တောင်ကိုရီးယား ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ၎င်းတို့၏ ဝန်ထမ်းများကို သားသမီးတစ်ကြိမ်ယူတိုင်း ဝမ်ငွေ သန်း ၁၀၀ (ကန်ဒေါ်လာ ၇၅၀၀၀) ထောက်ပံ့မည်ဟုဆို

တောင်ကိုရီးယား ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ၎င်းတို့၏ ဝန်ထမ်းများကို သားသမီးတစ်ကြိမ်ယူတိုင်း ဝမ်ငွေ သန်း ၁၀၀ (ကန်ဒေါ်လာ ၇၅၀၀၀) ထောက်ပံ့မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
20 Feb 2024 10:35 am တွင် တင်ခဲ့သည်
785 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တောင်ကိုရီးယားကုမ္ပဏီတစ်ခုက တောင်ကိုရီးယားတွင် မွေးဖွားနှုန်း ကြောက်မက်ဖွယ်ကျဆင်းနေမှုကို ဖြေရှင်းရေး ကူညီရန်အတွက် ဒေါ်လာ သန်းပေါင်းများစွာသုံးစွဲရန်အသင့်ရှိနေကြောင်း CNN သတင်းတစ်ရပ် တွင် ဖော်ပြသည်။

ဆိုးလ်မြို့တော်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီဖြစ်သော Booyoung Group က ၎င်းတို့၏ ဝန်ထမ်းများကို ကလေးတစ်ကြိမ်ယူတိုင်း ကိုရီးယားဝမ်ငွေ သန်း ၁၀၀ (ကန်ဒေါ်လာ ၇၅၀၀၀) ထောက်ပံ့ပေးအပ်သွားရန် စီစဉ်ထားကြောင်း ကုမ္ပဏီ၏ Press release တွင် ဖော်ပြသည်။

၂၀၂၁ ခုနှစ်နောက်ပိုင်း ကလေးရခဲ့သော ဝန်ထမ်းများအား ဝမ်ငွေ ၇ ဘီလီယံ (ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်း) ပေးအပ်သွားမည်ဖြစ်ကြောင်း ၊ ထိုကာလအတွင်း ဝန်ထမ်းများမှ ကလေး ၇၀ ဦး မွေးဖွားခဲ့ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကုမ္ပဏီရှိ အမျိုးသားနှင့် အမျိုးသမီး ဝန်ထမ်းအားလုံး သက်ဆိုင်ကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက CNN သတင်းဌာနသို့ ပြောသည်။

တောင်ကိုရီးယားသည် ကမ္ဘာပေါ်တွင် လူဦးရေမွေးဖွားမှုနှုန်း အနည်းပါးဆုံးနိုင်ငံဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် အမျိုးသမီးတစ်ဦး၏ ဘဝတစ်သက်တာတွင် သားသမီးရယူမှု ပမာဏမှာ ၀ ဒသမ ၇၈ သာ ရှိသည်။

အဆိုပါ အချိုးမှာ ၂၀၂၅ ခုနှစ်သို့ရောက်လျှင် ၀ ဒသမ ၆၅ အထိ ဆက်လက်ကျဆင်းနိုင်သည်ဟု ခန့်မှန်းထား ကြောင်း တောင်ကိုရီးယား စာရင်းအင်းဌာန၏ တရားဝင် ခန့်မှန်းချက်များတွင် ဖော်ပြသည်။

တောင်ကိုရီးယားနှင့် အခြားသော အရှေ့အာရှနိုင်ငံများတွင် စက်မှုပြောင်းလဲရေး ကြီးမားစွာ ပြုလုပ်ခဲ့ပြီး ဆယ်စုနှစ်အနည်းငယ်အကြာတွင် အသက်အရွယ် အိုမင်းသူ ပမာဏ မြင့်တက်လာမှုနှင့် ရင်ဆိုင်ရလျက် ရှိသည်။

ဥရောပနိုင်ငံများစွာတွင်လည်း အသက်အရွယ်အိုမင်းသူ များပြားမှုနှင့် ရင်ဆိုင်ရလျက်ရှိသည်။

သို့သော် ဥရောပနိုင်ငံတို့၏ အသက်အရွယ် အိုမင်းသူမြင့်တက်မှု ပမာဏ အပြောင်းအလဲမှာ ရွှေ့ပြောင်းနေထိုင် သူတို့ကြောင့် ဖြစ်သည်။

သို့သော် တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်တို့ကဲ့သို့ နိုင်ငံမျိုးတွင်မူ အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိ လူဦးရေ ကျဆင်းမှုကို ဖြေရှင်းရန် ပြည်ပသို့ အလုံးအရင်းထွက်ခွာမှုမျိုးကို ရှောင်ရှားကြသည်။

Booyoung Group ၏ ဥက္ကဌဖြစ်သူ Lee Joong-Keun က ပြောသည်မှာ ကုမ္ပဏီ ဝန်ထမ်းများအား သားသမီး ပြုစုပျိုးထောင်ရမှုအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်ရမှု သက်သာစေရန် တိုက်ရိုက်ငွေကြေးထောက်ပံ့မှု ပြုလုပ် ပေးရန် စီစဉ်နေကြောင်း ပြောသည်။

ကလေး ၃ ဦးရှိသော ဝန်ထမ်းများအနေဖြင့် ထောက်ပံ့ငွေ ဝမ်ငွေ သန်း ၃၀၀ (ကန်ဒေါ်လာ ၂၂၅၀၀၀) ထောက်ပံ့မှုယူရန် (သို့မဟုတ်) အစိုးရက အဆောက်အအုံဆောက်ရန် မြေနေရာပေးမည်ဆိုပါက အငှားနေအိမ် ရယူရန် ရွေးချယ်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

‌Ref: A South Korean firm is offering to pay its workers $75,000 each time they have a baby (cnn)

Photo Credit: Getty Images

[Zawgyi]

ေတာင္ကိုရီးယား ေဆာက္လုပ္ေရးကုမၸဏီတစ္ခုက ၎တို႔၏ ဝန္ထမ္းမ်ားကို သားသမီးတစ္ၾကိမ္ယူတိုင္း ဝမ္ေငြ သန္း ၁၀၀ (ကန္ေဒၚလာ ၇၅၀၀၀) ေထာက္ပံ့မည္ဟုဆို

ေတာင္ကိုရီးယားကုမၸဏီတစ္ခုက ေတာင္ကိုရီးယားတြင္ ေမြးဖြားႏႈန္း ေၾကာက္မက္ဖြယ္က်ဆင္းေနမႈကို ေျဖရွင္းေရး ကူညီရန္အတြက္ ေဒၚလာ သန္းေပါင္းမ်ားစြာသံုးစြဲရန္အသင့္ရွိေနေၾကာင္း CNN သတင္းတစ္ရပ္ တြင္ ေဖာ္ျပသည္။

ဆိုးလ္ျမဳိ႕ေတာ္အေျခစိုက္ ေဆာက္လုပ္ေရးကုမၸဏီျဖစ္ေသာ Booyoung Group က ၎တို႔၏ ဝန္ထမ္းမ်ားကို ကေလးတစ္ၾကိမ္ယူတိုင္း ကိုရီးယားဝမ္ေငြ သန္း ၁၀၀ (ကန္ေဒၚလာ ၇၅၀၀၀) ေထာက္ပံ့ေပးအပ္သြားရန္ စီစဥ္ထားေၾကာင္း ကုမၸဏီ၏ Press release တြင္ ေဖာ္ျပသည္။

၂၀၂၁ ခုႏွစ္ေနာက္ပိုင္း ကေလးရခဲ့ေသာ ဝန္ထမ္းမ်ားအား ဝမ္ေငြ ၇ ဘီလီယံ (ကန္ေဒၚလာ ၅ ဒသမ ၂၅ သန္း) ေပးအပ္သြားမည္ျဖစ္ေၾကာင္း ၊ ထုိကာလအတြင္း ဝန္ထမ္းမ်ားမွ ကေလး ၇၀ ဦး ေမြးဖြားခဲ့ေၾကာင္း ကုမၸဏီ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ကုမၸဏီရွိ အမ်ဳိးသားႏွင့္ အမ်ဳိးသမီး ဝန္ထမ္းအားလံုး သက္ဆိုင္ေၾကာင္း ကုမၸဏီ၏ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္တစ္ဦးက CNN သတင္းဌာနသို႔ ေျပာသည္။

ေတာင္ကိုရီးယားသည္ ကမၻာေပၚတြင္ လူဦးေရေမြးဖြားမႈႏႈန္း အနည္းပါးဆံုးႏိုင္ငံျဖစ္သည္။

၂၀၂၂ ခုႏွစ္တြင္ အမ်ဳိးသမီးတစ္ဦး၏ ဘဝတစ္သက္တာတြင္ သားသမီးရယူမႈ ပမာဏမွာ ၀ ဒသမ ၇၈ သာ ရွိသည္။

အဆုိပါ အခ်ိဳးမွာ ၂၀၂၅ ခုႏွစ္သို႔ေရာက္လွ်င္ ၀ ဒသမ ၆၅ အထိ ဆက္လက္က်ဆင္းႏိုင္သည္ဟု ခန္႔မွန္းထား ေၾကာင္း ေတာင္ကိုရီးယား စာရင္းအင္းဌာန၏ တရားဝင္ ခန္႔မွန္းခ်က္မ်ားတြင္ ေဖာ္ျပသည္။

ေတာင္ကိုရီးယားႏွင့္ အျခားေသာ အေရွ႕အာရွႏိုင္ငံမ်ားတြင္ စက္မႈေျပာင္းလဲေရး ၾကီးမားစြာ ျပဳလုပ္ခဲ့ျပီး ဆယ္စုႏွစ္အနည္းငယ္အၾကာတြင္ အသက္အရြယ္ အိုမင္းသူ ပမာဏ ျမင့္တက္လာမႈႏွင့္ ရင္ဆုိင္ရလ်က္ ရွိသည္။

ဥေရာပႏိုင္ငံမ်ားစြာတြင္လည္း အသက္အရြယ္အိုမင္းသူ မ်ားျပားမႈႏွင့္ ရင္ဆုိင္ရလ်က္ရွိသည္။

သို႔ေသာ္ ဥေရာပႏိုင္ငံတို႔၏ အသက္အရြယ္ အိုမင္းသူျမင့္တက္မႈ ပမာဏ အေျပာင္းအလဲမွာ ေရႊ႕ေျပာင္းေနထိုင္ သူတို႔ေၾကာင့္ ျဖစ္သည္။

သို႔ေသာ္ ေတာင္ကိုရီးယား၊ ဂ်ပန္ႏွင့္ တရုတ္တို႔ကဲ့သို႔ ႏိုင္ငံမ်ဳိးတြင္မူ အလုပ္လုပ္ႏိုင္သည့္ အသက္အရြယ္ရွိ လူဦးေရ က်ဆင္းမႈကို ေျဖရွင္းရန္ ျပည္ပသုိ႔ အလံုးအရင္းထြက္ခြာမႈမ်ိဳးကို ေရွာင္ရွားၾကသည္။

Booyoung Group ၏ ဥကၠဌျဖစ္သူ Lee Joong-Keun က ေျပာသည္မွာ ကုမၸဏီ ဝန္ထမ္းမ်ားအား သားသမီး ျပဳစုပ်ဳိးေထာင္ရမႈအတြက္ ေငြေၾကးဝန္ထုပ္ဝန္ပိုးျဖစ္ရမႈ သက္သာေစရန္ တုိက္ရိုက္ေငြေၾကးေထာက္ပံ့မႈ ျပဳလုပ္ ေပးရန္ စီစဥ္ေနေၾကာင္း ေျပာသည္။

ကေလး ၃ ဦးရွိေသာ ဝန္ထမ္းမ်ားအေနျဖင့္ ေထာက္ပံ့ေငြ ဝမ္ေငြ သန္း ၃၀၀ (ကန္ေဒၚလာ ၂၂၅၀၀၀) ေထာက္ပံ့မႈယူရန္ (သို႔မဟုတ္) အစိုးရက အေဆာက္အအုံေဆာက္ရန္ ေျမေနရာေပးမည္ဆိုပါက အငွားေနအိမ္ ရယူရန္ ေရြးခ်ယ္ႏိုင္မည္ျဖစ္ေၾကာင္းလည္း ၎က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A South Korean firm is offering to pay its workers $75,000 each time they have a baby (cnn)

Photo Credit: Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service