အမေရိကန်ပြည်ထောင်စု ၊ အော်စတင်မြို့တွင် ဆင်းရဲနွမ်းပါးသူများကို တစ်လလျှင် ဒေါ်လာ ၁၀၀၀ ပေးကာ စမ်းသပ်မှုပြုလုပ်ရာ နေရေးအတွက် အဓိကအသုံးပြုသည်ကို လေ့လာတွေ့ရှိ
အမေရိကန်ပြည်ထောင်စု ၊ အော်စတင်မြို့တွင် ဆင်းရဲနွမ်းပါးသူများကို တစ်လလျှင် ဒေါ်လာ ၁၀၀၀ ပေးကာ စမ်းသပ်မှုပြုလုပ်ရာ နေရေးအတွက် အဓိကအသုံးပြုသည်ကို လေ့လာတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
5 Feb 2024 12:23 pm တွင် တင်ခဲ့သည်
654 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု ၊ တက္ကဆပ်ပြည်နယ်၏ အကြီးမားဆုံးမြို့ကြီးများတွင် ပါဝင်သော မြို့တစ်ခု၌ အာမခံရှိသော အခြေခံဝင်ငွေ စီမံကိန်းကို အကောင်အထည် ဖော်ခဲ့ရာ နေရေးမလုံခြုံမှုနှုန်း လျှော့ချနိုင်ခဲ့သည်။
တက္ကဆပ်ပြည်နယ် အော်စတင်မြို့သည် အခြေခံဝင်ငွေအစီအစဉ်ဖြစ်သော Austin Guaranteed Income Pilot ကို အခွန်ထမ်းတို့၏ ငွေဖြင့် ၂၀၂၂ ခုနှစ် ၊ မေလတွင် စတင်အကောင်အထည် ဖော်ခဲ့သည်။
အဆိုပါ အစီအစဉ်မှ ဝင်ငွေနည်းပါးသော မိသားစု ၁၃၅ ခုကို ထောက်ပံ့ပေးခဲ့သည်။
မိသားစု တစ်စုလျှင် လစဉ် ဒေါ်လာ ၁၀၀၀ နှင့်အထက် ရရှိခဲ့ကြသည်။ ယင်းအနက် မိသားစု ၈၅ ခုကို အော်စတင်မြို့ ရန်ပုံငွေမှ ထောက်ပံ့ခြင်း ဖြစ်သည်။
ကျန်မိသားစု ၅၀ ကို ပရဟိတ လှူဒါန်းမှုများမှ ထောက်ပံ့ခြင်း ဖြစ်သည်။ ပြည်သူများကို ဆင်းရဲနွံမှ ရုန်းထွက်နိုင်ရန်နှင့် အိုးအိမ်ဖြင့် နေထိုင်နိုင်ရေး အကူအညီပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။
“ပြည်သူများအနေဖြင့် မိမိကိုယ်တိုင်နှင့် မိသားစုအတွက် မှန်ကန်သော ဆုံးဖြတ်ချက်များ ချနိုင်ပါက ရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်သည်ကို ကျွန်ုပ်တို့ သိရှိပါသည်”ဟု အော်စတင်မြို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
ထိုအခြေအနေမှသည် ပိုမိုကောင်းမွန်သောအလုပ်များ ၊ ငွေကြေးစုဆောင်းမှု မြင့်တက်စေခြင်း ၊ စားရေးလုံခြုံမှု နှင့် နေရေးလုံခြုံမှုတို့ဆီသို့ ဦးတည်စေမည်ဖြစ်ကြောင်းလည်း အော်စတင်မြို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
အဆိုပါ အစီအစဉ်သည် ၂၀၂၃ ခုနှစ် ၊ သြဂုတ်လတွင် အဆုံးသတ်သွားခဲ့သည်။
ယင်းအစီအစဉ်တွင် ထောက်ပံ့မှုရရှိသူတို့သည် ပျမ်းမျှအားဖြင့် ၎င်းတို့ရရှိသော ထောက်ပံ့ငွေ၏ ထက်ဝက် ကျော်ကို နေရေးအတွက် အသုံးပြုခဲ့ကြသည်။
တစ်နှစ်တာ ကြာမြင့်သော အဆိုပါ အစီအစဉ် ပြီးဆုံးချိန်တွင် ထောက်ပံ့မှု ရရှိခဲ့သူတို့သည် ၎င်းတို့ ထောက်ပံ့မှု စတင်ရယူခဲ့စဉ်ကထက် နေရေးကဏ္ဍ ပိုမိုကြီးမားစွာ လုံခြုံမှုရှိလာခဲ့ကြသည်။
အဆိုပါ အစီအစဉ်သည် စားရေး မလုံခြုံမှုကိုလည်း လျှော့ချပေးနိုင်ခဲ့သည်။
ထောက်ပံ့မှု ရရှိခဲ့သူများအနက် ၁၇ ရာခိုင်နှုန်းမှာ အစားအသောက် ကောင်းကောင်း မစားနိုင်ခဲ့ကြသူများ ဖြစ်သည်။
၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလမှ စတင်ပြီး ထောက်ပံ့မှုရရှိခဲ့သည့် Single Mother တစ်ဦးဖြစ်သူ Taniquewa Brewster က KXAN သတင်းဌာနသို့ ပြောသည်မှာ ရရှိခဲ့သော ထောက်ပံ့ငွေသည် ဆေးရုံ ၈ ရက်တက်စဉ် ကာလအတွင်း ဆေးဖိုးကုန်ကျစရိတ်အတွက် အထောက်အကူဖြစ်ခဲ့ကြောင်း ပြောသည်။
တက္ကဆပ်ပြည်နယ် Harris ခရိုင်တွင်လည်း ယခုလအစောပိုင်းက အာမခံရှိသော အခြေခံဝင်ငွေ စီမံကိန်းကို စတင်လိုက်ပြီး ဝင်ငွေနည်းပါးသော မိသားစုများအား တစ်လလျှင် ဒေါ်လာ ၅၀၀ နှင့်အထက် ထောက်ပံ့ပေး လျက် ရှိသည်။
အမေရိကန်ပြည်ထောင်စု တဝန်းရှိ အခြားမြို့များစွာတွင်လည်း အိမ်ရာမဲ့ မြင့်တက်လာမှုကို ဖြေရှင်းပေးရန် အတွက် အခြေခံဝင်ငွေစီမံကိန်းများ စမ်းသပ်လျက် ရှိနေသည်။
(ဆက်စပ်သတင်း)
အမေရိကန်ပြည် ဒင်ဗာမြို့တွင် ဆင်းရဲနွမ်းပါးသူများအား တစ်လလျှင် ဒေါ်လာ ၁၀၀၀ ပေးကာ စမ်းသပ်မှုတစ်ခု ပြုလုပ်ရာ အိမ်ရာမဲ့များ လျှော့ချနိုင်ပြီး အလုပ်အကိုင်ရရှိသူ မြင့်တက်စေကြောင်း လေ့လာတွေ့ရှိ
https://www.imyanmarhouse.com/news/read/1087523
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Austin experimented with giving people $1,000 a month. They spent the no-strings-attached cash mostly on housing, a study found. (businessinsider)
Photo Credit: Evan Semones
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service