Restoration Man ရုပ်သံအစီအစဉ်တွင် ထည့်သွင်းဖော်ပြခဲ့ဖူးသော အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ်ရှိ လေစွမ်းအင်သုံး အမှုန့်ကြိတ်စက် အဆောက်အအုံတစ်လုံး အရောင်းဈေးကွက်ဝင်လာ
Restoration Man ရုပ်သံအစီအစဉ်တွင် ထည့်သွင်းဖော်ပြခဲ့ဖူးသော အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ်ရှိ လေစွမ်းအင်သုံး အမှုန့်ကြိတ်စက် အဆောက်အအုံတစ်လုံး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
23 Jan 2024 11:15 am တွင် တင်ခဲ့သည်
574 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်တွင် Channel 4 ရုပ်သံလိုင်း၏ အစီအစဉ်တစ်ခုတွင် ထည့်သွင်းဖော်ပြခဲ့ဖူးသော အံ့ဖွယ် လေစွမ်းအင်သုံး အမှုန့်ကြိတ်စက် အဆောက်အအုံတစ်လုံးတွင် ကြေကွဲဖွယ်ဇာတ်ကြောင်းတစ်ခု ရှိနေသည်။
အဆိုပါ အထင်ကရ အဆောက်အအုံကို ရုပ်သံအစီအစဉ်တင်ဆက်သူ George Clarke ၏ Restoration Man ရုပ်သံအစီအစဉ်တွင် ထည့်သွင်းဖော်ပြခဲ့ဖူးသည်။
(မှတ်ချက်။ Restoration Man ရုပ်သံအစီအစဉ်သည် အစီအစဉ်တင်ဆက်သူ George Clarke က အင်္ဂလန် နိုင်ငံတဝန်းတွင် ရှေးဟောင်းအဆောက်အအုံများအား ပြုပြင်မွမ်းမံမှု ပြုလုပ်ရန် စီစဉ်နေသူများအား အကူအညီ များ ပေးပုံ ရိုက်ကူးထားခြင်းဖြစ်ပြီး အထူးသဖြင့် မူလက လူနေအဆောက်အအုံမဟုတ်ခဲ့သော အဆောက်အအုံ များ- (ဥပမာ..ဘုရားကျောင်း၊ ရေစင်၊ လေစွမ်းအင်အမှုန့်ကြိတ်စက် အစရှိသည် ) ကို လူနေ အဆောက်အအုံ အဖြစ် ပြောင်းလဲမှုများ ဖြစ်သည်)
ထိုလေစွမ်းအင်စက် အဆောက်အအုံကို ဇနီးမောင်နှံ စုံတွဲတစ်တွဲက ဝယ်ယူပိုင်ဆိုင်ခဲ့ကြသည်။
ယခုအခါ ပေါင် ၈၀၀,၀၀၀ ဖြင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။
(ဝေလပြည် မြောက်ပိုင်းရှိ လေစွမ်းအင်သုံးစက် အဆောက်အအုံကို ရောင်းချရခြင်း၏ နောက်ကွယ်တွင် ကြေကွဲဖွယ် အကြောင်းရပ်တစ်ခု ရှိနေသည်။ ဓာတ်ပုံ-WNS)
(Channel 4 ရုပ်သံလိုင်း၏ နာမည်ကျော် အစီအစဉ်တစ်ခုတွင် George Clarke နှင့် အိမ်ရှင်ဖြစ်သူ Clive Bolton တို့ကို ဤအဆောက်အအုံတွင် တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-WNS)
(မြောက်အမေရိကဌာနေ တိုင်းရင်းသားတို့၏ အဆောက်အအုံ အမိုးသဏ္ဍာန် ရှိသော အမိုးမျိုးနှင့် လသာဆောင်တစ်ခု ပါဝင်သည်။ ဓာတ်ပုံ-WNS)
 Clive နှင့် Jane Bolton တို့ စုံတွဲသည် ခမ်းနားသော ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့် အံ့မခန်း ဤအဆောက်အအုံကို ဝယ်ယူပိုင်ဆိုင်ခဲ့ကြသည်။
တည်နေရာမှာ ဝေလပြည်မြောက်ပိုင်း Anglesey မြို့တွင် တည်ရှိပြီး လုပ်ငန်းများမှ အနားယူချိန်တွင် နေထိုင်ရန် နေရာအဖြစ် ရည်ရွယ်ကာ ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့၏ လေစွမ်းအင်သုံး အမှုန့်ကြိတ်စက် အဆောက်အအုံကို လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံပုံအား ရိုက်ကူးထားသည့် ရုပ်သံအစီအစဉ် မထုတ်လွှင့်ရသေးမီ Jane Bolton မှာ ကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သည်။
ပူဆွေးကြေကွဲနေသော ခင်ပွန်းဖြစ်သူ Clive မှာ ဝေလပြည်နယ်ရှိ ဤအဆောက်အအုံတွင် နေထိုင်ရန် မခံစားနိုင်တော့သောကြောင့် ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အဆောက်အအုံတွင် အိပ်ခန်း ၄ ခန်း ပါဝင်ပြီး ခြံဝန်းအတွင်း ကျောက်တုံးအိမ် ၂ လုံးလည်း ရှိသည်။
အဆောက်အအုံမှာ ဆလင်ဒါပုံဖြစ်သောကြောင့် မီးဖိုဆောင်မှာ ဝန်းဝိုင်းသော အသွင်ရှိသည်။
ဤအဆောက်အအုံကို ၁၈၃၃ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ယခင်က ပိုင်ဆိုင်ခဲ့သူမှာ ဝေလပြည်နယ်မှ Bodorgan Estate အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီပိုင်ရှင် Owen John August Fuller Meyrick ဖြစ်သည်။
(သစ်ထုတ်တန်းတို့က လူစွမ်းအင်သုံးစက်၏ သရုပ်သကန်ကို ဆက်လက်ထိန်းသိမ်းပေးထားသည်။ ဓာတ်ပုံ-WNS)
(မီးဖိုဆောင်မှာ ဝန်းဝိုင်းသော ပုံသဏ္ဍာန်ရှိသည်။ ဓာတ်ပုံ-WNS)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Incredible WINDMILL showcased on Channel 4 hides a heartbreaking secret – and could be yours for eye-watering sum (thesun)
Photo Credit: WNS
[Zawgyi]
Photo Credit: WNS
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service