ဂီတတူရိယာ ထည့်သောပုံးထဲတွင် ပုန်းခိုကာ ဂျပန်မှ ထွက်ပြေးခဲ့သူ ၊ Nissan နှင့် Renault တို့၏ စီအီးအို Carlos Ghosn နေအိမ်မှ နှင်ထုတ်ခံရ

ဂီတတူရိယာ ထည့်သောပုံးထဲတွင် ပုန်းခိုကာ ဂျပန်မှ ထွက်ပြေးခဲ့သူ ၊ Nissan နှင့် Renault တို့၏ စီအီးအို Carlos Ghosn နေအိမ်မှ နှင်ထုတ်ခံရ - Property News in Myanmar from iMyanmarHouse.com
16 Nov 2023 10:52 am တွင် တင်ခဲ့သည်
651 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဂျပန်နိုင်ငံမှ ထွက်ပြေးကာ လက်ဘနွန်တွင် ၄ နှစ်ကြာ နေထိုင်လျက်ရှိသူ ၊ Nissan နှင့် Renault တို့၏ စီအီးအို Carlos Ghosn ကို လက်ဘနွန်တရားသူကြီးတစ်ဦးက နေအိမ်မှ ထွက်ခွာရန် အမိန့်ချမှတ်ခဲ့သည်ဟု ဆိုသည်။

(ကားလော့စ် ဂွန်း ဘာလဲ)

ကားလော့စ် ဂွန်း (Carlos Ghosn) (မွေး-၁၉၅၄) သည် ဘရာဇီးနိုင်ငံသားတစ်ဦးဖြစ်ပြီး Michelin ၊ Renault ၊ AvtoVAZ ၊ Nissan နှင့် Mitsubishi Motors ကားကုမ္ပဏီများ၏ စီအီးအိုအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

သူသည် Michelin တွင် စတင်လုပ်ကိုင်ခဲ့ပြီး ၁၈ နှစ်တာအတွင်း ရာထူးအဆင့်ဆင့်တက်ကာ ၁၉၉၀ ပြည့်နှစ် တွင် စီအီးအိုဖြစ်လာခဲ့သည်။

၁၉၉၆ ခုနှစ်တွင် Renault သို့ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ကားလော့စ် ဂွန်းသည် Renault နှင့် Nissan တို့ မဟာမိတ်အဖြစ် ပူးပေါင်းမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

၂၀၀၁ ခုနှစ် နှစ်လယ်ပိုင်းတွင် Nissan ၏ စီအီးအိုအဖြစ် ခန့်အပ်ခံရပြီး Renault တွင်လည်း စီအီးအိုအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ Fortune Global 500 ကုမ္ပဏီများအနက် ကုမ္ပဏီ ၂ ခုကို တစ်ပြိုင်တည်း ကွပ်ကဲပေး သည့် ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

 

 

(ထွက်ပြေးလွတ်မြောက်ခြင်း)

ကားလော့စ် ဂွန်းသည် ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလတွင် တိုကျိုနိုင်ငံတကာ လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည်။

လစာ လျှော့ချတင်ပြခြင်းနှင့် ကုမ္ပဏီပိုင် ပစ္စည်းများ အလွဲသုံးခြင်း စွဲချက်များဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ် အတွင်း ဂျပန်ရှိ အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရပြီး နောက်ပိုင်းတွင် အာမခံဖြင့် လွှတ်ပေးခြင်း ခံရသည်။

ထိုသို့ အာမခံဖြင့် လွှတ်ထားချိန်တွင် ဂီတတူရိယာထည့်သော ပုံးတစ်ခုအတွင်း ပုန်းခိုကာ သီးသန့်လေယာဉ် တစ်စင်းဖြင့် ဂျပန်မှ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

ထိုအချိန်ကတည်းက လက်ဘနွန်နိုင်ငံတွင် နေထိုင်နေခဲ့ခြင်း ဖြစ်သည်။

(ရုပ်ရှင်ရိုက်ပြီ)

၂၀၁၉ နှစ်သစ်ကူးကာလတွင် ကားလော့စ် ဂွန်းစ် ဂျပန်မှ အံ့ဖွယ်လွတ်မြောက်သွားမှုမှာ ကမ္ဘာ့ထိပ်တန်း သတင်းတစ်ရပ်ဖြစ်ခဲ့ပြီး မှတ်တမ်းရုပ်ရှင်ရိုက်ကူးရန် ဇာတ်လမ်းကောင်း ဖြစ်လာခဲ့သည်။

တချိန်က ကမ္ဘာ့သြဇာအလွှမ်းဆုံး ကားကုမ္ပဏီ စီအီးအိုများတွင် တစ်ဦးအပါအဝင်ဖြစ်သူ ကားလော့စ် ဂွန်း၏ ဘဝဇာတ်ကြောင်းကို Wanted : The Escape of Carlos Ghosn ဟူသော အမည်ဖြင့် ယခုနှစ် သြဂုတ်လ ၂၅ ရက်တွင် ရိုက်ကူးခဲ့ပြီး Apple TV+တွင် ထုတ်လွှင့်ပြသမည် ဖြစ်သည်။

အပိုင်း ၄ ပိုင်းပါ အဆိုပါ မှတ်တမ်းရုပ်ရှင်ကို James Gay-Rees နှင့် Paul Martin တို့က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

 

 

(နေအိမ်မှ နှင်ထုတ်ခံရခြင်း)

ကားလော့စ် ဂွန်းသည် ဂျပန်မှ ထွက်ပြေးလွတ်မြောက်ပြီးနောက် လက်ဘနွန်နိုင်ငံ ၊ ဘေရွတ်မြို့ရှိ ဒေါ်လာ ၁၉ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ခဲ့သည်။

ယခုအခါ လက်ဘနွန်တရားရုံးတစ်ခုက ကားလော့စ် ဂွန်းနှင့် ဇနီးတို့ကို အောက်တိုဘာ ၁၆ မှ စကာ တစ်လ အတွင်း ထိုအိမ်မှ ဖယ်ရှားပေးရန် အမိန့်ချမှတ်ခဲ့သည်။

ကားလော့စ် ဂွန်းသည် ထိုအိမ်ကို မပိုင်ဆိုင်ချေ။

ထိုအိမ်ကို လက်ဘနွန်ကုမ္ပဏီ Phoinos Investment က ပိုင်ဆိုင်ခြင်းဖြစ်သည်။

ကားလော့စ် ဂွန်းကို ဤအိမ်တွင် နေထိုင်မှုဖြင့် ထိုကုမ္ပဏီက ၂၀၁၉ တွင် တရားစွဲခဲ့ခြင်း ဖြစ်သည်။

ကုမ္ပဏီက ပြောသည်မှာ ကားလော့စ် ဂွန်းသည် ကုမ္ပဏီပိုင် အဆောက်အအုံကို တရားမဝင် ကျူးကျော်ခဲ့ ကြောင်း ပြောသည်။

ကားလော့စ် ဂွန်းက ပြောသည်မှာမူ Phoinos Investment သည် Nissan ကုမ္ပဏီနှင့် ဆက်နွယ်ပေါင်းစည်း ထားကြောင်း ၊ ယခုအိမ်ကို မိမိနေထိုင်ရန်အတွက် ဝယ်ယူပေးထားခြင်းဖြစ်ကြောင်း ၊ ယခုအိမ်တွင် မိမိအား နေထိုင်ခွင့်ပေးသည့် သဘောတူညီချက်တစ်ခု Nissan နှင့် လက်မှတ်ရေးထိုးထားကြောင်း ပြောသည်။

သို့သော် တရားသူကြီးတစ်ဦးက ထောက်ပြသည်မှာ ထိုအိမ်တွင် နေထိုင်ခွင့်မှာ Nissan နှင့် သဘောတူညီထား ခြင်းသာဖြစ်ကြောင်း ၊ ယခုအခါ ကားလော့စ် ဂွန်းနှင့် Nissan တို့ဆက်ဆံရေး အဆုံးသတ်သွားပြီဖြစ်ရာ ထိုအိမ် တွင် နေထိုင်ခွင့်မရှိကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Carlos Ghosn Gets Evicted From $19 Million Beirut Mansion Bought By Nissan (carscoops)

 

 

 

[Zawgyi]

 

ဂီတတူရိယာ ထည့္ေသာပံုးထဲတြင္ ပုန္းခိုကာ ဂ်ပန္မွ ထြက္ေျပးခဲ့သူ ၊ Nissan ႏွင့္ Renault တို႔၏ စီအီးအို Carlos Ghosn ေနအိမ္မွ ႏွင္ထုတ္ခံရ

 

ဂ်ပန္ႏိုင္ငံမွ ထြက္ေျပးကာ လက္ဘႏြန္တြင္ ၄ ႏွစ္ၾကာ ေနထုိင္လ်က္ရွိသူ ၊ Nissan ႏွင့္ Renault တို႔၏ စီအီးအို Carlos Ghosn ကို လက္ဘႏြန္တရားသူၾကီးတစ္ဦးက ေနအိမ္မွ ထြက္ခြာရန္ အမိန္႔ခ်မွတ္ခဲ့သည္ဟု ဆိုသည္။

(ကားေလာ့စ္ ဂြန္း ဘာလဲ)

ကားေလာ့စ္ ဂြန္း (Carlos Ghosn) (ေမြး-၁၉၅၄) သည္ ဘရာဇီးႏိုင္ငံသားတစ္ဦးျဖစ္ျပီး Michelin ၊ Renault ၊ AvtoVAZ ၊ Nissan ႏွင့္ Mitsubishi Motors ကားကုမၸဏီမ်ား၏ စီအီးအိုအျဖစ္ လုပ္ကိုင္ခဲ့သူ ျဖစ္သည္။

သူသည္ Michelin တြင္ စတင္လုပ္ကိုင္ခဲ့ျပီး ၁၈ ႏွစ္တာအတြင္း ရာထူးအဆင့္ဆင့္တက္ကာ ၁၉၉၀ ျပည့္ႏွစ္ တြင္ စီအီးအိုျဖစ္လာခဲ့သည္။

၁၉၉၆ ခုႏွစ္တြင္ Renault သု႔ိ ဝင္ေရာက္လုပ္ကိုင္ခဲ့သည္။ ကားေလာ့စ္ ဂြန္းသည္ Renault ႏွင့္ Nissan တို႔ မဟာမိတ္အျဖစ္ ပူးေပါင္းမႈတြင္ အေရးပါေသာ အခန္းက႑မွ ပါဝင္ခဲ့သည္။

၂၀၀၁ ခုႏွစ္ ႏွစ္လယ္ပိုင္းတြင္ Nissan ၏ စီအီးအိုအျဖစ္ ခန္႔အပ္ခံရျပီး Renault တြင္လည္း စီအီးအိုအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ရာ Fortune Global 500 ကုမၸဏီမ်ားအနက္ ကုမၸဏီ ၂ ခုကို တစ္ျပဳိင္တည္း ကြပ္ကဲေပး သည့္ ပထမဆံုးပုဂၢိဳလ္ ျဖစ္လာခဲ့သည္။

(ထြက္ေျပးလြတ္ေျမာက္ျခင္း)

ကားေလာ့စ္ ဂြန္းသည္ ၂၀၁၈ ခုႏွစ္ ၊ ႏိုဝင္ဘာလတြင္ တုိက်ဳိႏိုင္ငံတကာ ေလဆိပ္တြင္ ဖမ္းဆီးခံခဲ့ရသည္။

လစာ ေလွ်ာ့ခ်တင္ျပျခင္းႏွင့္ ကုမၸဏီပိုင္ ပစၥည္းမ်ား အလြဲသံုးျခင္း စြဲခ်က္မ်ားျဖင့္ ဖမ္းဆီးခံရျခင္း ျဖစ္သည္။

၂၀၁၉ ခုႏွစ္ အတြင္း ဂ်ပန္ရွိ အက်ဥ္းေထာင္တြင္ ထိန္းသိမ္းခံခဲ့ရျပီး ေနာက္ပိုင္းတြင္ အာမခံျဖင့္ လႊတ္ေပးျခင္း ခံရသည္။

ထိုသို႔ အာမခံျဖင့္ လႊတ္ထားခ်ိန္တြင္ ဂီတတူရိယာထည့္ေသာ ပံုးတစ္ခုအတြင္း ပုန္းခိုကာ သီးသန္႔ေလယာဥ္ တစ္စင္းျဖင့္ ဂ်ပန္မွ ထြက္ေျပး လြတ္ေျမာက္သြားခဲ့သည္။

ထိုအခ်ိန္ကတည္းက လက္ဘႏြန္ႏိုင္ငံတြင္ ေနထုိင္ေနခဲ့ျခင္း ျဖစ္သည္။

(ရုပ္ရွင္ရိုက္ျပီ)

၂၀၁၉ ႏွစ္သစ္ကူးကာလတြင္ ကားေလာ့စ္ ဂြန္းစ္ ဂ်ပန္မွ အ့ံဖြယ္လြတ္ေျမာက္သြားမႈမွာ ကမၻာ့ထိပ္တန္း သတင္းတစ္ရပ္ျဖစ္ခဲ့ျပီး မွတ္တမ္းရုပ္ရွင္ရိုက္ကူးရန္ ဇာတ္လမ္းေကာင္း ျဖစ္လာခဲ့သည္။

တခ်ိန္က ကမၻာ့ၾသဇာအလႊမ္းဆံုး ကားကုမၸဏီ စီအီးအိုမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သူ ကားေလာ့စ္ ဂြန္း၏ ဘဝဇာတ္ေၾကာင္းကို Wanted : The Escape of Carlos Ghosn ဟူေသာ အမည္ျဖင့္ ယခုႏွစ္ ၾသဂုတ္လ ၂၅ ရက္တြင္ ရိုက္ကူးခဲ့ျပီး Apple TV+တြင္ ထုတ္လႊင့္ျပသမည္ ျဖစ္သည္။

အပိုင္း ၄ ပိုင္းပါ အဆိုပါ မွတ္တမ္းရုပ္ရွင္ကို James Gay-Rees ႏွင့္ Paul Martin တို႔က ရိုက္ကူးခဲ့ျခင္း ျဖစ္သည္။

(ေနအိမ္မွ ႏွင္ထုတ္ခံရျခင္း)

ကားေလာ့စ္ ဂြန္းသည္ ဂ်ပန္မွ ထြက္ေျပးလြတ္ေျမာက္ျပီးေနာက္ လက္ဘႏြန္ႏိုင္ငံ ၊ ေဘရြတ္ျမဳိ႕ရွိ ေဒၚလာ ၁၉ သန္းတန္ စံအိမ္ၾကီးတြင္ ေနထိုင္ခဲ့သည္။

ယခုအခါ လက္ဘႏြန္တရားရံုးတစ္ခုက ကားေလာ့စ္ ဂြန္းႏွင့္ ဇနီးတို႔ကို ေအာက္တိုဘာ ၁၆ မွ စကာ တစ္လ အတြင္း ထုိအိမ္မွ ဖယ္ရွားေပးရန္ အမိန္႔ခ်မွတ္ခဲ့သည္။

ကားေလာ့စ္ ဂြန္းသည္ ထုိအိမ္ကို မပိုင္ဆုိင္ေခ်။

ထုိအိမ္ကို လက္ဘႏြန္ကုမၸဏီ Phoinos Investment က ပိုင္ဆိုင္ျခင္းျဖစ္သည္။

ကားေလာ့စ္ ဂြန္းကို ဤအိမ္တြင္ ေနထုိင္မႈျဖင့္ ထုိကုမၸဏီက ၂၀၁၉ တြင္ တရားစြဲခဲ့ျခင္း ျဖစ္သည္။

ကုမၸဏီက ေျပာသည္မွာ ကားေလာ့စ္ ဂြန္းသည္ ကုမၸဏီပိုင္ အေဆာက္အအံုကို တရားမဝင္ က်ဴးေက်ာ္ခဲ့ ေၾကာင္း ေျပာသည္။

ကားေလာ့စ္ ဂြန္းက ေျပာသည္မွာမူ Phoinos Investment သည္ Nissan ကုမၸဏီႏွင့္ ဆက္ႏြယ္ေပါင္းစည္း ထားေၾကာင္း ၊ ယခုအိမ္ကို မိမိေနထုိင္ရန္အတြက္ ဝယ္ယူေပးထားျခင္းျဖစ္ေၾကာင္း ၊ ယခုအိမ္တြင္ မိမိအား ေနထုိင္ခြင့္ေပးသည့္ သေဘာတူညီခ်က္တစ္ခု Nissan ႏွင့္ လက္မွတ္ေရးထိုးထားေၾကာင္း ေျပာသည္။

သို႔ေသာ္ တရားသူၾကီးတစ္ဦးက ေထာက္ျပသည္မွာ ထုိအိမ္တြင္ ေနထိုင္ခြင့္မွာ Nissan ႏွင့္ သေဘာတူညီထား ျခင္းသာျဖစ္ေၾကာင္း ၊ ယခုအခါ ကားေလာ့စ္ ဂြန္းႏွင့္ Nissan တို႔ဆက္ဆံေရး အဆံုးသတ္သြားျပီျဖစ္ရာ ထုိအိမ္ တြင္ ေနထုိင္ခြင့္မရွိေၾကာင္း ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Carlos Ghosn Gets Evicted From $19 Million Beirut Mansion Bought By Nissan (carscoops)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service