Mark Zuckerberg က ဟာဝိုင်အီတွင် မြေအောက်ဗုံးခိုကျင်းကြီးပါသော ကြီးမားသည့်စံအိမ်ဝန်းကြီးတစ်ခုကို ကန်ဒေါ်လာ သန်း ၁၀၀ အကုန်ခံကာ ဆောက်လုပ်လျက်ရှိ

Mark Zuckerberg က ဟာဝိုင်အီတွင် မြေအောက်ဗုံးခိုကျင်းကြီးပါသော ကြီးမားသည့်စံအိမ်ဝန်းကြီးတစ်ခုကို ကန်ဒေါ်လာ သန်း ၁၀၀ အကုန်ခံကာ ဆောက်လုပ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
22 Dec 2023 11:38 am တွင် တင်ခဲ့သည်
1117 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဖေ့စ်ဘုတ်တည်ထောင်သူ Mark Zuckerberg သည် ဟာဝိုင်အီကျွန်းတွင် ဒေါ်လာ သန်း ၁၀၀ တန် အပြောကျယ်လှသော ခြံဝန်းကြီးတစ်ခု ဆောက်လုပ်လျက်ရှိကြောင်း နယူးယောက်ပို့စ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါစံအိမ်ဝန်းကြီးတွင် မြေအောက်ဗုံးခိုကျင်းကြီးအပြင် ကိုယ်ပိုင်အစားအသောက်နှင့် စွမ်းအင်ရင်းမြစ်များ ပါဝင်ကာ လျှို့ဝှက်စီမံကိန်းအဖြစ် ဆောက်လုပ်ခြင်းဖြစ်သည်ဟူသော သတင်းများ ရှိသည်။

Mark Zuckerberg က ကမ္ဘာဖျက်စစ်ပွဲကြီးများ ပေါ်ပေါက်လာပါက ပုန်းခိုရန်နေရာ ကြိုတင်ပြင်ဆင်နေမှုအပေါ် လျှို့ဝှက်ထားရန် ကြိုးစားနေသည်။

Mark Zuckerberg ၏ စံအိမ်ဝန်းကြီးကို Koolau Ranch ဟုအမည်ပေးထားပြီး တစိတ်တစ်ဒေသ ဆောက်လုပ် ပြီးစီး ထားပြီဖြစ်ကာ ခေတ်သစ်သမိုင်းတွင် တန်ကြေးအကြီးဆုံး ပုဂ္ဂလိကနေအိမ် ဆောက်လုပ်ရေးစီမံကိန်းများ တွင် တစ်ခုအပါအဝင်ဖြစ်လာကြောင်း အိမ်ခြံမြေမှတ်တမ်းများနှင့် ဆောက်လုပ်ရေးကန်ထရိုက်တာများနှင့် တွေ့ဆုံမေးမြန်းမှုများအရ သိရသည်။

Mark Zuckerberg ၏ စံအိမ်ဝန်းမှာ ဟာဝိုင်အီကျွန်းစုရှိ Kauai ကျွန်းပေါ်တွင် တည်ရှိသည်။

ပင်မစံအိမ် ၂ လုံးအပြင် အဆောက်အအုံတစ်ဒါဇင်ကျော် ပါဝင်မည်ဖြစ်ပြီး ၎င်းတို့ကို ဥမင်တစ်ခုဖြင့် ဆက်သွယ်ပေးထားမည်ဖြစ်ကာ စတုရန်းပေ ၅၀၀၀ ကျယ်ဝန်းသည့် မြေအောက်ဗုံးခိုကျင်းတစ်ခုဆီသို့ ရောက်ရှိမည် ဖြစ်သည်။

အဆိုပါ မြေအောက်ဗုံးခိုကျင်းမှ လှေကားတစ်ခုဖြင့် မလွယ်ပေါက်တံခါးတစ်ခု တပ်ဆင်ထားသည်။

စံအိမ်ဝန်းတွင် အနည်းဆုံး အိပ်ခန်းပေါင်း ၃၀ နှင့် ရေချိုးခန်း ၃၀ အပြင် ဧည့်ဂေဟာအိမ်များနှင့် သစ်ပင်အိမ် ၁၁ လုံး ပါဝင်မည် ဖြစ်သည်။

သစ်ပင်အိမ်များကို ကြိုးတံတားများဖြင့် ဆက်သွယ်ပေးထားမည်ဟု ဆိုသည်။

မြေအောက်ဗုံးခိုကျင်းတွင် လူနေထိုင်ရန် နေရာ ၊ စက်ခန်းတို့ပါဝင်မည် ဖြစ်ကာ ဗုံးဒဏ်ခံနိုင်သော ကွန်ကရစ် ၊ စတီးတံခါးတို့ဖြင့် ဆောက်လုပ်မည်ဟု ဆိုသည်။

 

 

(Mark Zuckerberg က ယခုမြေနေရာကို ကန်ဒေါ်လာ သန်း ၁၇၀ ဖြင့် ဝယ်ယူခဲ့ပြီး ဇနီးနှင့် ကလေးများက ဤနေရာကို မိသားစုနေအိမ်အဖြစ် ရှုမြင်ကြကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရသူတစ်ဦးက ပြောသည်။ ဓာတ်ပုံ-Getty Images)

 

 

(Mark Zuckerberg ကို ဟာဝိုင်အီကျွန်းတွင် ၂၀၂၁ ခုနှစ်အတွင်း ပင်လယ်လှိုင်းလုံးများအကြား ရေကစား နေသည်ကို တွေ့ရပုံ။ ဓာတ်ပုံ-SWNS)

 

 

ခြံဝန်းကြီးအတွင်းရှိ အဆောက်အအုံတို့၏ ဝင်ပေါက်ထွက်ပေါက်များတွင် နံပါတ်ခလုတ်နှိပ်ရသောသော့များနှင့် တံခါးများ တပ်ဆင်ထားမည်ဖြစ်ကာ အသံလုံစနစ်လည်း ပါဝင်မည် ဖြစ်သည်။

စာကြည့်တိုက်အတွင်းတွင် လျှို့ဝှက်တံခါးတစ်ခု ပါဝင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဆိုင်ရာ စာရွက်စာတမ်း များအရ သိရသည်။

ခြံဝန်းကြီးတစ်ခုလုံး၏ နေရာတိုင်းတွင် ကင်မရာများတပ်ဆင်ထားပြီးဖြစ်ကာ အလုပ်သမားတစ်ဦး၏ ပြောကြားချက်အရ အဆောက်အအုံငယ်တစ်လုံးတွင်ပင်လျှင် ကင်မရာပေါင်း ၂၀ ကျော်ရှိသည်ဟု ဆိုသည်။

Mark Zuckerberg က လျှပ်စစ်မီးနှင့် စားနပ်ရိက္ခာအစရှိသည်အားလုံး ဤခြံဝန်းကြီးတွင် မိမိဘာသာရပ်တည်နိုင်ရန် စီစဉ်ထားသည်။

ခြံဝန်းအတွင်း အချင်း ၅၅ ပေ ၊ အမြင့် ၁၈ ပေရှိသော ရေစင်ကြီးနှင့် ရေပို့စနစ်တပ်ဆင်ထားပြီး ဖြစ်သည်။

ခြံဝန်းကြီးတွင် ရှိပြီးဖြစ်သော ဧက ၁၄၀၀ ပေါ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့မှတဆင့် အစားအသောက်များ ရရှိမည် ဖြစ်သည်။

Mark Zuckerberg က သူ၏ ခြံဝန်းကြီးကို ၆ ပေမြင့်သော တံတိုင်းကြီးဖြင့် ကာရန်ထားပြီး ဆောက်လုပ်ရေး ဝန်ထမ်းအားလုံးကို NDA စာချုပ် (လျှို့ဝှက်ချက်များအား အခြားသူတို့ကို ထုတ်မပြောပါဟု သဘောတူညီချက်) လက်မှတ်ရေးထိုးခိုင်းထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Mark Zuckerberg building $100M Hawaii compound with massive underground bunker: report (nypost)

 

 

 

 

[Zawgyi]

 

Mark Zuckerberg က ဟာဝိုင္အီတြင္ ေျမေအာက္ဗံုးခိုက်င္းၾကီးပါေသာ ၾကီးမားသည့္စံအိမ္ဝန္းၾကီးတစ္ခုကို ကန္ေဒၚလာ သန္း ၁၀၀ အကုန္ခံကာ ေဆာက္လုပ္လ်က္ရွိ

 

ေဖ့စ္ဘုတ္တည္ေထာင္သူ Mark Zuckerberg သည္ ဟာဝိုင္အီကၽြန္းတြင္ ေဒၚလာ သန္း ၁၀၀ တန္ အေျပာက်ယ္လွေသာ ျခံဝန္းၾကီးတစ္ခု ေဆာက္လုပ္လ်က္ရွိေၾကာင္း နယူးေယာက္ပို႔စ္သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

အဆုိပါစံအိမ္ဝန္းၾကီးတြင္ ေျမေအာက္ဗံုးခိုက်င္းၾကီးအျပင္ ကိုယ္ပိုင္အစားအေသာက္ႏွင့္ စြမ္းအင္ရင္းျမစ္မ်ား ပါဝင္ကာ လွ်ိဳ႕ဝွက္စီမံကိန္းအျဖစ္ ေဆာက္လုပ္ျခင္းျဖစ္သည္ဟူေသာ သတင္းမ်ား ရွိသည္။

Mark Zuckerberg က ကမၻာဖ်က္စစ္ပြဲၾကီးမ်ား ေပၚေပါက္လာပါက ပုန္းခုိရန္ေနရာ ၾကိဳတင္ျပင္ဆင္ေနမႈအေပၚ လွ်ိဳ႕ဝွက္ထားရန္ ၾကိဳးစားေနသည္။

Mark Zuckerberg ၏ စံအိမ္ဝန္းၾကီးကို Koolau Ranch ဟုအမည္ေပးထားျပီး တစိတ္တစ္ေဒသ ေဆာက္လုပ္ ျပီးစီး ထားျပီျဖစ္ကာ ေခတ္သစ္သမိုင္းတြင္ တန္ေၾကးအၾကီးဆံုး ပုဂၢလိကေနအိမ္ ေဆာက္လုပ္ေရးစီမံကိန္းမ်ား တြင္ တစ္ခုအပါအဝင္ျဖစ္လာေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားႏွင့္ ေဆာက္လုပ္ေရးကန္ထရိုက္တာမ်ားႏွင့္ ေတြ႔ဆံုေမးျမန္းမႈမ်ားအရ သိရသည္။

Mark Zuckerberg ၏ စံအိမ္ဝန္းမွာ ဟာဝိုင္အီကၽြန္းစုရွိ Kauai ကၽြန္းေပၚတြင္ တည္ရွိသည္။

ပင္မစံအိမ္ ၂ လံုးအျပင္ အေဆာက္အအံုတစ္ဒါဇင္ေက်ာ္ ပါဝင္မည္ျဖစ္ျပီး ၎တို႔ကို ဥမင္တစ္ခုျဖင့္ ဆက္သြယ္ေပးထားမည္ျဖစ္ကာ စတုရန္းေပ ၅၀၀၀ က်ယ္ဝန္းသည့္ ေျမေအာက္ဗံုးခိုက်င္းတစ္ခုဆီသို႔ ေရာက္ရွိမည္ ျဖစ္သည္။

အဆိုပါ ေျမေအာက္ဗံုးခိုက်င္းမွ ေလွကားတစ္ခုျဖင့္ မလြယ္ေပါက္တံခါးတစ္ခု တပ္ဆင္ထားသည္။

စံအိမ္ဝန္းတြင္ အနည္းဆံုး အိပ္ခန္းေပါင္း ၃၀ ႏွင့္ ေရခ်ဳိးခန္း ၃၀ အျပင္ ဧည့္ေဂဟာအိမ္မ်ားႏွင့္ သစ္ပင္အိမ္ ၁၁ လံုး ပါဝင္မည္ ျဖစ္သည္။

သစ္ပင္အိမ္မ်ားကို ၾကဳိးတံတားမ်ားျဖင့္ ဆက္သြယ္ေပးထားမည္ဟု ဆိုသည္။

ေျမေအာက္ဗံုးခိုက်င္းတြင္ လူေနထိုင္ရန္ ေနရာ ၊ စက္ခန္းတုိ႔ပါဝင္မည္ ျဖစ္ကာ ဗံုးဒဏ္ခံႏိုင္ေသာ ကြန္ကရစ္ ၊ စတီးတံခါးတို႔ျဖင့္ ေဆာက္လုပ္မည္ဟု ဆိုသည္။

(Mark Zuckerberg က ယခုေျမေနရာကို ကန္ေဒၚလာ သန္း ၁၇၀ ျဖင့္ ဝယ္ယူခဲ့ျပီး ဇနီးႏွင့္ ကေလးမ်ားက ဤေနရာကို မိသားစုေနအိမ္အျဖစ္ ရႈျမင္ၾကေၾကာင္း ၎၏ ေျပာေရးဆိုခြင့္ရသူတစ္ဦးက ေျပာသည္။ ဓာတ္ပံု-Getty Images)

(Mark Zuckerberg ကို ဟာဝိုင္အီကၽြန္းတြင္ ၂၀၂၁ ခုႏွစ္အတြင္း ပင္လယ္လိႈင္းလံုးမ်ားအၾကား ေရကစား ေနသည္ကို ေတြ႔ရပံု။ ဓာတ္ပံု-SWNS)

ျခံဝန္းၾကီးအတြင္းရွိ အေဆာက္အအံုတို႔၏ ဝင္ေပါက္ထြက္ေပါက္မ်ားတြင္ နံပါတ္ခလုတ္ႏွိပ္ရေသာေသာ့မ်ားႏွင့္ တံခါးမ်ား တပ္ဆင္ထားမည္ျဖစ္ကာ အသံလံုစနစ္လည္း ပါဝင္မည္ ျဖစ္သည္။

စာၾကည့္တုိက္အတြင္းတြင္ လွ်ိဳ႕ဝွက္တံခါးတစ္ခု ပါဝင္မည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဆိုင္ရာ စာရြက္စာတမ္း မ်ားအရ သိရသည္။

ျခံဝန္းၾကီးတစ္ခုလံုး၏ ေနရာတိုင္းတြင္ ကင္မရာမ်ားတပ္ဆင္ထားျပီးျဖစ္ကာ အလုပ္သမားတစ္ဦး၏ ေျပာၾကားခ်က္အရ အေဆာက္အအံုငယ္တစ္လံုးတြင္ပင္လွ်င္ ကင္မရာေပါင္း ၂၀ ေက်ာ္ရွိသည္ဟု ဆိုသည္။

Mark Zuckerberg က လွ်ပ္စစ္မီးႏွင့္ စားနပ္ရိကၡာအစရွိသည္အားလံုး ဤျခံဝန္းၾကီးတြင္ မိမိဘာသာရပ္တည္ႏိုင္ရန္ စီစဥ္ထားသည္။

ျခံဝန္းအတြင္း အခ်င္း ၅၅ ေပ ၊ အျမင့္ ၁၈ ေပရွိေသာ ေရစင္ၾကီးႏွင့္ ေရပို႔စနစ္တပ္ဆင္ထားျပီး ျဖစ္သည္။

ျခံဝန္းၾကီးတြင္ ရွိျပီးျဖစ္ေသာ ဧက ၁၄၀၀ ေပၚရွိ စိုက္ပ်ဳိးေရးႏွင့္ ေမြးျမဴေရးတို႔မွတဆင့္ အစားအေသာက္မ်ား ရရွိမည္ ျဖစ္သည္။

Mark Zuckerberg က သူ၏ ျခံဝန္းၾကီးကို ၆ ေပျမင့္ေသာ တံတိုင္းၾကီးျဖင့္ ကာရန္ထားျပီး ေဆာက္လုပ္ေရး ဝန္ထမ္းအားလံုးကို NDA စာခ်ဳပ္ (လွ်ိဳ႕ဝွက္ခ်က္မ်ားအား အျခားသူတို႔ကုိ ထုတ္မေျပာပါဟု သေဘာတူညီခ်က္) လက္မွတ္ေရးထိုးခိုင္းထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Mark Zuckerberg building $100M Hawaii compound with massive underground bunker: report (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service