လေ့လာစရာ.. အိမ်ခြံမြေဥပဒေ အဖြာဖြာ...

လေ့လာစရာ.. အိမ်ခြံမြေဥပဒေ အဖြာဖြာ... - Property Knowledge in Myanmar from iMyanmarHouse.com
29 Oct 2023 1:37 pm တွင် တင်ခဲ့သည်
826 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

 [Unicode]

 

"တိုက်ခန်းဝယ်ယူလျှင် မြေငှါးရမ်းခပေးရန်လိုအပ်ပါသလား" ဆိုတဲ့ မေးခွန်းလေးအပါအဝင် အခြားစိတ်ဝင်စားဖွယ် အမေးအဖြေသုံးခုကို ဒီတစ်ပတ်အတွက်ဖော်ပြပေးလိုက်ပါတယ်....

 

မေးခွန်း(၁) - တိုက်ခန်းဝယ်ယူလျှင် မြေငှါးရမ်းခပေးရန်လိုအပ်ပါသလား။

တိုက်ခန်းများမှာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းပင်ဖြစ်သော်လည်း နေထိုင်မှုအတွက် အပျောက်စနစ်ဖြင့် အရောင်းအဝယ်ပြုခြင်းပင်ဖြစ်ပါသည်။ တိုက်ခန်းများ ဝယ်ယူပိုင်ဆိုင်ရာတွင် မြေပိုင်ဆိုင်မှု အချိုးကျပါဝင်သက်ဆိုင်ခြင်း မရှိသဖြင့် သဘာဝဘေးအန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပွားခြင်း၊ နေထိုင်မှု အချိန်ကာလပေါ်မှုတည်၍ ယိုယွင်းပျက်စီးခြင်းများတွင် မြေရှင်(သို့) နေထိုင်သူ အချင်းချင်း အငြင်းပွှားမှုများ တစ်စုံတစ်ရာ ဖြစ်ပွှားလာနိုင်ပါသည်။ ထိုသို့သော် ကိစ္စရပ်များတွင် စုပေါင်း၍ ဖြေရှင်းနိုင်ရန် မြေဂရန် တစ်ခုထဲပေါ်တွင် ဆောက်လုပ်နေထိုင်သော နေထိုင်သူအချင်းချင်း တစ်ဦးနှင့်တစ်ဦး နေထိုင်မှုအတွက် သဘောတူ အသိအမှတ်ပြုကြရန် လိုအပ်ပါသည်။

မြေရှင်မှာ မြေယာစီမံခန့်ခွဲမှုဌာနတွင် မြေငှားဂရန် အမည်ပေါက်သူပင်ဖြစ်ပြီး ထိုအတွက် မြေငှားရမ်းခများလဲ နှစ်စဉ်ထမ်းဆောင်ရပါသည်။ တိုက်ခန်းများပိုင်ဆိုင်မှုတွင် မှတ်ပုံတင် စာချုပ်ချုပ် ဆိုကြခြင်းများ မရှိသောကြောင့် မိမိဝယ်ယူသော တိုက်ခန်းမှာ မူလပိုင်ရှင်မှ တဆင့် မှန်ကန်စွာ ရောင်းချခြင်းလား မိမိအပြင်အခြားသူတစ်ဦးအား တပြိုင်နက်ထဲရောင်းချနေခြင်းလား စစ်ဆေးစုံစမ်း ရန်မှာလဲ အဆိုပါတိုက်တွင်နေထိုင်သည့် မြေငှားဂရန်မူရင်း ကိုင်ဆောင်ထားသည့် မြေရှင်ထံတွင် စုံစမ်းလျှင် အကောင်းဆုံးပင်ဖြစ်ပါသည်။ ဝယ်ယူသူနှစ်ဦးအား ရောင်းချခြင်းဖြစ်နေပါက မြေရှင်မှ အသိအမှတ်ပြု လက်မှတ်ကို နှစ်ခါ ရေးထိုးမည်တော့ မဟုတ်ပါ။

မြေရှင်မှ မြေငှားရမ်းခ တဆင့် တောင်းခံလာသည့်အခါတိုင်း အဆိုပါမြေပေါ်တွင် တိုက်ခန်း ဝယ်ယူနေထိုင်သောသူများမှ ထည့်ဝင်ပေးချေရန် လိုအပ်ပါသည်။ ထိုသို့ပေးချေခြင်းမှာ တနည်းအားဖြင့် မြေပေါ်တွင် အခွန်ဆောင်၍ တရားဝင်နေထိုင်ခြင်းဖြစ်သဖြင့် မြေငှားရမ်းခကို မြေရှင်ထံမှ တဆင့် ပေးချေ သင့်ပါသည်။

 

 

မေးခွန်း (၂) - အဆောက်အအုံ ဆောက်လုပ်ခွင့်တင်လျှင် ပုံစံစစ်ဆေးခ ဘယ်လောက်ပေးသွင်းရပါသလဲ။

အဆောက်အဦး ဆောက်လုပ်ခွင့်တင်ရာတွင် ဌာနမှ သတ်မှတ်ပုံစံဖြင့်

- လျှောက်လွှာ၊ မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာမှ တင်ပြသော ကြီးကြပ်ဆောက်လုပ် ကြောင်း ထောက်ခံချက်၊

- ညွှန်ကြားချက်များအတိုင်း လိုက်နာမည်ဖြစ်ကြောင်း ဝန်ခံကတိပြုချက်၊ အရှုပ်အရှင်းကင်းရှင်း အုပ်ချုပ် ရေးမှူး ထောက်ခံချက်၊

- ဘေးမြေကွက်များ၏ သဘောထားမှတ်ချက်၊ အဆောက်အအုံ ခိုင်ခံ့မှုနှင့်ပတ်သတ်၍ အင်ဂျင်နီ ယာမှ တာဝန်ယူကြောင်း ခံဝန်ကတိတင်ပြချက်၊

- ကန်ထရိုက်တိုက်ပုံစံဖြစ်ပါက လိုင်စင်ရ ကန်ထရိုက်တာ(Lc)မှ စည်းကမ်းချက်များ လိုက်နာ မည်ဖြစ်ကြောင်း ခံဝန်တင်ပြချက်၊ လျှောက်ထားသူ မှတ်ပုံတင်၊

- မြေပိုင်ဆိုင်မှု အထောက်အထား၊ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံဖြစ်ပါက မီးသတ် အကြံပြု ချက်၊ GP SP ဖြင့်တင်ပြပါက မြေရှင်သက်ရှိထင်ရှားရှိကြောင်း မြေရှင်မှတင်ပြရန်၊ တစ်နှစ် အတွင်း ထုတ်ပေးထားသော C/MaP, Dmap တို့ပူးတွဲ တင်ပြရမည်။

အဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် ပုံစံစစ်ဆေးခများမှာ မိသားစုလုံးချင်း/နေအိမ်၊ ဘာသာရေးဆိုင်ရာ၊ ဌာနဆိုင်ရာ အဆောက်အအုံဆိုပါက တိုက် Steel ၁ စတုရန်းပေ -၅၅ ကျပ်၊ အုတ်ညှပ် စတုရန်းပေ -၃၅ ကျပ်၊ ပျဉ် စတုရန်းပေ -၂၅ ကျပ်ဖြစ်ပြီး အများသုံးလူနေ/စီးပွားရေးသုံး အဆောက် အအုံများဆိုလျှင် တိုက် Steel ၁ စတုရန်းပေ -၈၅ ကျပ်၊ အုတ်ညှပ် ၁ စတုရန်းပေ -၈၅ ကျပ်၊ ပျဉ်စတုရန်းပေ -၈၅ကျပ် ဖြစ်ကြောင်း ဖော်ပြရေးသားပေးလိုက်ပါသည်။

 

 

မေးခွန်း (၃) - အိမ်ခန်း၊ ဆိုင်ခန်းငှါးရမ်းလျှင် လုပ်ငန်းလိုင်စင်လုပ်ရန် လိုအပ်ပါသလား။

လုပ်ငန်းအမျိုးအပေါ်မူတည်၍ စည်ပင်လုပ်ငန်းလိုင်စင်လျှောက်ထားရန် လိုအပ်ပါသည်။ မရွှေ့မ ပြောင်းနိုင်သောပစ္စည်းများကို တစ်ခန်းထပ်ပို၍ အမြဲတစေ ငှားရမ်းခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်းပြု လုပ်ကိုင်တော့မည်ဆိုပါက လုပ်ငန်းလိုင်စင် ပြုလုပ်ထားသင့်ပါသည်။ လုပ်ငန်းလိုင်စင် ဆိုသည်မှာ ပြည်သူများကို အကာအကွယ်ပေးခြင်းပင်ဖြစ်ပြီး လုပ်ငန်းအမျိုးအစားအလိုက် ခွဲခြားပေးခြင်း ပင်ဖြစ်ပါသည်။

ငှားရမ်းခြင်းများအား သတ်မှတ်တံဆိပ်ခေါင်းခွန် ထမ်းဆောင်၍ မှတ်ပုံတင်စာချုပ်ချုပ်ဆိုကာ ငှားရမ်းခြင်းများ လဲရှိပါသည်။ နိုင်ငံခြားသားများအား မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအား ငှားရမ်းခြင်း ပြုမည်ဆိုပါက တစ်နှစ်ထက်ပို၍ ငှားရမ်းခွင့်တော့မရှိပါ။

လုပ်ငန်းလိုင်စင် လျှောက်ထားလိုသူများသည် မိမိနေထိုင်ရာ စည်ပင်ရုံးတွင် လျှောက်ထားမှုပြုရပါ မည်။ အိမ်၊ခြံ၊မြေ တိုက်ခန်းအား ပိုင်ဆိုင်ကြောင်း အထောက်အထားစာချုပ်မူရင်း၊ ငှားရမ်းမည့်အိမ်ရှင်၏ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ အငှားချထားခြင်းအတွက် နှစ်ဦးသဘောတူ စာချုပ်စာတမ်း၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးထောက်ခံစာနှင့် ပူးတွဲတင်ပြကာ အငှားချထားသည့်နေ့မှ ရက်ပေါင်း(၆၀)အတွင်း သတ်မှတ် လျှောက်လွှာပုံစံတွင် ဖြည့်စွက်၍ တင်ပြ လျှောက်ထားရပါမည်။ လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်၊ခြံ၊မြေ ငှားရမ်း ခြင်း လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိလျှင် အရေးယူဆောင်ရွက်ခြင်း ခံရနိုင် ကြောင်း ဖော်ပြ ရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

 

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

  [Zawgyi]

ေလ့လာစရာ.. အိမ္ျခံေျမဥပေဒ အျဖာျဖာ...

 

"တိုက္ခန္းဝယ္ယူလွ်င္ ေျမငွါးရမ္းခေပးရန္လိုအပ္ပါသလား" ဆိုတဲ့ ေမးခြန္းေလးအပါအဝင္ အျခားစိတ္ဝင္စားဖြယ္ အေမးအေျဖသုံးခုကို ဒီတစ္ပတ္အတြက္ေဖာ္ျပေပးလိုက္ပါတယ္....

ေမးခြန္း(၁) - တိုက္ခန္းဝယ္ယူလွ်င္ ေျမငွါးရမ္းခေပးရန္လိုအပ္ပါသလား။

တိုက္ခန္းမ်ားမွာ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းပင္ျဖစ္ေသာ္လည္း ေနထိုင္မႈအတြက္ အေပ်ာက္စနစ္ျဖင့္ အေရာင္းအဝယ္ျပဳျခင္းပင္ျဖစ္ပါသည္။ တိုက္ခန္းမ်ား ဝယ္ယူပိုင္ဆိုင္ရာတြင္ ေျမပိုင္ဆိုင္မႈ အခ်ိဳးက်ပါဝင္သက္ဆိုင္ျခင္း မ႐ွိသျဖင့္ သဘာဝေဘးအႏၲရာယ္ တစ္စုံတစ္ရာ ျဖစ္ပြားျခင္း၊ ေနထိုင္မႈ အခ်ိန္ကာလေပၚမႈတည္၍ ယိုယြင္းပ်က္စီးျခင္းမ်ားတြင္ ေျမ႐ွင္(သို႔) ေနထိုင္သူ အခ်င္းခ်င္း အျငင္းပႊားမႈမ်ား တစ္စုံတစ္ရာ ျဖစ္ပႊားလာႏိုင္ပါသည္။ ထိုသို႔ေသာ္ ကိစၥရပ္မ်ားတြင္ စုေပါင္း၍ ေျဖ႐ွင္းႏိုင္ရန္ ေျမဂရန္ တစ္ခုထဲေပၚတြင္ ေဆာက္လုပ္ေနထိုင္ေသာ ေနထိုင္သူအခ်င္းခ်င္း တစ္ဦးႏွင့္တစ္ဦး ေနထိုင္မႈအတြက္ သေဘာတူ အသိအမွတ္ျပဳၾကရန္ လိုအပ္ပါသည္။

ေျမ႐ွင္မွာ ေျမယာစီမံခန္႔ခြဲမႈဌာနတြင္ ေျမငွားဂရန္ အမည္ေပါက္သူပင္ျဖစ္ၿပီး ထိုအတြက္ ေျမငွားရမ္းခမ်ားလဲ ႏွစ္စဥ္ထမ္းေဆာင္ရပါသည္။ တိုက္ခန္းမ်ားပိုင္ဆိုင္မႈတြင္ မွတ္ပုံတင္ စာခ်ဳပ္ခ်ဳပ္ ဆိုၾကျခင္းမ်ား မ႐ွိေသာေၾကာင့္ မိမိဝယ္ယူေသာ တိုက္ခန္းမွာ မူလပိုင္႐ွင္မွ တဆင့္ မွန္ကန္စြာ ေရာင္းခ်ျခင္းလား မိမိအျပင္အျခားသူတစ္ဦးအား တၿပိဳင္နက္ထဲေရာင္းခ်ေနျခင္းလား စစ္ေဆးစုံစမ္း ရန္မွာလဲ အဆိုပါတိုက္တြင္ေနထိုင္သည့္ ေျမငွားဂရန္မူရင္း ကိုင္ေဆာင္ထားသည့္ ေျမ႐ွင္ထံတြင္ စုံစမ္းလွ်င္ အေကာင္းဆုံးပင္ျဖစ္ပါသည္။ ဝယ္ယူသူႏွစ္ဦးအား ေရာင္းခ်ျခင္းျဖစ္ေနပါက ေျမ႐ွင္မွ အသိအမွတ္ျပဳ လက္မွတ္ကို ႏွစ္ခါ ေရးထိုးမည္ေတာ့ မဟုတ္ပါ။

ေျမ႐ွင္မွ ေျမငွားရမ္းခ တဆင့္ ေတာင္းခံလာသည့္အခါတိုင္း အဆိုပါေျမေပၚတြင္ တိုက္ခန္း ဝယ္ယူေနထိုင္ေသာသူမ်ားမွ ထည့္ဝင္ေပးေခ်ရန္ လိုအပ္ပါသည္။ ထိုသို႔ေပးေခ်ျခင္းမွာ တနည္းအားျဖင့္ ေျမေပၚတြင္ အခြန္ေဆာင္၍ တရားဝင္ေနထိုင္ျခင္းျဖစ္သျဖင့္ ေျမငွားရမ္းခကို ေျမ႐ွင္ထံမွ တဆင့္ ေပးေခ် သင့္ပါသည္။

 

ေမးခြန္း (၂) - အေဆာက္အအုံ ေဆာက္လုပ္ခြင့္တင္လွ်င္ ပုံစံစစ္ေဆးခ ဘယ္ေလာက္ေပးသြင္းရပါသလဲ။

အေဆာက္အဦး ေဆာက္လုပ္ခြင့္တင္ရာတြင္ ဌာနမွ သတ္မွတ္ပုံစံျဖင့္

- ေလွ်ာက္လႊာ၊ မွတ္ပုံတင္ လက္မွတ္ရ အင္ဂ်င္နီယာ/ဗိသုကာမွ တင္ျပေသာ ႀကီးၾကပ္ေဆာက္လုပ္ ေၾကာင္း ေထာက္ခံခ်က္၊

- ၫႊန္ၾကားခ်က္မ်ားအတိုင္း လိုက္နာမည္ျဖစ္ေၾကာင္း ဝန္ခံကတိျပဳခ်က္၊ အ႐ႈပ္အ႐ွင္းကင္း႐ွင္း အုပ္ခ်ဳပ္ ေရးမႉး ေထာက္ခံခ်က္၊

- ေဘးေျမကြက္မ်ား၏ သေဘာထားမွတ္ခ်က္၊ အေဆာက္အအုံ ခိုင္ခံ့မႈႏွင့္ပတ္သတ္၍ အင္ဂ်င္နီ ယာမွ တာဝန္ယူေၾကာင္း ခံဝန္ကတိတင္ျပခ်က္၊

- ကန္ထ႐ိုက္တိုက္ပုံစံျဖစ္ပါက လိုင္စင္ရ ကန္ထ႐ိုက္တာ(Lc)မွ စည္းကမ္းခ်က္မ်ား လိုက္နာ မည္ျဖစ္ေၾကာင္း ခံဝန္တင္ျပခ်က္၊ ေလွ်ာက္ထားသူ မွတ္ပုံတင္၊

- ေျမပိုင္ဆိုင္မႈ အေထာက္အထား၊ စီးပြားေရးလုပ္ငန္းသုံး အေဆာက္အအုံျဖစ္ပါက မီးသတ္ အၾကံျပဳ ခ်က္၊ GP SP ျဖင့္တင္ျပပါက ေျမ႐ွင္သက္႐ွိထင္႐ွား႐ွိေၾကာင္း ေျမ႐ွင္မွတင္ျပရန္၊ တစ္ႏွစ္ အတြင္း ထုတ္ေပးထားေသာ C/MaP, Dmap တို႔ပူးတြဲ တင္ျပရမည္။

အေဆာက္အအုံ ေဆာက္လုပ္ျခင္းအတြက္ ပုံစံစစ္ေဆးခမ်ားမွာ မိသားစုလုံးခ်င္း/ေနအိမ္၊ ဘာသာေရးဆိုင္ရာ၊ ဌာနဆိုင္ရာ အေဆာက္အအုံဆိုပါက တိုက္ Steel ၁ စတုရန္းေပ -၅၅ က်ပ္၊ အုတ္ညႇပ္ စတုရန္းေပ -၃၅ က်ပ္၊ ပ်ဥ္ စတုရန္းေပ -၂၅ က်ပ္ျဖစ္ၿပီး အမ်ားသုံးလူေန/စီးပြားေရးသုံး အေဆာက္ အအုံမ်ားဆိုလွ်င္ တိုက္ Steel ၁ စတုရန္းေပ -၈၅ က်ပ္၊ အုတ္ညႇပ္ ၁ စတုရန္းေပ -၈၅ က်ပ္၊ ပ်ဥ္စတုရန္းေပ -၈၅က်ပ္ ျဖစ္ေၾကာင္း ေဖာ္ျပေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - အိမ္ခန္း၊ ဆိုင္ခန္းငွါးရမ္းလွ်င္ လုပ္ငန္းလိုင္စင္လုပ္ရန္ လိုအပ္ပါသလား။

လုပ္ငန္းအမ်ိဳးအေပၚမူတည္၍ စည္ပင္လုပ္ငန္းလိုင္စင္ေလွ်ာက္ထားရန္ လိုအပ္ပါသည္။ မေ႐ႊ႕မ ေျပာင္းႏိုင္ေသာပစၥည္းမ်ားကို တစ္ခန္းထပ္ပို၍ အၿမဲတေစ ငွားရမ္းျခင္းလုပ္ငန္းျဖင့္ အသက္ေမြးဝမ္း ေက်ာင္းျပဳ လုပ္ကိုင္ေတာ့မည္ဆိုပါက လုပ္ငန္းလိုင္စင္ ျပဳလုပ္ထားသင့္ပါသည္။ လုပ္ငန္းလိုင္စင္ ဆိုသည္မွာ ျပည္သူမ်ားကို အကာအကြယ္ေပးျခင္းပင္ျဖစ္ၿပီး လုပ္ငန္းအမ်ိဳးအစားအလိုက္ ခြဲျခားေပးျခင္း ပင္ျဖစ္ပါသည္။

ငွားရမ္းျခင္းမ်ားအား သတ္မွတ္တံဆိပ္ေခါင္းခြန္ ထမ္းေဆာင္၍ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုကာ ငွားရမ္းျခင္းမ်ား လဲ႐ွိပါသည္။ ႏိုင္ငံျခားသားမ်ားအား မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားအား ငွားရမ္းျခင္း ျပဳမည္ဆိုပါက တစ္ႏွစ္ထက္ပို၍ ငွားရမ္းခြင့္ေတာ့မ႐ွိပါ။

လုပ္ငန္းလိုင္စင္ ေလွ်ာက္ထားလိုသူမ်ားသည္ မိမိေနထိုင္ရာ စည္ပင္႐ုံးတြင္ ေလွ်ာက္ထားမႈျပဳရပါ မည္။ အိမ္၊ျခံ၊ေျမ တိုက္ခန္းအား ပိုင္ဆိုင္ေၾကာင္း အေထာက္အထားစာခ်ဳပ္မူရင္း၊ ငွားရမ္းမည့္အိမ္႐ွင္၏ မွတ္ပုံတင္၊ သန္းေခါင္စာရင္း၊ အငွားခ်ထားျခင္းအတြက္ ႏွစ္ဦးသေဘာတူ စာခ်ဳပ္စာတမ္း၊ ရပ္ကြက္အုပ္ခ်ဳပ္ ေရးမႉးေထာက္ခံစာႏွင့္ ပူးတြဲတင္ျပကာ အငွားခ်ထားသည့္ေန႔မွ ရက္ေပါင္း(၆၀)အတြင္း သတ္မွတ္ ေလွ်ာက္လႊာပုံစံတြင္ ျဖည့္စြက္၍ တင္ျပ ေလွ်ာက္ထားရပါမည္။ လုပ္ငန္းလိုင္စင္မ႐ွိဘဲ အိမ္၊ျခံ၊ေျမ ငွားရမ္း ျခင္း လုပ္ငန္း လုပ္ကိုင္ေဆာင္႐ြက္ေနေၾကာင္း စစ္ေဆးေတြ႕႐ွိလွ်င္ အေရးယူေဆာင္႐ြက္ျခင္း ခံရႏိုင္ ေၾကာင္း ေဖာ္ျပ ေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

 

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်...
တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်...
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
(၃)ထပ်နှင့်အောက် အဆောက်အအုံများဆောက်လုပ်ခွင့်ပါမစ်တင်ပါက သိရှိလိုက်နာရမည့် အချက်များ
(၃)ထပ်နှင့်အောက် အဆောက်အအုံများဆောက်လုပ်ခွင့်ပါမစ်တင်ပါက သိရှိလိုက်နာရမည့် အချက်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ...
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ...
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင်းထားပေးသဖြင့် Polytechnic မှ ဒီပလိုမာရကာ ထိုသူဌေး၏ ကုမ္ပဏီတွင် မန်နေဂျာအဖြစ် လုပ်ကိုင်ပြီး အောင်...
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင်းထားပေးသဖြင့် Polytechnic မှ ဒီပလိုမာရကာ ထိုသူဌေး၏ ကုမ္ပဏီတွင် မန်နေဂျာအဖြစ် လုပ်ကိုင်ပြီး အောင်...
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသော
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသော
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

golden-city
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service