သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကြယ်ပွင့် မူဟာမက် အလီ၏ ကလေးဘဝ လက်ဝှေ့လေ့ကျင့်ခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကြယ်ပွင့် မူဟာမက် အလီ၏ ကလေးဘဝ လက်ဝှေ့လေ့ကျင့်ခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
11 Jun 2024 11:46 am တွင် တင်ခဲ့သည်
674 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

မူဟာမက်အလီ (သို့မဟုတ်) ကက်စီးယပ်စ်ကလေး (မွေး ၁၉၄၂- ကွယ်လွန် ၂၀၁၆) ကို ၂၀ ရာစု အားကစားလောက၏ အရေးအပါဆုံး ပုဂ္ဂိုလ်များ တွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ကြသည့်အပြင် သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့သမားအဖြစ် ရည်ညွှန်းကြသည်။

၁၉၉၉ ခုနှစ်တွင် Sports Illustrated မဂ္ဂဇင်းက မူဟာမက်အလီကို Sportsman of the Century အဖြစ် ဖော်ပြခဲ့သည်။

((မူဟာမက်အလီ၏ ကလေးဘဝနေအိမ်))

မူဟာမက်အလီသည် ကလေးဘဝက အမေရိကန်ပြည်ထောင်စု၊ ကင်တပ်ကီပြည်နယ်၊ Louisville မြို့ရှိ နေအိမ်တွင် နေထိုင်ခဲ့သည်။

ထိုနေအိမ်တွင် မူဟာမက်အလီက လက်ဝှေ့လေ့ကျင့်မှုများပြုလုပ်ခဲ့သည်။ ယခုအခါ မူဟာမက်အလီ ကလေးဘဝနေထိုင်ခဲ့သောအိမ်မှာ ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာသည်။

ပန်းရောင်ဆေးသုတ်ထားပြီး အိပ်ခန်း ၂ ခန်းပါဝင်သည်။

မူဟာမက်အလီသည် ကက်စီးယပ်စ်ကလေးဟုသာ လူအများသိကြသေးသော အသက် ၅ နှစ်သားအရွယ် ၁၉၄၇ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ယခုအိမ်တွင် နေထိုင်ခဲ့ကြောင်း Christie’s International အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော Rusty Underwood နှင့် Donna Gail Mattox တို့က ပြောသည်။

မူဟာမက်အလီသည် ဤအိမ်တွင် နေထိုင်ခဲ့သည့် ၁၄ နှစ်တာကာလအတွင်း လက်ဝှေ့လေ့ကျင့်မှုများ ပြုလုပ်ခဲ့ ရုံသာမက အိုလံပစ်ရွှေတံဆိပ်ဆုလည်း ရရှိခဲ့ပြီး ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။

“ဒီအိမ်က ကျွန်တော်တို့ ကလေးဘဝကအတိုင်းပါပဲ” ဟု မူဟာမက်အလီ၏ ညီဖြစ်သူ Rahaman Ali က ပြောသည်။

“အစ်ကိုက ဒီအိမ်မှာ ရှိနေချိန် ကလေးဘဝကတည်းက လက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်လာဖို့ အိပ်မက် မက်ခဲ့ပါတယ်။ ဒီအိမ်ဟာ သူ့ရဲ့ လက်ဝှေ့ဘဝ စတင်ခဲ့တဲ့ နေရာပါပဲ”

 

(မူဟာမက်အလီ နေထိုင်ခဲ့ဖူးသောအိမ်ဖြစ်ကြောင်း နေအိမ်အပြင်ဘက်တွင် စိုက်ထူထားသည့် ဂုဏ်ပြု ဆိုင်းဘုတ်ကို တွေ့ရပုံ။ ဓာတ်ပုံ- Christie’s International Real Estate)

 

ဤအိမ်ကို ပန်ဆယ်ဗေးနီးယားပြည်နယ် လက်ဝှေ့အဖွဲ့အကြီးအကဲ George Bochetto ဝယ်ယူခဲ့ချိန် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က များစွာယိုယွင်းပျက်စီးနေခဲ့သည်။

George Bochetto သည် စတုရန်းပေ ၁၂၀၀ ရှိသော မူဟာမက်အလီ၏ အိမ်ကို ပြန်လည် ပြုပြင်မွမ်းမံ ပြီးနောက် ပြတိုက်အဖြစ် ပြောင်းလဲခဲ့သည်။ ယင်းနောက် ကိုဗစ်ကပ်ဘေးကာလအတွင်းမူ ပြတိုက်ပိတ်ထားခဲ့သည်။ George Bochetto သည် ယခုအိမ်ကို ကက်စီးယပ်စ်ကလေးမိသားစု နေုထိုင်ခဲ့စဉ်ကအတိုင်း ပြန်လည် ပုံဖော်မွမ်းမံနိုင်ရန် ၂ နှစ်ခန့် အချိန်ယူခဲ့ရသည်။

George Bochetto သည် ကပ်လျက်နေအိမ် ၂ လုံးကိုလည်း ဝယ်ယူခဲ့ပြီး ကြိုဆိုရေးစင်တာနှင့် လက်ဆောင်ပစ္စည်း အရောင်းဆိုင်အဖြစ် ပြောင်းလဲခဲ့သည်။

ယခုအရောင်းဈေးကွက်တင်မှုတွင် အဆိုပါအိမ် ၃ လုံးလုံး ပါဝင်သည်။

 

 (ယခု အရောင်းဈေးကွက်တင်မှုတွင် နေအိမ် ၃ လုံးပါဝင်သည်။ ဓာတ်ပုံ-Christie’s International Real Estate)

 

 

(ဆက်စပ်သတင်း)

သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်

https://www.imyanmarhouse.com/news/read/1108098

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Muhammad Ali’s Childhood Home in Louisville, Kentucky, Hits the Market for $1.5 Million (mansionglobal)

Photo Credit- Christie’s International Real Estate

 

 

[Zawgyi]

 

သမိုင္းတေလွ်ာက္ အၾကီးျမတ္ဆံုး ဟဲဗီးဝိတ္ လက္ေဝွ႔ၾကယ္ပြင့္ မူဟာမက္ အလီ၏ ကေလးဘဝ လက္ေဝွ႔ေလ့က်င့္ခဲ့ေသာ ေနအိမ္ ကန္ေဒၚလာ ၁ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

  မူဟာမက္အလီ (သို႔မဟုတ္) ကက္စီးယပ္စ္ကေလး (ေမြး ၁၉၄၂- ကြယ္လြန္ ၂၀၁၆) ကို ၂၀ ရာစု အားကစားေလာက၏ အေရးအပါဆံုး ပုဂၢိဳလ္မ်ား တြင္ တစ္ဦးအပါအဝင္အျဖစ္ သတ္မွတ္ၾကသည့္အျပင္ သမိုင္းတေလွ်ာက္ အၾကီးျမတ္ဆံုး ဟဲဗီးဝိတ္ လက္ေဝွ႔သမားအျဖစ္ ရည္ညႊန္းၾကသည္။

၁၉၉၉ ခုႏွစ္တြင္ Sports Illustrated မဂၢဇင္းက မူဟာမက္အလီကို Sportsman of the Century အျဖစ္ ေဖာ္ျပခဲ့သည္။

((မူဟာမက္အလီ၏ ကေလးဘဝေနအိမ္))

မူဟာမက္အလီသည္ ကေလးဘဝက အေမရိကန္ျပည္ေထာင္စု၊ ကင္တပ္ကီျပည္နယ္၊ Louisville ျမိဳ႕ရွိ ေနအိမ္တြင္ ေနထိုင္ခဲ့သည္။

ထိုေနအိမ္တြင္ မူဟာမက္အလီက လက္ေဝွ႔ေလ့က်င့္မႈမ်ားျပဳလုပ္ခဲ့သည္။ ယခုအခါ မူဟာမက္အလီ ကေလးဘဝေနထိုင္ခဲ့ေသာအိမ္မွာ ကန္ေဒၚလာ ၁ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္ ဝင္လာသည္။

ပန္းေရာင္ေဆးသုတ္ထားျပီး အိပ္ခန္း ၂ ခန္းပါဝင္သည္။

မူဟာမက္အလီသည္ ကက္စီးယပ္စ္ကေလးဟုသာ လူအမ်ားသိၾကေသးေသာ အသက္ ၅ ႏွစ္သားအရြယ္ ၁၉၄၇ ခုႏွစ္မွ ၁၉၆၁ ခုႏွစ္အထိ ယခုအိမ္တြင္ ေနထိုင္ခဲ့ေၾကာင္း Christie’s International အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ Rusty Underwood ႏွင့္ Donna Gail Mattox တို႔က ေျပာသည္။

မူဟာမက္အလီသည္ ဤအိမ္တြင္ ေနထုိင္ခဲ့သည့္ ၁၄ ႏွစ္တာကာလအတြင္း လက္ေဝွ႔ေလ့က်င့္မႈမ်ား ျပဳလုပ္ခဲ့ ရံုသာမက အိုလံပစ္ေရႊတံဆိပ္ဆုလည္း ရရွိခဲ့ျပီး ပေရာ္ဖက္ရွင္နယ္ ကစားသမားတစ္ဦး ျဖစ္လာခဲ့သည္။

“ဒီအိမ္က ကၽြန္ေတာ္တို႔ ကေလးဘဝကအတိုင္းပါပဲ” ဟု မူဟာမက္အလီ၏ ညီျဖစ္သူ Rahaman Ali က ေျပာသည္။

“အစ္ကိုက ဒီအိမ္မွာ ရွိေနခ်ိန္ ကေလးဘဝကတည္းက လက္ေဝွ႔ခ်န္ပီယံတစ္ေယာက္ျဖစ္လာဖို႔ အိပ္မက္ မက္ခဲ့ပါတယ္။ ဒီအိမ္ဟာ သူ႔ရဲ႕ လက္ေဝွ႔ဘဝ စတင္ခဲ့တဲ့ ေနရာပါပဲ”

(မူဟာမက္အလီ ေနထုိင္ခဲ့ဖူးေသာအိမ္ျဖစ္ေၾကာင္း ေနအိမ္အျပင္ဘက္တြင္ စိုက္ထူထားသည့္ ဂုဏ္ျပဳ ဆိုင္းဘုတ္ကို ေတြ႔ရပံု။ ဓာတ္ပံု- Christie’s International Real Estate)

ဤအိမ္ကို ပန္ဆယ္ေဗးနီးယားျပည္နယ္ လက္ေဝွ႔အဖြဲ႔အၾကီးအကဲ George Bochetto ဝယ္ယူခဲ့ခ်ိန္ လြန္ခဲ့ေသာ ဆယ္စုႏွစ္တစ္ခုခန္႔က မ်ားစြာယိုယြင္းပ်က္စီးေနခဲ့သည္။

George Bochetto သည္ စတုရန္းေပ ၁၂၀၀ ရွိေသာ မူဟာမက္အလီ၏ အိမ္ကို ျပန္လည္ ျပဳျပင္မြမ္းမံ ျပီးေနာက္ ျပတိုက္အျဖစ္ ေျပာင္းလဲခဲ့သည္။ ယင္းေနာက္ ကိုဗစ္ကပ္ေဘးကာလအတြင္းမူ ျပတိုက္ပိတ္ထားခဲ့သည္။ George Bochetto သည္ ယခုအိမ္ကို ကက္စီးယပ္စ္ကေလးမိသားစု ေနုထိုင္ခဲ့စဥ္ကအတိုင္း ျပန္လည္ ပံုေဖာ္မြမ္းမံႏိုင္ရန္ ၂ ႏွစ္ခန္႔ အခ်ိန္ယူခဲ့ရသည္။

George Bochetto သည္ ကပ္လ်က္ေနအိမ္ ၂ လံုးကိုလည္း ဝယ္ယူခဲ့ျပီး ၾကိဳဆိုေရးစင္တာႏွင့္ လက္ေဆာင္ပစၥည္း အေရာင္းဆိုင္အျဖစ္ ေျပာင္းလဲခဲ့သည္။

ယခုအေရာင္းေစ်းကြက္တင္မႈတြင္ အဆိုပါအိမ္ ၃ လံုးလံုး ပါဝင္သည္။

(ယခု အေရာင္းေစ်းကြက္တင္မႈတြင္ ေနအိမ္ ၃ လံုးပါဝင္သည္။ ဓာတ္ပံု-Christie’s International Real Estate)

 

(ဆက္စပ္သတင္း)

သမုိင္းတေလွ်ာက္ အၾကီးျမတ္ဆံုး ဟဲဗီးဝိတ္ လက္ေဝွ႔ေက်ာ္ မူဟာမက္အလီ၏ ေလာ့စ္အိန္ဂ်လိစံအိမ္ ေလလံတင္ ေရာင္းခ်မည္

https://www.imyanmarhouse.com/news/read/1108098

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Muhammad Ali’s Childhood Home in Louisville, Kentucky, Hits the Market for $1.5 Million (mansionglobal)

Photo Credit- Christie’s International Real Estate

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောက်စိမ်းလက်ကောက် ၃၀ ကျော် အရောင်းစာရေးကြောင့် တစစီ ကျိုးကြေပျက်စီးခဲ့သော်လည်း လျော်ကြေး မတောင်းသည့် လေးစားဖွယ်သူဌေး...
ကျောက်စိမ်းလက်ကောက် ၃၀ ကျော် အရောင်းစာရေးကြောင့် တစစီ ကျိုးကြေပျက်စီးခဲ့သော်လည်း လျော်ကြေး မတောင်းသည့် လေးစားဖွယ်သူဌေး...
အိန္ဒိယတွင် အဘိုးတစ်ဦးက မိမိနာရေးသို့ မည်သူလာသည်ကို သိလိုသောကြောင့် သေချင်ယောင်ဆောင်ခဲ့ပုံ...
အိန္ဒိယတွင် အဘိုးတစ်ဦးက မိမိနာရေးသို့ မည်သူလာသည်ကို သိလိုသောကြောင့် သေချင်ယောင်ဆောင်ခဲ့ပုံ...
အားဖြည့်အချိုရည်တို့တွင် ပါဝင်သော taurine က သွေးကင်ဆာဆဲလ်များ လျင်မြန်စွာ ကြီးထွားလာစေကြောင်း အမေရိကန်သိပ္ပံပညာရှင်တို့ တွေ့ရှိ...
အားဖြည့်အချိုရည်တို့တွင် ပါဝင်သော taurine က သွေးကင်ဆာဆဲလ်များ လျင်မြန်စွာ ကြီးထွားလာစေကြောင်း အမေရိကန်သိပ္ပံပညာရှင်တို့ တွေ့ရှိ...
မည်သူမဆို အခမဲ့ လိုချင်တာယူနိုင်သော ကနေဒါက ကုန်စုံဆိုင်
မည်သူမဆို အခမဲ့ လိုချင်တာယူနိုင်သော ကနေဒါက ကုန်စုံဆိုင်
အိမ်တွင်နေရသည်ကို ပျင်းသောကြောင့် တစ်ရက်လျှင် ၁၃ ဒေါ်လာဖြင့် delivery သမားအဖြစ် လုပ်ကိုင်ခဲ့သော ရုရှားဘီလျံနာသူဌေးကြီး...
အိမ်တွင်နေရသည်ကို ပျင်းသောကြောင့် တစ်ရက်လျှင် ၁၃ ဒေါ်လာဖြင့် delivery သမားအဖြစ် လုပ်ကိုင်ခဲ့သော ရုရှားဘီလျံနာသူဌေးကြီး...
အသင့်စား ခေါက်ဆွဲခြောက် တစ်ပတ်လျှင် ၂ ကြိမ် စားနေလျှင် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ဆီးချိုဖြစ်နိုင်ချေ များပြားကြောင်း တောင်ကိုရီးယားသိပ္ပံပညာရှင်များ တွေ့ရှိ...
အသင့်စား ခေါက်ဆွဲခြောက် တစ်ပတ်လျှင် ၂ ကြိမ် စားနေလျှင် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ဆီးချိုဖြစ်နိုင်ချေ များပြားကြောင်း တောင်ကိုရီးယားသိပ္ပံပညာရှင်များ တွေ့ရှိ...
လူတို့ အစာမစားဘဲနေသည့်အခါမျိုးတွင် ခန္ဓာကိုယ်က ၎င်းဘာသာ ဆဲလ်အပျက်အစီးများကို စားသောက်ပစ်ကြောင်း လေ့လာတွေ့ရှိခဲ့မှုအတွက် နိုဘယ်ဆုရခဲ့သော ဂျပန်သိပ္ပံပညာရှင်...
လူတို့ အစာမစားဘဲနေသည့်အခါမျိုးတွင် ခန္ဓာကိုယ်က ၎င်းဘာသာ ဆဲလ်အပျက်အစီးများကို စားသောက်ပစ်ကြောင်း လေ့လာတွေ့ရှိခဲ့မှုအတွက် နိုဘယ်ဆုရခဲ့သော ဂျပန်သိပ္ပံပညာရှင်...
စနေဂြိုဟ်ကုထုံး (သို့မဟုတ်) အင်္ဂလိပ်ဂဏန်း 8 ပုံသဏ္ဍာန် လမ်းလျှောက်ရင် ဘာတွေဖြစ်လာမလဲ
စနေဂြိုဟ်ကုထုံး (သို့မဟုတ်) အင်္ဂလိပ်ဂဏန်း 8 ပုံသဏ္ဍာန် လမ်းလျှောက်ရင် ဘာတွေဖြစ်လာမလဲ
အတင်းပြောခြင်းမှာ ကျန်းမာရေးကောင်းစေကြောင်း မေရီလန်းတက္ကသိုလ်မှ ပညာရှင်များ လေ့လာတွေ့ရှိ...
အတင်းပြောခြင်းမှာ ကျန်းမာရေးကောင်းစေကြောင်း မေရီလန်းတက္ကသိုလ်မှ ပညာရှင်များ လေ့လာတွေ့ရှိ...
မိမိကိုယ်ကို သူငယ်ချင်းအဖြစ် ငှားရမ်းခြင်းဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၈၀,၀၀၀ ဝင်ငွေရနေသော ဂျပန်အမျိုးသား...
မိမိကိုယ်ကို သူငယ်ချင်းအဖြစ် ငှားရမ်းခြင်းဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၈၀,၀၀၀ ဝင်ငွေရနေသော ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service