အင်္ဂလန်တွင် ပီဇာဆိုင်ဟောင်းကို ၃ ထပ်လူနေအိမ်အဖြစ် ပြောင်းလဲဆောက်လုပ်လိုမှုကို မြို့ကောင်စီက ခွင့်မပြု သောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်က လက်စားချေသည့်အနေဖြင့် ကောင်စီလူကြီး၏ ဦးခေါင်းတပိုင်း ပုံတူရုပ်ကြီး အမိုးပေါ်တွင် ထားရှိကာ လက်စားချေ

အင်္ဂလန်တွင် ပီဇာဆိုင်ဟောင်းကို ၃ ထပ်လူနေအိမ်အဖြစ် ပြောင်းလဲဆောက်လုပ်လိုမှုကို မြို့ကောင်စီက ခွင့်မပြု သောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်က လက်စားချေသည့်အနေဖြင့် ကောင်စီလူကြီး၏ ဦးခေါင်းတပိုင်း ပုံတူရုပ်ကြီး အမိုးပေါ်တွင် ထားရှိကာ လက်စားချေ - Property News in Myanmar from iMyanmarHouse.com
30 Oct 2023 12:04 pm တွင် တင်ခဲ့သည်
1037 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံတွင် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုအတွက် စီမံကိန်းခွင့်ပြုချက် ချထားမပေးသောကြောင့် မြို့ကောင်စီလူကြီးအပေါ် လက်စားချေလိုက်ကြောင်း အမျက်ထွက်နေသော ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်ဟု The Sun သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အင်္ဂလန်နိုင်ငံ၊ ဝစ်ရှိုင်းယားခရိုင်၊ Trowbridge မြို့တွင် အသက် ၇၁ နှစ်အရွယ် မိုက်ကယ် သောမတ်စ်က ပီဇာဆိုင်နေရာဟောင်းကို အိပ်ခန်း ၇ ခန်းပါ ၃ ထပ်အဆောက်အအုံအဖြစ် ပြောင်းလဲဆောက်လုပ်လို သော်လည်း မြို့ကောင်စီက ခွင့်မပြုခဲ့။

(မိုက်ကယ်သောမတ်စ်က ပီဇာဆိုင်ဟောင်းကို လူနေအိမ်အဖြစ် ပြောင်းလဲလိုသည်။ ဓာတ်ပုံ-SWNS)

(မိုက်ကယ်သောမတ်စ်က လက်စားချေသည့်အနေဖြင့် အိမ်အမိုးပေါ်တွင် ကောင်စီလူကြီး၏ မျက်နှာပုံ ကျောက်ရုပ်တုကြီး ထားရှိခဲ့သည်။ ဓာတ်ပုံ-SWNS)

(ကောင်စီလူကြီး Stewart Palmen အား လှောင်ပြောင်သည့်အနေဖြင့် ထားရှိခြင်းဖြစ်သည်။ ဓာတ်ပုံ-SWNS)

Trownbridge မြို့ကောင်စီ အကြီးအကဲ Stewart Palmen က သောမတ်စ်၏ စီမံကိန်းကို ကန့်ကွက်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ထိုအခါ မစ္စတာသောမတ်စ်က လက်စားချေသည့်အနေဖြင့် အိမ်ခေါင်မိုးပေါ်တွင် ကောင်စီလူကြီး Stewart Palmen ၏ ဦးခေါင်းပုံ ကျောက်ရုပ်ကြီး ထားရှိခဲ့သည်။

အသက် ၆၁ နှစ်အရွယ်ရှိ ကောင်စီလူကြီး Stewart Palmen က ပြောသည်မှာ အဆောက်အအုံပေါ်တွင် ဦးခေါင်းပိုင်းရုပ်တုဖြင့် မိမိမှာ ဂုဏ်ပြုခံရကြောင်း ပြောသည်။

“အဲဒါက အတော်သဘောကျဖို့ကောင်းပါတယ်။ သူက အဲဒီအိမ်ကို စီမံကိန်းခွင့်ပြုချက်မရှိဘဲ ၂၀၂၀ ကတည်းက ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်နေခဲ့တာ ဖြစ်ပါတယ်”ဟု Stewart Palmen က ပြောသည်။

“စီမံကိန်း ရပ်တန့်ဖို့ သတိပေးတဲ့အချိန်မှာ သူက စီမံကိန်း ခွင့်ပြုချက် လျှောက်ထားခဲ့တယ်။ အဲဒီလျှောက်ထားမှု နဲ့ အယူခံဝင်မှုတွေကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။”

“ဒီအရုပ်ထားတာက ပုဂ္ဂိုလ်ရေးအရ လုပ်ခဲ့တာ ဖြစ်ပါတယ်။ မြို့ကောင်စီက မကောင်းကြံတယ်လို့ သူက ထင်နေတယ်။” “သူက ကျွန်တော့်အပေါ် အငြိုးထားနေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်က ဒီအရုပ်ကြီးကို အတော် သဘောကျပါတယ်။ ဆက်ပြီးတော့ ထားစေချင်တယ်။”

မစ္စတာသောမတ်စ်သည် ဆောက်လုပ်မှု ရပ်ဆိုင်းရန် သတိပေးထားသည့်ကြားမှ ဆက်လက်ဆောက်လုပ်ခဲ့ သောကြောင့် ဝစ်ရှိုင်းယားကောင်စီ၏ တရားစွဲခြင်းခံခဲ့ရသည်။

အဆိုပါ စီမံကိန်းကို ယာယီရပ်ဆိုင်းထားရန် သတိပေးချက်ထုတ်ပြန်ခဲ့သော်လည်း သောမတ်စ်က ဆက်လက် ဆောက်လုပ်သွားမည်ဟု ပြောခဲ့သည်။

ယင်းနောက်ပိုင်း ကောင်စီလူကြီး Stewart Palmen နှင့် ဒေသခံတို့၏ ကန့်ကွက်မှုများအပြင် ၂၀၂၀ စက်တင်ဘာလတွင် စီမံကိန်းရပ်ဆိုင်းရန် တရားဝင် သတိပေးချက် ထုတ်ပြန်ခြင်းတို့ ပြုလုပ်လာခဲ့သည်။

ထိုအခါ သောမတ်စ်က စီမံကိန်းခွင့်ပြုချက် လျှောက်ထားခဲ့သော်လည်း ဝစ်ရှိုင်းယားကောင်စီက ၂၀၂၂ ဇွန်လ တွင် ပယ်ချခဲ့သည်။

သောမတ်စ်က အသနားခံစာ တင်ပြခဲ့သော်လည်း ယခုနှစ်မေလတွင် စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးက မြို့ကောင်စီ၏ ဆုံးဖြတ်ချက်ကို ဆက်လက်အတည်ပြုခဲ့သည်။

တန်ဖိုးကြီး လူနေအိမ်များကို ဝယ်ယူရန် မတတ်နိုင်သူများအတွက် ဖြည့်ဆည်းပေးရန် ကြိုးစားနေသည့် အသေးစား ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား မြို့ကောင်စီက ထိုးနှက်လျက်ရှိကြောင်း သောမတ်စ်က သူ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် စာရေးသား ချိတ်ဆွဲထားသည်။

ယခုအဆောက်အအုံမှာ ရှေးယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဧရိယာအတွင်း ရှိသော်လည်း အဆောက်အအုံမှာမူ ရှေးဟောင်း အဆောက်အအုံစာရင်းမဝင်ချေ။

ယခုအငြင်းပွားမှုနှင့် စပ်လျဉ်းပြီး မိမိအနေနှင့် ထောင်ထဲသွားရန် အသင့်ရှိကြောင်း သောမတ်စ်က ပြောသည်။

ကောင်စီအရာရှိများက စည်းမျဉ်းစည်းကမ်းများ မလိုက်နာကြရာ မိမိအနေဖြင့် အဘယ်ကြောင့် လိုက်နာရမည်နည်းဟု ၎င်းက ပြောသည်။

“ထောင်ထဲသွားရမှာ ကျွန်တော် မကြောက်ပါဘူး။ ကျွန်တော် အရင်ကလည်း ၂ ခါ ထောင်ကျဖူးပါတယ်။ အခုဆိုရင် ထောင်ထဲမှာ အိမ်သာတွေ၊ ရုပ်မြင်သံကြားစက်တွေ ရှိနေပြီ။ ထောင်ထဲမှာ နေရတာ အရင်လောက် မဆိုးတော့ဘူး”ဟု ၎င်းက ပြောသည်။

လာမည့် အောက်တိုဘာ ၂၇ ရက်တွင် Swindon ရာဇဝတ်တရားရုံးတွင် အမှုရင်ဆိုင်ရမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: FACE THE FACTS I was denied permission to turn an ugly old takeaway into an incredible three-storey home – so I got my revenge (thesun)

[Zawgyi]

အဂၤလန္တြင္ ပီဇာဆိုင္ေဟာင္းကို ၃ ထပ္လူေနအိမ္အျဖစ္ ေျပာင္းလဲေဆာက္လုပ္လိုမႈကို ျမိဳ႕ေကာင္စီက ခြင့္မျပဳ ေသာေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းရွင္က လက္စားေခ်သည့္အေနျဖင့္ ေကာင္စီလူၾကီး၏ ဦးေခါင္းတပိုင္း ပံုတူရုပ္ၾကီး အမိုးေပၚတြင္ ထားရွိကာ လက္စားေခ်

အဂၤလန္ႏိုင္ငံတြင္ ေဆာက္လုပ္ေရး လုပ္ငန္းတစ္ခုအတြက္ စီမံကိန္းခြင့္ျပဳခ်က္ ခ်ထားမေပးေသာေၾကာင့္ ျမိဳ႕ေကာင္စီလူၾကီးအေပၚ လက္စားေခ်လိုက္ေၾကာင္း အမ်က္ထြက္ေနေသာ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ တစ္ဦးက ေျပာသည္ဟု The Sun သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

အဂၤလန္ႏိုင္ငံ၊ ဝစ္ရႈိင္းယားခရိုင္၊ Trowbridge ျမိဳ႕တြင္ အသက္ ၇၁ ႏွစ္အရြယ္ မိုက္ကယ္ ေသာမတ္စ္က ပီဇာဆိုင္ေနရာေဟာင္းကို အိပ္ခန္း ၇ ခန္းပါ ၃ ထပ္အေဆာက္အအံုအျဖစ္ ေျပာင္းလဲေဆာက္လုပ္လို ေသာ္လည္း ျမိဳ႕ေကာင္စီက ခြင့္မျပဳခဲ့။

(မိုက္ကယ္ေသာမတ္စ္က ပီဇာဆိုင္ေဟာင္းကို လူေနအိမ္အျဖစ္ ေျပာင္းလဲလိုသည္။ ဓာတ္ပံု-SWNS)

(မိုက္ကယ္ေသာမတ္စ္က လက္စားေခ်သည့္အေနျဖင့္ အိမ္အမိုးေပၚတြင္ ေကာင္စီလူၾကီး၏ မ်က္ႏွာပံု ေက်ာက္ရုပ္တုၾကီး ထားရွိခဲ့သည္။ ဓာတ္ပံု-SWNS)

(ေကာင္စီလူၾကီး Stewart Palmen အား ေလွာင္ေျပာင္သည့္အေနျဖင့္ ထားရွိျခင္းျဖစ္သည္။ ဓာတ္ပံု-SWNS)

Trownbridge ျမိဳ႕ေကာင္စီ အၾကီးအကဲ Stewart Palmen က ေသာမတ္စ္၏ စီမံကိန္းကို ကန္႔ကြက္ခဲ့ျပီး ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ရပ္ဆုိင္းထားရန္ သတိေပးခ်က္ ထုတ္ျပန္ခဲ့သည္။

ထိုအခါ မစၥတာေသာမတ္စ္က လက္စားေခ်သည့္အေနျဖင့္ အိမ္ေခါင္မိုးေပၚတြင္ ေကာင္စီလူၾကီး Stewart Palmen ၏ ဦးေခါင္းပံု ေက်ာက္ရုပ္ၾကီး ထားရွိခ့ဲသည္။

အသက္ ၆၁ ႏွစ္အရြယ္ရွိ ေကာင္စီလူၾကီး Stewart Palmen က ေျပာသည္မွာ အေဆာက္အအံုေပၚတြင္ ဦးေခါင္းပိုင္းရုပ္တုျဖင့္ မိမိမွာ ဂုဏ္ျပဳခံရေၾကာင္း ေျပာသည္။

“အဲဒါက အေတာ္သေဘာက်ဖို႔ေကာင္းပါတယ္။ သူက အဲဒီအိမ္ကို စီမံကိန္းခြင့္ျပဳခ်က္မရွိဘဲ ၂၀၂၀ ကတည္းက ေဆာက္လုပ္ေရးလုပ္ငန္းေတြ စတင္ေနခဲ့တာ ျဖစ္ပါတယ္”ဟု Stewart Palmen က ေျပာသည္။

“စီမံကိန္း ရပ္တန္႔ဖို႔ သတိေပးတဲ့အခ်ိန္မွာ သူက စီမံကိန္း ခြင့္ျပဳခ်က္ ေလွ်ာက္ထားခဲ့တယ္။ အဲဒီေလွ်ာက္ထားမႈ နဲ႔ အယူခံဝင္မႈေတြကို ပယ္ခ်ခဲ့တာ ျဖစ္ပါတယ္။”

“ဒီအရုပ္ထားတာက ပုဂၢိဳလ္ေရးအရ လုပ္ခဲ့တာ ျဖစ္ပါတယ္။ ျမဳိ႕ေကာင္စီက မေကာင္းၾကံတယ္လို႔ သူက ထင္ေနတယ္။” “သူက ကၽြန္ေတာ့္အေပၚ အျငိဳးထားေနတာ ျဖစ္ႏိုင္တယ္။ ဒါေပမဲ့ ကၽြန္ေတာ္က ဒီအရုပ္ၾကီးကို အေတာ္ သေဘာက်ပါတယ္။ ဆက္ျပီးေတာ့ ထားေစခ်င္တယ္။”

မစၥတာေသာမတ္စ္သည္ ေဆာက္လုပ္မႈ ရပ္ဆိုင္းရန္ သတိေပးထားသည့္ၾကားမွ ဆက္လက္ေဆာက္လုပ္ခဲ့ ေသာေၾကာင့္ ဝစ္ရိႈင္းယားေကာင္စီ၏ တရားစြဲျခင္းခံခဲ့ရသည္။

အဆိုပါ စီမံကိန္းကို ယာယီရပ္ဆိုင္းထားရန္ သတိေပးခ်က္ထုတ္ျပန္ခဲ့ေသာ္လည္း ေသာမတ္စ္က ဆက္လက္ ေဆာက္လုပ္သြားမည္ဟု ေျပာခဲ့သည္။

ယင္းေနာက္ပိုင္း ေကာင္စီလူၾကီး Stewart Palmen ႏွင့္ ေဒသခံတို႔၏ ကန္႔ကြက္မႈမ်ားအျပင္ ၂၀၂၀ စက္တင္ဘာလတြင္ စီမံကိန္းရပ္ဆိုင္းရန္ တရားဝင္ သတိေပးခ်က္ ထုတ္ျပန္ျခင္းတို႔ ျပဳလုပ္လာခဲ့သည္။

ထုိအခါ ေသာမတ္စ္က စီမံကိန္းခြင့္ျပဳခ်က္ ေလွ်ာက္ထားခဲ့ေသာ္လည္း ဝစ္ရိႈင္းယားေကာင္စီက ၂၀၂၂ ဇြန္လ တြင္ ပယ္ခ်ခဲ့သည္။

ေသာမတ္စ္က အသနားခံစာ တင္ျပခဲ့ေသာ္လည္း ယခုႏွစ္ေမလတြင္ စံုစမ္းစစ္ေဆးေရးမွဴးတစ္ဦးက ျမဳိ႕ေကာင္စီ၏ ဆံုးျဖတ္ခ်က္ကို ဆက္လက္အတည္ျပဳခဲ့သည္။

တန္ဖုိးၾကီး လူေနအိမ္မ်ားကို ဝယ္ယူရန္ မတတ္ႏိုင္သူမ်ားအတြက္ ျဖည့္ဆည္းေပးရန္ ၾကိဳးစားေနသည့္ အေသးစား ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအား ျမဳိ႕ေကာင္စီက ထိုးႏွက္လ်က္ရွိေၾကာင္း ေသာမတ္စ္က သူ၏ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္ စာေရးသား ခ်ိတ္ဆြဲထားသည္။

ယခုအေဆာက္အအံုမွာ ေရွးယဥ္ေက်းမႈ အေမြအႏွစ္မ်ား ထိန္းသိမ္းေရးဧရိယာအတြင္း ရွိေသာ္လည္း အေဆာက္အအံုမွာမူ ေရွးေဟာင္း အေဆာက္အအံုစာရင္းမဝင္ေခ်။

ယခုအျငင္းပြားမႈႏွင့္ စပ္လ်ဥ္းျပီး မိမိအေနႏွင့္ ေထာင္ထဲသြားရန္ အသင့္ရွိေၾကာင္း ေသာမတ္စ္က ေျပာသည္။

ေကာင္စီအရာရွိမ်ားက စည္းမ်ဥ္းစည္းကမ္းမ်ား မလိုက္နာၾကရာ မိမိအေနျဖင့္ အဘယ္ေၾကာင့္ လိုက္နာရမည္နည္းဟု ၎က ေျပာသည္။

“ေထာင္ထဲသြားရမွာ ကၽြန္ေတာ္ မေၾကာက္ပါဘူး။ ကၽြန္ေတာ္ အရင္ကလည္း ၂ ခါ ေထာင္က်ဖူးပါတယ္။ အခုဆုိရင္ ေထာင္ထဲမွာ အိမ္သာေတြ၊ ရုပ္ျမင္သံၾကားစက္ေတြ ရွိေနျပီ။ ေထာင္ထဲမွာ ေနရတာ အရင္ေလာက္ မဆိုးေတာ့ဘူး”ဟု ၎က ေျပာသည္။

လာမည့္ ေအာက္တုိဘာ ၂၇ ရက္တြင္ Swindon ရာဇဝတ္တရားရံုးတြင္ အမႈရင္ဆုိင္ရမည္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: FACE THE FACTS I was denied permission to turn an ugly old takeaway into an incredible three-storey home – so I got my revenge (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service