ခရစ္စတီယာနို ရော်နယ်ဒို ဒူဘိုင်းတွင် ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိ စံအိမ်ကြီးတစ်လုံး ဝယ်ယူ
ခရစ္စတီယာနို ရော်နယ်ဒို ဒူဘိုင်းတွင် ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိ စံအိမ်ကြီးတစ်လုံး ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
15 Jan 2024 10:47 am တွင် တင်ခဲ့သည်
793 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ခရစ္စတီယာနို ရော်နယ်ဒိုသည် ဆော်ဒီအာရေးဘီးယား ဘောလုံးကလပ်အသင်း Al Nassr သို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် စတင်ရောက်ရှိခဲ့ပြီး ကမ္ဘာ့လစာအများဆုံး ဘောလုံးသမား ဖြစ်လာခဲ့သည်။
ပထမရာသီဖြတ်သန်းအပြီးတွင် ပွဲပေါင်း ၅၀ ပါဝင်ကစားခဲ့ရာ၌ ၄၄ ဂိုးသွင်းယူပေးထားသည်။
ယင်းအနက် ၂ ဂိုးမှာ Al Nassr ကို Arab Club Champions Cup ရရှိစေခဲ့သည်။
Al Nassr ၏ မဟာပြိုင်ဖက်ဖြစ်သော Al Hilal ကို ဗိုလ်လုပွဲတွင် စီရော်နယ်ဒို၏ ဂိုးများဖြင့် အောင်ပွဲခံစေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ စီရော်နယ်ဒိုသည် အာရပ်စော်ဘွားများပြည်ထောင်စုတွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှင့်အတူ ခြေကုပ်အခိုင်အမာ တည်ဆောက်လာသည်။
ရီယာ့ဒ်အခြေစိုက် Al Nassr အသင်းနှင့် နှစ်စဉ်စုစုပေါင်းဝင်ငွေ ကန်ဒေါ်လာ သန်း ၂၀၀ ခန့်ဖြင့် စာချုပ်ချုပ်ဆို ထားသော စီရော်နယ်ဒိုသည် ယခုအခါ ဒူဘိုင်းတွင် စံအိမ်တစ်လုံး ဝယ်ယူလိုက်ကြောင်း Daily Mail သတင်း တစ်ရပ်တွင် ဖော်ပြသည်။
(စီရော်နယ်ဒိုသည် ဒူဘိုင်းရှိ Billionaires Island ဟု လူသိများသော ကျွန်းတွင် စံအိမ်ကြီးတစ်လုံး ဝယ်ယူခဲ့ သည်။)
(Billionaires Island ဟု လူသိများသော Jumeirah Bay Island ကို အဝေးမှ မြင်ရပုံ။)
(စီရော်နယ်ဒိုသည် ကျွန်းပေါ်မှ စံအိမ်ကြီးတစ်လုံး ဝယ်ယူလိုက်ပြီး ဒေါ်လာ သန်း ဆယ်ဂဏန်းခန့်ရှိမည်ဟု ယူဆကြသည်။)
အဆိုပါကျွန်းသည် ပင်လယ်ကို မျက်နှာမူထားပြီး စားသောက်ဆိုင်များစွာ၊ ရွက်လှေကလပ်တစ်ခုနှင့် အပန်းဖြေ စခန်းတစ်ခုတို့ ပါဝင်သည်။
အသက် ၃၈ နှစ်အရွယ်ရှိ စီရော်နယ်ဒို ဝယ်ယူလိုက်သောအိမ်မှာ ဆောက်လုပ်ပြီးစီးခြင်း မရှိသေးချေ။
သို့သော် ယခု ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ပြီးစီးဖွယ်ရှိကြောင်း ထိုဒေသနှင့် ရင်းနှီးကျွမ်းဝင်သူများက Bloomberg သတင်းဌာနသို့ ပြောသည်။
စံအိမ်ဝယ်ယူရာတွင် မည်မျှပေးခဲ့ရသည်ကိုမူ အတိအကျ မသိရချေ။
သို့သော် အရပ်စကားများအရ ဒေါ်လာ သန်း ဆယ်နှင့်ချီ၍ ပေးခဲ့ရကြောင်း ခန့်မှန်းကြသည်။
ရေမြင်းပုံသဏ္ဍာန်ဆောက်လုပ်ထားသော အဆိုပါကျွန်းသည် မကြာသေးမီနှစ်များအတွင်း ချမ်းသာကြွယ်ဝသူ တို့ အခြေချရာ နေရာဖြစ်လာသည်။
Developer များဖြစ်သော Palace Luxury Living မှ Wissam Damaa နှင့် SoftBank မှ Akshay Naheta တို့က ထိုကျွန်းပေါ်တွင် ဧရာမစံအိမ်ကြီး ၁၀ လုံး ရောင်းချနိုင်ရန် စီစဉ်နေပြီး စုစုပေါင်းတန်ကြေးအားဖြင့် ကန်ဒေါ်လာ ၅၄၅ သန်း ရှိမည် ဖြစ်သည်။
(ကျွန်းပေါ်မှ တန်ဖိုးကြီး စံအိမ်တစ်လုံး၏ ဧည့်ခန်း။)
(အရောင်းဈေးကွက်ဝင်နေသော စံအိမ်တစ်လုံးတွင် အိပ်ခန်း ၆ ခန်း ၊ ကမ်းခြေသို့ သီးသန့်ဝင်ခွင့် ၊ ကား ၇ စင်းထားနိုင်သော အခန်း ၊ ဒူဘိုင်းမြို့လယ်ကို တွေ့မြင်ရသော ရေကူးကန် ၊ ဝန်ထမ်းများအတွက် နေရာတို့ ပါဝင်သည်။)
စီရော်နယ်ဒိုနှင့် ရိုဒရီဂွက်ဇ်တို့ စုံတွဲ Billionaires Island တွင် မကြာမီ အပန်းဖြေနေနိုင်ကြမည် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Cristiano Ronaldo Reportedly Scores a Multimillion-Dollar Mansion in Dubai (robbreport, dailymail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service