ဂျနီဖာလိုပက်ဇ်က အင်စတာဂရမ်တွင် ဗွီဒီယိုဖိုင်တင်ကာ အသစ်ဝယ်ယူထားသော ဒေါ်လာ သန်း ၆၀ တန် စံအိမ်ကို ပရိသတ်များအား လှစ်ဟပြသခဲ့

ဂျနီဖာလိုပက်ဇ်က အင်စတာဂရမ်တွင် ဗွီဒီယိုဖိုင်တင်ကာ အသစ်ဝယ်ယူထားသော ဒေါ်လာ သန်း ၆၀ တန် စံအိမ်ကို ပရိသတ်များအား လှစ်ဟပြသခဲ့ - Property News in Myanmar from iMyanmarHouse.com
19 Jan 2024 10:43 am တွင် တင်ခဲ့သည်
1122 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဂျေလိုဟု လူသိများသူ ဂျနီဖာလိုပက်ဇ်သည် ခေတ်ဆန်ကျော့မော့သော ပန်းရောင်ပွဲတက်ဂါဝန် ဝတ်ဆင်ပြသ ရင်း သူ၏ စံအိမ်သစ်ကို ပရိသတ်များအား လှစ်ဟ ပြသခဲ့သည်။

၂၀၂၄ ခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲ မတိုင်မီ ဂျနီဖာလိုပက်ဇ်က အထူးအော်ဒါမှာယူထားသော Nicole+Felicia Couture ပုခုံးကြိုးမဲ့ ပွဲတက်ဂါဝန်ကို ဝတ်ဆင်ပြသထားသည့် ဗွီဒီယိုအား အင်စတာဂရမ်တွင် တင်ခဲ့သည်။

အဆိုပါဗွီဒီယိုကို ဂျနီဖာလိုပက်ဇ်က မကြာသေးမီက ဝယ်ယူထားသော စံအိမ်ကြီးအတွင်း ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ပရိသတ်များအား စံအိမ်အတွင်းပိုင်း မြင်ကွင်းများကို ကြည့်ရှုခွင့်ရစေခဲ့သည်။

ထိုဗွီဒီယိုဖိုင်၏ အပြင်ပန်းရည်ရွယ်ချက်မှာ သူမ၏ Barbie-pink ရောင် ဝတ်စုံနှင့် နှင်းဆီပွင့်များစီခြယ်သော အပေါ်ဝတ်ရုံတို့အား Behind the scene အဖြစ် ပြသခြင်းဖြစ်သော်လည်း လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးစ် အရပ်ရှိ စံအိမ်ကြီး၏ အတွင်းပိုင်းမြင်ကွင်းများကိုလည်း ပြသခဲ့သည်။

ဂျနီဖာလိုပက်ဇ်သည် ဘီဗာလီဟေးစ်စံအိမ်ကို ခင်ပွန်းဖြစ်သူ ဘင်အက်ဖလက်နှင့် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း က ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၆၀ ဒသမ ၈ သန်း ပေးခဲ့ရသည်။

ခြံအကျယ် ၅ ဒသမ ၂ ဧကရှိပြီး အိပ်ခန်း ၁၂ ခန်း ၊ ရေချိုးခန်း ၂၄ ခန်းပါဝင်ကာ စံအိမ်အကျယ်မှာ စတုရန်းပေ ၄၆၀၀၀ ကျယ်ဝန်းသည်။

အနီမှိုင်းရောင် ကုလားထိုင်များနှင့် ဖန်မီးဆိုင်းကြီးတစ်ခုပါသော ညစာစားခန်းကို ဂျနီဖာလိုပက်ဇ်၏ ဗွီဒီယိုတွင် တွေ့ရသည်။

 

 

(ဂျနီဖာလိုပက်ဇ်ကို အထူးမှာယူထားသော ပွဲတက်ဝတ်စုံဖြင့် ဒေါ်လာ ၆၀ ဒသမ ၈ သန်းတန် စံအိမ်အတွင်း တွေ့ရပုံ။ ဓာတ်ပုံ-Instagram/Jennifer Lopez)

 

(စံအိမ်၏ ကောင်းကင်ဓာတ်ပုံ။ ဓာတ်ပုံ-Mega)

 

(ဤပုံတွင် စံအိမ်အတွင်း မြင်ကွင်းကို ပိုမိုကျယ်ပြောစွာ တွေ့မြင်ရသည်။ ဓာတ်ပုံ-Instagram/Jennifer Lopez)

 

(ကြိုးမဲ့ ဘာဘီပန်းရောင် ဂါဝန် ဝတ်ဆင်ထားသော ဂျနီဖာလိုပက်ဇ်။ ဓာတ်ပုံ-Instagram/Jennifer Lopez)

 

(အိပ်ခန်း ၁၂ ခန်းနှင့် ရေချိုးခန်း ၂၄ ခန်းပါဝင်သည်။ ဓာတ်ပုံ-Instagram/Jennifer Lopez)

 

(ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်။ ဓာတ်ပုံ-Getty Images)

 

ဂျနီဖာလိုပက်ဇ်က သူ၏ ကယ်လီဖိုးနီးယားမှ စံအိမ်သစ်ကို ပရိသတ်များအား ကြည့်ရှုခွင့်ပြုခဲ့သည်မှာ ယခုအကြိမ်မှာ ပထမဆုံး မဟုတ်သေး။

ပြီးခဲ့သောလကလည်း သူမတို့စုံတွဲ၏ ခရစ္စမတ်သစ်ပင်ကြီးကို ပြသခဲ့ချိန်ကလည်း နေအိမ်အတွင်းပိုင်းမြင်ကွင်း များကို ပရိသတ်များ ကြည့်ရှုခွင့်ရခဲ့ကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jennifer Lopez offers a sneak peek inside new Beverly Hills mansion (nypost)

 

 

 

 

 

[Zawgyi]

ဂ်နီဖာလိုပက္ဇ္က အင္စတာဂရမ္တြင္ ဗြီဒီယိုဖိုင္တင္ကာ အသစ္ဝယ္ယူထားေသာ ေဒၚလာ သန္း ၆၀ တန္ စံအိမ္ကို ပရိသတ္မ်ားအား လွစ္ဟျပသခဲ့

 

ေဂ်လိုဟု လူသိမ်ားသူ ဂ်နီဖာလိုပက္ဇ္သည္ ေခတ္ဆန္ေက်ာ့ေမာ့ေသာ ပန္းေရာင္ပြဲတက္ဂါဝန္ ဝတ္ဆင္ျပသ ရင္း သူ၏ စံအိမ္သစ္ကို ပရိသတ္မ်ားအား လွစ္ဟ ျပသခဲ့သည္။

၂၀၂၄ ခုႏွစ္ ေရႊကမၻာလံုးဆုေပးပြဲ မတုိင္မီ ဂ်နီဖာလိုပက္ဇ္က အထူးေအာ္ဒါမွာယူထားေသာ Nicole+Felicia Couture ပုခံုးၾကိဳးမဲ့ ပြဲတက္ဂါဝန္ကို ဝတ္ဆင္ျပသထားသည့္ ဗြီဒီယိုအား အင္စတာဂရမ္တြင္ တင္ခဲ့သည္။

အဆိုပါဗီြဒီယိုကို ဂ်နီဖာလိုပက္ဇ္က မၾကာေသးမီက ဝယ္ယူထားေသာ စံအိမ္ၾကီးအတြင္း ရိုက္ကူးခဲ့ျခင္းျဖစ္ျပီး ပရိသတ္မ်ားအား စံအိမ္အတြင္းပိုင္း ျမင္ကြင္းမ်ားကို ၾကည့္ရႈခြင့္ရေစခဲ့သည္။

ထိုဗြီဒီယိုဖိုင္၏ အျပင္ပန္းရည္ရြယ္ခ်က္မွာ သူမ၏ Barbie-pink ေရာင္ ဝတ္စံုႏွင့္ ႏွင္းဆီပြင့္မ်ားစီျခယ္ေသာ အေပၚဝတ္ရံုတို႔အား Behind the scene အျဖစ္ ျပသျခင္းျဖစ္ေသာ္လည္း ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးစ္ အရပ္ရွိ စံအိမ္ၾကီး၏ အတြင္းပိုင္းျမင္ကြင္းမ်ားကိုလည္း ျပသခဲ့သည္။

ဂ်နီဖာလိုပက္ဇ္သည္ ဘီဗာလီေဟးစ္စံအိမ္ကို ခင္ပြန္းျဖစ္သူ ဘင္အက္ဖလက္ႏွင့္ ၂၀၂၃ ခုႏွစ္၊ ဇြန္လအတြင္း က ဝယ္ယူခဲ့ရာတြင္ ကန္ေဒၚလာ ၆၀ ဒသမ ၈ သန္း ေပးခဲ့ရသည္။

ျခံအက်ယ္ ၅ ဒသမ ၂ ဧကရွိျပီး အိပ္ခန္း ၁၂ ခန္း ၊ ေရခ်ဳိးခန္း ၂၄ ခန္းပါဝင္ကာ စံအိမ္အက်ယ္မွာ စတုရန္းေပ ၄၆၀၀၀ က်ယ္ဝန္းသည္။

အနီမိႈင္းေရာင္ ကုလားထုိင္မ်ားႏွင့္ ဖန္မီးဆိုင္းၾကီးတစ္ခုပါေသာ ညစာစားခန္းကို ဂ်နီဖာလိုပက္ဇ္၏ ဗြီဒီယိုတြင္ ေတြ႔ရသည္။

 

(ဂ်နီဖာလိုပက္ဇ္ကုိ အထူးမွာယူထားေသာ ပြဲတက္ဝတ္စံုျဖင့္ ေဒၚလာ ၆၀ ဒသမ ၈ သန္းတန္ စံအိမ္အတြင္း ေတြ႔ရပံု။ ဓာတ္ပံု-Instagram/Jennifer Lopez)

(စံအိမ္၏ ေကာင္းကင္ဓာတ္ပံု။ ဓာတ္ပံု-Mega)

(ဤပံုတြင္ စံအိမ္အတြင္း ျမင္ကြင္းကို ပိုမုိက်ယ္ေျပာစြာ ေတြ႔ျမင္ရသည္။ ဓာတ္ပံု-Instagram/Jennifer Lopez)

(ၾကိဳးမဲ့ ဘာဘီပန္းေရာင္ ဂါဝန္ ဝတ္ဆင္ထားေသာ ဂ်နီဖာလုိပက္ဇ္။ ဓာတ္ပံု-Instagram/Jennifer Lopez)

(အိပ္ခန္း ၁၂ ခန္းႏွင့္ ေရခ်ဳိးခန္း ၂၄ ခန္းပါဝင္သည္။ ဓာတ္ပံု-Instagram/Jennifer Lopez)

(ဂ်နီဖာလိုပက္ဇ္ႏွင့္ ဘင္အက္ဖလက္။ ဓာတ္ပံု-Getty Images)

 

ဂ်နီဖာလုိပက္ဇ္က သူ၏ ကယ္လီဖိုးနီးယားမွ စံအိမ္သစ္ကို ပရိသတ္မ်ားအား ၾကည့္ရႈခြင့္ျပဳခဲ့သည္မွာ ယခုအၾကိမ္မွာ ပထမဆံုး မဟုတ္ေသး။

ျပီးခဲ့ေသာလကလည္း သူမတို႔စံုတြဲ၏ ခရစၥမတ္သစ္ပင္ၾကီးကို ျပသခဲ့ခ်ိန္ကလည္း ေနအိမ္အတြင္းပိုင္းျမင္ကြင္း မ်ားကို ပရိသတ္မ်ား ၾကည့္ရႈခြင့္ရခဲ့ၾကသည္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jennifer Lopez offers a sneak peek inside new Beverly Hills mansion (nypost)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service