ရေမချိုးသော Steve Jobs (သို့မဟုတ်) Steve Jobs က ၎င်းမှာ သစ်သီးနှင့် ဟင်းသီးဟင်းရွက်သာ စားသောကြောင့် ရေချိုးရန် မလိုဟု ယူဆခဲ့၊ လုပ်ဖော်ကိုင်ဖက်များကမူ သူ၏ ကိုယ်နံ့ မခံနိုင်သောကြောင့် Steve Jobs မှာ ညဘက်တွင်သာ အလုပ်ဆင်းရ
ရေမချိုးသော Steve Jobs (သို့မဟုတ်) Steve Jobs က ၎င်းမှာ သစ်သီးနှင့် ဟင်းသီးဟင်းရွက်သာ စားသောကြောင့် ရေချိုးရန် မလိုဟု ယူဆခဲ့၊ လုပ်ဖော်ကိုင်ဖက်များကမူ သူ၏ ကိုယ်နံ့ မခံနိုင်သောကြောင့် Steve Jobs မှာ ညဘက်တွင်သာ အလုပ်ဆင်းရ - Property News in Myanmar from iMyanmarHouse.com
16 Feb 2024 10:58 am တွင် တင်ခဲ့သည်
1312 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘာကျော် Apple Inc.၏ စီအီးအို စတိဗ်ဂျော့ (Steve Jobs) တမူထူးသော ဘဝနေထိုင်မှု ဟန်ပန်များဖြင့်လည်း လူသိများသည်။
သူသည် လူ့အဖွဲ့အစည်း၏ စံနှုန်းများဖြင့် အလှမ်းကွာသော ကိုယ်ပိုင်စံနှုန်းများဖြင့်သာ နေထိုင်သည်။
သူ၏ ပုဂ္ဂိုလ်ရေးနှင့် လုပ်ငန်းနယ်ပယ်ဘဝတို့အပေါ် ကြီးမားစွာ လွှမ်းမိုးခဲ့သည့် စားသောက်မှုပုံစံရှိသည်။
သူ၏ အစားအသောက် အလေ့အထတွင် ရက်ပေါင်းများစွာ အစာမစားခြင်း ၊ ဟင်းသီးဟင်းရွက်စားကာ ရေသာသောက်ခြင်းတို့ ပါဝင်သည်။
သူသည် ရက်သတ္တပတ်ပေါင်းများစွာ အစားအစာတစ်မျိုးတည်းကိုသာ စားသောက်ခြင်းဖြင့်လည်း လူသိများသည်။
သူစားသောက်လေ့ရှိသည်မှာ ပန်းသီး (သို့မဟုတ်) မုန်လာဥနီသုပ်တို့ဖြစ်ပြီး ရုတ်တရက် အစားအသောက် ရပ်ကာ အစာမစားဘဲနေခြင်း (သို့မဟုတ်) ဥပုသ်စောင့်ခြင်းတို့ ပြုလုပ်လေ့ရှိသည်။
ထိုသို့ သစ်သီးဝလံများသာ စားသောက်နေစဉ်ကာလအတွင်း စတိဗ်ဂျော့သည် ပန်းသီးခြံတစ်ခုသို့ သွားရောက် လည်ပတ်ခဲ့ရင်း ကုမ္ပဏီနာမည်ကို Apple ဟု အမည်ပေးရန် အကြံရခဲ့သည်ဟု ဆိုသည်။
အဆိုပါအမည်မှာ ပျော်ရွှင်ဖွယ်ကောင်းကာ အသက်ပါသည်ဟု စတိဗ်ဂျော့က ယူဆခဲ့ကြောင်း Apple ပူးတွဲ တည်ထောင်သူ Steve Wozniak က ပြောပြသည်။
နောက်ဆုံးတွင် ၎င်းတို့နှစ်ဦး ကုမ္ပဏီကို Apple ဟု အမည်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။
ဝေါလ်တာ အိုက်ဆက်ဇန် ရေးသားသည့် စတိဗ်ဂျော့၏ အတ္ထုပ္ပတ္တိစာအုပ်တွင် ဖော်ပြသည်မှာ စတိဗ်ဂျော့က သန့်ရှင်းသော သစ်သီးအခြေပြုအစားအသောက်ကိုသာ စားသောက်သူတစ်ဦးသည် ရေချိုးရန် မလိုအပ်ဟု ယူဆကြောင်း ဖော်ပြသည်။
အနံ့အသက်ပျောက်ဆေးများ သုံးရန် မလိုဟုလည်း စတိဗ်ဂျော့က ယူဆသည်။
၁၉၇၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတိဂျော့သည် ကယ်လီဖိုးနီးယားပြည်နယ်၊ Los Altos ရှိ မိဘများ၏ အိမ်သို့ ပြန်လာခဲ့ပြီး အလုပ်ရှာခဲ့ရာ ကွန်ပြူတာထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Atari Corp တွင် ကွန်ပြူတာပညာရှင် အဖြစ် ခန့်ထားခြင်းခံရသည်။
Atari ကုမ္ပဏီရှိ လုပ်ဖော်ကိုင်ဖက်များသည် ရေမချိုးသော စတိဂျော့၏ ကိုယ်နံ့ကို မခံနိုင်သောကြောင့် တိုင်တန်းရာ စတိဂျော့မှာ ညဘက်တွင်သာ အလုပ်ဆင်းခဲ့ရသည်။
ဖြစ်ရပ်မှာ ထိုမျှမကသေး။
Apple ၏ စီအီးအိုဟောင်းဖြစ်သူ Mike Markkula က စာရေးသူ ဝေါလ်တာ အိုင်ဆက်ဇန်အား ပြောပြသည်မှာ စတိဂျော့အား အစည်းအဝေးခန်း မဝင်မီ ရေချိုးခိုင်းခဲ့ရကြောင်း ပြောပြခဲ့သည်ဟု ဆိုသည်။
ဝေါလ်တာ အိုင်ဆက်ဇန်၏ စာအုပ်တွင် ဖော်ပြချက်အရ စတိဗ်ဂျော့၏ တကိုယ်ရည်သန့်ရှင်းမှု ပြဿနာမှာ ရေမချိုးခြင်းမျှသာ မကသေး။
စတိဗ်ဂျော့သည် လက်သည်းကိုလည်း အမြဲကိုက်နေလေ့ရှိသည်ဟု ဆိုသည်။
စတိဗ်ဂျော့၏ အခြားတမူထူးသည့်အချက်မှာ အဝတ်အစားဖြစ်သည်။ သူသည် အနက်ရောင် လည်ထောင်အင်္ကျီ၊ အပြာရောင်ဂျင်းဘောင်းဘီနှင့် New Balance အမှတ်တံဆိပ် ဖိနပ် တို့ အမြဲဝတ်ဆင်သည်။
၁၉၈၀ ပြည့်လွန်ကာလများအတွင်း ဂျပန်သို့ အလည်အပတ်သွားခဲ့ရာတွင် Sony ဝန်ထမ်းတို့၏ ယူနီဖောင်းကို များစွာသဘောကျခဲ့သည်ဟု ဆိုသည်။
ကနဦးတွင် စတိဗ်ဂျော့က အဆိုပါဝတ်စုံကို Apple ကုမ္ပဏီဝန်ထမ်းများ၏ ယူနီဖောင်းအဖြစ် သတ်မှတ်ရန် စီစဉ်ခဲ့သော်လည်း ကန့်ကွက်မှုများရှိသောကြောင့် ၎င်းကိုယ်တိုင်သာ ဝတ်ဆင်ခဲ့သည်။
စတိဗ်ဂျော့တွင် အနက်ရောင် လည်ထောင်အင်္ကျီပေါင်း ရာနှင့်ချီ၍ရှိသည်ဟု ဆိုသည်။
နေ့စဉ်အင်္ကျီရွေးချယ်ရမှု ဒုက္ခကင်းစေရန် စတိဗ်ဂျော့က ထိုတစ်မျိုးတည်းကိုသာ ဝတ်ဆင်ခဲ့ခြင်းဖြစ်ပြီး အင်္ကျီတစ်ထည်လျှင် ထိုခေတ်တန်ဖိုး ၁၇၅ ဒေါ်လာ ကျသင့်သည်။
(ဆက်စပ်သတင်း)
ရေချိုးအလွန်ပျင်းသောကြောင့် တွဲဖက်သရုပ်ဆောင်သူများ၏ စက်ဆုပ်ရွံရှာမှုခံရသူ ဘရက်ပစ်က လော့စ်အိန်ဂျလိမှ စံအိမ်တစ်လုံးကို ဒေါ်လာ ၅ သန်းဖြင့်ဝယ်
https://www.imyanmarhouse.com/news/read/1066286
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Steve Jobs Didn't Think He Needed To Shower Because He Only Ate Fruit — But His Body Odor Had Him Banished To The Night Shift When Colleagues Complained About The Smell (finance)
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ERC Luxury Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service