အမေရိကန်တွင် အိမ်လခမပေးသော အိမ်ငှားကို နှင်ထုတ်ရန် အိမ်ရှင်မှာ ၂ နှစ်ကြာ တရားရင်ဆိုင်ခဲ့ရပြီး ကန်ဒေါ်လာ ၈၀,၀၀၀ ကုန်ကျခဲ့
အမေရိကန်တွင် အိမ်လခမပေးသော အိမ်ငှားကို နှင်ထုတ်ရန် အိမ်ရှင်မှာ ၂ နှစ်ကြာ တရားရင်ဆိုင်ခဲ့ရပြီး ကန်ဒေါ်လာ ၈၀,၀၀၀ ကုန်ကျခဲ့ - Property News in Myanmar from iMyanmarHouse.com
7 Mar 2024 10:52 am တွင် တင်ခဲ့သည်
4398 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ပီတာ အဗီတာဗယ် (Peter Avitabile) သည် မက်ဆာချူးဆက်ပြည်နယ် ၊ Rockland မြို့ရှိ သူ၏ အိမ်ရှေ့တွင် ပစ်ကပ်ထရပ်ကားကို ရပ်လိုက်သည်။ ဤနေရာသို့ မရောက်သည်မှာ ၂ နှစ်ရှိပြီ။
အိမ်လခမပေးသည့်အပြင် အိမ်မှ ဆင်းမပေးသော အိမ်ငှားကို သူအလွန်ဒေါသထွက်နေသည်။
“ကိုယ့်အိမ်မှာ တခြားသူနေဖို့ ကိုယ်က ငွေကုန်ကြေးကျ ခံနေရတာမျိုးကို ဘုရားသခင်က တားမြစ်ထားတယ်” ဟု ထိုအိမ်ရှေ့တံခါးကို စိုက်ကြည့်ရင်း ပီတာက ပြောသည်။
ပီတာက ယခုအိမ်ငှားကို ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလတွင် စတင်အငှားချထားခြင်း ဖြစ်သည်။
“ဒီအမျိုးသမီး ဒီမှာ ၂ နှစ်လောက်နေဖို့ ကျွန်တော် ငွေတွေကုန်နေရတယ်။ အဲဒီငွေတွေ ဘယ်တော့မှ ပြန်ရဖို့ လမ်းမမြင်ပါဘူး။”
အိမ်လခများ အလွန်ခေါင်ခိုက်နေပြီး တန်ဖိုးနည်း လူနေအိမ် ရှားပါးနေရာ အိမ်ရှင်များအတွက် စာနာစိတ်ပေးရန် ခက်ခဲနိုင်သည်။
မက်ဆာချူးဆက်ပြည်နယ်သည် မရိုးဖြောင့်သောအိမ်ရှင်များကို ကာကွယ်ရန် ဥပဒေများ အခိုင်အမာ ပြဌာန်း ထားသော ပြည်နယ် ဖြစ်သည်။
သို့သော် ထိုအချက်ကပင်လျှင် အိမ်ငှားစည်းမျဉ်း မလိုက်နာသော အိမ်ငှားထံမှ မိမိတို့၏ တိုက်ခန်း (သို့မဟုတ်) အိမ်ခြံမြေတို့ကို ပြန်လည်ရယူရန် မလွယ်ကူသော အခြေအနေမျိုး ဖြစ်ပေါ်လာသည်။
(Rockland မြို့ Boxberry Lane လမ်းတွင် တည်ရှိသော ပီတာ၏ အငှားချထားသောအိမ်။ ဓာတ်ပုံ-Jesse Costa/WBUR)
အသက် ၃၄ နှစ်ရှိပြီဖြစ်သော ပီတာသည် အိမ်ရှင်ဖြစ်လာပြီးကတည်းက မက်ဆာချူးဆက်၏ ဥပဒေများအပေါ် ရတက်မအေးဖြစ်ခဲ့ရသည်။
ပီတာသည် Rockland မြို့ရှိ အဆိုပါအိမ်တွင် နေထိုင်စဉ် ဇနီးဖြစ်လာမည့်သူနှင့် စတင်ဆုံစည်းခဲ့ခြင်း ဖြစ်သည်။
၎င်းတို့စုံတွဲက မိသားစုတစ်စု နေထိုင်နိုင်သောအိမ်တစ်လုံး ဝယ်ယူကာ သားသမီးများ ရယူပြီး အေးချမ်းစွာ နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါအိမ်ကို ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
“နောက်ပိုင်းကြရင် ကျွန်တော်တို့ ဒီအိမ်ကို အငှားချချင်လည်း ချမယ်။ ဒါမှမဟုတ် ဈေးကောင်းရရင် ရောင်းရင်လည်း ရောင်းမယ်ပေါ့”ဟု ၎င်းက ပြောသည်။ ကနဦးတွင် အရာရာ အဆင်ပြေနေသည်။
ပီတာတို့စုံတွဲက အဆိုပါ တိုက်ခန်းကို ဆေးရုံအလုပ်သမားတစ်ဦးဖြစ်သူ ကာဆန်ဒရာ ရှနိုက်ဒါ အမည်ရှိ အမျိုးသမီးအား အငှားချထားခဲ့သည်။ ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ထိုအမျိုးသမီးက အိမ်လခများ မပေးတော့။ ရှနိုက်ဒါက ဖုန်းလည်း မကိုင်သလို အီးမေးလ်တွင်လည်း စာမပြန်ခဲ့။
ထို့ကြောင့် ပီတာမှာ ရှနိုက်ဒါအား နှင်ထုတ်ရန် အိမ်ခြံမြေတရားရုံးသို့ သွားခဲ့ရတော့သည်။တရားရုံးတွင် ၉ လကြာ အမှုရင်ဆိုင်ခဲ့ရပြီး ရှေ့နေခများလည်း များစွာ ကုန်ကျခဲ့ရသည်။
အိမ်ငှားအမျိုးသမီးက ဆက်လက်အယူခံဝင်ခဲ့သည်။ အယူခံခုံရုံးတရားသူကြီးက အိမ်ငှားနှင်ထုတ်မှု ဆိုင်းငံ့ထားရန် အမိန့်ထုတ်ခဲ့ပြီး ရှနိုက်ဒါကို အိမ်လခပေးရန် ၁၀ ရက် အချိန်ပေးခဲ့သည်။
သို့သော် ထို ၁၀ ရက်သည်လည်း အိမ်လခမရဘဲ ကျော်လွန်သွားခဲ့ပြီး အမှုမှာ နောက်ထပ် ၇ လ ကြာမြင့်ခဲ့ ပြန်သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင်ကား အယူခံခုံရုံးတရားသူကြီးက အိမ်ငှားနှင်ထုတ်ရန် ခွင့်ပြုခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A landlord's 2-year, $80,000 effort to evict a non-paying tenant (wbur)
Photo Credit- Jesse Costa/WBUR
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
imyanmarmarket
Magical World
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service