ချီလီတွင် ပင်လယ်ကမ်းခြေ မိုင်ပေါင်း ၁၅၀ ၊ ရေငံအိုင် ၈၀ ၊ ရေကန်ကြီး ၃ ခု၊ မြင့်မားသော တောင်တန်းများ ၊ ချိုင့်ဝှမ်းများ၊ တောအုပ်များ ပါဝင်ကာ လူတို့ အခြေချရခြင်း မရှိသေးသော ဧကပေါင်း ၁၁၀၀၀၀ ကျယ်ဝန်းသည့် ကျွန်းကြီးတစ်ခုကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းမည်

ချီလီတွင် ပင်လယ်ကမ်းခြေ မိုင်ပေါင်း ၁၅၀ ၊ ရေငံအိုင် ၈၀ ၊ ရေကန်ကြီး ၃ ခု၊ မြင့်မားသော တောင်တန်းများ ၊ ချိုင့်ဝှမ်းများ၊ တောအုပ်များ ပါဝင်ကာ လူတို့ အခြေချရခြင်း မရှိသေးသော ဧကပေါင်း ၁၁၀၀၀၀ ကျယ်ဝန်းသည့် ကျွန်းကြီးတစ်ခုကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
8 Mar 2024 11:15 am တွင် တင်ခဲ့သည်
546 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ချီလီနိုင်ငံအနောက်ပိုင်း ကမ်းလွန်ဒေသတွင် လူသူအလှမ်းကွာဝေးကာ လူတို့ အခြေချရခြင်း မရှိသေးသော ကြီးမားလှသည့် ကျွန်းကြီးတစ်ခုအတွက် ပိုင်ရှင်သစ် ရှာဖွေလျက်ရှိသည်။

Virgin Island ဟု အမည်ရပြီး သဘာဝအတိုင်း ရှိနေသေးသော ကျွန်းဖြစ်ကာ Patagonian ကျွန်းစုတွင် တည်ရှိသည်။

ပုဂ္ဂလိကပိုင်ကျွန်းဖြစ်ပြီး အကျယ်အဝန်း ဧက ၁၁၀၀၀၀ ကျော်ရှိကာ ဟောင်ကောင်၏ ထက်ဝက်ခန့်ရှိသည်။

Hall and Hall အိမ်ခြံမြေကုမ္ပဏီမှ Jeff Buerger က အရောင်းဈေးကွက်တင်ပေးခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၃၅ သန်း ဈေးခေါ်ထားသည်။

ယေဘုယျအားဖြင့် ကျွန်းများသည် လူတိုင်းအတွက်မဟုတ်ကြောင်း၊ ဤကျွန်းကဲ့သို့ အကျယ်အဝန်း၊ ကမ်းရိုးတန်းအလျား၊ ရေချို၊ သဘာဝအလှ၊ တကိုယ်ရည်လုံခြုံမှုနှင့် ဆိတ်ငြိမ်မှုရှိသောနေရာ ရှားပါးကြောင်း Jeff Buerger က ပြောသည်။

ဤကျွန်းသည် လူသူ လုံးဝထိတွေ့အခြေချရခြင်းမရှိသေးကြောင်းနှင့် ဆောက်လုပ်ရေးစီမံကိန်းများ လုပ်ရန် အခွင့်အလမ်းများစွာရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

အင်ဒီးစ်တောင်တန်းကြီးကဲ့သို့ အပြောကျယ်သော တောကြီးမျက်မည်း မြေမျက်နှာသွင်ပြင်မျိုးရှိပြီး မိုင်ပေါင်း ၁၅၀ ခန့် ရှည်လျားသော ကမ်းရိုးတန်း၊ ရေငံအိုင်ပေါင်း ၈၀ ကျော်၊ ကြီးမားသော ရေကန်ကြီး ၃ ခု၊ နက်ရှိုင်းသော တောင်ကြားချိုင့်ဝှမ်းများ၊ မြင့်မားသော တောင်တန်းများ၊ စိမ်းလန်းသော တောအုပ်များ၊ သဲသောင်များ ပါဝင်သည်။

သို့သော် အပြောကျယ်လှသော ကျွန်းကြီးပေါ်တွင် အိမ်တစ်လုံးမျှ မရှိ။

သစ်ဆွေးမြေ၊ စိမ့်မြေများနှင့် ဒေသမျိုးရင်းသစ်တောများစွာလည်း ပါဝင်သည်။

(ကျွန်း၏ မြေမျက်နှာသွင်ပြင်မှာ တောအုပ်၊ သစ်ဆွေးမြေမှသည် စိမ့်မြေအထိ အမျိုးအစား စုံလင်သည်။ ဓာတ်ပုံ-Hall and Hall)

(လူတို့၏ ထိတွေ့ပြုပြင်မှု လုံးဝမရှိသေးချေ။ ဓာတ်ပုံ-Hall and Hall)

(ရေငံ ရေကန်ပေါင်း ၈၀ ကျော်ရှိသည်။ ဓာတ်ပုံ-Hall and Hall)

(ကျွန်းဆီသို့ လှေ သို့မဟုတ် ရဟတ်ယာဉ်ဖြင့်သာ သွားနိုင်သည်။ ဓာတ်ပုံ-Hall and Hall)

(ကန်ဒေါ်လာ ၃၅ သန်း ဈေးခေါ်ထားသည်။ ဓာတ်ပုံ-Hall and Hall)

(ပင်လယ်ကမ်းရိုးတန်းအလျား မိုင် ၁၅၀ ကျော်ရှိသည်။ ဓာတ်ပုံ-Hall and Hall)

အင်ဒီးစ်တောင်တန်းသည် ကမ္ဘာပေါ်တွင် အရှည်လျားဆုံးဖြစ်ပြီး Virgin Island အထိ တောင်ကြောဆန့်ထွက် ထားခြင်းဖြစ်ကြောင်း၊ ဤကျွန်းသည် ရာသီဥတု အကာအကွယ်ဖြစ်သည့်အပြင် ထိုဒေသအတွက် သဘာဝ အပူဒဏ်ခံတစ်ခုလည်းဖြစ်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

ကျွန်း၏ တောရိုင်းသဘာဝတို့သည် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကအတိုင်း မပြုမပြင်ရှိနေဆဲဖြစ်ကြောင်း လည်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

Virgin Island သို့သွားရန်အတွက် ချီလီရှိ Santiago နိုင်ငံတကာလေဆိပ်သို့ သွားရမည်ဖြစ်ပြီး ထိုမှတဆင့် Balmaceda လေဆိပ်၊ ယင်းနောက် လှေ (သို့မဟုတ်) ရဟတ်ယာဉ်ဖြင့် သွားရမည် ဖြစ်သည်။

အနီးဆုံးမြို့များမှာ Puerto Aysen နှင့် Puerto Chacabuco တို့ ဖြစ်ကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 Ref: An enormous and untouched island at the end of the world lists for $35M (nypost)

Photo Credit: Hall and Hall

[Zawgyi]

ခ်ီလီတြင္ ပင္လယ္ကမ္းေျခ မိုင္ေပါင္း ၁၅၀ ၊ ေရငံအိုင္ ၈၀ ၊ ေရကန္ၾကီး ၃ ခု၊ ျမင့္မားေသာ ေတာင္တန္းမ်ား ၊ ခ်ဳိင့္ဝွမ္းမ်ား၊ ေတာအုပ္မ်ား ပါဝင္ကာ လူတို႔ အေျခခ်ရျခင္း မရွိေသးေသာ ဧကေပါင္း ၁၁၀၀၀၀ က်ယ္ဝန္းသည့္ ကၽြန္းၾကီးတစ္ခုကို ကန္ေဒၚလာ ၃၅ သန္းျဖင့္ ေရာင္းမည္

ခ်ီလီႏိုင္ငံအေနာက္ပိုင္း ကမ္းလြန္ေဒသတြင္ လူသူအလွမ္းကြာေဝးကာ လူတို႔ အေျခခ်ရျခင္း မရွိေသးေသာ ၾကီးမားလွသည့္ ကၽြန္းၾကီးတစ္ခုအတြက္ ပိုင္ရွင္သစ္ ရွာေဖြလ်က္ရွိသည္။

Virgin Island ဟု အမည္ရျပီး သဘာဝအတုိင္း ရွိေနေသးေသာ ကၽြန္းျဖစ္ကာ Patagonian ကၽြန္းစုတြင္ တည္ရွိသည္။ ပုဂၢလိကပိုင္ကၽြန္းျဖစ္ျပီး အက်ယ္အဝန္း ဧက ၁၁၀၀၀၀ ေက်ာ္ရွိကာ ေဟာင္ေကာင္၏ ထက္ဝက္ခန္႔ရွိသည္။

Hall and Hall အိမ္ျခံေျမကုမၸဏီမွ Jeff Buerger က အေရာင္းေစ်းကြက္တင္ေပးျခင္းျဖစ္ျပီး ကန္ေဒၚလာ ၃၅ သန္း ေစ်းေခၚထားသည္။

ေယဘုယ်အားျဖင့္ ကၽြန္းမ်ားသည္ လူတိုင္းအတြက္မဟုတ္ေၾကာင္း၊ ဤကၽြန္းကဲ့သို႔ အက်ယ္အဝန္း၊ ကမ္းရိုးတန္းအလ်ား၊ ေရခ်ဳိ၊ သဘာဝအလွ၊ တကိုယ္ရည္လံုျခံဳမႈႏွင့္ ဆိတ္ျငိမ္မႈရွိေသာေနရာ ရွားပါးေၾကာင္း Jeff Buerger က ေျပာသည္။

ဤကၽြန္းသည္ လူသူ လံုးဝထိေတြ႔အေျခခ်ရျခင္းမရွိေသးေၾကာင္းႏွင့္ ေဆာက္လုပ္ေရးစီမံကိန္းမ်ား လုပ္ရန္ အခြင့္အလမ္းမ်ားစြာရွိေၾကာင္းလည္း ၎က ျဖည့္စြက္ေျပာၾကားသည္။

အင္ဒီးစ္ေတာင္တန္းၾကီးကဲ့သို႔ အေျပာက်ယ္ေသာ ေတာၾကီးမ်က္မည္း ေျမမ်က္ႏွာသြင္ျပင္မ်ဳိးရွိျပီး မိုင္ေပါင္း ၁၅၀ ခန္႔ ရွည္လ်ားေသာ ကမ္းရိုးတန္း၊ ေရငံအိုင္ေပါင္း ၈၀ ေက်ာ္၊ ၾကီးမားေသာ ေရကန္ၾကီး ၃ ခု၊ နက္ရႈိင္းေသာ ေတာင္ၾကားခ်ဳိင့္ဝွမ္းမ်ား၊ ျမင့္မားေသာ ေတာင္တန္းမ်ား၊ စိမ္းလန္းေသာ ေတာအုပ္မ်ား၊ သဲေသာင္မ်ား ပါဝင္သည္။

သို႔ေသာ္ အေျပာက်ယ္လွေသာ ကၽြန္းၾကီးေပၚတြင္ အိမ္တစ္လံုးမွ် မရွိ။

သစ္ေဆြးေျမ၊ စိမ့္ေျမမ်ားႏွင့္ ေဒသမ်ဳိးရင္းသစ္ေတာမ်ားစြာလည္း ပါဝင္သည္။

(ကၽြန္း၏ ေျမမ်က္ႏွာသြင္ျပင္မွာ ေတာအုပ္၊ သစ္ေဆြးေျမမွသည္ စိမ့္ေျမအထိ အမ်ဳိးအစား စံုလင္သည္။ ဓာတ္ပံု-Hall and Hall)

(လူတို႔၏ ထိေတြ႔ျပဳျပင္မႈ လံုးဝမရွိေသးေခ်။ ဓာတ္ပံု-Hall and Hall)

(ေရငံ ေရကန္ေပါင္း ၈၀ ေက်ာ္ရွိသည္။ ဓာတ္ပံု-Hall and Hall)

(ကၽြန္းဆီသို႔ ေလွ သို႔မဟုတ္ ရဟတ္ယာဥ္ျဖင့္သာ သြားႏိုင္သည္။ ဓာတ္ပံု-Hall and Hall)

(ကန္ေဒၚလာ ၃၅ သန္း ေစ်းေခၚထားသည္။ ဓာတ္ပံု-Hall and Hall)

(ပင္လယ္ကမ္းရိုးတန္းအလ်ား မိုင္ ၁၅၀ ေက်ာ္ရွိသည္။ ဓာတ္ပံု-Hall and Hall)

အင္ဒီးစ္ေတာင္တန္းသည္ ကမၻာေပၚတြင္ အရွည္လ်ားဆံုးျဖစ္ျပီး Virgin Island အထိ ေတာင္ေၾကာဆန္႔ထြက္ ထားျခင္းျဖစ္ေၾကာင္း၊ ဤကၽြန္းသည္ ရာသီဥတု အကာအကြယ္ျဖစ္သည့္အျပင္ ထိုေဒသအတြက္ သဘာဝ အပူဒဏ္ခံတစ္ခုလည္းျဖစ္ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

ကၽြန္း၏ ေတာရိုင္းသဘာဝတို႔သည္ လြန္ခဲ့ေသာႏွစ္ေထာင္ေပါင္းမ်ားစြာကအတိုင္း မျပဳမျပင္ရွိေနဆဲျဖစ္ေၾကာင္း လည္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

Virgin Island သို႔သြားရန္အတြက္ ခ်ီလီရွိ Santiago ႏိုင္ငံတကာေလဆိပ္သို႔ သြားရမည္ျဖစ္ျပီး ထိုမွတဆင့္ Balmaceda ေလဆိပ္၊ ယင္းေနာက္ ေလွ (သို႔မဟုတ္) ရဟတ္ယာဥ္ျဖင့္ သြားရမည္ ျဖစ္သည္။

အနီးဆံုးျမိဳ႕မ်ားမွာ Puerto Aysen ႏွင့္ Puerto Chacabuco တို႔ ျဖစ္ၾကသည္။

Ref: An enormous and untouched island at the end of the world lists for $35M (nypost)

Photo Credit: Hall and Hall

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကြယ်ပွင့် မူဟာမက် အလီ၏ ကလေးဘဝ လက်ဝှေ့လေ့ကျင့်ခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကြယ်ပွင့် မူဟာမက် အလီ၏ ကလေးဘဝ လက်ဝှေ့လေ့ကျင့်ခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
လန်ဒန်မြို့တော် အုပ်ချုပ်ရေးကောင်စီအဖွဲ့က အိမ်ရာမဲ့များကို လန်ဒန်မှ ၂၄ နာရီအတွင်း ထွက်ခွာရန် ရာဇသံပေးကာ နှင်ထုတ်ခဲ့ကြောင်း ပေါ်ပေါက်လာ...
လန်ဒန်မြို့တော် အုပ်ချုပ်ရေးကောင်စီအဖွဲ့က အိမ်ရာမဲ့များကို လန်ဒန်မှ ၂၄ နာရီအတွင်း ထွက်ခွာရန် ရာဇသံပေးကာ နှင်ထုတ်ခဲ့ကြောင်း ပေါ်ပေါက်လာ...
အမေရိကန်ပြည် ချီကာဂိုမှ အမျိုးသမီးတစ်ဦးက အီတလီတွင် ၁ ယူရိုဖြင့် ရောင်းချနေသော နေအိမ်တစ်လုံး ဝယ်ယူကာ ပြုပြင်မွမ်းမံခဲ့ပုံ...
အမေရိကန်ပြည် ချီကာဂိုမှ အမျိုးသမီးတစ်ဦးက အီတလီတွင် ၁ ယူရိုဖြင့် ရောင်းချနေသော နေအိမ်တစ်လုံး ဝယ်ယူကာ ပြုပြင်မွမ်းမံခဲ့ပုံ...
သြစတေးလျတွင် အိမ်ရှင်က ဆောက်လုပ်ရေးသမားများကို ငွေရှင်းမပေးသောကြောင့် ဆောက်လုပ်ရေးသမား တို့က ခြံဝန်းတွင်းရှိ ကွန်ကရစ်ယာဉ်မောင်းလမ်းကို ထုချေဖျက်ဆီး...
သြစတေးလျတွင် အိမ်ရှင်က ဆောက်လုပ်ရေးသမားများကို ငွေရှင်းမပေးသောကြောင့် ဆောက်လုပ်ရေးသမား တို့က ခြံဝန်းတွင်းရှိ ကွန်ကရစ်ယာဉ်မောင်းလမ်းကို ထုချေဖျက်ဆီး...
ကာရစ်ဘီယံရှိ နိုင်ငံများတွင် လှူဒါန်းခြင်း၊ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းတို့ဖြင့် နိုင်ငံသားအဖြစ် ရရှိမည်ဟုဆို...
ကာရစ်ဘီယံရှိ နိုင်ငံများတွင် လှူဒါန်းခြင်း၊ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းတို့ဖြင့် နိုင်ငံသားအဖြစ် ရရှိမည်ဟုဆို...
ပထမဇနီးကို သတ်ခဲ့သည့်အပြင် ဒုတိယဇနီးနှင့် ရသော ကလေး ၂ ဦးကိုလည်း မကောင်းဆိုးရွားများ ဖြစ်သည် ဟုဆိုကာ ဒုတိယဇနီးနှင့် ပူးပေါင်းသတ်ခဲ့သော အမေရိကန် အမျိုးသား ဖမ်းဆီးအရေးယူခံရပြီးနောက် သူ၏နေအိမ်ကို ရှေ့နေခအဖြစ် ရှေ့နေအား ပေးခဲ့...

The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa...
The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa...
အမေရိကန်ပြည်တွင် အဘိုးအိုတစ်ဦးက သူ၏နေအိမ်ကို နှစ်ရှည်ပြန်ငှားပေးမည်ဟု ကတိပြုသည့် ကုမ္ပဏီ တစ်ခုထံ ရောင်းချလိုက်ပြီးနောက် ထိုကုမ္ပဏီက အိမ်လခ ဆက်တိုက်တိုးမြှင့်‌တောင်းခံကာ အိမ်လခ မပေးနိုင်ချိန်တွင် နှင်ထုတ်လိုက်သောကြောင့် အဘိုးအိုမှာ အ...

အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...
အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...
အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...
အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
magical-world
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service