ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကို အချက်အလက်စစ်ဆေးရန်မှာ ၄၄ နှစ်ခန့် ကြာမည်ဟုဆို

ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကို အချက်အလက်စစ်ဆေးရန်မှာ ၄၄ နှစ်ခန့် ကြာမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
4 Nov 2024 11:53 am တွင် တင်ခဲ့သည်
512 ကြိမ် ကြည့်ရှု့ပြီး

ထိုင်းအစိုးရသည် ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် အတည်ပြုလိုက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ရက်ပေါင်း ၆၀ အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် လွှဲအပ်လိုက်သည်။

ယခုကဲ့သို့ နိုင်ငံသားဖြစ်ခွင့်ပေးခြင်းအားဖြင့် ထိုင်းစီးပွားရေးကို လှုံ့ဆော်မှုပေးနိုင်ရန် မျှော်မှန်းထားသည်။

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ကျီရာယု ဟွန်ဆာ့ပ် (Jirayu Huangsap) က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက် အစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် ယခုကဲ့သို့ ကြေညာလိုက်ခြင်း ဖြစ်သည်။

အမျိုးသားလုံခြုံရေးကောင်စီ (NSC) က နိုင်ငံသားဖြစ်မှု မြန်ဆန်ရေးအတွက် သတ်မှတ်ချက်များကို အတည်ပြုပေးရန်၊ ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သော ရွှေ့ပြောင်းအခြေချသူများနှင့် ထိုင်းတွင် မွေးဖွားသော ၎င်းတို့၏ သားသမီးများအရေး အဖြေရှာရန် အစိုးရအဖွဲ့ကို အဆိုပြုချက်ပေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိအားဖြင့် ထိုင်းတွင် ကာလကြာရှည် အခြေချနေထိုင်ခဲ့သူ အုပ်စု ၃ မျိုးရှိသည်။ ပထမအုပ်စုမှာ ၁၉၈၄ ခုနှစ်မှ ၁၉၉၉ ခုနှစ်ကြား ရောက်ရှိအခြေချခဲ့ကြသူများဖြစ်ပြီး လူဦးရေ ၁၂၀,၀၀၀ ခန့် ရှိသည်။

ဒုတိယအုပ်စုမှာ ၂၀၀၅ မှ ၂၀၁၁ ခုနှစ်ကြား ရောက်ရှိအခြေချခဲ့သူများဖြစ်ပြီး လူဦးရေ ၂၁၅၀၀၀ ခန့် ရှိသည်။

(ဓာတ်ပုံ-UNICEF Thailand)

တတိယအုပ်စုတွင် ထိုင်းတွင် မွေးဖွားသော တိုင်းရင်းသား လူနည်းစုတို့၏ ကလေးငယ် ၂၉၀၀၀ ခန့် ဖြစ်သည်။

စတုတ္ထအုပ်စုတွင် မှတ်ပုံတင်အထောက်အထားမရှိဘဲ ထိုင်းသို့ ရောက်ရှိနေသူများ၏ ထိုင်းတွင်မွေးသော ကလေးငယ်များဖြစ်ပြီး ဦးရေ ၁၁၃၀၀၀ ခန့်ရှိကာ စုစုပေါင်းအားဖြင့် လူဦးရေ ၄၈၃၀၀၀ ဖြစ်သည်။

ထိုလူဦးရေ ၄၈၃၀၀၀ ကို စိစစ်ရန်မှာ ၄၄ နှစ်ခန့် ကြာမြင့်နိုင်ကြောင်း ထိုင်းအစိုးရက ခန့်မှန်းထားသည်။

ယခုကဲ့သို့ နိုင်ငံသားဖြစ်ခွင့်ပေးမှုကြောင့် အကျိုးသက်ရောက်မှုများ ရိုက်ခတ်လာနိုင်မှုအပေါ် စိုးရိမ်မကင်းဖြစ်နေသူများလည်း ရှိသည်။

ထိုင်းအစိုးရက နိုင်ငံသားဖြစ်ခွင့်ကို မူအရ အတည်ပြုလိုက်ပြီးနောက် ရက်ပေါင်း ၃၀ မှ ၆၀ အတွင်း အသေးစိတ် အကောင်အထည်ဖော်ရေးကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနထံ လွှဲအပ်လိုက်သည်။

ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သော ၄၈၃၀၀၀ ဦးသည် ပုံမှန်အတိုင်း အလုပ်လုပ်နိုင်ကြမည်ဖြစ်ပြီး အရေးကြီးသော စာရွက်စာတမ်းများလည်းရရှိလာကြမည်ဖြစ်ကြောင်း ကျီရာယုက ပြောသည်။

ယခုကဲ့သို့ နိုင်ငံသားဖြစ်ခွင့်ပေးလိုက်ခြင်းကြောင့် လွတ်လပ်စွာ သွားလာခွင့်ရလာခြင်း၊ စီးပွားရေးကို လှုံ့ဆော် ပေးနိုင်ခြင်း၊ ထိုသူများ မည်သည့်နေရာတွင် ရှိနေသည်ကို မှန်ကန်စွာ မှတ်တမ်းတင်လာနိုင်ခြင်း အစရှိသည့် အကျိုးများရရှိလာမည့်အပြင် အခြားကဏ္ဍများစွာတွင်လည်း အကျိုးရှိလာမည်ဟု မျှော်လင့်ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Cabinet Approves Thai Citizenship for 483,000 Long-term Immigrants (khaosod) 

Photo Credit:  UNICEF Thailand /Matichon Photo

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီဗက်စတာ စတားလုံးက နယူးယောက်ပြည်နယ်တွင်သမီးများအတွက် ဝယ်ပေးရန် စရံပေးထားသော စံအိမ်ကို အပြီးသတ်ငွေချေဝယ်ယူ၊ ဒေါ်လာ ၂၅ သန်းခန့်ကို ငွေသားဖြင့် ပေးချေဝယ်ယူခြင်းဖြစ်...
ဆီဗက်စတာ စတားလုံးက နယူးယောက်ပြည်နယ်တွင်သမီးများအတွက် ဝယ်ပေးရန် စရံပေးထားသော စံအိမ်ကို အပြီးသတ်ငွေချေဝယ်ယူ၊ ဒေါ်လာ ၂၅ သန်းခန့်ကို ငွေသားဖြင့် ပေးချေဝယ်ယူခြင်းဖြစ်...
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏ ဖြစ်ရပ်...
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏ ဖြစ်ရပ်...
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖြစ်ကာ တန်းစီကြည့်ရှုကြ၊ သတိပြုရမည့်အချက်မှာ အိမ်ငှားရှိနေပြီး ပိုင်ရှင်သစ်အနေဖြင့် ၂၀၅၃ ခုနှစ်ရောက်မှသာ နေထိုင်ခွင့်ရှိမည်...

ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့ ရွှေ့ပြောင်းအခြေချ...
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့ ရွှေ့ပြောင်းအခြေချ...
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
ဒေါ်နယ်ထရမ့်ကို ရွေးကောက်ပွဲရှုံးနိမ့်ပြီးနောက် ခါမလာ ဟဲရစ် လူသူဝေးရာတွင် သွားရောက်ပုန်းရှောင်ခဲ့သော ဟာဝိုင်အီမှ ဒေါ်လာ ၇ သန်းတန် အပန်းဖြေအိမ်...
ဒေါ်နယ်ထရမ့်ကို ရွေးကောက်ပွဲရှုံးနိမ့်ပြီးနောက် ခါမလာ ဟဲရစ် လူသူဝေးရာတွင် သွားရောက်ပုန်းရှောင်ခဲ့သော ဟာဝိုင်အီမှ ဒေါ်လာ ၇ သန်းတန် အပန်းဖြေအိမ်...
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ်ခြံကြီး ရောင်းချမှုဖြင့် တရားစွဲထားသည့်အမှု မကြာမီ တရားရုံးတွင် အမှုရင်ဆိုင်ရတော့မည်...

ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မိတ်ဆက်ရောင်းချ...
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မိတ်ဆက်ရောင်းချ...
ဒေါ်လာတစ်သောင်းခွဲတန် Christian Dior ပြေးစက်၊ Luxury Home Cinema၊ တန်ဖိုးကြီး Nude Artwork များ ထည့်သွင်းအလှဆင်ထားသော နာမည်ကြီးမော်ဒယ် Kylie Jenner ၏ ဒေါ်လာ 36.5 သန်းတန် ဇိမ်ခံစံအိမ်...
ဒေါ်လာတစ်သောင်းခွဲတန် Christian Dior ပြေးစက်၊ Luxury Home Cinema၊ တန်ဖိုးကြီး Nude Artwork များ ထည့်သွင်းအလှဆင်ထားသော နာမည်ကြီးမော်ဒယ် Kylie Jenner ၏ ဒေါ်လာ 36.5 သန်းတန် ဇိမ်ခံစံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် အိမ်ဖြူတော်သို့ ပြန်ရောက်လာသူ ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူ အိုင်ဗန်ကာ ထရမ့်နေထိုင်သော မိုင်အမ
အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် အိမ်ဖြူတော်သို့ ပြန်ရောက်လာသူ ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူ အိုင်ဗန်ကာ ထရမ့်နေထိုင်သော မိုင်အမ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
Neighbourhood
Property & Car - Christmas

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service