လန်ဒန်မြို့တော် အုပ်ချုပ်ရေးကောင်စီအဖွဲ့က အိမ်ရာမဲ့များကို လန်ဒန်မှ ၂၄ နာရီအတွင်း ထွက်ခွာရန် ရာဇသံပေးကာ နှင်ထုတ်ခဲ့ကြောင်း ပေါ်ပေါက်လာ

လန်ဒန်မြို့တော် အုပ်ချုပ်ရေးကောင်စီအဖွဲ့က အိမ်ရာမဲ့များကို လန်ဒန်မှ ၂၄ နာရီအတွင်း ထွက်ခွာရန် ရာဇသံပေးကာ နှင်ထုတ်ခဲ့ကြောင်း ပေါ်ပေါက်လာ - Property News in Myanmar from iMyanmarHouse.com
11 Jun 2024 11:28 am တွင် တင်ခဲ့သည်
354 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံ၏ မြို့တော် လန်ဒန်၏ အုပ်ချုပ်ရေးကောင်စီသည် အိမ်ရာမဲ့မိသားစု ရာပေါင်းများစွာကို လန်ဒန်မြို့တော်မှ ၂၄ နာရီအတွင်းထွက်ခွာရန် ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း ရာဇသံပေးကာ နှင်ထုတ်ခဲ့ကြောင်း The Guardian သတင်းဌာနက ဖော်ထုတ်တင်ပြလာသည်။

လန်ဒန်မြို့တော်မှ ဝေးကွာသော နေရာတစ်ခုတွင် နေထိုင်ရန် နေရာရယူမည်လော (သို့မဟုတ်) လန်ဒန်မှ နှင်ထုတ်ခံကာ လမ်းပေါ်တွင် အဆုံးသတ်မည်လောကို ရွေးချယ်ရန် ရာဇသံပေးကာ နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။

Housing Action Southwark and Lambeth (HASL) ၏ လေ့လာတွေ့ရှိချက်အရ ၂၀၂၃ ခုနှစ်အတွင်း လန်ဒန်ရှိ အိမ်ရာမဲ့ မိသားစု ၃၁၉ ခုက လန်ဒန်မြို့ပြင်ရှိ သီးသန့်နေထိုင်ရန် နေရာသို့ ပြောင်းရွှေ့ရန် လက်ခံခဲ့သည်ကို တွေ့ရှိခဲ့သည်။

မြို့ကောင်စီက အိမ်ရာမဲ့မိသားစုတို့အား မြို့တော်မှ ၂၄ နာရီအတွင်း ထွက်ခွာပြီး မြို့တော်အပြင်ဘက်မှ နေထိုင်ရန်နေရာကို လက်ခံရန် (သို့မဟုတ်) လန်ဒန်မှ ထွက်ခွာကာ လမ်းပေါ်တွင် အိမ်ရာမဲ့အဖြစ် ဆက်လက်နေထိုင်သွားရေး ရွေးချယ်ရန် ရာဇသံပေးခဲ့သည်။

မြို့ကောင်စီ၏ ကမ်းလှမ်းမှုကို လက်ခံခဲ့သော အိမ်ထောင်စု ၁၀ စုအနက် ၁ ခုမှာ လန်ဒန် အရှေ့မြောက်ပိုင်းမှ မြို့များဖြစ်သော Hartlepool နှင့် Durham တို့သို့ အပို့ခံခဲ့ရပြီး အိမ်ထောင်စု ၁၀ စုလျှင် ၂ စုမှာ Midland ဒေသများသို့ ပို့ဆောင်ခံခဲ့ရသည်။

လန်ဒန်အုပ်ချုပ်ရေးကောင်စီသည် အိမ်ရာမဲ့များကို Midland ဒေသများသို့ ပို့ဆောင်လျက်ရှိသည်မှာ ၂၀၁၇ ခုနှစ် ကတည်းက ဖြစ်သည်။

မကြာသေးမီကာလများကမူ အရှေ့မြောက်ပိုင်း ဒေသများသို့ ပို့ဆောင်မှုများ ပြုလုပ်လာသည်။

အရှေ့တောင်ပိုင်းဒေသများတွင် အိမ်ငှားခများ ဈေးနှုန်းခေါင်ခိုက်မှုများကြောင့် ဝေးကွာသောဒေသများသို့ ပို့ဆောင်ခြင်း ဖြစ်သည်။

Zoopla ၏ ဖော်ပြချက်အရ အရှေ့မြောက်ပိုင်းဒေသသည် ဗြိတိန်တွင် အိမ်ငှားတို့အတွက် ဈေးအသက်သားဆုံး ဒေသဖြစ်ကြောင်း ဖော်ပြသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ အချက်အလက်များအရ ပျှမ်းမျှအိမ်လခမှာ တစ်လလျှင် ၆၉၅ ပေါင် ဖြစ်သည်။

အင်္ဂလန်တွင် LHA ဟုခေါ်သော အိမ်ငှားခ ထောက်ပံ့ငွေ အစီအစဉ်ရှိပြီး ဒေသအုပ်ချုပ်ရေးအဖွဲ့အလိုက် ကွဲပြားမှုများရှိသည်။

Hartlepool မြို့တွင် အိပ်ခန်း ၄ ခန်းပါ နေအိမ်အတွက် LHA နှုန်းမှာ တစ်လလျှင် ၆၉၈ ပေါင်ဖြစ်ပြီး Durham တွင် အိပ်ခန်း ၄ ခန်းပါနေအိမ်အတွက် LHA မှာ ပေါင် ၆၀၀ ခန့် ဖြစ်သည်။

လန်ဒန်တွင် ပျှမ်းမျှအိမ်လခမှာ တစ်လလျှင် ပေါင် ၂၁၂၁ ဖြစ်သည်။ သို့သော် Hackney, Tower Hamlets နှင့် Camden ကဲ့သို့ နေရာမျိုးတွင် ပေါင် ၂၃၀၀ အထက်တွင် ရှိသည်။

လန်ဒန်တွင် LHA ထောက်ပံ့ငွေမှာ တစ်လလျှင် ပေါင် ၁၀၅၈ အောက်သာရှိသည်။

အိမ်ငှားတို့အနေဖြင့် LHA ထောက်ပံ့ငွေအပြင် လိုအပ်သည့်ငွေကို ရှာဖွေရမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Councils move hundreds of homeless families out of London with 24-hour ultimatums (theguardian)

[Unicode]

လန္ဒန္ျမိဳ႕ေတာ္ အုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႔က အိမ္ရာမဲ့မ်ားကို လန္ဒန္မွ ၂၄ နာရီအတြင္း ထြက္ခြာရန္ ရာဇသံေပးကာ ႏွင္ထုတ္ခဲ့ေၾကာင္း ေပၚေပါက္လာ

အဂၤလန္ႏိုင္ငံ၏ ျမိဳ႕ေတာ္ လန္ဒန္၏ အုပ္ခ်ဳပ္ေရးေကာင္စီသည္ အိမ္ရာမဲ့မိသားစု ရာေပါင္းမ်ားစြာကို လန္ဒန္ျမိဳ႕ေတာ္မွ ၂၄ နာရီအတြင္းထြက္ခြာရန္ ျပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္အတြင္း ရာဇသံေပးကာ ႏွင္ထုတ္ခဲ့ေၾကာင္း The Guardian သတင္းဌာနက ေဖာ္ထုတ္တင္ျပလာသည္။

လန္ဒန္ျမိဳ႕ေတာ္မွ ေဝးကြာေသာ ေနရာတစ္ခုတြင္ ေနထိုင္ရန္ ေနရာရယူမည္ေလာ (သို႔မဟုတ္) လန္ဒန္မွ ႏွင္ထုတ္ခံကာ လမ္းေပၚတြင္ အဆံုးသတ္မည္ေလာကို ေရြးခ်ယ္ရန္ ရာဇသံေပးကာ ႏွင္ထုတ္ခဲ့ျခင္း ျဖစ္သည္။

Housing Action Southwark and Lambeth (HASL) ၏ ေလ့လာေတြ႔ရွိခ်က္အရ ၂၀၂၃ ခုႏွစ္အတြင္း လန္ဒန္ရွိ အိမ္ရာမဲ့ မိသားစု ၃၁၉ ခုက လန္ဒန္ျမိဳ႕ျပင္ရွိ သီးသန္႔ေနထိုင္ရန္ ေနရာသို႔ ေျပာင္းေရႊ႕ရန္ လက္ခံခဲ့သည္ကို ေတြ႔ရွိခဲ့သည္။

ျမိဳ႕ေကာင္စီက အိမ္ရာမဲ့မိသားစုတို႔အား ျမိဳ႕ေတာ္မွ ၂၄ နာရီအတြင္း ထြက္ခြာျပီး ျမိဳ႕ေတာ္အျပင္ဘက္မွ ေနထိုင္ရန္ေနရာကို လက္ခံရန္ (သို႔မဟုတ္) လန္ဒန္မွ ထြက္ခြာကာ လမ္းေပၚတြင္ အိမ္ရာမဲ့အျဖစ္ ဆက္လက္ေနထုိင္သြားေရး ေရြးခ်ယ္ရန္ ရာဇသံေပးခဲ့သည္။

ျမိဳ႕ေကာင္စီ၏ ကမ္းလွမ္းမႈကို လက္ခံခဲ့ေသာ အိမ္ေထာင္စု ၁၀ စုအနက္ ၁ ခုမွာ လန္ဒန္ အေရွ႕ေျမာက္ပိုင္းမွ ျမိဳ႕မ်ားျဖစ္ေသာ Hartlepool ႏွင့္ Durham တို႔သို႔ အပို႔ခံခဲ့ရျပီး အိမ္ေထာင္စု ၁၀ စုလွ်င္ ၂ စုမွာ Midland ေဒသမ်ားသို႔ ပို႔ေဆာင္ခံခဲ့ရသည္။

လန္ဒန္အုပ္ခ်ဳပ္ေရးေကာင္စီသည္ အိမ္ရာမဲ့မ်ားကို Midland ေဒသမ်ားသို႔ ပို႔ေဆာင္လ်က္ရွိသည္မွာ ၂၀၁၇ ခုႏွစ္ ကတည္းက ျဖစ္သည္။ မၾကာေသးမီကာလမ်ားကမူ အေရွ႕ေျမာက္ပိုင္း ေဒသမ်ားသို႔ ပို႔ေဆာင္မႈမ်ား ျပဳလုပ္လာသည္။

အေရွ႕ေတာင္ပိုင္းေဒသမ်ားတြင္ အိမ္ငွားခမ်ား ေစ်းႏႈန္းေခါင္ခိုက္မႈမ်ားေၾကာင့္ ေဝးကြာေသာေဒသမ်ားသို႔ ပို႔ေဆာင္ျခင္း ျဖစ္သည္။

Zoopla ၏ ေဖာ္ျပခ်က္အရ အေရွ႕ေျမာက္ပိုင္းေဒသသည္ ျဗိတိန္တြင္ အိမ္ငွားတို႔အတြက္ ေစ်းအသက္သားဆံုး ေဒသျဖစ္ေၾကာင္း ေဖာ္ျပသည္။

၂၀၂၄ ခုႏွစ္၊ ဧျပီလ အခ်က္အလက္မ်ားအရ ပွ်မ္းမွ်အိမ္လခမွာ တစ္လလွ်င္ ၆၉၅ ေပါင္ ျဖစ္သည္။

အဂၤလန္တြင္ LHA ဟုေခၚေသာ အိမ္ငွားခ ေထာက္ပံ့ေငြ အစီအစဥ္ရွိျပီး ေဒသအုပ္ခ်ဳပ္ေရးအဖြဲ႔အလိုက္ ကြဲျပားမႈမ်ားရွိသည္။

Hartlepool ျမိဳ႕တြင္ အိပ္ခန္း ၄ ခန္းပါ ေနအိမ္အတြက္ LHA ႏႈန္းမွာ တစ္လလွ်င္ ၆၉၈ ေပါင္ျဖစ္ျပီး Durham တြင္ အိပ္ခန္း ၄ ခန္းပါေနအိမ္အတြက္ LHA မွာ ေပါင္ ၆၀၀ ခန္႔ ျဖစ္သည္။

လန္ဒန္တြင္ ပွ်မ္းမွ်အိမ္လခမွာ တစ္လလွ်င္ ေပါင္ ၂၁၂၁ ျဖစ္သည္။ သို႔ေသာ္ Hackney, Tower Hamlets ႏွင့္ Camden ကဲ့သို႔ ေနရာမ်ဳိးတြင္ ေပါင္ ၂၃၀၀ အထက္တြင္ ရွိသည္။

လန္ဒန္တြင္ LHA ေထာက္ပ့ံေငြမွာ တစ္လလွ်င္ ေပါင္ ၁၀၅၈ ေအာက္သာရွိသည္။

အိမ္ငွားတို႔အေနျဖင့္ LHA ေထာက္ပံ့ေငြအျပင္ လိုအပ္သည့္ေငြကို ရွာေဖြရမည္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Councils move hundreds of homeless families out of London with 24-hour ultimatums (theguardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝေလငါးတစ်ကောင် ရေငုပ်နေသယောင် ဒီဇိုင်းဖြင့်တည်ဆောက်ထားသော နော်ဝေနိုင်ငံမှ ဝေလငါးခန်းမ
ဝေလငါးတစ်ကောင် ရေငုပ်နေသယောင် ဒီဇိုင်းဖြင့်တည်ဆောက်ထားသော နော်ဝေနိုင်ငံမှ ဝေလငါးခန်းမ
၇၁၁ ဧက ကျယ်ဝန်းကာ ရဲတိုက်ကြီးတစ်လုံးနှင့် မြစ်တစ်စင်းပါသော ဗြိတိန်၏ အကြီးကျယ်ခမ်းနားဆုံး အိမ်ခြံမြေများတွင် ပါဝင်သော ခြံဝန်းကြီး ပေါင် ၁၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
၇၁၁ ဧက ကျယ်ဝန်းကာ ရဲတိုက်ကြီးတစ်လုံးနှင့် မြစ်တစ်စင်းပါသော ဗြိတိန်၏ အကြီးကျယ်ခမ်းနားဆုံး အိမ်ခြံမြေများတွင် ပါဝင်သော ခြံဝန်းကြီး ပေါင် ၁၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
စင်္ကာပူရှိ နာမည်ကြီး စူပါမာ့ကက်အုပ်စု ပိုင်ရှင်၏ သားဖြစ်သူက သူ၏နေအိမ်ကို စင်္ကာပူဒေါ်လာ ၈၃ သန်းဖြင့် ရောင်းချရန် စီစဉ်လာ...
စင်္ကာပူရှိ နာမည်ကြီး စူပါမာ့ကက်အုပ်စု ပိုင်ရှင်၏ သားဖြစ်သူက သူ၏နေအိမ်ကို စင်္ကာပူဒေါ်လာ ၈၃ သန်းဖြင့် ရောင်းချရန် စီစဉ်လာ...
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံမှာ လူနေအိမ်ရာ အကျပ်အတည်း ဘယ်လိုဖြေရှင်းနေလဲ
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံမှာ လူနေအိမ်ရာ အကျပ်အတည်း ဘယ်လိုဖြေရှင်းနေလဲ
၂၃ နာရီလျှင် တစ်ကြိမ် ရာဇာဝတ်မှုတစ်ခု ဖြစ်ပွားသောနေရာ၊ ရဲနှင့် လူနာတင်ကား မကြာခဏ ခေါ်နေရသော နေရာ (သို့မဟုတ်) ဗြိတိန်၏ အန္တရာယ်အကြီးဆုံး စရိုက်အကျဆုံးလမ်း...
၂၃ နာရီလျှင် တစ်ကြိမ် ရာဇာဝတ်မှုတစ်ခု ဖြစ်ပွားသောနေရာ၊ ရဲနှင့် လူနာတင်ကား မကြာခဏ ခေါ်နေရသော နေရာ (သို့မဟုတ်) ဗြိတိန်၏ အန္တရာယ်အကြီးဆုံး စရိုက်အကျဆုံးလမ်း...
အင်္ဂလန်မှ သူဌေးကြီး အပန်းဖြေခရီးထွက်ရာတွင် ဘီလျံနာဖြစ်သော်လည်း ဇနီးဖြစ်သူက ခွင့်မပြုသောကြောင့် Luxury ဟိုတယ်ကြီးများတွင် မတည်းခိုရဘဲ တစ်ညလျှင် ပေါင် ၉၀ မျှသာ ပေးရသော ဟိုတယ်တွင် တည်းခိုရ...
အင်္ဂလန်မှ သူဌေးကြီး အပန်းဖြေခရီးထွက်ရာတွင် ဘီလျံနာဖြစ်သော်လည်း ဇနီးဖြစ်သူက ခွင့်မပြုသောကြောင့် Luxury ဟိုတယ်ကြီးများတွင် မတည်းခိုရဘဲ တစ်ညလျှင် ပေါင် ၉၀ မျှသာ ပေးရသော ဟိုတယ်တွင် တည်းခိုရ...
မိုဂျာဗီသဲကန္တာရအလယ်မှ လူသူတစ်ဦးမှ မရှိသော မြို့ကလေးတွင် ဖွင့်လှစ်ထားသော ကော်ဖီဆိုင်ကလေး...
မိုဂျာဗီသဲကန္တာရအလယ်မှ လူသူတစ်ဦးမှ မရှိသော မြို့ကလေးတွင် ဖွင့်လှစ်ထားသော ကော်ဖီဆိုင်ကလေး...
အင်္ဂလန်တွင် အမျိုးသားတစ်ဦးက ယူရို ၂၀၂၄ ဘောလုံးပွဲအထိမ်းအမှတ်အဖြစ် နေအိမ်အပြင်ဘက် နံရံတစ်ခုလုံးကို အင်္ဂလန်အလံများဖြင့် ဖုံးအုပ်ထားရာ ဒေသခံတို့က မျက်စိစပါးမွေးစူးကြောင်း ဝေဖန်ကြ...
အင်္ဂလန်တွင် အမျိုးသားတစ်ဦးက ယူရို ၂၀၂၄ ဘောလုံးပွဲအထိမ်းအမှတ်အဖြစ် နေအိမ်အပြင်ဘက် နံရံတစ်ခုလုံးကို အင်္ဂလန်အလံများဖြင့် ဖုံးအုပ်ထားရာ ဒေသခံတို့က မျက်စိစပါးမွေးစူးကြောင်း ဝေဖန်ကြ...
အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး Blackstone က ဗြိတိန်တွင် နေအိမ်ပေါင်း ထောင်နှင့်ချီကာ ဝယ်ယူ...
အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး Blackstone က ဗြိတိန်တွင် နေအိမ်ပေါင်း ထောင်နှင့်ချီကာ ဝယ်ယူ...
နေအိမ်များနှင့် လမ်းများကို လျှပ်စစ်ဓာတ်အား သိုလှောင်ထားနိုင်သည့် ဘက်ထရီကြီးများအဖြစ် ပြောင်းလဲပေးနိုင်သော ကွန်ကရစ်တစ်မျိုးကို အမေရိကန်ရှိ မက်ဆာချူးဆက်တက္ကသိုလ်မှ ပညာရှင်များက တီထွင်၊ လမ်းပေါ်တွင် ကားမောင်းနေရင်း ကြိုးမဲ့စနစ်ဖြင့် အားသွင်းနိုင်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
ကာရစ်ဘီယံရှိ နိုင်ငံများတွင် လှူဒါန်းခြင်း၊ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းတို့ဖြင့် နိုင်ငံသားအဖြစ် ရရှိမည
ကာရစ်ဘီယံရှိ နိုင်ငံများတွင် လှူဒါန်းခြင်း၊ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းတို့ဖြင့် နိုင်ငံသားအဖြစ် ရရှိမည
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
အဲဗာတန်အသင်းကို ဝယ်ရန် စီစဉ်နေသူ၊ ဒေါ်လာ ၁၀၀၀ မျှဖြင့် ကမ္ဘာကျော် Dell ကုမ္ပဏီကြီးကို စတင် တည်ထောင်ခဲ့သူ၊ ကမ္ဘာ့ ဒသမမြော
အဲဗာတန်အသင်းကို ဝယ်ရန် စီစဉ်နေသူ၊ ဒေါ်လာ ၁၀၀၀ မျှဖြင့် ကမ္ဘာကျော် Dell ကုမ္ပဏီကြီးကို စတင် တည်ထောင်ခဲ့သူ၊ ကမ္ဘာ့ ဒသမမြော
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
shwe-moe-kaung
land-plots

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service