarHouse.com
6 Nov 2024 11:13 am တွင် တင်ခဲ့သည်
658 ကြိမ် ကြည့်ရှု့ပြီး

Iron Maiden သည် ရော့ခ်ဂီတ၏ လူကြိုက်အများဆုံးနှင့် အောင်မြင်မှုအရဆုံးအဖွဲ့များတွင် ရှေ့ဆုံးမှ ပါဝင်သော အဖွဲ့တစ်ခု ဖြစ်သည်။

Iron Maiden ဟဲဗီးမက်တယ်အဖွဲ့ကြီးကို အင်္ဂလန်နိုင်ငံ ၊ လန်ဒန်မြို့တွင် ၁၉၇၃ ခုနှစ်၌ ဘေ့စ်ဂစ်တာသမား Steve Harris က စတင်တည်ထောင်ခဲ့ပြီး ပထမဆုံးစတင်ခဲ့ချိန်က ရှေ့ထွက်အဆိုတော်မှာ ပေါလ် ဒီအန်နို (Paul Di’Anno) ဖြစ်သည်။

၁၉၈၁ ခုနှစ်တွင် အဆိုတော် ပေါလ် ဒီအန်နို ထုတ်ပယ်ခံရကာ Bruce Dickinson က အစားထိုး ဝင်ရောက် လာသည်။

Iron Maiden အဖွဲ့ကြီးသည် ဂီတလောကဖြတ်သန်းမှုတလျှောက် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၃၀ ကျော် ရောင်းချထားရပြီး ဖြစ်ရာ Metallica ထက်ပင် ပိုမိုရောင်းချခဲ့ရသည်။

(Metallica ၏ တေးအယ်လ်ဘမ်ရောင်းချထားရမှုမှာ ၁၂၅ သန်း ဖြစ်သည်)

Iron Maiden သည် ဂီတရာဇဝင်တွင် သြဇာအလွှမ်းဆုံးနှင့် လေးစားမှုအခံရဆုံး Heavy Metal အဖွဲ့များဖြင့် အပါအဝင်ဖြစ်သည်။

ဂရမ်မီဆုနှင့် Brits Award တိို့အပြင် ဂီတလောကဆုပေါင်းများစွာကို ရရှိထားသည်။

((ဆင်းဆင်းရဲရဲ ဘဝဖြင့် ကွယ်လွန်သွားသူ Paul Di’Anno))

Iron Maiden အဖွဲ့ကြီး၏ ရှေ့ထွက်အဆိုတော် ပေါလ် ဒီအန်နိုသည် တန်ဖိုးနည်းအိမ်ရာရှိ အခန်းတစ်ခန်းတွင် ကျန်းမာရေးတရှောင်ရှောင်ဖြစ်နေခဲ့ပြီး တကိုယ်တည်း အထီးကျန်စွာ ခြူးတစ်ပြားမှ မရှိဘဲ ကွယ်လွန်သွားခဲ့ ကြောင်း MailOnline သတင်းတစ်ရပ်တွင် ဖော်ပြသည်။

လက်တွန်းလှည်း (Wheelchair) ပေါ်တွင်သာ နေထိုင်နေရသူ အသက် ၆၆ နှစ်အရွယ် အဆိုတော်ကြီး ပေါလ် ဒီအန်နိုသည် Iron Maiden ၏ မေ့လျော့ခံပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ပေါလ် ဒီအန်နိုသည် Iron Maiden ၏ ပွဲဦးထွက် အယ်လ်ဘမ်ဖြစ်သော Iron Maiden အပါအဝင် ဝက်ဝက်ကွဲအောင်မြင်ခဲ့သော အယ်လ်ဘမ် ၂ ခုတွင် ပါဝင်ခဲ့ပြီး အသက် ၂၃ နှစ်အရွယ်တွင် Iron Maiden မှ ထုတ်ပယ်ခံလိုက်ရသည်။

မူးယစ်ဆေး၊ မိုးအလင်းပါတီပွဲများနှင့် လမ်းပေါ်မှဘဝကို မထိန်းကွပ်နိုင်ခဲ့သောကြောင့် ပေါလ်ဒီအန်နို ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်ပြီး သူ၏ ဂီတဖန်တီးခဲ့မှုများအတွက် ခံစားခွင့် ပေါင် ၅၀၀၀၀ ခန့်သာ ဝိုင်းမန်နေဂျာက ထုတ်ပေးခဲ့သည်။

ပြီးခဲ့သော အောက်တိုဘာလ ၂၁ ရက်က ပေါလ်ဒီအန်နိုသည် အင်္ဂလန်နိုင်ငံ ၊ ဝစ်ရှိုင်းယားခရိုင်၊ Salisbury မြို့ရှိ တန်ဖိုးနည်းအိမ်ရာတစ်ခုရှိ မြေညီထပ်အခန်းတွင် ခေါ်မရတော့သည်ကို တွေ့ရှိခဲ့ကြသည်။

ထိုအချိန်တွင် Iron Maiden အဖွဲ့ကြီးမှာ အမေရိကန်ပြည်၊ မင်နီဆိုတာပြည်နယ်၊ St Paul မြို့တွင် ပရိသတ်များကို ဖျော်ဖြေတင်ဆက်လျက်ရှိနေသည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၀ က ပေါလ်ဒီအန်နို၏ နေရာသို့ အစားထိုးဝင်ရောက်ခဲ့သော အဆိုတော် Bruce Dickinson ၏ ကြွယ်ဝမှုမှာမူ ပေါင် သန်း ၁၀၀ ခန့် ရှိနေသည်။

ထိုနေ့ကပွဲတွင် Bruce Dickinson က ပရိသတ် ၂၀၀၀၀ နှင့်အတူ ပေါလ်ဒီအန်နို ကွယ်လွန်မှုအတွက် ဝမ်းနည်းမှု အထိမ်းအမှတ်အဖြစ် ခေတ္တဆိတ်ငြိမ်စွာ နေထိုင်ဦးညွှတ်ခဲ့ကြသည်။

(Iron Maiden ၏ ပထမဆုံးအဆိုတော် ပေါလ် ဒီအန်နို နေထိုင်ခဲ့သော တန်ဖိုးနည်းအိမ်ရာ။ ထိုအိမ်ရာရှိ အခန်းတွင် ပေါလ်ကို မလှုပ်မယှက်ဖြင့် အသက်မဲ့နေသည်ကို တွေ့ခဲ့ကြခြင်းဖြစ်သည်)

(၁၉၈၁ ခုနှစ်က Iron Maiden နှင့်အတူ ပေါလ် ဒီအန်နို ဖျော်ဖြေခဲ့ပုံ။ Iron Maiden အဖွဲ့ကြီး အောင်မြင်ကျော်ကြားပြီး မကြာမီတွင်ပင် ပေါလ် ဒီအန်နိုကို ထုတ်ပယ်ခဲ့ကြပြီး သူ၏ ဖန်တီးခဲ့သော သီချင်းများအတွက် ခံစားခွင့် ပေါင် ၅၀၀၀၀ သာ ပေးခဲ့ကြသည်)

(လွန်ခဲ့သောနှစ်ပေါင်း ၄၀ ခန့်က ပေါလ် ဒီအန်နို၏နေရာတွင် အစားထိုးဝင်ရောက်ခဲ့သူ Bruce Dickinson က ပရိသတ်ပေါင်း ၂၀၀၀၀ နှင့်အတူ ပေါလ် ကွယ်လွန်မှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ခေတ္တငြိမ်သက်ခဲ့ကြသည်)

“ကျွန်တော် အရင်က အရမ်းအောင်မြင်ပြီး ချမ်းသာကြွယ်ဝခဲ့တယ်။ ဒါပေမယ့် ဒါတွေက နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ” ဟု ပေါလ်က အိမ်နီးချင်းတစ်ဦးကို ပြောပြဖူးသည်။

ထိုအိမ်ရာတွင် နေထိုင်သူများက ပေါလ် ဒီအန်နိုကို မည်မျှ နာမည်ကျော်ကြားခဲ့သူတစ်ဦးဖြစ်ကြောင်း မသိကြဘဲ ၎င်းကွယ်လွန်ချိန်မှသာ ဒိတ်ဒိတ်ကြဲ Heavy Metal ဝိုင်းကြီး၏ အဆိုတော်မှန်းသိလာကြခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: EXCLUSIVE -Forgotten man of Iron Maiden: How band's tragic singer Paul Di'Anno died penniless and alone in social housing flat after being axed over his love of drugs and wild partying with royalties of just £50,000... while his ex-bandmates are all multimillionaires (dailymail) Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service