လန်ဒန်မြို့တော် အုပ်ချုပ်ရေးကောင်စီအဖွဲ့က အိမ်ရာမဲ့များကို လန်ဒန်မှ ၂၄ နာရီအတွင်း ထွက်ခွာရန် ရာဇသံပေးကာ နှင်ထုတ်ခဲ့ကြောင်း ပေါ်ပေါက်လာ - Property News in Myanmar from iMyanmarHouse.com
519 Views

လန်ဒန်မြို့တော် အုပ်ချုပ်ရေးကောင်စီအဖွဲ့က အိမ်ရာမဲ့များကို လန်ဒန်မှ ၂၄ နာရီအတွင်း ထွက်ခွာရန် ရာဇသံပေးကာ နှင်ထုတ်ခဲ့ကြောင်း ပေါ်ပေါက်လာ

[Unicode]

 

အင်္ဂလန်နိုင်ငံ၏ မြို့တော် လန်ဒန်၏ အုပ်ချုပ်ရေးကောင်စီသည် အိမ်ရာမဲ့မိသားစု ရာပေါင်းများစွာကို လန်ဒန်မြို့တော်မှ ၂၄ နာရီအတွင်းထွက်ခွာရန် ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း ရာဇသံပေးကာ နှင်ထုတ်ခဲ့ကြောင်း The Guardian သတင်းဌာနက ဖော်ထုတ်တင်ပြလာသည်။

လန်ဒန်မြို့တော်မှ ဝေးကွာသော နေရာတစ်ခုတွင် နေထိုင်ရန် နေရာရယူမည်လော (သို့မဟုတ်) လန်ဒန်မှ နှင်ထုတ်ခံကာ လမ်းပေါ်တွင် အဆုံးသတ်မည်လောကို ရွေးချယ်ရန် ရာဇသံပေးကာ နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။

Housing Action Southwark and Lambeth (HASL) ၏ လေ့လာတွေ့ရှိချက်အရ ၂၀၂၃ ခုနှစ်အတွင်း လန်ဒန်ရှိ အိမ်ရာမဲ့ မိသားစု ၃၁၉ ခုက လန်ဒန်မြို့ပြင်ရှိ သီးသန့်နေထိုင်ရန် နေရာသို့ ပြောင်းရွှေ့ရန် လက်ခံခဲ့သည်ကို တွေ့ရှိခဲ့သည်။

မြို့ကောင်စီက အိမ်ရာမဲ့မိသားစုတို့အား မြို့တော်မှ ၂၄ နာရီအတွင်း ထွက်ခွာပြီး မြို့တော်အပြင်ဘက်မှ နေထိုင်ရန်နေရာကို လက်ခံရန် (သို့မဟုတ်) လန်ဒန်မှ ထွက်ခွာကာ လမ်းပေါ်တွင် အိမ်ရာမဲ့အဖြစ် ဆက်လက်နေထိုင်သွားရေး ရွေးချယ်ရန် ရာဇသံပေးခဲ့သည်။

မြို့ကောင်စီ၏ ကမ်းလှမ်းမှုကို လက်ခံခဲ့သော အိမ်ထောင်စု ၁၀ စုအနက် ၁ ခုမှာ လန်ဒန် အရှေ့မြောက်ပိုင်းမှ မြို့များဖြစ်သော Hartlepool နှင့် Durham တို့သို့ အပို့ခံခဲ့ရပြီး အိမ်ထောင်စု ၁၀ စုလျှင် ၂ စုမှာ Midland ဒေသများသို့ ပို့ဆောင်ခံခဲ့ရသည်။

လန်ဒန်အုပ်ချုပ်ရေးကောင်စီသည် အိမ်ရာမဲ့များကို Midland ဒေသများသို့ ပို့ဆောင်လျက်ရှိသည်မှာ ၂၀၁၇ ခုနှစ် ကတည်းက ဖြစ်သည်။

မကြာသေးမီကာလများကမူ အရှေ့မြောက်ပိုင်း ဒေသများသို့ ပို့ဆောင်မှုများ ပြုလုပ်လာသည်။

အရှေ့တောင်ပိုင်းဒေသများတွင် အိမ်ငှားခများ ဈေးနှုန်းခေါင်ခိုက်မှုများကြောင့် ဝေးကွာသောဒေသများသို့ ပို့ဆောင်ခြင်း ဖြစ်သည်။

Zoopla ၏ ဖော်ပြချက်အရ အရှေ့မြောက်ပိုင်းဒေသသည် ဗြိတိန်တွင် အိမ်ငှားတို့အတွက် ဈေးအသက်သားဆုံး ဒေသဖြစ်ကြောင်း ဖော်ပြသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ အချက်အလက်များအရ ပျှမ်းမျှအိမ်လခမှာ တစ်လလျှင် ၆၉၅ ပေါင် ဖြစ်သည်။

အင်္ဂလန်တွင် LHA ဟုခေါ်သော အိမ်ငှားခ ထောက်ပံ့ငွေ အစီအစဉ်ရှိပြီး ဒေသအုပ်ချုပ်ရေးအဖွဲ့အလိုက် ကွဲပြားမှုများရှိသည်။

Hartlepool မြို့တွင် အိပ်ခန်း ၄ ခန်းပါ နေအိမ်အတွက် LHA နှုန်းမှာ တစ်လလျှင် ၆၉၈ ပေါင်ဖြစ်ပြီး Durham တွင် အိပ်ခန်း ၄ ခန်းပါနေအိမ်အတွက် LHA မှာ ပေါင် ၆၀၀ ခန့် ဖြစ်သည်။

လန်ဒန်တွင် ပျှမ်းမျှအိမ်လခမှာ တစ်လလျှင် ပေါင် ၂၁၂၁ ဖြစ်သည်။ သို့သော် Hackney, Tower Hamlets နှင့် Camden ကဲ့သို့ နေရာမျိုးတွင် ပေါင် ၂၃၀၀ အထက်တွင် ရှိသည်။

လန်ဒန်တွင် LHA ထောက်ပံ့ငွေမှာ တစ်လလျှင် ပေါင် ၁၀၅၈ အောက်သာရှိသည်။

အိမ်ငှားတို့အနေဖြင့် LHA ထောက်ပံ့ငွေအပြင် လိုအပ်သည့်ငွေကို ရှာဖွေရမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Councils move hundreds of homeless families out of London with 24-hour ultimatums (theguardian)

 

 

[Unicode]

လန္ဒန္ျမိဳ႕ေတာ္ အုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႔က အိမ္ရာမဲ့မ်ားကို လန္ဒန္မွ ၂၄ နာရီအတြင္း ထြက္ခြာရန္ ရာဇသံေပးကာ ႏွင္ထုတ္ခဲ့ေၾကာင္း ေပၚေပါက္လာ

 

အဂၤလန္ႏိုင္ငံ၏ ျမိဳ႕ေတာ္ လန္ဒန္၏ အုပ္ခ်ဳပ္ေရးေကာင္စီသည္ အိမ္ရာမဲ့မိသားစု ရာေပါင္းမ်ားစြာကို လန္ဒန္ျမိဳ႕ေတာ္မွ ၂၄ နာရီအတြင္းထြက္ခြာရန္ ျပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္အတြင္း ရာဇသံေပးကာ ႏွင္ထုတ္ခဲ့ေၾကာင္း The Guardian သတင္းဌာနက ေဖာ္ထုတ္တင္ျပလာသည္။

လန္ဒန္ျမိဳ႕ေတာ္မွ ေဝးကြာေသာ ေနရာတစ္ခုတြင္ ေနထိုင္ရန္ ေနရာရယူမည္ေလာ (သို႔မဟုတ္) လန္ဒန္မွ ႏွင္ထုတ္ခံကာ လမ္းေပၚတြင္ အဆံုးသတ္မည္ေလာကို ေရြးခ်ယ္ရန္ ရာဇသံေပးကာ ႏွင္ထုတ္ခဲ့ျခင္း ျဖစ္သည္။

Housing Action Southwark and Lambeth (HASL) ၏ ေလ့လာေတြ႔ရွိခ်က္အရ ၂၀၂၃ ခုႏွစ္အတြင္း လန္ဒန္ရွိ အိမ္ရာမဲ့ မိသားစု ၃၁၉ ခုက လန္ဒန္ျမိဳ႕ျပင္ရွိ သီးသန္႔ေနထိုင္ရန္ ေနရာသို႔ ေျပာင္းေရႊ႕ရန္ လက္ခံခဲ့သည္ကို ေတြ႔ရွိခဲ့သည္။

ျမိဳ႕ေကာင္စီက အိမ္ရာမဲ့မိသားစုတို႔အား ျမိဳ႕ေတာ္မွ ၂၄ နာရီအတြင္း ထြက္ခြာျပီး ျမိဳ႕ေတာ္အျပင္ဘက္မွ ေနထိုင္ရန္ေနရာကို လက္ခံရန္ (သို႔မဟုတ္) လန္ဒန္မွ ထြက္ခြာကာ လမ္းေပၚတြင္ အိမ္ရာမဲ့အျဖစ္ ဆက္လက္ေနထုိင္သြားေရး ေရြးခ်ယ္ရန္ ရာဇသံေပးခဲ့သည္။

ျမိဳ႕ေကာင္စီ၏ ကမ္းလွမ္းမႈကို လက္ခံခဲ့ေသာ အိမ္ေထာင္စု ၁၀ စုအနက္ ၁ ခုမွာ လန္ဒန္ အေရွ႕ေျမာက္ပိုင္းမွ ျမိဳ႕မ်ားျဖစ္ေသာ Hartlepool ႏွင့္ Durham တို႔သို႔ အပို႔ခံခဲ့ရျပီး အိမ္ေထာင္စု ၁၀ စုလွ်င္ ၂ စုမွာ Midland ေဒသမ်ားသို႔ ပို႔ေဆာင္ခံခဲ့ရသည္။

လန္ဒန္အုပ္ခ်ဳပ္ေရးေကာင္စီသည္ အိမ္ရာမဲ့မ်ားကို Midland ေဒသမ်ားသို႔ ပို႔ေဆာင္လ်က္ရွိသည္မွာ ၂၀၁၇ ခုႏွစ္ ကတည္းက ျဖစ္သည္။ မၾကာေသးမီကာလမ်ားကမူ အေရွ႕ေျမာက္ပိုင္း ေဒသမ်ားသို႔ ပို႔ေဆာင္မႈမ်ား ျပဳလုပ္လာသည္။

အေရွ႕ေတာင္ပိုင္းေဒသမ်ားတြင္ အိမ္ငွားခမ်ား ေစ်းႏႈန္းေခါင္ခိုက္မႈမ်ားေၾကာင့္ ေဝးကြာေသာေဒသမ်ားသို႔ ပို႔ေဆာင္ျခင္း ျဖစ္သည္။

Zoopla ၏ ေဖာ္ျပခ်က္အရ အေရွ႕ေျမာက္ပိုင္းေဒသသည္ ျဗိတိန္တြင္ အိမ္ငွားတို႔အတြက္ ေစ်းအသက္သားဆံုး ေဒသျဖစ္ေၾကာင္း ေဖာ္ျပသည္။

၂၀၂၄ ခုႏွစ္၊ ဧျပီလ အခ်က္အလက္မ်ားအရ ပွ်မ္းမွ်အိမ္လခမွာ တစ္လလွ်င္ ၆၉၅ ေပါင္ ျဖစ္သည္။

အဂၤလန္တြင္ LHA ဟုေခၚေသာ အိမ္ငွားခ ေထာက္ပံ့ေငြ အစီအစဥ္ရွိျပီး ေဒသအုပ္ခ်ဳပ္ေရးအဖြဲ႔အလိုက္ ကြဲျပားမႈမ်ားရွိသည္။

Hartlepool ျမိဳ႕တြင္ အိပ္ခန္း ၄ ခန္းပါ ေနအိမ္အတြက္ LHA ႏႈန္းမွာ တစ္လလွ်င္ ၆၉၈ ေပါင္ျဖစ္ျပီး Durham တြင္ အိပ္ခန္း ၄ ခန္းပါေနအိမ္အတြက္ LHA မွာ ေပါင္ ၆၀၀ ခန္႔ ျဖစ္သည္။

လန္ဒန္တြင္ ပွ်မ္းမွ်အိမ္လခမွာ တစ္လလွ်င္ ေပါင္ ၂၁၂၁ ျဖစ္သည္။ သို႔ေသာ္ Hackney, Tower Hamlets ႏွင့္ Camden ကဲ့သို႔ ေနရာမ်ဳိးတြင္ ေပါင္ ၂၃၀၀ အထက္တြင္ ရွိသည္။

လန္ဒန္တြင္ LHA ေထာက္ပ့ံေငြမွာ တစ္လလွ်င္ ေပါင္ ၁၀၅၈ ေအာက္သာရွိသည္။

အိမ္ငွားတို႔အေနျဖင့္ LHA ေထာက္ပံ့ေငြအျပင္ လိုအပ္သည့္ေငြကို ရွာေဖြရမည္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Councils move hundreds of homeless families out of London with 24-hour ultimatums (theguardian)

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service