အိမ်ငှားခဈေးကြီးသောကြောင့် တောအုပ်ထဲတွင် ထရပ်ကားတစ်စင်းဖြင့် နေထိုင်လျက်ရှိသော မိန်းကလေး TikTok တွင် နာမည်ကြီးလျက်ရှိ

အိမ်ငှားခဈေးကြီးသောကြောင့် တောအုပ်ထဲတွင် ထရပ်ကားတစ်စင်းဖြင့် နေထိုင်လျက်ရှိသော မိန်းကလေး TikTok တွင် နာမည်ကြီးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
13 Oct 2023 11:52 am တွင် တင်ခဲ့သည်
1591 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လွတ်လပ်စွာ စူးစမ်းလေ့လာသွားလာလိုသူများအတွက် ကားပေါ်တွင် နေထိုင်ခြင်းမှာ နှစ်သက်ဖွယ် အကောင်းဆုံး နေထိုင်မှုပုံစံ ဖြစ်လာသည်။

ထရပ်ကားတစ်စင်းပေါ်တွင် နေထိုင်သော မိန်းကလေးတစ်ဦးက အများနည်းတူ လူနေအိမ်များတွင် မနေဘဲ တောအုပ်ထဲတွင် အခြေချနေထိုင်ရခြင်း၏ အကြောင်းရင်းကို ထုတ်ဖော်ပြောဆိုလာသည်။

 (Kai အမည်ရှိ မိန်းကလေးက ထရပ်ကားတစ်စင်းဖြင့် တောထဲတွင် နေထိုင်ကြောင်း ထုတ်ဖော်ပြောပြပြီးနောက် TikTok တွင် နာမည်ကြီးလျက် ရှိသည်။ ဓာတ်ပုံ-tiktok.com/the ugly truckling)

(အိမ်ငှားခဈေးကြီးသောကြောင့် ထရပ်ကားကို နေအိမ်အဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ကြောင်း Kai က ပြောသည်။ ဓာတ်ပုံ-tiktok.com/the ugly truckling)

Kai သည် TikTok တွင် Follower ၈၅၈၀၀၀ ကျော်ရှိသည်။

Kai က ကနေဒါနိုင်ငံရှိ တောအုပ်အတွင်း ထရပ်ကားတစ်စီးဖြင့် နေထိုင်ရသည့် ဘဝအတွေ့အကြုံများကို TikTok တွင် မျှဝေလေ့ရှိသည်။

အိမ်ငှားခ ဈေးကြီးမှုကြောင့် ကားပေါ်တွင် နေထိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သူမက ရှင်းပြသည်။

“ကျွန်မနေတဲ့နေရာမှာ အိမ်ငှားခက အရမ်းကို ဈေးကြီးတယ်။ ကျွန်မက ကနေဒါနိုင်ငံရဲ့ Pacific Northwest ဒေသမှာ နေထိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ငွေကြေး ဖောင်းပွမှုကြောင့် ဈေးနှုန်းတွေအားလုံး ခေါင်ခိုက်ကုန်တာ အဲဒီမှာနေတဲ့ လူတိုင်း သိကြပါတယ်။”

“အိပ်ခန်း ၁ ခန်းပါ တိုက်ခန်းတွေတောင်မှ ငှားခ တစ်လကို ဒေါ်လာ ၂၅၀၀ လောက်ပေးရတယ်။”

Alone in the Wilderness အမည်ရှိ မှတ်တမ်းရုပ်ရှင်ကို ကြည့်ပြီးနောက်ပိုင်း ယခုကဲ့သို့ နေထိုင်ရန် စိတ်ဝင်စားခဲ့ခြင်းဖြစ်ကြောင်း Kai က ပြောသည်။

“ကျွန်မရဲ့ ထရပ်ကားကို မောင်းလာပြီး ဒီမြက်ခင်းနေရာမှာ အခြေချခဲ့ပါတယ်။”

Kai က သူ၏ကားအိမ်ကို ဘီးများပေါ်မှ လူနေခန်းဟု တင်စားခဲ့ပြီး နေအိမ်အတွင်းပိုင်းကို ပြသခဲ့ကာ ယခုကဲ့သို့ နေထိုင်ခြင်းမှာ နေအိမ်ငှားရမ်းနေထိုင်ခြင်းအောက် ကုန်ကျစရိတ်သက်သာကြောင်း ပြောပြသည်။

(Kai က ပြောသည်မှာ ထရပ်ကားကို အထိုင်ချထားပြီး နေ့စဉ် သွားလာရေးအတွက် ဗန်ကားငယ်တစ်စင်း ရှိိကြောင်း ပြောသည်။ ဓာတ်ပုံ- tiktok.com/the ugly truckling)

“ကျွန်မမှာ ၁၂ ဗို့မီး ၊ လက်ဆေးကန်ပါတဲ့ မီးဖိုဆောင်နေရာကျဉ်းလေးတစ်ခုနဲ့ မီးဖိုတစ်ခုတို့ ရှိပါတယ်။”

Kai ၏ ပို့စ်ကို Like ပေးသူပေါင်း ၇၀၀၀၀ ကျော်ရှိပြီး တောတွင်းနေထိုင်ရမှု ဘဝကို ပိုမိုသိရှိလိုသူတို့က ကွန်မန့်ရေးသားကာ မေးမြန်းကြသည်။

Kai က ပြောသည်မှာ ထင်းနှင့် အသုံးအဆောင်ပစ္စည်းများ ထားသိုရန် တဲများလည်းရှိကြောင်း ပြောသည်။

(မိမိအနေဖြင့် လူနေအိမ်တွင် နေထိုင်နိုင်စွမ်း ရှိတော့မည်မဟုတ်ကြောင်း Kai က ပြောသည်။ ဓာတ်ပုံ- tiktok.com/the ugly truckling)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A WILD LIFE I live in a house truck out in the woods – rent was too high so I built something cool, one day I’ll buy land for it (the-sun)

[Zawgyi]

အိမ္ငွားခေစ်းၾကီးေသာေၾကာင့္ ေတာအုပ္ထဲတြင္ ထရပ္ကားတစ္စင္းျဖင့္ ေနထိုင္လ်က္ရွိေသာ မိန္းကေလး TikTok တြင္ နာမည္ၾကီးလ်က္ရွိ

လြတ္လပ္စြာ စူးစမ္းေလ့လာသြားလာလိုသူမ်ားအတြက္ ကားေပၚတြင္ ေနထုိင္ျခင္းမွာ ႏွစ္သက္ဖြယ္ အေကာင္းဆံုး ေနထုိင္မႈပံုစံ ျဖစ္လာသည္။

ထရပ္ကားတစ္စင္းေပၚတြင္ ေနထုိင္ေသာ မိန္းကေလးတစ္ဦးက အမ်ားနည္းတူ လူေနအိမ္မ်ားတြင္ မေနဘဲ ေတာအုပ္ထဲတြင္ အေျခခ်ေနထုိင္ရျခင္း၏ အေၾကာင္းရင္းကို ထုတ္ေဖာ္ေျပာဆိုလာသည္။

(Kai အမည္ရွိ မိန္းကေလးက ထရပ္ကားတစ္စင္းျဖင့္ ေတာထဲတြင္ ေနထုိင္ေၾကာင္း ထုတ္ေဖာ္ေျပာျပျပီးေနာက္ TikTok တြင္ နာမည္ၾကီးလ်က္ ရွိသည္။ ဓာတ္ပံု-tiktok.com/the ugly truckling)

(အိမ္ငွားခေစ်းၾကီးေသာေၾကာင့္ ထရပ္ကားကို ေနအိမ္အျဖစ္ ေျပာင္းလဲရန္ ဆံုးျဖတ္ခဲ့ေၾကာင္း Kai က ေျပာသည္။ ဓာတ္ပံု-tiktok.com/the ugly truckling)

Kai သည္ TikTok တြင္ Follower ၈၅၈၀၀၀ ေက်ာ္ရွိသည္။ Kai က ကေနဒါႏိုင္ငံရွိ ေတာအုပ္အတြင္း ထရပ္ကားတစ္စီးျဖင့္ ေနထုိင္ရသည့္ ဘဝအေတြ႔အၾကံဳမ်ားကို TikTok တြင္ မွ်ေဝေလ့ရွိသည္။

အိမ္ငွားခ ေစ်းၾကီးမႈေၾကာင့္ ကားေပၚတြင္ ေနထုိင္ရန္ ဆံုးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သူမက ရွင္းျပသည္။

“ကၽြန္မေနတဲ့ေနရာမွာ အိမ္ငွားခက အရမ္းကို ေစ်းၾကီးတယ္။ ကၽြန္မက ကေနဒါႏိုင္ငံရဲ႕ Pacific Northwest ေဒသမွာ ေနထိုင္ပါတယ္။ ျပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ေငြေၾကး ေဖာင္းပြမႈေၾကာင့္ ေစ်းႏႈန္းေတြအားလံုး ေခါင္ခိုက္ကုန္တာ အဲဒီမွာေနတဲ့ လူတိုင္း သိၾကပါတယ္။”

“အိပ္ခန္း ၁ ခန္းပါ တုိက္ခန္းေတြေတာင္မွ ငွားခ တစ္လကို ေဒၚလာ ၂၅၀၀ ေလာက္ေပးရတယ္။”

Alone in the Wilderness အမည္ရွိ မွတ္တမ္းရုပ္ရွင္ကို ၾကည့္ျပီးေနာက္ပုိင္း ယခုကဲ့သုိ႔ ေနထိုင္ရန္ စိတ္ဝင္စားခဲ့ျခင္းျဖစ္ေၾကာင္း Kai က ေျပာသည္။

“ကၽြန္မရဲ႕ ထရပ္ကားကုိ ေမာင္းလာျပီး ဒီျမက္ခင္းေနရာမွာ အေျခခ်ခဲ့ပါတယ္။”

Kai က သူ၏ကားအိမ္ကို ဘီးမ်ားေပၚမွ လူေနခန္းဟု တင္စားခဲ့ျပီး ေနအိမ္အတြင္းပိုင္းကို ျပသခဲ့ကာ ယခုကဲ့သို႔ ေနထုိင္ျခင္းမွာ ေနအိမ္ငွားရမ္းေနထိုင္ျခင္းေအာက္ ကုန္က်စရိတ္သက္သာေၾကာင္း ေျပာျပသည္။

(Kai က ေျပာသည္မွာ ထရပ္ကားကုိ အထိုင္ခ်ထားျပီး ေန႔စဥ္ သြားလာေရးအတြက္ ဗန္ကားငယ္တစ္စင္း ရိွိေၾကာင္း ေျပာသည္။ ဓာတ္ပံု- tiktok.com/the ugly truckling)

“ကၽြန္မမွာ ၁၂ ဗို႔မီး ၊ လက္ေဆးကန္ပါတဲ့ မီးဖုိေဆာင္ေနရာက်ဥ္းေလးတစ္ခုနဲ႔ မီးဖိုတစ္ခုတို႔ ရွိပါတယ္။”

Kai ၏ ပုိ႔စ္ကုိ Like ေပးသူေပါင္း ၇၀၀၀၀ ေက်ာ္ရွိျပီး ေတာတြင္းေနထုိင္ရမႈ ဘဝကို ပိုမိုသိရွိလုိသူတို႔က ကြန္မန္႔ေရးသားကာ ေမးျမန္းၾကသည္။

Kai က ေျပာသည္မွာ ထင္းႏွင့္ အသံုးအေဆာင္ပစၥည္းမ်ား ထားသိုရန္ တဲမ်ားလည္းရွိေၾကာင္း ေျပာသည္။

(မိမိအေနျဖင့္ လူေနအိမ္တြင္ ေနထုိင္ႏိုင္စြမ္း ရွိေတာ့မည္မဟုတ္ေၾကာင္း Kai က ေျပာသည္။ ဓာတ္ပံု- tiktok.com/the ugly truckling)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A WILD LIFE I live in a house truck out in the woods – rent was too high so I built something cool, one day I’ll buy land for it (the-sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service