အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....

အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ.... - Property Knowledge in Myanmar from iMyanmarHouse.com
26 May 2024 4:02 pm တွင် တင်ခဲ့သည်
580 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အပတ်စဉ်တင်ဆက်ပေးနေတဲ့ အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ RH မြေကွက် အကြောင်းလေး မေးထားတဲ့ မေးခွန်းအပါအဝင် အမေးအဖြေ (၃)ခုကို ဒီတစ်ပတ်အတွက် တင်ဆက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

 

မေးခွန်း (၁) - ကွယ်လွန်သူ မိဘနှစ်ဦးအမည်ပေါက် အိမ်နှင့်ခြံအား ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် လျှောက်ထားလိုပါ၍ ကျန်ရစ်ခဲ့သော သားသမီးများမှ လျှောက်ထားလို့ရပါသလား။

မိခင်ဖခင်နှစ်ဦးလုံး သေဆုံးချိန်တွင် သားသမီးများမှ အမွေဆက်ခံခွင့် အခွင့်အရေး ရရှိလာမည်ဖြစ်ရာ သားသမီးများမှ အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြေပုံကူးယူနိုင်ပါသည်။

အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြေပုံကူးယူလိုသည်အခါ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့် မြေယာစီမံခန့်ခွဲမှုဌာနတွင် သတ်မှတ်ဖောင်အား ပြည့်စုံစွာ ဖြည့်စွက်၍ ဝန်ဆောင်ခပေးသွင်းပြီး အောက်ပါ စာရွက်စာတမ်းများဖြင့် အမှုတွဲဖွင့်လှစ်ရပါမည်။

- မြေပိုင်ဆိုင်မှု မှတ်ပုံတင် စာချုပ်စာတမ်းအထောက်အထားနှင့် မြေငှားဂရန်မူရင်း

- သေစာရင်းမူရင်း

- သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ထုတ်ပေးသော သေဆုံးကြောင်း ထောက်ခံချက်မူရင်း

- မှတ်ပုံတင်မိတ္တူ

- အိမ်ထောင်စုစာရင်းမိတ္တူ

- အမွေဆက်ခံပိုင်ဆိုင်ကြောင်း တရားရုံး ကျမ်းကျိန်လွှာမူရင်း

- ထောက်ခံသူနှစ်ဦး၏ ကျမ်းကျိန်လွှာနှစ်စောင်(အမှုတွဲဖွင့်သည့်ရက်ဖြင့် ပြုလုပ်သောကျမ်းကျိန်လွှာဖြစ်ရန် လိုပါ သည်။)

- GP/SP ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါက (ကိုယ်စားလွှဲအပ်သူမှာ သက်ရှိထင်ရှားရှိကြောင်း ကျမ်းကျိန်လွှာ တစ် စောင် ထပ်မံလိုအပ်ပါသည်။)

-မြေခွန်ပြေစာမူရင်း (နောက်ဆုံးထမ်းဆောင်ထားသော ကြွေးကျန်မရှိကြောင်း ထောက်ခံချက်)တို့ဖြင့် အမှုတွဲ ဖွင့်လှစ်ကာ အမွေဆက်ခံကြောင်း မြေပုံလျှောက်ထားရပါမည်။

အမွေဆက်ခံသူမှ မြေကွက်အား လွှဲပြောင်းရောင်းချခြင်းပြုလိုပါက ပိုင်ဆိုင်ကြောင်းနှင့် အရောင်းမြေပုံ အား ပူးတွဲကူးယူခြင်းပြုရပါမည်။ ဌာနမှ ကွင်းဆင်း စစ်ဆေးမှုပြုပြီးသည့်အခါ သတင်းစာကြေငြာစေပြီး သ တင်းစာ ကြေငြာမှုပြုပြီး ကန့်ကွက်သူမပေါ်ပေါက်မှသာ အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြေပုံအား ထုတ်ယူခွင့် ပြုပါသည်။မြေပုံထွက်ရှိပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာ မှတ်ပုံတင်စာချုပ် ဆက်လက်ချုပ်ဆိုခြင်း ပြုနိုင်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၂) - RH မြေ ကို ရွာမြေလို့ပြောနေကြလို့ပါ။ RH မြေ အကြောင်းလေးရှင်ပြပေးပါ။

လယ်ယာမြေအမျိုးအစားကို R ဟု သတ်မှတ်ကြပြီး RH မြေပေါ်တွင် အိမ်ဆောက်လိုပါက လယ်စောင့် တဲသာ ဆောက်လုပ်ခွင့်ရှိပါသည်။ RH မြေမှာ ရွာမြေအမျိုးအစားထဲ မပါဝင်ပါ။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေအရ လယ်ယာမြေ အမျိုးအစားများအား စီးပွားရေးအတွက် ဖြစ်စေ၊ လူနေထိုင်ခွင့်ဖြင့်ဖြစ်စေ အသုံးပြုလိုပါက လယ-၃၀ အခြားနည်းအသုံးပြုခွင့် လျှောက်ထားမှုပြုရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးမြေ အမျိုးအစားများကို R1, R2, R3, R4 ၊ ဥယျာဉ်ခြံမြေ-G၊ ယာမြေ-Y၊ ကိုင်းမြေ-K ဆည် ရေသောက်လယ်၊ လယ်ဥယျာဉ်- RG ဟူ၍ သတ်မှတ်ထားသည်များလဲ ရှိပါသည်။

ရွာမြေဆိုသည်မှာ ဘိုးဘွားများ လက်ထက်ထဲက အစဉ်အဆက်နေထိုင်မှု ပြုလာသော လူနေထိုင်ရန် သီးခြား သတ်မှတ်ထားသည့် မြေအမျိုးအစားဖြစ်ပါသည်။ ရွာမြေများအား မြေစာရင်းဌာနတွင် ဧကအလိုက် သီးသန့်ဆေးခြယ်‌ ဖော်ပြသတ်မှတ်ထားပြီး ရွာမြေအား ဝယ်ယူခြင်းပြုလိုလျှင် မြေစာရင်းနှင့် ကျေးရွာ အုပ်ချုပ် ရေးမှုးထံတွင် စုံစမ်းမှုပြုကာ ဝယ်ယူသင့်ပါတယ်။ ရွာမြေအား ဝယ်ယူမှုပြုသည့်အခါ အရပ်ကတိစာချုပ်ဖြင့် လွှဲပြောင်းဝယ်ယူခြင်းပြုနိုင်သော်လည်း၊ လယ်ယာမြေ အမျိုးအစားများအား ဝယ်ယူခြင်းပြုပါက သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနတွင် တံဆိပ်ခေါင်းခွန် ထမ်းဆောင်၍ မှတ်ပုံတင်စာချုပ်ချုပ်ဆိုကာ အမည်ပြောင်းလဲခြင်း ဆောင်ရွက်ရသာ တရားဝင်အရောင်း အဝယ်ဖြစ်မည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) - သက်တမ်းကုန်နေသည့် ဂရန်မြေကို အမွေဆက်ခံပိုင်ခွင့် ရှိပါသလား။

ဂရန်အမည်ပေါက်မှ မြေငှားဂရန်တွင် သတ်မှတ်ခွင့်ပြု ကာလအတိုင်းသာ မြေခွန်ထမ်းဆောင်၍ နေထိုင် ခွင့်ရှိပြီး မြေငှားစာချုပ်၏ စည်းကမ်းချက်များအတိုင်း လိုက်နာနေထိုင်မှု ပြုရပါမည်။ မြေငှားဂရန်အား သက်တမ်းတိုးမြှင့်လိုပါကလဲ သက်တမ်းမကုန်ဆုံးခင် (၃)လ အလိုတွင် စည်ပင်သာ ယာရေးကော်မတီ၊ မြို့ပြနှင့် မြေယာ စီမံခန့်ခွဲမှုဌာနတွင် ကြိုတင် လျှောက်ထားမှုပြုရဖြစ်ကာ အမွေဆက်ခံခွင့် ရှိသူမှလဲ သက်တမ်းတိုး လျှောက်ထားခြင်းပြုနိုင်ပြီး မှတ်ပုံစာချုပ်စာတမ်းဖြင့် လွှဲပြောင်းဆက်ခံသူဖြစ်ရန် လိုပါသည်။

သက်တမ်းကုန်မြေ ဖြစ်နေလျှင်တော့ အမွေဆက်ခံပိုင်ဆိုင်ခွင့် ရရှိမှာ မဟုတ်ပါဘူး။ မြေငှားဂရန် သက် တမ်းကုန်ဆုံးသွားပါက အစိုးရပိုင် စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအဖြစ်ပြန်လည် ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အဆိုပါ မြေပေါ်တွင် ဆက်လက်နေထိုင်သူမှာ မြေဂရန်အမည်ပေါက် နေထိုင်သူအဖြစ်မှ ကျူးကျော်နေထိုင်သူ အဖြစ်သို့ ရောက်ရှိသွားမှာဖြစ်ပါတယ်။

အမည်ပေါက်သေဆုံးပါက မြေငှားသက်တမ်း မကျော်လွန်ခင် အမွေဆက်ခံခွင့်ရှိသူမှ သက်တမ်းတိုး ဆောင်ရွက်ပြီး အရောင်းအဝယ်ပြုလုပ်ခြင်း ၊ မြေကွက်တိုင်းတာခွဲစိတ်ခြင်း ဆက်လက် ဆောင်ရွက်နိုင်ပါသည်။

ထို့ပြင် တရားရုံးမှ ထုတ်ပေးသော မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ရောင်းကြောင်း လက်မှတ်စာရရှိသူ တို့မှ မြေငှားစာချုပ်ရန် ဂရန်သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။

မြေငှားဂရန်သက်တမ်းတိုးလျှောက်ထားရာတွင် အောက်ဖော်ပြပါ စာရွက်စာတမ်းများ တင်ပြလျှောက်ထားမှု ပြုရပါမည်။

- မြေငှားစာချုပ်ဂရန်မူရင်း

- မှတ်ပုံတင်ကတ်ပြားမူရင်း

- မြေငှားချကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် (သို့) မြေငှားခနောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမူ ရင်းတို့နှင့် လျှောက်ထားမှုပြုရပါမည်။

ဌာနမှကန့်ကွက်သူ မပေါ်ပေါက်မှသာ မြေငှားဂရန် သက်တမ်းတိုးခြင်းကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

အိမ္ျခံေျမေလာကသားတိုင္းအတြက္ သိမွတ္စရာ ဥပေဒအေၾကာင္းအရာ....

 

အပတ္စဥ္တင္ဆက္ေပးေနတဲ့ အိမ္ျခံေျမဥပေဒအေမးအေျဖက႑ေလးတစ္ဖန္ျပန္လည္ေရာက္႐ွိလို႔လာပါၿပီ။ RH ေျမကြက္ အေၾကာင္းေလး ေမးထားတဲ့ ေမးခြန္းအပါအဝင္ အေမးအေျဖ (၃)ခုကို ဒီတစ္ပတ္အတြက္ တင္ဆက္ေဖာ္ျပေပးသြားမွာပဲျဖစ္ပါတယ္။

 

ေမးခြန္း (၁) - ကြယ္လြန္သူ မိဘႏွစ္ဦးအမည္ေပါက္ အိမ္ႏွင့္ျခံအား ေရာင္းခ်ရန္အတြက္ ေျမပုံေျမရာဇဝင္ ေလွ်ာက္ထားလိုပါ၍ က်န္ရစ္ခဲ့ေသာ သားသမီးမ်ားမွ ေလွ်ာက္ထားလို႔ရပါသလား။

မိခင္ဖခင္ႏွစ္ဦးလုံး ေသဆုံးခ်ိန္တြင္ သားသမီးမ်ားမွ အေမြဆက္ခံခြင့္ အခြင့္အေရး ရ႐ွိလာမည္ျဖစ္ရာ သားသမီးမ်ားမွ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေျမပုံကူးယူႏိုင္ပါသည္။

အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေျမပုံကူးယူလိုသည္အခါ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပႏွင့္ ေျမယာစီမံခန္႔ခြဲမႈဌာနတြင္ သတ္မွတ္ေဖာင္အား ျပည့္စုံစြာ ျဖည့္စြက္၍ ဝန္ေဆာင္ခေပးသြင္းၿပီး ေအာက္ပါ စာ႐ြက္စာတမ္းမ်ားျဖင့္ အမႈတြဲဖြင့္လွစ္ရပါမည္။

- ေျမပိုင္ဆိုင္မႈ မွတ္ပုံတင္ စာခ်ဳပ္စာတမ္းအေထာက္အထားႏွင့္ ေျမငွားဂရန္မူရင္း

- ေသစာရင္းမူရင္း

- သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမွ ထုတ္ေပးေသာ ေသဆုံးေၾကာင္း ေထာက္ခံခ်က္မူရင္း

- မွတ္ပုံတင္မိတၱဴ

- အိမ္ေထာင္စုစာရင္းမိတၱဴ

- အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း တရား႐ုံး က်မ္းက်ိန္လႊာမူရင္း

- ေထာက္ခံသူႏွစ္ဦး၏ က်မ္းက်ိန္လႊာႏွစ္ေစာင္(အမႈတြဲဖြင့္သည့္ရက္ျဖင့္ ျပဳလုပ္ေသာက်မ္းက်ိန္လႊာျဖစ္ရန္ လိုပါ သည္။)

- GP/SP ျဖင့္ ေဆာင္႐ြက္ျခင္းျဖစ္ပါက (ကိုယ္စားလႊဲအပ္သူမွာ သက္႐ွိထင္႐ွား႐ွိေၾကာင္း က်မ္းက်ိန္လႊာ တစ္ ေစာင္ ထပ္မံလိုအပ္ပါသည္။)

-ေျမခြန္ေျပစာမူရင္း (ေနာက္ဆုံးထမ္းေဆာင္ထားေသာ ေႂကြးက်န္မ႐ွိေၾကာင္း ေထာက္ခံခ်က္)တို႔ျဖင့္ အမႈတြဲ ဖြင့္လွစ္ကာ အေမြဆက္ခံေၾကာင္း ေျမပုံေလွ်ာက္ထားရပါမည္။

အေမြဆက္ခံသူမွ ေျမကြက္အား လႊဲေျပာင္းေရာင္းခ်ျခင္းျပဳလိုပါက ပိုင္ဆိုင္ေၾကာင္းႏွင့္ အေရာင္းေျမပုံ အား ပူးတြဲကူးယူျခင္းျပဳရပါမည္။ ဌာနမွ ကြင္းဆင္း စစ္ေဆးမႈျပဳၿပီးသည့္အခါ သတင္းစာေၾကျငာေစၿပီး သ တင္းစာ ေၾကျငာမႈျပဳၿပီး ကန္႔ကြက္သူမေပၚေပါက္မွသာ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေျမပုံအား ထုတ္ယူခြင့္ ျပဳပါသည္။ေျမပုံထြက္႐ွိပါက အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေၾကညာ မွတ္ပုံတင္စာခ်ဳပ္ ဆက္လက္ခ်ဳပ္ဆိုျခင္း ျပဳႏိုင္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၂) - RH ေျမ ကို ႐ြာေျမလို႔ေျပာေနၾကလို႔ပါ။ RH ေျမ အေၾကာင္းေလး႐ွင္ျပေပးပါ။

လယ္ယာေျမအမ်ိဳးအစားကို R ဟု သတ္မွတ္ၾကၿပီး RH ေျမေပၚတြင္ အိမ္ေဆာက္လိုပါက လယ္ေစာင့္ တဲသာ ေဆာက္လုပ္ခြင့္႐ွိပါသည္။ RH ေျမမွာ ႐ြာေျမအမ်ိဳးအစားထဲ မပါဝင္ပါ။

၂၀၁၂ ခုႏွစ္ လယ္ယာေျမဥပေဒ၊ နည္းဥပေဒအရ လယ္ယာေျမ အမ်ိဳးအစားမ်ားအား စီးပြားေရးအတြက္ ျဖစ္ေစ၊ လူေနထိုင္ခြင့္ျဖင့္ျဖစ္ေစ အသုံးျပဳလိုပါက လယ-၃၀ အျခားနည္းအသုံးျပဳခြင့္ ေလွ်ာက္ထားမႈျပဳရမွာ ျဖစ္ပါတယ္။ စိုက္ပ်ိဳးေျမ အမ်ိဳးအစားမ်ားကို R1, R2, R3, R4 ၊ ဥယ်ာဥ္ျခံေျမ-G၊ ယာေျမ-Y၊ ကိုင္းေျမ-K ဆည္ ေရေသာက္လယ္၊ လယ္ဥယ်ာဥ္- RG ဟူ၍ သတ္မွတ္ထားသည္မ်ားလဲ ႐ွိပါသည္။

႐ြာေျမဆိုသည္မွာ ဘိုးဘြားမ်ား လက္ထက္ထဲက အစဥ္အဆက္ေနထိုင္မႈ ျပဳလာေသာ လူေနထိုင္ရန္ သီးျခား သတ္မွတ္ထားသည့္ ေျမအမ်ိဳးအစားျဖစ္ပါသည္။ ႐ြာေျမမ်ားအား ေျမစာရင္းဌာနတြင္ ဧကအလိုက္ သီးသန္႔ေဆးျခယ္‌ ေဖာ္ျပသတ္မွတ္ထားၿပီး ႐ြာေျမအား ဝယ္ယူျခင္းျပဳလိုလွ်င္ ေျမစာရင္းႏွင့္ ေက်း႐ြာ အုပ္ခ်ဳပ္ ေရးမႈးထံတြင္ စုံစမ္းမႈျပဳကာ ဝယ္ယူသင့္ပါတယ္။ ႐ြာေျမအား ဝယ္ယူမႈျပဳသည့္အခါ အရပ္ကတိစာခ်ဳပ္ျဖင့္ လႊဲေျပာင္းဝယ္ယူျခင္းျပဳႏိုင္ေသာ္လည္း၊ လယ္ယာေျမ အမ်ိဳးအစားမ်ားအား ဝယ္ယူျခင္းျပဳပါက သက္ဆိုင္ရာၿမိဳ႕နယ္ ဦးစီးဌာနတြင္ တံဆိပ္ေခါင္းခြန္ ထမ္းေဆာင္၍ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုကာ အမည္ေျပာင္းလဲျခင္း ေဆာင္႐ြက္ရသာ တရားဝင္အေရာင္း အဝယ္ျဖစ္မည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - သက္တမ္းကုန္ေနသည့္ ဂရန္ေျမကို အေမြဆက္ခံပိုင္ခြင့္ ႐ွိပါသလား။

ဂရန္အမည္ေပါက္မွ ေျမငွားဂရန္တြင္ သတ္မွတ္ခြင့္ျပဳ ကာလအတိုင္းသာ ေျမခြန္ထမ္းေဆာင္၍ ေနထိုင္ ခြင့္႐ွိၿပီး ေျမငွားစာခ်ဳပ္၏ စည္းကမ္းခ်က္မ်ားအတိုင္း လိုက္နာေနထိုင္မႈ ျပဳရပါမည္။ ေျမငွားဂရန္အား သက္တမ္းတိုးျမႇင့္လိုပါကလဲ သက္တမ္းမကုန္ဆုံးခင္ (၃)လ အလိုတြင္ စည္ပင္သာ ယာေရးေကာ္မတီ၊ ၿမိဳ႕ျပႏွင့္ ေျမယာ စီမံခန္႔ခြဲမႈဌာနတြင္ ႀကိဳတင္ ေလွ်ာက္ထားမႈျပဳရျဖစ္ကာ အေမြဆက္ခံခြင့္ ႐ွိသူမွလဲ သက္တမ္းတိုး ေလွ်ာက္ထားျခင္းျပဳႏိုင္ၿပီး မွတ္ပုံစာခ်ဳပ္စာတမ္းျဖင့္ လႊဲေျပာင္းဆက္ခံသူျဖစ္ရန္ လိုပါသည္။

သက္တမ္းကုန္ေျမ ျဖစ္ေနလွ်င္ေတာ့ အေမြဆက္ခံပိုင္ဆိုင္ခြင့္ ရ႐ွိမွာ မဟုတ္ပါဘူး။ ေျမငွားဂရန္ သက္ တမ္းကုန္ဆုံးသြားပါက အစိုးရပိုင္ စီမံခန္႔ခြဲပိုင္ခြင့္႐ွိေသာ ေျမအျဖစ္ျပန္လည္ ေရာက္႐ွိသြားမွာ ျဖစ္ပါတယ္။ အဆိုပါ ေျမေပၚတြင္ ဆက္လက္ေနထိုင္သူမွာ ေျမဂရန္အမည္ေပါက္ ေနထိုင္သူအျဖစ္မွ က်ဴးေက်ာ္ေနထိုင္သူ အျဖစ္သို႔ ေရာက္႐ွိသြားမွာျဖစ္ပါတယ္။

အမည္ေပါက္ေသဆုံးပါက ေျမငွားသက္တမ္း မေက်ာ္လြန္ခင္ အေမြဆက္ခံခြင့္႐ွိသူမွ သက္တမ္းတိုး ေဆာင္႐ြက္ၿပီး အေရာင္းအဝယ္ျပဳလုပ္ျခင္း ၊ ေျမကြက္တိုင္းတာခြဲစိတ္ျခင္း ဆက္လက္ ေဆာင္႐ြက္ႏိုင္ပါသည္။

ထို႔ျပင္ တရား႐ုံးမွ ထုတ္ေပးေသာ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းကို ေရာင္းေၾကာင္း လက္မွတ္စာရ႐ွိသူ တို႔မွ ေျမငွားစာခ်ဳပ္ရန္ ဂရန္သက္တမ္းတိုး ေလွ်ာက္ထားႏိုင္ပါသည္။

ေျမငွားဂရန္သက္တမ္းတိုးေလွ်ာက္ထားရာတြင္ ေအာက္ေဖာ္ျပပါ စာ႐ြက္စာတမ္းမ်ား တင္ျပေလွ်ာက္ထားမႈ ျပဳရပါမည္။

- ေျမငွားစာခ်ဳပ္ဂရန္မူရင္း

- မွတ္ပုံတင္ကတ္ျပားမူရင္း

- ေျမငွားခ်ေႂကြးက်န္ကင္း႐ွင္းေၾကာင္း ေထာက္ခံခ်က္ (သို႔) ေျမငွားခေနာက္ဆုံးေပးေဆာင္ၿပီးေၾကာင္း ေျပစာမူ ရင္းတို႔ႏွင့္ ေလွ်ာက္ထားမႈျပဳရပါမည္။

ဌာနမွကန္႔ကြက္သူ မေပၚေပါက္မွသာ ေျမငွားဂရန္ သက္တမ္းတိုးျခင္းကို ခြင့္ျပဳေပးမည္ျဖစ္ေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား ?
ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား ?
အခွန်လွတ်သာသနာ့မြေ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အခွန်လွတ်သာသနာ့မြေ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အမှုအမျိုးအစားများထဲမှ ပြင်ဆင်မှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အမှုအမျိုးအစားများထဲမှ ပြင်ဆင်မှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အမေရိကန်ပြည်တွင် အသက် ၈၅ နှစ်အရွယ် အဘွားအို ဂုဏ်ထူးဆောင် အထက်တန်းစာမေးပွဲ အောင်လက်မှတ် ရရှိ...
အမေရိကန်ပြည်တွင် အသက် ၈၅ နှစ်အရွယ် အဘွားအို ဂုဏ်ထူးဆောင် အထက်တန်းစာမေးပွဲ အောင်လက်မှတ် ရရှိ...
အမေးအဖြေဆိုင်ရာ သိကောင်းစရာ ....
အမေးအဖြေဆိုင်ရာ သိကောင်းစရာ ....
ခြံနေရာကျဉ်းသူများအတွက် အိမ်တွင်းရေကူးကန် idea လေးများ
ခြံနေရာကျဉ်းသူများအတွက် အိမ်တွင်းရေကူးကန် idea လေးများ
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
Ford ကုမ္ပဏီက ဒက်ထရွိက်ရှိ ဘူတာရုံဟောင်း အဆောက်အအုံကြီးကို ဝန်ထမ်းပေါင်း ၂၅၀၀ အတွက် ရုံးခန်းနေရာအသစ်အဖြစ် ပြောင်းလဲအသုံး
Ford ကုမ္ပဏီက ဒက်ထရွိက်ရှိ ဘူတာရုံဟောင်း အဆောက်အအုံကြီးကို ဝန်ထမ်းပေါင်း ၂၅၀၀ အတွက် ရုံးခန်းနေရာအသစ်အဖြစ် ပြောင်းလဲအသုံး
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
တရုတ်ပြည်တွင် ဆောက်လုပ်ထားသော လုံးဝအပြင်ထွက်စရာမလိုအောင် အရာရာပြီးပြည့်စုံပြီး လူပေါင်း ၃၀၀၀၀ နေထိုင်နိုင်သည့် အံ့မခန်းလ
တရုတ်ပြည်တွင် ဆောက်လုပ်ထားသော လုံးဝအပြင်ထွက်စရာမလိုအောင် အရာရာပြီးပြည့်စုံပြီး လူပေါင်း ၃၀၀၀၀ နေထိုင်နိုင်သည့် အံ့မခန်းလ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service