အမေရိကန် ရက်ပ်အဆိုတော် ကင်ညေးဝက်စ်က အရှေ့အလယ်ပိုင်းတွင် ဧက ၁၀၀,၀၀၀ ကျယ်ဝန်းသော မြို့ကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ်ထားကြောင်း ကြေညာ
အမေရိကန် ရက်ပ်အဆိုတော် ကင်ညေးဝက်စ်က အရှေ့အလယ်ပိုင်းတွင် ဧက ၁၀၀,၀၀၀ ကျယ်ဝန်းသော မြို့ကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ်ထားကြောင်း ကြေညာ - Property News in Myanmar from iMyanmarHouse.com
27 Dec 2023 11:06 am တွင် တင်ခဲ့သည်
851 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကြီးကျယ်ခမ်းနားသော စီမံကိန်းများ ၊ မထုတ်ဝေဖြစ်သော တေးအယ်လ်ဘမ်များဖြင့် နာမည်ကြီးသူ အမေရိကန် ရက်ပ်အဆိုတော် ကင်ညေးဝက်စ်က အရှေ့အလယ်ပိုင်းဒေသတွင် DROAM အမည်ရှိ မိမိဘာသာ ရပ်တည်နိုင်သော မြို့ကြီးတစ်ခု ဆောက်လုပ်ရန် ရည်ရွယ်နေသည်။
ကင်ညေးဝက်စ်သည် အဆုံးမသတ်ရသေးသော လုပ်ငန်းများနှင့် စွန့်ပစ်ထားသော စံအိမ်ကြီးများ ရှိနေသည့် အကြားမှ ယခုစီမံကိန်း ပေါ်ပေါက်လာခြင်းဖြစ်ရာ သူ၏ ပရိသတ်များက ယခုစီမံကိန်း အကောင်အထည်ဖော်မည်ဆိုသည့်အပေါ် စိတ်ဝင်စားမှုနှင့်အတူ သံသယ ဖြစ်မှုများလည်း ရှိသည်။
နှစ်ပေါင်းများစွာကာလအတွင်း ကင်ညေးဝက်စ်သည် တေးအယ်လ်ဘမ်အသစ် ထွက်ရှိမည်ဟု ကြေညာမှုများ ပြုလုပ်ခဲ့ပြီး မည်သည့်အခါမှ ထွက်ရှိလာခြင်းမရှိရာ ၎င်းကို အားပေးသူများက စိတ်ပျက်မှုနှင့်အတူ မချင့်မရဲ ဖြစ်မှုတို့လည်း ဖြစ်ကြရသည်။
ကင်ညေးဝက်စ်နှင့် အမေရိကန်အဆိုတော် Ty Dolla $ign တို့ ပူးတွဲကာ Vultures အမည်ရှိ တေးအယ်လ်ဘမ် ကို Streaming ပလက်ဖောင်းများတွင် ပြီးခဲ့သော ရက်သတ္တပတ်ကုန်တွင် ထုတ်လွှင့်မည်ဟု ကတိပြုခဲ့ သော်လည်း မထုတ်လွှင့်ခဲ့ရာ ပရိသတ်များ စိတ်ပျက်ခဲ့ရသည်။
(ထိုအယ်လ်ဘမ်မှာ နှစ်သစ်ကူးအကြိုကာလတွင် ထွက်ရှိလာနိုင်ကြောင်း မှန်းဆချက်များ ရှိနေသည်။ သို့သော် ပရိသတ်များအနေဖြင့် ၎င်းတို့၏ မျှော်လင့်ချက်များကို စွန့်လွှတ်လိုက်ကြရန် သတိပေးမှုများလည်း ရှိနေဆဲ ဖြစ်သည်။)
ယခုအခါ ကင်ညေးဝက်စ်က X လူမှုကွန်ရက်တွင် အံ့ဖွယ်ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာ DROAM အမည်ရှိ မြို့သစ်တစ်ခု တည်ထောင်မည်ဟု ကြေညာလာခြင်း ဖြစ်သည်။
ကင်ညေးဝက်စ်က ထိုမြို့သစ်ကို အရှေ့အလယ်ပိုင်း တစ်နေရာတွင် ဆောက်လုပ်ရန် ရည်ရွယ်ထားသော်လည်း နေရာအတိအကျ မပြောချေ။
(အရှေ့အလယ်ပိုင်းတွင် မြို့တစ်ခုတည်ထောင်ရန် ရည်ရွယ်ကြောင်း ကင်ညေးဝက်စ်က ကြေညာသည်။ ဓာတ်ပုံ-Mega)
(ကင်ညေးဝက်စ်က ဒီဇင်ဘာ ၂၀ ရက်တွင် X လူမှုကွန်ရက်၌ မြို့သစ်အတွက် အလုပ်ခေါ်ယူမှုများ ပြုလုပ်ခဲ့ရာ ပရော့ဂျက်မန်နေဂျာများ ၊ အင်ဂျင်နီယာများ ၊ ဗိသုကာပညာရှင်များနှင့် ကန်ထရိုက်တာများ ခေါ်ခဲ့သည်ကို တွေ့ရသည်။ ဓာတ်ပုံ-X/@unreleased-ye)
ထိုမြို့သစ်ကို ဧက ၁၀၀၀၀၀ အကျယ်အဝန်းအထိ ဆောက်လုပ်ရန် စီစဉ်ထားရာ နယူးယောက်မြို့ထက် ၂ ဆ ခန့် ကျယ်ဝန်းမည် ဖြစ်သည်။
ကင်ညေးဝက်စ်က ထိုစီမံကိန်းအတွက် လူသူစုဆောင်းလျက်ရှိရာ ပရောဂျက်မန်နေဂျာများ ၊ အင်ဂျင်နီယာများ ၊ ဗိသုကာပညာရှင်များနှင့် ကန်ထရိုက်တာများ ခေါ်ခဲ့သည်ကို တွေ့ရသည်။
ယခုကဲ့သို့ ရည်မှန်းချက်ကြီးမားသည့် စီမံကိန်းအကြောင်း ကြေညာခဲ့သော်လည်း မတ်လအတွင်း ၎င်းဝယ်ယူခဲ့ သော လော့စ်အိန်ဂျလိမြို့ရှိ ဒေါ်လာ ၁ ဒသမ ၅ သန်းတန် ဘုရားကျောင်းမှာ စွန့်ပစ်ခံထားရသည်။
ဓာတ်ပုံများအရ ဘုရားကျောင်း အဆောက်အအုံ ပြတင်းပေါက်များကို ဘုတ်ပြားများဖြင့် ကာရံထားပြီး အမှိုက်သရိုက်များလည်း စုပုံနေသည်ကို တွေ့ရသည်။
(ကင်ညေးဝက်စ်ကို ဆော်ဒီအာရေးဘီးယားနိုင်ငံ ၊ ရီယာ့ဒ်မြို့တွင် ပြီးခဲ့သောလအတွင်း ပရိသတ်များနှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ-SplashNews)
(ကင်ညေးဝက်စ် ဆောက်လုပ်မည့် မြို့ကို DROAM ဟု အမည်ပေးထားသည်။ ဓာတ်ပုံ-Mega)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
 (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Kanye West announces plans to build 100,000-acre city in the Middle East (nypost)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service