ရေဒီယို တင်ဆက်သူဟောင်း ၊ အသက် ၈၄ နှစ်အရွယ်အဘိုးအို နှစ်ပေါင်း ၃၀ ကျော် အိမ်ငှားခမပေးရဘဲ နေထိုင်ရလျက်ရှိသော နယူးယောက်မြို့က သမိုင်းဝင် အဆောက်အအုံကြီး
ရေဒီယို တင်ဆက်သူဟောင်း ၊ အသက် ၈၄ နှစ်အရွယ်အဘိုးအို နှစ်ပေါင်း ၃၀ ကျော် အိမ်ငှားခမပေးရဘဲ နေထိုင်ရလျက်ရှိသော နယူးယောက်မြို့က သမိုင်းဝင် အဆောက်အအုံကြီး - Property News in Myanmar from iMyanmarHouse.com
18 Oct 2023 10:29 am တွင် တင်ခဲ့သည်
607 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့၊ Queens အရပ်မှ အထင်ကရ အဆောက်အအုံကြီးတစ်ခုတွင် ရွိုင်ဖောက်စ် (Roy Fox) အမည်ရှိ အဘိုးအို နေထိုင်လျက်ရှိသည်မှာ ဆယ်စုနှစ် ၃ ခုကျော် ရှိပြီဖြစ်ပြီး အိမ်ငှားခ တပြားတချပ်မျှ မပေးခဲ့ရ။
Jamaica’s King Manor House အမည်ရှိ သမိုင်းဝင် အဆောက်အအုံကြီးတွင် အိမ်ငှားခမပေးရဘဲ နေထိုင်ရ လျက် ရှိသူ အဘိုးအိုမှာ ယခင်က ရေဒီယို အစီအစဉ်တင်ဆက်သူတဦးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။
ငှားရမ်းခမပေးရခြင်း၏ အကြောင်းကား ၁၁ ဧကကျယ်သော ထိုခြံဝန်းကြီး၏ ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် နေထိုင်သောကြောင့် ဖြစ်သည်။ ရွိုင်ဖောက်စ်က ပြောသည်မှာ သူ၏ အလုပ်တာဝန်မှာ များများစားစားမရှိကြောင်း ပြောသည်။
“ကျွန်တော့်အလုပ်က တံခါးဖွင့်ပေးဖို့နဲ့ ပိတ်ပေးဖို့ပဲ ရှိပါတယ်”ဟု ရွိုင်ဖောက်စ်က နယူးယောက်တိုင်းမ် သတင်းစာသို့ ပြောသည်။
၎င်းက ရှင်းပြသည်မှာ ၁၇၀၀ ပြည့်လွန်ခန့်က ဆောက်လုပ်ခဲ့သောစံအိမ်ကို ပြတိုက်အဖြစ် ပြောင်းလဲထားခြင်း ဖြစ်ကြောင်း ပြောသည်။
YouTuber တဦးဖြစ်သူ Cash Jordan ၏ ချန်နယ်တခုတွင် အဘိုးအိုရွိုင်ဖောက်စ် အိမ်ငှားခမပေးရဘဲ နေထိုင်ရပုံအကြောင်း ရိုက်ကူးဖော်ပြခဲ့ရာ အင်တာနက်တွင် သူ့အကြောင်း လူသိများလာသည်။
ရွိုင်ဖောက်စ် နေထိုင်သောအခန်းကို ရိုက်ကူးပြသထားသည့် ၁၄ မိနစ်ကြာ ဗွီဒီယိုဖိုင်ကို ယခုလအစောပိုင်းက တင်ခဲ့ခြင်းဖြစ်ပြီး ကြည့်ရှုမှုအကြိမ်ရေ ၃၄၁၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။
(ရွိုင်ဖောက်စ်ကို သူ၏ အခန်းအတွင်း တွေ့ရပုံ။ ဓာတ်ပုံ-Tamara Beckwith)
(ရွိုင်ဖောက်စ် အခမဲ့ နေထိုင်ရလျက်ရှိသော အဆောက်အအုံကြီး၏ အပြင်ဘက်မြင်ကွင်း။ ဓာတ်ပုံ-Tamara Beckwith)
ဗွီဒီယိုဖိုင်တွင် အခန်းပေါင်း ၂၉ ခန်းပါဝင်ပြီး စတုရန်းပေ ၂၂၀၀၀ ကျယ်ဝန်းသည့် အဆောက်အအုံကြီးအတွင်း ပိုင်းကို ရိုက်ကူးပြသထားကာ ခြံဝန်းအတွင်း ၂ ထပ်အဆောက်အအုံတလုံးလည်း ပါဝင်သည်။
ဧည့်ခန်း ၊ မီးဖိုဆောင်နှင့် ညစာစားခန်းတို့ကို လမ်းတခုဖြင့် ဆက်သွယ်ထားပြီး ညစာစားခန်းတွင် မကြာသေးမီ ကမှ နံရံကပ်စက္ကူများဖြင့် အလှဆင်ထားသည်။
ရွိုင်ဖောက်စ်၏ အခန်းတွင် ညစာစားခန်း ၊ မီးဖိုဆောင် ၊ ရုံးခန်း ၁ ခု ၊ ရေချိုးခန်းတို့အပြင် စာအုပ်စာတမ်း များစွာရှိသော စာကြည့်တိုက်တခုလည်း ပါဝင်သည်။
သူ၏ စာကြည့်တိုက်မှာ ထိုစံအိမ်ကြီးမှ စာအုပ် ၃၂၀၀ ရှိသော စာကြည့်တိုက်ထက်ပင် ပိုမိုကြီးမားသည်။
ရွိုင်ဖောက်စ်သည် ဤအဆောက်အအုံကြီးတွင် ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် နေထိုင်ခဲ့သည်မှာ ၁၉၈၀ ပြည့်လွန်ကာလများကတည်းက ဖြစ်ပြီး လစာရရှိခြင်းကားမရှိ။
ထိုကာလက သူ၏ ဇနီးဖြစ်သူနှင့်အတူ နေထိုင်ခဲ့ခြင်းဖြစ်ပြီး ဤစံအိမ်ကြီးအတွက် ထိန်းသိမ်းစောင့်ရှောက်သူ တဦး ရှာဖွေနေကြောင်း ဇနီးဖြစ်သူက သတင်းရခဲ့ခြင်းဖြစ်သည်။
(အဆောက်အအုံကြီး၏ အကျယ်အဝန်းမှာ စတုရန်းပေ ၂၂၀၀၀ ရှိသည်။ ဓာတ်ပုံ-Cash Jordan/YouTube)
(အဆောက်အအုံကြီးရှိ အိပ်ခန်းတခန်း။ ဓာတ်ပုံ-Tamara Beckwith)
(ဤအဆောက်အအုံသည် ပြတိုက်တခုဖြစ်သကဲ့သို့ ရွိုင်ဖောက်စ်၏ နေအိမ်လည်းဖြစ်သည်။ ဓာတ်ပုံ-Tamara Beckwith)
(YouTube ဗွီဒီယိုတခုကြောင့် ရွိုင်ဖောက်စ်အကြောင်း လူသိများလာခဲ့သည်။ ဓာတ်ပုံ-Cash Jordan/ YouTube)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: See inside the historic NYC mansion where this man lives rent-free (nypost)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service