မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင်းထားပေးသဖြင့် Polytechnic မှ ဒီပလိုမာရကာ ထိုသူဌေး၏ ကုမ္ပဏီတွင် မန်နေဂျာအဖြစ် လုပ်ကိုင်ပြီး အောင်မြင်မှု ရှာဖွေနေသော မြန်မာလူမျိုးတစ်ဦးအကြောင်း

မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင်းထားပေးသဖြင့် Polytechnic မှ ဒီပလိုမာရကာ ထိုသူဌေး၏ ကုမ္ပဏီတွင် မန်နေဂျာအဖြစ် လုပ်ကိုင်ပြီး အောင်မြင်မှု ရှာဖွေနေသော မြန်မာလူမျိုးတစ်ဦးအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
23 May 2024 3:03 pm တွင် တင်ခဲ့သည်
2842 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

မြန်မာနိုင်ငံသား ကိုစိုးပြည့်ကျော် (၃၉ နှစ်) သည် စင်္ကာပူတွင် ပင်လယ်စာ delivery ပို့သူအဖြစ် လုပ်ကိုင်ခဲ့ပြီး ၄ နှစ်အကြာတွင် ငါးလုပ်ငန်းမန်နေဂျာနေရာသို့ မမျှော်လင့်ဘဲ ရောက်ရှိသွားသည်။

အလုပ်လုပ်နေသော Changi အရပ်ရှိ ငါးလုပ်ငန်းမှ မန်နေဂျာက ၂၀၁၉ ခုနှစ်အတွင်း အလုပ်ထွက်သွားရာ ကိုစိုးပြည့်ကျော်မှာ မထင်မှတ်ဘဲ မန်နေဂျာ ဖြစ်လာခဲ့သည်။

ယခင်က ကိုစိုးပြည့်ကျော်သည် အဆိုပါကုမ္ပဏီတွင် delivery လုပ်ကိုင်နေရင်း လိုအပ်သည့်အခါမျိုးတွင် မန်နေဂျာ၏ အလုပ်များကို ကူညီလုပ်ကိုင်ပေးခဲ့၏။

သို့သော် မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ်သာလုပ်ကိုင်ခဲ့သော ကိုစိုးပြည့်ကျော်အတွက် ငါးလုပ်ငန်းတစ်ခုလုံးကို စီမံခန့်ခွဲရခြင်းနှင့် ဝန်ထမ်း ၄ ဦးကို ကြီးကြပ်ရခြင်းမှာ အတွေ့အကြုံသစ်တစ်ခု ဖြစ်နေသည်။ စင်္ကာပူအရှေ့ပိုင်း Changi အရပ်မှ မလှမ်းမကမ်းတွင် ၂ ဟက်တာ ကျယ်ဝန်းသော ငါးလုပ်ငန်းနေရာရှိသည်။

The Fish Farmer ကုမ္ပဏီတွင် ငါးလုပ်ကွက် ၄ နေရာရှိသည့်အနက် တစ်ခုအပါအဝင်လည်း ဖြစ်ပြီး ငါးပါးနီ၊ ကကတစ်နှင့် ငါးမုတ်များ မွေးမြူထုတ်လုပ်သည်။

“ငါးလုပ်ငန်းရဲ့ လူအင်အားလိုအပ်ချက်အရ ဘယ်အလုပ်နေရာကမဆို တာဝန်ထမ်းဆောင်ဖို့ အသင့်ပါပဲ။ ဒါပေမယ့် ကျွန်တော် ငါးတွေအကြောင်း နားမလည်ဘူး။ သူတို့ ဘယ်လိုစားတယ်၊ သူတို့ကို ဘယ်လို ပြုစုစောင့်ရှောက်ပေးရတယ်ဆိုတာတွေ မသိပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေဆီကအပြင် အင်တာနက်ကနေ ကျွန်တော်လေ့လာတယ်။ ဒါပေမယ့် လုံလောက်တဲ့ပညာ မရပါဘူး” ဟု ကိုစိုးပြည့်ကျော်က ပြောသည်။

၂၀၂၂ ခုနှစ်တွင် သူဌေးဖြစ်သူ မစ္စတာ Malcolm Ong က Temasek Polytechnic တွင် အချိန်ပိုင်း ဒီပလိုမာတန်းတစ်ခုတက်ရန် ကိုစိုးပြည့်ကျော်အား အကြံပေးခဲ့သည်။

ကိုစိုးပြည့်ကျော်သည် မြန်မာနိုင်ငံတွင် အိမ်ထောင်ကျပြီးနောက်ပိုင်း ဝင်ငွေရှာရန် တက္ကသိုလ် ပထမနှစ်တွင်ပင် ကျောင်းထွက်ခဲ့သူ ဖြစ်ရာ ကျောင်းသို့ပြန်သွားရန် ကနဦးတွင် စိုးရိမ်စိတ်များ ရှိခဲ့သည်။

“အတန်းထဲမှာ နိုင်ငံခြားသားဆိုလို့ ကျွန်တော်တစ်ယောက်ထဲပဲရှိပါတယ်။ ဒါပေမယ့် ကံကောင်းတာက ကျောင်းသားတွေရော ဝန်ထမ်းတွေရော ကူညီပံ့ပိုးကြတာပါပဲ။ စာတွေလိုက်နိုင်ဖို့အတွက် အများကြီး ဖတ်မှတ်လေ့လာခဲ့ရပါတယ်” ဟု ကိုစိုးပြည့်ကျော်က ပြောသည်။

တစ်ပတ်လျှင် ၃ ကြိမ်အတန်းတက်ရပြီး ဓာတ်ခွဲခန်း လက်တွေ့သင်ကြားမှုမှလွဲ၍ အများအားဖြင့် အွန်လိုင်းမှ တက်ရခြင်းဖြစ်သည်။

ကိုစိုးပြည့်ကျော်သည် အလုပ်ချိန် ၁၂ နာရီနီးပါး အလုပ်လုပ်ပြီးလျှင် ည ၇ နာရီခန့်တွင် အွန်လိုင်းမှ အတန်း တက်ရပြီး ည ၁၀ တွင် အတန်းပြီးသည်။

သင်ကြားလိုက်သောစာများကို ညသန်းခေါင်အထိ ပြန်လည်လေ့လာရပြန်သည်။

ထိုအတိုင်း ၂ နှစ်ခန့် လည်ပတ်ခဲ့ရသည်။

ပြီးခဲ့သော မေလ ၉ ရက်တွင် ကိုစိုးပြည့်ကျော်သည် အသုံးချသိပ္ပံ (ရေလုပ်ငန်း) ဖြင့် ဒီပလိုမာ ရရှိခဲ့သည်။

ထိုဒီပလိုမာတန်းတက်ခြင်းအတွက် ကုန်ကျစရိတ်ကို The Fish Farmer ကုမ္ပဏီက အကုန်အကျခံခဲ့ခြင်း ဖြစ်သည်။

“အစပိုင်း လအနည်းငယ်မှာ အတော်ကို စိတ်ဖိစီးပါတယ်။ နောက်ပိုင်းမှာတော့ ကျင့်သားရသွားခဲ့တယ်” ဟု ကိုစိုးပြည့်ကျော်က ပြောသည်။

ကိုစိုးပြည့်ကျော်သည် Changi ရှိ ငါးလုပ်ကွက်တွင် ဇနီးနှင့်အတူ နေထိုင်ပြီး ဇနီးမှာလည်း မြန်မာပြည်မှ ဖြစ်သည်။

၉ နှစ်နှင့် ၂၀ နှစ်အရွယ် သမီး ၂ ဦးမှာမူ မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသည်။

ယခုအခါ ကိုစိုးပြည့်ကျော်သည် အဆိုပါငါးလုပ်ငန်း၏ ဓာတ်ခွဲခန်းအကြီးအကဲဖြစ်နေပြီ ဖြစ်သည်။

ကိုစိုးပြည့်ကျော်သည် ရောဂါကျနေသော ငါးများကို အပတ်စဉ် ကပ်ပါးပိုးနှင့် ရောဂါစစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်ပါက ကုသမှုများ ပြုလုပ်ပေးသည်။

 

(Changi ရှိ ငါးလုပ်ငန်းဓာတ်ခွဲခန်းတွင် မန်နေဂျာဖြစ်သူ ကိုစိုးပြည့်ကျော်က ငါးရောဂါနှင့် ကပ်ပါးပိုးများ ရှာဖွေနေပုံ။ ဓာတ်ပုံ-ST Photo: Kevin Lim)

သူ၏ အလုပ်ရှင်သူဌေး Mr.Ong က ပြောသည်မှာ “သူက ခင်ဗျားတို့ကို ကျွန်တော်တို့ရဲ့ ငါးတွေ ကျန်းမာရေး အခြေအနေဘယ်လိုရှိတယ်ဆိုတာ အများကြီး ပြောပြနိုင်ပါတယ်။ ငါးလုပ်ငန်းအများစုဟာ ရောဂါရှာဖို့အတွက် တိရ စ္ဆာန်ကုဆရာဝန် (ဒါမှမဟုတ်) အဖွဲ့အစည်းတစ်ခုခုနဲ့ ဆက်သွယ်လုပ်ကိုင်ကြရပါတယ်” ဟု ဆိုသည်။

Polytechnic က သင်ကြားပေးခဲ့သော ပညာများအရ ကိုစိုးပြည့်ကျော်သည် ငါးပါးနီများကို အစာကျွေးခြင်း ကဏ္ဍအတွက် ပိုမိုကောင်းမွန်သည့် နည်းလမ်းများ ရရှိလာခဲ့ရာ ယခင်က မွေးမြူချိန် ၁၃ လမှ ၁၁ သို့ တိုးတက် လာခဲ့သည်။

“လုပ်ငန်းကို ပရော်ဖက်ရှင်နယ်ကျကျ ပိုမိုမြင့်မားတဲ့အဆင့်နဲ့ ကျွန်တော်လည်ပတ်နိုင်လာတယ်။ ငါးတွေရဲ့ ရှင်သန်နှုန်းမြင့်မားလာစေပြီး လက်ရှိမှာ ရှင်နှုန်း ၇၀ ရာခိုင်နှုန်းရှိပါတယ်” ဟု ကိုစိုးပြည့်ကျော်က ပြောသည်။

 

(ငါးလုပ်ငန်း၏ ဓာတ်ခွဲခန်းတွင် ကိုစိုးပြည့်ကျော်က ငါးအရေခွံနမူနာတစ်ခုဖြင့် ရောဂါနှင့် ကပ်ပါးပိုး စမ်းသပ် နေပုံ။ ဓာတ်ပုံ-ST Photo: Kevin Lim)

ရောဂါဘယကို ဆောလျင်စွာ ဖော်ထုတ်နိုင်ပြီး ကြီးထွားနှုန်း မြင့်တက်စေခြင်းအားဖြင့် လုပ်ငန်းအမြတ်အစွန်းကို ၂ ဆတိုးစေရန် ကိုစိုးပြည့်ကျော်က မျှော်လင့်ထားသည်။

လက်ရှိအားဖြင့် သူ၏ ကုမ္ပဏီမှာ နှစ်စဉ် ငါးတန်ချိန် ၈၀ မှ ၁၀၀ ကြား ထုတ်လုပ်နေသည်။

သူ၏ အလုပ်ရှင်သူဌေး Mr Ong က အခြားဝန်ထမ်းများကိုလည်း အဆိုပါဒီပလိုမာတန်း တက်ရောက်စေရန် စီစဉ်နေသည်။

Mr Ong က ပြောသည်မှာ “ကိုစိုးပြည့်ကျော်မှာ အလားအလာအများကြီးရှိတာ ကျွန်တော်တွေ့ရပါတယ်။ ကျွန်တော်တို့လုပ်ငန်းဟာလည်း ဆက်လက်ချဲ့ထွင်ဖို့ အလားအလာအများကြီးရှိပါတယ်။ သူဟာ တခြား ငါးလုပ်ငန်းသမားတွေ ကိုယ့်အရည်အချင်း မြင့်အောင်လုပ်ဖို့ စေ့ဆော်ပေးနိုင်တဲ့ စံပြတစ်ယောက် ဖြစ်ပါတယ်” ဟု ပြောသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Myanmar-born fish farmer, 39, graduates with aquaculture polytechnic diploma in Singapore (straitstimes)

Photo Credit: ST PHOTO: KEVIN LIM

 

 

  [Zawgyi]

ျမန္မာႏိုင္ငံတြင္ delivery ယာဥ္ေမာင္းအျဖစ္ လုပ္ကိုင္ခဲ့သူ၊ စကၤာပူသုိ႔ ထြက္ခြာကာ အလုပ္လုပ္ခဲ့ျပီး စကၤာပူသူေဌးမွ ေက်ာင္းထားေပးသျဖင့္ Polytechnic မွ ဒီပလိုမာရကာ ထိုသူေဌး၏ ကုမၸဏီတြင္ မန္ေနဂ်ာအျဖစ္ လုပ္ကိုင္ျပီး ေအာင္ျမင္မႈ ရွာေဖြေနေသာ ျမန္မာလူမ်ဳိးတစ္ဦးအေၾကာင္း

 

ျမန္မာႏိုင္ငံသား ကိုစိုးျပည့္ေက်ာ္ (၃၉ ႏွစ္) သည္ စကၤာပူတြင္ ပင္လယ္စာ delivery ပို႔သူအျဖစ္ လုပ္ကိုင္ခဲ့ျပီး ၄ ႏွစ္အၾကာတြင္ ငါးလုပ္ငန္းမန္ေနဂ်ာေနရာသို႔ မေမွ်ာ္လင့္ဘဲ ေရာက္ရွိသြားသည္။

အလုပ္လုပ္ေနေသာ Changi အရပ္ရွိ ငါးလုပ္ငန္းမွ မန္ေနဂ်ာက ၂၀၁၉ ခုႏွစ္အတြင္း အလုပ္ထြက္သြားရာ ကိုစိုးျပည့္ေက်ာ္မွာ မထင္မွတ္ဘဲ မန္ေနဂ်ာ ျဖစ္လာခဲ့သည္။

ယခင္က ကိုစိုးျပည့္ေက်ာ္သည္ အဆိုပါကုမၸဏီတြင္ delivery လုပ္ကိုင္ေနရင္း လိုအပ္သည့္အခါမ်ဳိးတြင္ မန္ေနဂ်ာ၏ အလုပ္မ်ားကို ကူညီလုပ္ကိုင္ေပးခဲ့၏။

သို႔ေသာ္ ျမန္မာႏိုင္ငံတြင္ delivery ယာဥ္ေမာင္းအျဖစ္သာလုပ္ကိုင္ခဲ့ေသာ ကိုစိုးျပည့္ေက်ာ္အတြက္ ငါးလုပ္ငန္းတစ္ခုလံုးကို စီမံခန္႔ခြဲရျခင္းႏွင့္ ဝန္ထမ္း ၄ ဦးကို ၾကီးၾကပ္ရျခင္းမွာ အေတြ႔အၾကံဳသစ္တစ္ခု ျဖစ္ေနသည္။ စကၤာပူအေရွ႕ပိုင္း Changi အရပ္မွ မလွမ္းမကမ္းတြင္ ၂ ဟက္တာ က်ယ္ဝန္းေသာ ငါးလုပ္ငန္းေနရာရွိသည္။

The Fish Farmer ကုမၸဏီတြင္ ငါးလုပ္ကြက္ ၄ ေနရာရွိသည့္အနက္ တစ္ခုအပါအဝင္လည္း ျဖစ္ျပီး ငါးပါးနီ၊ ကကတစ္ႏွင့္ ငါးမုတ္မ်ား ေမြးျမဴထုတ္လုပ္သည္။

“ငါးလုပ္ငန္းရဲ႕ လူအင္အားလိုအပ္ခ်က္အရ ဘယ္အလုပ္ေနရာကမဆို တာဝန္ထမ္းေဆာင္ဖို႔ အသင့္ပါပဲ။ ဒါေပမယ့္ ကၽြန္ေတာ္ ငါးေတြအေၾကာင္း နားမလည္ဘူး။ သူတို႔ ဘယ္လိုစားတယ္၊ သူတို႔ကို ဘယ္လို ျပဳစုေစာင့္ေရွာက္ေပးရတယ္ဆိုတာေတြ မသိပါဘူး။ လုပ္ေဖာ္ကိုင္ဖက္ေတြဆီကအျပင္ အင္တာနက္ကေန ကၽြန္ေတာ္ေလ့လာတယ္။ ဒါေပမယ့္ လံုေလာက္တဲ့ပညာ မရပါဘူး” ဟု ကိုစိုးျပည့္ေက်ာ္က ေျပာသည္။

၂၀၂၂ ခုႏွစ္တြင္ သူေဌးျဖစ္သူ မစၥတာ Malcolm Ong က Temasek Polytechnic တြင္ အခ်ိန္ပိုင္း ဒီပလိုမာတန္းတစ္ခုတက္ရန္ ကိုစိုးျပည့္ေက်ာ္အား အၾကံေပးခဲ့သည္။

ကိုစိုးျပည့္ေက်ာ္သည္ ျမန္မာႏိုင္ငံတြင္ အိမ္ေထာင္က်ျပီးေနာက္ပိုင္း ဝင္ေငြရွာရန္ တကၠသိုလ္ ပထမႏွစ္တြင္ပင္ ေက်ာင္းထြက္ခဲ့သူ ျဖစ္ရာ ေက်ာင္းသို႔ျပန္သြားရန္ ကနဦးတြင္ စိုးရိမ္စိတ္မ်ား ရွိခဲ့သည္။

“အတန္းထဲမွာ ႏိုင္ငံျခားသားဆိုလို႔ ကၽြန္ေတာ္တစ္ေယာက္ထဲပဲရွိပါတယ္။ ဒါေပမယ့္ ကံေကာင္းတာက ေက်ာင္းသားေတြေရာ ဝန္ထမ္းေတြေရာ ကူညီပံ့ပိုးၾကတာပါပဲ။ စာေတြလုိက္ႏိုင္ဖို႔အတြက္ အမ်ားၾကီး ဖတ္မွတ္ေလ့လာခဲ့ရပါတယ္” ဟု ကိုစိုးျပည့္ေက်ာ္က ေျပာသည္။

တစ္ပတ္လွ်င္ ၃ ၾကိမ္အတန္းတက္ရျပီး ဓာတ္ခြဲခန္း လက္ေတြ႔သင္ၾကားမႈမွလဲြ၍ အမ်ားအားျဖင့္ အြန္လိုင္းမွ တက္ရျခင္းျဖစ္သည္။

ကိုစိုးျပည့္ေက်ာ္သည္ အလုပ္ခ်ိန္ ၁၂ နာရီနီးပါး အလုပ္လုပ္ျပီးလွ်င္ ည ၇ နာရီခန္႔တြင္ အြန္လိုင္းမွ အတန္း တက္ရျပီး ည ၁၀ တြင္ အတန္းျပီးသည္။

သင္ၾကားလိုက္ေသာစာမ်ားကို ညသန္းေခါင္အထိ ျပန္လည္ေလ့လာရျပန္သည္။

ထိုအတိုင္း ၂ ႏွစ္ခန္႔ လည္ပတ္ခဲ့ရသည္။

ျပီးခဲ့ေသာ ေမလ ၉ ရက္တြင္ ကိုစိုးျပည့္ေက်ာ္သည္ အသံုးခ်သိပၸံ (ေရလုပ္ငန္း) ျဖင့္ ဒီပလိုမာ ရရွိခဲ့သည္။

ထိုဒီပလိုမာတန္းတက္ျခင္းအတြက္ ကုန္က်စရိတ္ကို The Fish Farmer ကုမၸဏီက အကုန္အက်ခံခဲ့ျခင္း ျဖစ္သည္။

“အစပိုင္း လအနည္းငယ္မွာ အေတာ္ကို စိတ္ဖိစီးပါတယ္။ ေနာက္ပိုင္းမွာေတာ့ က်င့္သားရသြားခဲ့တယ္” ဟု ကိုစိုးျပည့္ေက်ာ္က ေျပာသည္။

ကိုစိုးျပည့္ေက်ာ္သည္ Changi ရွိ ငါးလုပ္ကြက္တြင္ ဇနီးႏွင့္အတူ ေနထိုင္ျပီး ဇနီးမွာလည္း ျမန္မာျပည္မွ ျဖစ္သည္။

၉ ႏွစ္ႏွင့္ ၂၀ ႏွစ္အရြယ္ သမီး ၂ ဦးမွာမူ ျမန္မာႏိုင္ငံတြင္ ေနထုိင္လ်က္ရွိသည္။

ယခုအခါ ကိုစိုးျပည့္ေက်ာ္သည္ အဆိုပါငါးလုပ္ငန္း၏ ဓာတ္ခြဲခန္းအၾကီးအကဲျဖစ္ေနျပီ ျဖစ္သည္။

ကိုစိုးျပည့္ေက်ာ္သည္ ေရာဂါက်ေနေသာ ငါးမ်ားကို အပတ္စဥ္ ကပ္ပါးပိုးႏွင့္ ေရာဂါစစ္ေဆးမႈမ်ား ျပဳလုပ္ျပီး လိုအပ္ပါက ကုသမႈမ်ား ျပဳလုပ္ေပးသည္။

(Changi ရွိ ငါးလုပ္ငန္းဓာတ္ခြဲခန္းတြင္ မန္ေနဂ်ာျဖစ္သူ ကိုစိုးျပည့္ေက်ာ္က ငါးေရာဂါႏွင့္ ကပ္ပါးပိုးမ်ား ရွာေဖြေနပံု။ ဓာတ္ပံု-ST Photo: Kevin Lim)

သူ၏ အလုပ္ရွင္သူေဌး Mr.Ong က ေျပာသည္မွာ “သူက ခင္ဗ်ားတို႔ကို ကၽြန္ေတာ္တို႔ရဲ႕ ငါးေတြ က်န္းမာေရး အေျခအေနဘယ္လိုရွိတယ္ဆိုတာ အမ်ားၾကီး ေျပာျပႏိုင္ပါတယ္။ ငါးလုပ္ငန္းအမ်ားစုဟာ ေရာဂါရွာဖို႔အတြက္ တိရ စၦာန္ကုဆရာဝန္ (ဒါမွမဟုတ္) အဖြဲ႔အစည္းတစ္ခုခုနဲ႔ ဆက္သြယ္လုပ္ကိုင္ၾကရပါတယ္” ဟု ဆိုသည္။

Polytechnic က သင္ၾကားေပးခဲ့ေသာ ပညာမ်ားအရ ကိုစိုးျပည့္ေက်ာ္သည္ ငါးပါးနီမ်ားကို အစာေကၽြးျခင္း က႑အတြက္ ပိုမိုေကာင္းမြန္သည့္ နည္းလမ္းမ်ား ရရွိလာခဲ့ရာ ယခင္က ေမြးျမဴခ်ိန္ ၁၃ လမွ ၁၁ သို႔ တိုးတက္ လာခဲ့သည္။

“လုပ္ငန္းကို ပေရာ္ဖက္ရွင္နယ္က်က် ပိုမိုျမင့္မားတဲ့အဆင့္နဲ႔ ကၽြန္ေတာ္လည္ပတ္ႏိုင္လာတယ္။ ငါးေတြရဲ႕ ရွင္သန္ႏႈန္းျမင့္မားလာေစျပီး လက္ရွိမွာ ရွင္ႏႈန္း ၇၀ ရာခိုင္ႏႈန္းရွိပါတယ္” ဟု ကိုစိုးျပည့္ေက်ာ္က ေျပာသည္။

(ငါးလုပ္ငန္း၏ ဓာတ္ခြဲခန္းတြင္ ကိုစိုးျပည့္ေက်ာ္က ငါးအေရခြံနမူနာတစ္ခုျဖင့္ ေရာဂါႏွင့္ ကပ္ပါးပိုး စမ္းသပ္ ေနပံု။ ဓာတ္ပံု-ST Photo: Kevin Lim)

ေရာဂါဘယကို ေဆာလ်င္စြာ ေဖာ္ထုတ္ႏိုင္ျပီး ၾကီးထြားႏႈန္း ျမင့္တက္ေစျခင္းအားျဖင့္ လုပ္ငန္းအျမတ္အစြန္းကို ၂ ဆတိုးေစရန္ ကိုစိုးျပည့္ေက်ာ္က ေမွ်ာ္လင့္ထားသည္။

လက္ရွိအားျဖင့္ သူ၏ ကုမၸဏီမွာ ႏွစ္စဥ္ ငါးတန္ခ်ိန္ ၈၀ မွ ၁၀၀ ၾကား ထုတ္လုပ္ေနသည္။

သူ၏ အလုပ္ရွင္သူေဌး Mr Ong က အျခားဝန္ထမ္းမ်ားကိုလည္း အဆိုပါဒီပလိုမာတန္း တက္ေရာက္ေစရန္ စီစဥ္ေနသည္။

Mr Ong က ေျပာသည္မွာ “ကိုစိုးျပည့္ေက်ာ္မွာ အလားအလာအမ်ားၾကီးရွိတာ ကၽြန္ေတာ္ေတြ႔ရပါတယ္။ ကၽြန္ေတာ္တို႔လုပ္ငန္းဟာလည္း ဆက္လက္ခ်ဲ႕ထြင္ဖုိ႔ အလားအလာအမ်ားၾကီးရွိပါတယ္။ သူဟာ တျခား ငါးလုပ္ငန္းသမားေတြ ကိုယ့္အရည္အခ်င္း ျမင့္ေအာင္လုပ္ဖို႔ ေစ့ေဆာ္ေပးႏိုင္တဲ့ စံျပတစ္ေယာက္ ျဖစ္ပါတယ္” ဟု ေျပာသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Myanmar-born fish farmer, 39, graduates with aquaculture polytechnic diploma in Singapore (straitstimes)

Photo Credit: ST PHOTO: KEVIN LIM

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
မြေကွက် အတည်ပြုတိုင်းခွဲ / ပေါင်းခွဲ၊ မြေကွက်ခွဲစိတ်ခြင်းအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါသည်။...
မြေကွက် အတည်ပြုတိုင်းခွဲ / ပေါင်းခွဲ၊ မြေကွက်ခွဲစိတ်ခြင်းအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါသည်။...
ကမ္ဘာအနှံ့က စုန်းမများဈေးဝယ်ထွက်ကြသည့် Bolivia နိုင်ငံမှ ထူးဆန်းသော စုန်းဈေး
ကမ္ဘာအနှံ့က စုန်းမများဈေးဝယ်ထွက်ကြသည့် Bolivia နိုင်ငံမှ ထူးဆန်းသော စုန်းဈေး
မြေတိုင်းတာခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
မြေတိုင်းတာခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ် Dangote က ပြည်ပနိုင်ငံများတွင် အိမ်ခြံမြေများ ပိုင်ဆိုင်မထားသည့် အကြောင်းရင်းကို ရှင်းပြ...
အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ် Dangote က ပြည်ပနိုင်ငံများတွင် အိမ်ခြံမြေများ ပိုင်ဆိုင်မထားသည့် အကြောင်းရင်းကို ရှင်းပြ...
ရွှန်းဆကု ဆဂမိ၏ အောင်မြင်မှု (သို့မဟုတ်) ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချမ်းသာသော ဂျပန်၏ အသက်အငယ်ဆုံး ဘီလျံနာ...
ရွှန်းဆကု ဆဂမိ၏ အောင်မြင်မှု (သို့မဟုတ်) ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချမ်းသာသော ဂျပန်၏ အသက်အငယ်ဆုံး ဘီလျံနာ...
သန်းကြွယ်သူဌေးများ ဖြစ်လာလျက်ရှိသော ထိုင်း ဒူးရင်းစိုက်ပျိုးသူများနှင့် တင်ပို့သူများ
သန်းကြွယ်သူဌေးများ ဖြစ်လာလျက်ရှိသော ထိုင်း ဒူးရင်းစိုက်ပျိုးသူများနှင့် တင်ပို့သူများ
အမျိုးသမီးများသာ ဝင်ခွင့်ပြုသော အိန္ဒိယမှ ဘုရားကျောင်းများ
အမျိုးသမီးများသာ ဝင်ခွင့်ပြုသော အိန္ဒိယမှ ဘုရားကျောင်းများ
တရုတ်ပြည်တွင် သခင်တို့ အလုပ်သွားနေချိန်အတွင်း အိမ်မွေးတိရ စ္ဆာန်ကလေးများအား Pet မူကြိုသို့ ပို့ဆောင်ထားမှု ခေတ်စားနေ၊ Pet မူကြိုတွင် အိမ်မွေးတိရ စ္ဆာန်လေးများအား ခေါင်းညိတ်၊ ခေါင်းခါ၊ လက်ဝါးရိုက် နှုတ်ဆက်နည်း၊ သေချင်ဟန်ဆေ...
တရုတ်ပြည်တွင် သခင်တို့ အလုပ်သွားနေချိန်အတွင်း အိမ်မွေးတိရ စ္ဆာန်ကလေးများအား Pet မူကြိုသို့ ပို့ဆောင်ထားမှု ခေတ်စားနေ၊ Pet မူကြိုတွင် အိမ်မွေးတိရ စ္ဆာန်လေးများအား ခေါင်းညိတ်၊ ခေါင်းခါ၊ လက်ဝါးရိုက် နှုတ်ဆက်နည်း၊ သေချင်ဟန်ဆေ...
တရုတ်ပြည်တွင် အညတရ သတင်းစာ အလုပ်သင်ဝန်ထမ်းမလေးတစ်ဦးဘဝမှ လူမှုကွန်ရက်တွင် follower သန်း ၂၀ ရှိ ဆယ်လီဖြစ်လာသော မိန်းကလေးတစ်ဦး၊ ပဲရစ်မြို့ အီဖဲမျှော်စင်ကြီးအောက်တွင် ချစ်သူ၏ ချစ်ရေးဆိုခြင်းခံရသော ဗွီဒီယို အွန်လိုင်းတွင် ကြည့်ရှုမှု အကြိမ်ရေ သန်း ၆၀ ရ...
တရုတ်ပြည်တွင် အညတရ သတင်းစာ အလုပ်သင်ဝန်ထမ်းမလေးတစ်ဦးဘဝမှ လူမှုကွန်ရက်တွင် follower သန်း ၂၀ ရှိ ဆယ်လီဖြစ်လာသော မိန်းကလေးတစ်ဦး၊ ပဲရစ်မြို့ အီဖဲမျှော်စင်ကြီးအောက်တွင် ချစ်သူ၏ ချစ်ရေးဆိုခြင်းခံရသော ဗွီဒီယို အွန်လိုင်းတွင် ကြည့်ရှုမှု အကြိမ်ရေ သန်း ၆၀ ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
ဒေါင့်သန်းပိုးထည့်ထားသော ချောကလက်၊ ဒေါက်တာသေမင်းနှင့် ဂျပန်ခေတ် ကြောက်မက်ဖွယ် ငရဲခန်းများ ဖန်တီးခဲ့သည့် ဂျပန်တပ်မတော်၏ U
ဒေါင့်သန်းပိုးထည့်ထားသော ချောကလက်၊ ဒေါက်တာသေမင်းနှင့် ဂျပန်ခေတ် ကြောက်မက်ဖွယ် ငရဲခန်းများ ဖန်တီးခဲ့သည့် ဂျပန်တပ်မတော်၏ U
အိုင်ယာလန်တွင် အိမ်ငှားဖြစ်သူအား အသိမပေးဘဲ အငှားချထားသောနေအိမ်တွင် အကြိမ်ကြိမ် ဝင်ရောက်အိပ်စက်သော အိမ်ရှင်၊ အိမ်ရှင်အိမ်
အိုင်ယာလန်တွင် အိမ်ငှားဖြစ်သူအား အသိမပေးဘဲ အငှားချထားသောနေအိမ်တွင် အကြိမ်ကြိမ် ဝင်ရောက်အိပ်စက်သော အိမ်ရှင်၊ အိမ်ရှင်အိမ်
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့် အမ်ဘာနီ၏ မင်္ဂလာဆောင်သို့ ဧည့်သည်တော်များ ကြိုဆိုခေါ်ဆောင်ပေးရန် လေယာဉ်ပျံပေါင်း အစင်
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့် အမ်ဘာနီ၏ မင်္ဂလာဆောင်သို့ ဧည့်သည်တော်များ ကြိုဆိုခေါ်ဆောင်ပေးရန် လေယာဉ်ပျံပေါင်း အစင်
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး
Mark Zuckerberg က ရေလွှာလျှောစီးရင်း ဘီယာသောက်ခဲ့သည့် ဗွီဒီယိုထွက်ပေါ်လာပြီးနောက် Elon Musk က “ကျုပ်ကတော့ အလုပ်လုပ်ရတာကိ
Mark Zuckerberg က ရေလွှာလျှောစီးရင်း ဘီယာသောက်ခဲ့သည့် ဗွီဒီယိုထွက်ပေါ်လာပြီးနောက် Elon Musk က “ကျုပ်ကတော့ အလုပ်လုပ်ရတာကိ
ဆောင်းပါးရှင် Ashley Poskin ပြောပြသော “အိမ်သုံးပစ္စည်း ၂ မျိုးတည်းဖြင့် ပုရွက်ဆိတ် နှိမ်နင်းနည်း”
ဆောင်းပါးရှင် Ashley Poskin ပြောပြသော “အိမ်သုံးပစ္စည်း ၂ မျိုးတည်းဖြင့် ပုရွက်ဆိတ် နှိမ်နင်းနည်း”
ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး
ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
တရုတ်ပြည်တွင် ခေါက်ဆွဲဆိုင်ရှင်၏ အတုယူဖွယ် စိတ်ထားကို လေးစားသွားသော လာရောက် စားသုံးသည့် ဆောက်လုပ်ရေး လုပ်သားက ဆိုင်ရှင်၏
တရုတ်ပြည်တွင် ခေါက်ဆွဲဆိုင်ရှင်၏ အတုယူဖွယ် စိတ်ထားကို လေးစားသွားသော လာရောက် စားသုံးသည့် ဆောက်လုပ်ရေး လုပ်သားက ဆိုင်ရှင်၏
shwe-wutthmone
sweet-dream

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service