၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ

၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ - Property Knowledge in Myanmar from iMyanmarHouse.com
25 May 2024 2:27 pm တွင် တင်ခဲ့သည်
682 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ဖုန်းရွှေဆိုတာက ဘာလဲ? ဖုန်းရွှေပညာရပ်ဟာ တရုတ်ဘူမိဗေဒပညာရပ်တစ်ခုဖြစ်ပြီး ရှေးခေတ်တရုတ်နိုင်ငံမှ ဆင်းသက်လာခဲ့ပါတယ်။ လူတစ်ဦးချင်းစီ၊ အဆောက်အဦး၊ မြေနေရာတို့ ကောင်းမွန်ဖို့ရာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေး ဖြစ်စေဖို့ရာ စွမ်းအားများကို အသုံးပြုတဲ့ ပညာရပ်ဖြစ်ပါတယ်။ နေထိုင်ရာအိမ်မှာ စီးပွားရေးတိုးတက်ကောင်းမွန်ဖို့အတွက် ဖုန်းရွှေနည်းလမ်းကို အသုံးပြုပြီး လာဘ်ဖွင့်ပေးနိုင်ပါတယ်။ အိမ်တွင်းစိုက်ပန်းလေးတွေထဲက ဘယ်လိုပန်းမျိုး စိုက်ပျိုးခြင်းဟာ ဖုန်းရွှေနည်းလမ်းအရ သင့်တော်မလဲ ကြည့်ရှုလိုက်ရအောင်...။

 

ငွေဝင်ဖို့ သံပရို

 

 

အသီးသီးတဲ့အပင်မျိုးဟာ ကြွယ်ဝချမ်းသာမှုနဲ့ကံကောင်းခြင်းကို ဖိတ်ခေါ်တယ်လို့ ဖုန်းရွှေနည်းလမ်းများက ဆိုပါတယ်။ အထူးသဖြင့်အိမ်တွင်းထဲမှာ စိုက်ပျိုးထားပြီး အသီးသီးကြတဲ့ အပင်မျိုးပဲပေါ့ ( ဥပမာပြောရရင် လိမ္မော်သီး၊ လီမွန်၊ ဂရိတ်ဖရု၊ စတော်ဘယ်ရီ သို့မဟုတ် သံပရာသီး ) ပင်မျိုးတွေပါ။

အိမ်တွင်းထဲမှာစိုက်ပျိုးပြီး ဆူဖြိုးအသီးသီးကြတဲ့ အပင်မျိုးတွေဟာ ကြွယ်ဝချမ်းသာမှု၊ တိုးတက်အောင်မြင်မှုနဲ့ ကောင်းမွန်တဲ့ စိတ်ခံစားချက်အဟုန်ကို ဖြစ်တည်စေနိုင်ပါတယ်။

မီးဖိုချောင်မှာ လီမွန်ပင်ပုလေး စိုက်ထားလိုက်ရင်တော့ ဟင်းချက်ဖို့အတွက် အဆင်ပြေ ငွေလဲဝင် တစ်ချက်ခုတ်ပြီး နှစ်ချက်ပြတ်မှာနော်။

 

မြန်မာအခေါ် ထီပေါက်ပင်

လာဘ်လာဘ၊ ကြွယ်ဝမှုကို သယ်ဆောင်လာပေးတဲ့ အပင်တစ်မျိုးဖြစ်ပြီး နူးညံတဲ့ ဘဲဥပုံအရွက်ငယ်များနဲ့ အညိုရောင် ပင်စည်ငယ်တို့ကြောင့် ချစ်ဖွယ်အသွင်ကိုဆောင်တဲ့ အပင်လေးတွေဟာ ရာသီဥတု အအေး၊ အပူ၊ ခြောက်သွေ့တဲ့လေထုရှိတဲ့ ရပ်ဝန်းမှာပါ အလွယ်တကူစိုက်ပျိုးနိုင်ပါတယ်။ ဖုန်းရွှေနည်းအရ ငွေဝင်တဲ့ အပင်တစ်မျိုး ဖြစ်ပါတယ်။

 

 

ပင်စိမ်း

 

မီးဖိုချောင်အတွက် အသုံးဝင်လွန်းတဲ့ ပင်စိမ်းပင်ငယ်လေးတွေကို အိမ်မကြီးတံခါးအဝင်ဝမှာ မြေအိုးနဲ့ စိုက်ပျိုးနိုင်ပါတယ်။ ပင်စိမ်းပင်ဟာ ကြွယ်ဝချမ်းသာမှုကို ဆောင်ကြဉ်းပါတယ်။ မကောင်းတဲ့ဓာတ်ကို စုပ်ယူတဲ့အတွက် အိမ်အတွင်း နေမကောင်း ဖျားနာတဲ့သူများရှိခဲ့ရင် ဖုန်းရွှေနည်းလမ်းအရ သက်သာစေပါလိမ့်မယ်။

 

 

ပင်စိမ်းပင်ကို စိုက်ပျိုးဖို့အတွက် ရေဓာတ်နဲ့ နေဓာတ်အလုံအလောက်ပေးရန် လိုအပ်တာမို့ တစ်နေ့ ၈ နာရီနေရောင်နဲ့ ရေတစ်လက်မစာလောက် နေ့စဉ်လောင်းပေးနေဖို့လိုပါတယ်။

 

အမြင်ဆန်းဆန်း သစ်ခွပန်း

 

သစ်ခွပန်းဟာ ဖုန်းရွှေနည်းအရ ကံကောင်းခြင်း၊ ပျော်ရွှင်မှု၊ ငွေကြေးကို ဆောင်ယူလာပါတယ်။ မိန်းမသားဆန်ဆန် နူးညံ့မှု၊ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတဖြစ်ပါတယ်။ စုံတွဲ၊ဇနီးမောင်နှံများအတွက်တော့ သစ်ခွပန်းကို အိပ်ခန်းထဲမှာ ချိတ်ဆွဲထားခြင်းဟာ အိမ်ထောင်ရေးမှာ ပိုလို့ချစ်ခြင်းမေတ္တာတိုးပွားစေပါတယ်။

အိမ်ထဲမှာ ဘယ်လိုအလှပန်းလေးတွေ စိုက်ပျိုးသင့်သလဲ ခေါင်းခြောက်နေသူ ပျိုမေတို့အတွက် ငွေဝင်တဲ့အပြင် အိမ်အလှဆင်ဖို့ အကြံဉာဏ်ကောင်းလေးများဖြစ်နိုင်တဲ့ ဖုန်းရွှေနည်းဖြင့်အပင်စိုက်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

 အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

၂၀၂၄ ခုႏွစ္မွာ ဝင္ေငြတိုးပြားေစဖို႔ မျဖစ္မေနစိုက္ပ်ိဳးသင့္တဲ့ အိမ္တြင္းဖုန္းေ႐ႊအလွပင္မ်ား

 

ဖုန္းေ႐ႊဆိုတာက ဘာလဲ? ဖုန္းေ႐ႊပညာရပ္ဟာ တ႐ုတ္ဘူမိေဗဒပညာရပ္တစ္ခုျဖစ္ၿပီး ေ႐ွးေခတ္တ႐ုတ္ႏိုင္ငံမွ ဆင္းသက္လာခဲ့ပါတယ္။ လူတစ္ဦးခ်င္းစီ၊ အေဆာက္အဦး၊ ေျမေနရာတို႔ ေကာင္းမြန္ဖို႔ရာ ပတ္ဝန္းက်င္နဲ႔ လိုက္ေလ်ာညီေထြး ျဖစ္ေစဖို႔ရာ စြမ္းအားမ်ားကို အသုံးျပဳတဲ့ ပညာရပ္ျဖစ္ပါတယ္။ ေနထိုင္ရာအိမ္မွာ စီးပြားေရးတိုးတက္ေကာင္းမြန္ဖို႔အတြက္ ဖုန္းေ႐ႊနည္းလမ္းကို အသုံးျပဳၿပီး လာဘ္ဖြင့္ေပးႏိုင္ပါတယ္။ အိမ္တြင္းစိုက္ပန္းေလးေတြထဲက ဘယ္လိုပန္းမ်ိဳး စိုက္ပ်ိဳးျခင္းဟာ ဖုန္းေ႐ႊနည္းလမ္းအရ သင့္ေတာ္မလဲ ၾကည့္႐ႈလိုက္ရေအာင္...။

 

ေငြဝင္ဖို႔ သံပ႐ို

အသီးသီးတဲ့အပင္မ်ိဳးဟာ ႂကြယ္ဝခ်မ္းသာမႈနဲ႔ကံေကာင္းျခင္းကို ဖိတ္ေခၚတယ္လို႔ ဖုန္းေ႐ႊနည္းလမ္းမ်ားက ဆိုပါတယ္။ အထူးသျဖင့္အိမ္တြင္းထဲမွာ စိုက္ပ်ိဳးထားၿပီး အသီးသီးၾကတဲ့ အပင္မ်ိဳးပဲေပါ့ ( ဥပမာေျပာရရင္ လိေမၼာ္သီး၊ လီမြန္၊ ဂရိတ္ဖ႐ု၊ စေတာ္ဘယ္ရီ သို႔မဟုတ္ သံပရာသီး ) ပင္မ်ိဳးေတြပါ။ အိမ္တြင္းထဲမွာစိုက္ပ်ိဳးၿပီး ဆူၿဖိဳးအသီးသီးၾကတဲ့ အပင္မ်ိဳးေတြဟာ ႂကြယ္ဝခ်မ္းသာမႈ၊ တိုးတက္ေအာင္ျမင္မႈနဲ႔ ေကာင္းမြန္တဲ့ စိတ္ခံစားခ်က္အဟုန္ကို ျဖစ္တည္ေစႏိုင္ပါတယ္။ မီးဖိုေခ်ာင္မွာ လီမြန္ပင္ပုေလး စိုက္ထားလိုက္ရင္ေတာ့ ဟင္းခ်က္ဖို႔အတြက္ အဆင္ေျပ ေငြလဲဝင္ တစ္ခ်က္ခုတ္ၿပီး ႏွစ္ခ်က္ျပတ္မွာေနာ္။

 

ျမန္မာအေခၚ ထီေပါက္ပင္

လာဘ္လာဘ၊ ႂကြယ္ဝမႈကို သယ္ေဆာင္လာေပးတဲ့ အပင္တစ္မ်ိဳးျဖစ္ၿပီး ႏူးညံတဲ့ ဘဲဥပုံအ႐ြက္ငယ္မ်ားနဲ႔ အညိဳေရာင္ ပင္စည္ငယ္တို႔ေၾကာင့္ ခ်စ္ဖြယ္အသြင္ကိုေဆာင္တဲ့ အပင္ေလးေတြဟာ ရာသီဥတု အေအး၊ အပူ၊ ေျခာက္ေသြ႕တဲ့ေလထု႐ွိတဲ့ ရပ္ဝန္းမွာပါ အလြယ္တကူစိုက္ပ်ိဳးႏိုင္ပါတယ္။ ဖုန္းေ႐ႊနည္းအရ ေငြဝင္တဲ့ အပင္တစ္မ်ိဳး ျဖစ္ပါတယ္။

 

ပင္စိမ္း

မီးဖိုေခ်ာင္အတြက္ အသုံးဝင္လြန္းတဲ့ ပင္စိမ္းပင္ငယ္ေလးေတြကို အိမ္မႀကီးတံခါးအဝင္ဝမွာ ေျမအိုးနဲ႔ စိုက္ပ်ိဳးႏိုင္ပါတယ္။ ပင္စိမ္းပင္ဟာ ႂကြယ္ဝခ်မ္းသာမႈကို ေဆာင္ၾကဥ္းပါတယ္။ မေကာင္းတဲ့ဓာတ္ကို စုပ္ယူတဲ့အတြက္ အိမ္အတြင္း ေနမေကာင္း ဖ်ားနာတဲ့သူမ်ား႐ွိခဲ့ရင္ ဖုန္းေ႐ႊနည္းလမ္းအရ သက္သာေစပါလိမ့္မယ္။ ပင္စိမ္းပင္ကို စိုက္ပ်ိဳးဖို႔အတြက္ ေရဓာတ္နဲ႔ ေနဓာတ္အလုံအေလာက္ေပးရန္ လိုအပ္တာမို႔ တစ္ေန႔ ၈ နာရီေနေရာင္နဲ႔ ေရတစ္လက္မစာေလာက္ ေန႔စဥ္ေလာင္းေပးေနဖို႔လိုပါတယ္။

 

အျမင္ဆန္းဆန္း သစ္ခြပန္း

သစ္ခြပန္းဟာ ဖုန္းေ႐ႊနည္းအရ ကံေကာင္းျခင္း၊ ေပ်ာ္႐ႊင္မႈ၊ ေငြေၾကးကို ေဆာင္ယူလာပါတယ္။ မိန္းမသားဆန္ဆန္ ႏူးညံ့မႈ၊ ခ်စ္ျခင္းေမတၱာရဲ႕ သေကၤတျဖစ္ပါတယ္။ စုံတြဲ၊ဇနီးေမာင္ႏွံမ်ားအတြက္ေတာ့ သစ္ခြပန္းကို အိပ္ခန္းထဲမွာ ခ်ိတ္ဆြဲထားျခင္းဟာ အိမ္ေထာင္ေရးမွာ ပိုလို႔ခ်စ္ျခင္းေမတၱာတိုးပြားေစပါတယ္။

အိမ္ထဲမွာ ဘယ္လိုအလွပန္းေလးေတြ စိုက္ပ်ိဳးသင့္သလဲ ေခါင္းေျခာက္ေနသူ ပ်ိဳေမတို႔အတြက္ ေငြဝင္တဲ့အျပင္ အိမ္အလွဆင္ဖို႔ အၾကံဉာဏ္ေကာင္းေလးမ်ားျဖစ္ႏိုင္တဲ့ ဖုန္းေ႐ႊနည္းျဖင့္အပင္စိုက္နည္းေလးကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား ?
ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား ?
အခွန်လွတ်သာသနာ့မြေ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အခွန်လွတ်သာသနာ့မြေ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အမှုအမျိုးအစားများထဲမှ ပြင်ဆင်မှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အမှုအမျိုးအစားများထဲမှ ပြင်ဆင်မှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အမေရိကန်ပြည်တွင် အသက် ၈၅ နှစ်အရွယ် အဘွားအို ဂုဏ်ထူးဆောင် အထက်တန်းစာမေးပွဲ အောင်လက်မှတ် ရရှိ...
အမေရိကန်ပြည်တွင် အသက် ၈၅ နှစ်အရွယ် အဘွားအို ဂုဏ်ထူးဆောင် အထက်တန်းစာမေးပွဲ အောင်လက်မှတ် ရရှိ...
အမေးအဖြေဆိုင်ရာ သိကောင်းစရာ ....
အမေးအဖြေဆိုင်ရာ သိကောင်းစရာ ....
ခြံနေရာကျဉ်းသူများအတွက် အိမ်တွင်းရေကူးကန် idea လေးများ
ခြံနေရာကျဉ်းသူများအတွက် အိမ်တွင်းရေကူးကန် idea လေးများ
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်
တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ဒေါ်လာ ၉၀၀၀၀၀ အကြွေးဖြင့် ကုမ္ပဏီစတင်တည်ထောင်ခဲ့ကာ ယခုအခါ ကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံ ချမ်းသာနေပြီဖြစ်သော အမေရိက၏ အချမ်းသာ
ဒေါ်လာ ၉၀၀၀၀၀ အကြွေးဖြင့် ကုမ္ပဏီစတင်တည်ထောင်ခဲ့ကာ ယခုအခါ ကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံ ချမ်းသာနေပြီဖြစ်သော အမေရိက၏ အချမ်းသာ
ပထမဇနီးကို သတ်ခဲ့သည့်အပြင် ဒုတိယဇနီးနှင့် ရသော ကလေး ၂ ဦးကိုလည်း မကောင်းဆိုးရွားများ ဖြစ်သည် ဟုဆိုကာ ဒုတိယဇနီးနှင့် ပူးပေ
ပထမဇနီးကို သတ်ခဲ့သည့်အပြင် ဒုတိယဇနီးနှင့် ရသော ကလေး ၂ ဦးကိုလည်း မကောင်းဆိုးရွားများ ဖြစ်သည် ဟုဆိုကာ ဒုတိယဇနီးနှင့် ပူးပေ
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service