ကမ္ဘာကျော် ပေါ့ပ်ဂီတအဖွဲ့ကြီး Bee Gees အဖွဲ့ ပထမဆုံး ဂီတဖျော်ဖြေခဲ့သည့်နေရာတွင် လူနေအိမ်ပေါင်း ၁၇၅ လုံး ဆောက်လုပ်မည်
ကမ္ဘာကျော် ပေါ့ပ်ဂီတအဖွဲ့ကြီး Bee Gees အဖွဲ့ ပထမဆုံး ဂီတဖျော်ဖြေခဲ့သည့်နေရာတွင် လူနေအိမ်ပေါင်း ၁၇၅ လုံး ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
11 Jan 2024 1:56 pm တွင် တင်ခဲ့သည်
622 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Bee Gees အဖွဲ့ကြီး၏ တေးသီချင်းများကို မြန်မာပရိသတ်တို့ ကောင်းစွာ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သည်။
Bee Gees ၏ To Love Somebody အမည်ရှိ သီချင်းကို အယ်လ်ခွန်းရီက ကိန္နရာချောင်းခြား အမှာစကား (ရင်ဂိုလည်း သီဆို) ၊ Words ကို တူးတူးက လမ်းခွဲမှာ မျက်ရည်သုတ်မယ် ၊ How can you mend a broken heart ကို ရင်ဂိုက အဆက်ရာလေးနဲ့ အသည်း ၊ I started a joke ကို ပိုးဒါလီသိန်းတန်က ရေယာဉ်လှိုင်း ၊ Too much heaven ကို စိုင်းစိုင်ခမ်းလှိုင်က နွေရာသီလမ်းခွဲဟုလည်းကောင်း ပြန်လည်သီဆိုထားသည်။
(မှတ်ချက်။ အခြားသီချင်းများစွာ ရှိပါသေးသည်။)
ယခုအခါ Bee Gees အဖွဲ့ကြီး ပထမဆုံး ဂီတဖျော်ဖြေခဲ့သော သြစတေးလျနိုင်ငံမှ Palace Hotel နေရာဟောင်း တွင် အိမ်ခြံမြေအကျပ်အတည်းကို အထောက်အကူဖြစ်စေရန်အတွက် နေအိမ်သစ်ပေါင်း ၁၇၅ လုံး ဆောက်လုပ်ရန် စီစဉ်လာသည်။
တည်နေရာမှာ သြစတေးလျနိုင်ငံ ၊ ကွင်းစလန်ပြည်နယ် ၊ ဘရစ္စဘိန်းမြို့၏ မြောက်ဘက်တွင် တည်ရှိသော Moreton Bay မြို့တွင် ဖြစ်သည်။
အိမ်ခြံမြေ Developer ဖြစ်သော Traders in Purple က အဆိုပါနေရာတွင် အိမ်ရာသစ်စီမံကိန်း အကောင်အထည်ဖော်ရန် တင်ပြလာမှုကို Moreton Bay မြို့ကောင်စီက ခွင့်ပြုလိုက်ပြီ ဖြစ်သည်။
ပဲလေ့စ်ဟိုတယ်သည် ၂၀၁၃ ခုနှစ်တွင် နောက်ဆုံးဖွင့်လှစ်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုနီးပါးအကြာတွင် ထိုနေရာ၌ လူနေအိမ်ရာ စီမံကိန်း အကောင်အထည် ဖော်လာခြင်းလည်း ဖြစ်သည်။
ဟိုတယ် မီးသင့်ပြီးနောက် တစ်နှစ်အကြာတွင် ဟိုတယ်ကို ဖြိုချ ဖျက်သိမ်းခဲ့သည်။
(Bee Gees အဖွဲ့ကို ကမ္ဘာကျော် အဆိုတော် အမျိုးသမီး အိုလီဗီယာ နယူတန် ဂျွန်နှင့်အတူ ၁၉၇၉ ခုနှစ်က တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-Getty Images)
(Bee Gees အဖွဲ့သား ၃ ဦးဖြစ်သော Maurice Gibb, Barry Gibb နှင့် Robin Gibb တို့ကို ၁၉၇၀ ပြည့်နှစ်က ဗြိတိန်တွင် တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-Shutterstok)
Traders in Purple အိမ်ခြံမြေ Developer သည် ယခုနေရာတွင် ၁၅ ထပ် မြင့်မားသော လူနေအဆောက်အအုံတစ်လုံး ဆောက်လုပ်ရန် ယခင်က ခွင့်ပြုချက် ရရှိထားပြီး ဖြစ်သော်လည်း စီမံကိန်းကို ပြန်လည်ပြောင်းလဲကာ ၅ ထပ် အဆောက်အအုံများသာ ဆောက်လုပ်ရန် ပြန်လည်တင်ပြခဲ့သည်။
ယခုစီမံကိန်းတွင် လူနေခန်းပေါင်း ၁၇၅ ခန်းခန့် ပါဝင်မည်ဖြစ်ပြီး Moreton Bay မြို့နှင့် ဘရစ္စဘိန်းမြို့များ၏ ကောင်းကင်မြင်ကွင်းများ ပိုင်ဆိုင်ထားသည်။
Traders in Purple ၏ ဖွံ့ဖြိုးရေးမန်နေဂျာ အဲလက်စ် ဘလက်ခ်က ပြောသည်မှာ အရွယ်အစားအကျယ်အဝန်း အမျိုးမျိုးရှိသော လူနေခန်းများ ရရှိနိုင်မည် ဖြစ်ကြောင်း၊ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အလုပ်လုပ်ကိုင်သည့် အသက်အရွယ်ရှိသူများနှင့် မိသားစုများ ဤဒေသတွင် အိမ်ခြံမြေဝယ်ယူမှုများ မြင့်တက်လာကြောင်း ၊ ဘရစ္စဘိန်းမြို့ စီးပွားရေးရပ်ကွက်မှ မိနစ် ၄၀ ခန့်ကွာဝေးသော နေရာတွင် အပန်းဖြေနိုင်မည့် နေရာ ရှာဖွေလာကြကြောင်‌ ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mingalar Market
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service