ဂျက်ဘေဇော့စ်က Amazon ကို စတင်ခဲ့သော ဂိုဒေါင်ရှိရာ နေအိမ် ကန်ဒေါ်လာ ၂ ဒသမ ၂၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဂျက်ဘေဇော့စ်က Amazon ကို စတင်ခဲ့သော ဂိုဒေါင်ရှိရာ နေအိမ် ကန်ဒေါ်လာ ၂ ဒသမ ၂၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
2 Feb 2024 12:28 pm တွင် တင်ခဲ့သည်
562 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဂျက်ဘေဇော့စ်က Amazon ကို စတင်ခဲ့သော နေရာဖြစ်သည့် အမေရိကန်ပြည် ၊ ဝါရှင်တန်ပြည်နယ်၊ Bellevue မြို့ရှိ နေအိမ် ကန်ဒေါ်လာ ၂ ဒသမ ၂၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
ဤစံအိမ်သည် လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုအတွင်း လူတိုင်းသိခဲ့ကြသည့် Amazon ၏ မွေးဖွားရာ နေရာ ဖြစ်သည်။
ဂျက်ဘေဇော့စ်သည် ၁၉၉၄ ခုနှစ်က သာမန်မျှသာရှိသော ဤအိမ်ကို ငှားရမ်းခဲ့ပြီး နေအိမ်၏ ဂိုဒေါင်ကို Amazon ၏ ရုံးချုပ်အဖြစ် ပြောင်းလဲခဲ့သည်။
ထိုစဉ်ကမူ အွန်လိုင်းစာအုပ်အရောင်းဆိုင်သာ ဖြစ်သည်။
ယခုအိမ်မှာမူ ဂျက်ဘေဇော့စ် ငှားရမ်းစဉ်ကနှင့် များစွာ ခြားနားသွားပြီ ဖြစ်သည်။
ဤအိမ်ကို ၁၉၅၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ပြန်လည်ဆောက်လုပ်မှုများ ပြုလုပ်ခဲ့ရာ ဂိုဒေါင် လည်း အပါအဝင် ဖြစ်သည်။
သို့တိုင် ဤနေရာမှာ သမိုင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။
Amazon ၏ အစောပိုင်းကာလများကို ပြန်လည် သတိရစေရန် ဈေးကွက်တင်သော အဖွဲ့က အပြာနှင့် အဖြူရောင် Amazon.com အမှတ်တံဆိပ်ကို ဂိုဒေါင်တွင် ဖန်တီးထားရှိထားသည်။
Sea to Sky Realty အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Lin Shen ၏ ပြောကြားချက်အရ ဝယ်ယူရန် စိတ်ဝင်စားသူများစွာ ရှိနေပြီး ပုံမှန်စူးစမ်းလိုစိတ်ရှိသူများမှသည် အမှန်တကယ် ဝယ်ယူလိုသူများအထိ ပါဝင်ကြောင်း ပြောသည်။
(Amazon ၏ မွေးဖွားရာ နေရာဖြစ်သည်။ ဓာတ်ပုံ-Mai Huang)
Amazon သည် ဤနေအိမ်၏ ဂိုဒေါင်ထဲတွင် လုပ်ငန်းစတင်ခဲ့ချိန်က တံခါးဟောင်းများဖြင့် ယာယီ ပြုလုပ်ထား သော စားပွဲများဖြင့် စတင်ခဲ့သည်။
သို့သော် Amazon သည် လျင်မြန်စွာ တိုးတက်အောင်မြင်လာရာ ဂိုဒေါင်ရုံးချုပ်မှာ အချိန်ခဏသာ အသုံးပြုခဲ့သည်။
ယင်းနောက်ပိုင်း လအနည်းငယ်အကြာတွင် ဆီယက်တဲမြို့ရှိ ရုံးခန်းတစ်ခုသို့ ပြောင်းရွှေ့ခဲ့သည်။
ဂျက်ဘေဇော့စ်က ဤအိမ်တွင် ဂိုဒေါင် ပါဝင်သောကြောင့် ငှားရမ်းခဲ့ခြင်းလည်း ဖြစ်သည်။
 (Amazon စတင်ခဲ့ရာ ဂိုဒေါင်။ ဓာတ်ပုံ-Mai Huang)
 (အဖြူနှင့် အပြာရောင် Amazon.com အမှတ်တံဆိပ်ကို ဂိုဒေါင်တွင် ဖန်တီးထားသည်။ ဓာတ်ပုံ-Mai Huang)
ဂျက်ဘေဇော့စ်နှင့် ထိုအချိန်က ဇနီးဖြစ်သူ မက်ကင်ဇီ စကော့တို့က ဤအိမ်ကို တစ်လလျှင် ဒေါ်လာ ၈၉၀ ဖြင့် ငှားရမ်းခဲ့ခြင်း ဖြစ်သည်။
(အခန်းဖွင့် ခင်းကျင်းထားပုံ။ ဓာတ်ပုံ-Mai Huang)
 (မီးလင်းဖိုနှင့် မြင့်မားသော မျက်နှာကြက်ရှိသည့် ဧည့်ခန်း။ ဓာတ်ပုံ-Mai Huang)
 (မီးဖိုဆောင်။ ဓာတ်ပုံ-Mai Huang)
 (အိပ်ခန်း ၃ ခန်းမှ တစ်ခန်း။ ဓာတ်ပုံ-Mai Huang)
 (ရေချိုးခန်း ၂ ခန်းမှ ၁ ခန်း။ ဓာတ်ပုံ-Mai Huang)
(ရုံးခန်း။ ဓာတ်ပုံ-Mai Huang)
(ခြံနောက်ဘက်။ ဓာတ်ပုံ-Mai Huang)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Home where Jeff Bezos built Amazon out of the garage lists for $2.28M — but there’s a catch (nypost)
Photo Credit: Mai Huang
[Zawgyi]
(မီးဖိုဆောင်။ ဓာတ်ပုံ-Mai Huang)
(ရုံးခန်း။ ဓာတ်ပုံ-Mai Huang)
(ခြံနောက်ဘက်။ ဓာတ်ပုံ-Mai Huang)
Photo Credit: Mai Huang
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service