အမေရိကန်ပြည်၊ ဖီလာဒဲလ်ဖီးယားတွင် အိမ်ရှင်တစ်ဦးက တစ်ညတာ အငှားချပေးသောအိမ်တွင် အိမ်ငှားက ၃ လကြာသည်အထိ ဆင်းမပေးဘဲ အိမ်ရှင်လာချိန်တွင် ဘေ့စ်ဘောရိုက်တံဖြင့် ရိုက်နှက်ခြိမ်းခြောက်သည့်အပြင် ဒေါ်လာ တစ်သိန်းဖိုးခန့် ဖျက်ဆီးခဲ့ကာ ၅ ပေခန့်မြင့်သော အမှိုက်ပုံကြီး ထားရှိခဲ့

အမေရိကန်ပြည်၊ ဖီလာဒဲလ်ဖီးယားတွင် အိမ်ရှင်တစ်ဦးက တစ်ညတာ အငှားချပေးသောအိမ်တွင် အိမ်ငှားက ၃ လကြာသည်အထိ ဆင်းမပေးဘဲ အိမ်ရှင်လာချိန်တွင် ဘေ့စ်ဘောရိုက်တံဖြင့် ရိုက်နှက်ခြိမ်းခြောက်သည့်အပြင် ဒေါ်လာ တစ်သိန်းဖိုးခန့် ဖျက်ဆီးခဲ့ကာ ၅ ပေခန့်မြင့်သော အမှိုက်ပုံကြီး ထားရှိခဲ့ - Property News in Myanmar from iMyanmarHouse.com
11 Oct 2023 10:05 am တွင် တင်ခဲ့သည်
746 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်နိုင်ငံတွင် အမျိုးသားတစ်ဦးသည် သူ၏နေအိမ်ကို Airbnb တွင် တစ်ညတာ အငှားဈေးကွက်တင် ခဲ့ရာ ငှားရမ်းနေထိုင်သူက နေအိမ်အား ပျက်စီးစေခြင်း၊ ၃ လကြာ ဆင်းမပေးဘဲ နေထိုင်ခြင်း၊ နေအိမ်မှ အခန်း များကို အခြားသူတို့အား ပြန်လည်အငှားချထားခြင်းများနှင့် ရင်ဆိုင်ခဲ့ရသည်။

ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့တောင်ပိုင်းတွင် အိမ်ရှင်ဖြစ်သူ ဂျိုးဇက် ဖော်ရက်စ်တာ (Joseph Foresta) က ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် Airbnb အား တရားစွဲဆိုခဲ့သည်။

(ဖော်ရက်စ်တာ အငှားချထားခဲ့သော နေအိမ်၏ အပြင်ဘက်မြင်ကွင်း။ ဓာတ်ပုံ-Google Maps)

တရားရုံးမှတ်တမ်းများတွင် ဖော်ပြချက်အရ ဖော်ရက်စ်တာ၏ နေအိမ်ကို တစ်ခုသောညနေတွင် ငှားရမ်းခဲ့သော အမျိုးသားသည် ငှားရမ်းခ မပေးဘဲ ၃ လကြာနေထိုင်ခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် နေအိမ်အတွင်း ထိခိုက်ပျက်စီးမှု ကြီးမားစွာဖြစ်စေခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ငှားရမ်းနေထိုင်ခဲ့သူမှာ လောရင့်စ် အိတ်ချ် ဂျက်ဆင် (Lawrence H. Jackson) အမည်ရှိ အမျိုးသားဖြစ်ပြီး နေအိမ်ကို တစ်ညတာ ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

တရားရုံးမှတ်တမ်းအရ လောရင့်စ်သည် တစ်ညတာငှားရမ်းပြီးနောက် နေအိမ်မှ ထွက်ခွာပေးရန် ငြင်းဆိုခဲ့ကာ ဖော်ရက်စ်တာက တရားရုံးတွင် တရားစွဲချိန်အထိ ဆက်လက်နေထိုင်ခဲ့ကြောင်း ဖော်ပြသည်။

“၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၄ ရက်တွင် လောရင့်စ် အိတ်ချ် ဂျက်ဆင်သည် အမှတ် ၁၅၁၄၊ Christian လမ်းရှိ အဆောက်အအုံတစ်ခုလုံးကို ငှားရမ်းခဲ့ပြီးနောက် သူသည်…………

(က) အဆောက်အအုံ တံခါးမကြီး၏ သော့များကို ပြောင်းလဲတပ်ဆင်ခဲ့သည်။ ထို့ကြောင့် တရားလိုမှာ အဆောက်အအုံတွင်းသို့ ဝင်ရောက်ခြင်း မပြုနိုင်တော့ချေ။

(ခ) နေအိမ်တွင်းရှိ အခန်း ၂ ခန်းကို တစ်ခန်းလျှင် လူ ၄ ဦးမှ ၆ ဦးအထိ ပြန်လည်အငှားချထားပြီး အိမ်ငှားခ ရယူခဲ့သည်” ဟု တရားရုံးမှတ်တမ်းတွင် ဖော်ပြသည်။

ထိုနှစ် စက်တင်ဘာလတွင် ဂျက်ဆင်အား နှင်ထုတ်ရန် တင်ပြမှုကို တရားရုံးက ခွင့်ပြုပေးခဲ့သည်။

တရားရုံးမှတ်တမ်းများအရ ဂျက်ဆင်သည် နေထိုင်ခဲ့သည့်ကာလအတွင်း နေအိမ်ကို ထိခိုက်ပျက်စီးမှု များစွာဖြစ်စေခဲ့ရာ ပရိဘောဂများ ပျက်စီးမှု၊ အပြင်ဘက် လျှောက်လမ်းနှင့် အိမ်နောက်ဘက်တွင် ၅ ပေခန့် မြင့်မားသော အမှိုက်ပုံကြီး ထားရှိမှုတို့ ပါဝင်ကြောင်း ဖော်ပြသည်။

ဖော်ရက်စ်တာက ပြောသည်မှာ ဂျက်ဆင်သည် နေအိမ်နံရံများ ပျက်စီးစေခြင်း၊ တံခါးများနှင့် ပြတင်းများ ကျိုးပျက်စေခြင်း၊ ရေပိုက်လိုင်းများနှင့် အိမ်တွင်းရှိ အခြားအရာများစွာ ပျက်စီးစေခြင်းတို့ ဖြစ်စေခဲ့ကြောင်း ပြောသည်။

နေအိမ်ကို ပြန်လည်ရယူရန် ကြိုးစားချိန်တွင် အိမ်တွင်နေထိုင်နေသူတစ်ဦးက မိမိအား တိုက်ခိုက်ခဲ့ကြောင်း ဖော်ရက်စ်တာက ပြောသည်။

ဖော်ရက်စ်တာ၏ ဦးခေါင်းနှင့် ဝမ်းဗိုက်တို့ကို ဘေ့စ်ဘောရိုက်တံဖြင့် ရိုက်နှက်ခဲ့ပြီး နောက်တစ်ကြိမ်ပြန်လာပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ကြောင်း တရားရုံးမှတ်တမ်းတွင် ဖော်ပြသည်။

ဂျက်ဆင်ကြောင့် နေအိမ်မှာ ဒေါ်လာ ၇၅၀၀၀ ဖိုးကျော် ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

ဖော်ရက်စ်တာက ထိခိုက်နစ်နာခဲ့ရသော အိမ်ငှားခ၊ ပြန်လည်ပြင်ဆင်စရိတ်နှင့် ရှေ့နေစရိတ်များအတွက် ကန်ဒေါ်လာ ၁၇၀၀၀၀ ခန့် ရလိုလျက် ရှိသည်။

Airbnb သည် မိမိ၏ ထိခိုက်နစ်နာမှုအတွက် ကူညီပံ့ပိုးမှု ပြုလုပ်မပေးခဲ့ကြောင်း၊ ယခုဖြစ်ရပ်အတွက် Airbnb တွင် တာဝန်ရှိသင့်ကြောင်း ဖော်ရက်စ်တာက ပြောသည်။

Airbnb ကမူ စစ်ဆေးနေဆဲအမှုအတွက် မှတ်ချက်မပေးလိုကြောင်း၊ သို့သော် ဖော်ရက်စ်တာသည် မိမိတို့၏ စံနှုန်းနှင့် မူဝါဒများ ချိုးဖောက်မှုကြောင့် ၎င်းအား Airbnb သုံးစွဲခွင့် တားမြစ်ပိတ်ပင်ထားပြီးဖြစ်ကြောင်း Daily Mail သတင်းဌာနသို့ ပြောခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Philadelphia landlord is suing Airbnb for $170,000 after squatters trashed his home, refused to leave for three months and struck him with a baseball bat when he tried to get back in (the-sun)

[Zawgyi]

အေမရိကန္ျပည္၊ ဖီလာဒဲလ္ဖီးယားတြင္ အိမ္ရွင္တစ္ဦးက တစ္ညတာ အငွားခ်ေပးေသာအိမ္တြင္ အိမ္ငွားက ၃ လၾကာသည္အထိ ဆင္းမေပးဘဲ အိမ္ရွင္လာခ်ိန္တြင္ ေဘ့စ္ေဘာရိုက္တံျဖင့္ ရိုက္ႏွက္ျခိမ္းေျခာက္သည့္အျပင္ ေဒၚလာ တစ္သိန္းဖိုးခန္႔ ဖ်က္ဆီးခဲ့ကာ ၅ ေပခန္႔ျမင့္ေသာ အမႈိက္ပံုၾကီး ထားရွိခဲ့

အေမရိကန္ႏိုင္ငံတြင္ အမ်ဳိးသားတစ္ဦးသည္ သူ၏ေနအိမ္ကို Airbnb တြင္ တစ္ညတာ အငွားေစ်းကြက္တင္ ခဲ့ရာ ငွားရမ္းေနထိုင္သူက ေနအိမ္အား ပ်က္စီးေစျခင္း၊ ၃ လၾကာ ဆင္းမေပးဘဲ ေနထိုင္ျခင္း၊ ေနအိမ္မွ အခန္း မ်ားကို အျခားသူတို႔အား ျပန္လည္အငွားခ်ထားျခင္းမ်ားႏွင့္ ရင္ဆိုင္ခဲ့ရသည္။

ပန္ဆယ္ေဗးနီးယားျပည္နယ္၊ ဖီလာဒဲလ္ဖီးယားျမိဳ႕ေတာင္ပိုင္းတြင္ အိမ္ရွင္ျဖစ္သူ ဂ်ဳိးဇက္ ေဖာ္ရက္စ္တာ (Joseph Foresta) က ၂၀၂၀ ျပည့္ႏွစ္၊ မတ္လတြင္ Airbnb အား တရားစြဲဆိုခဲ့သည္။

(ေဖာ္ရက္စ္တာ အငွားခ်ထားခဲ့ေသာ ေနအိမ္၏ အျပင္ဘက္ျမင္ကြင္း။ ဓာတ္ပံု-Google Maps)

တရားရံုးမွတ္တမ္းမ်ားတြင္ ေဖာ္ျပခ်က္အရ ေဖာ္ရက္စ္တာ၏ ေနအိမ္ကို တစ္ခုေသာညေနတြင္ ငွားရမ္းခဲ့ေသာ အမ်ဳိးသားသည္ ငွားရမ္းခ မေပးဘဲ ၃ လၾကာေနထိုင္ခဲ့ေၾကာင္း ေဖာ္ျပသည္။

ထို႔အျပင္ ေနအိမ္အတြင္း ထိခိုက္ပ်က္စီးမႈ ၾကီးမားစြာျဖစ္ေစခဲ့ေၾကာင္းလည္း ေဖာ္ျပထားသည္။

ငွားရမ္းေနထိုင္ခဲ့သူမွာ ေလာရင့္စ္ အိတ္ခ်္ ဂ်က္ဆင္ (Lawrence H. Jackson) အမည္ရွိ အမ်ဳိးသားျဖစ္ျပီး ေနအိမ္ကို တစ္ညတာ ငွားရမ္းခဲ့ျခင္း ျဖစ္သည္။

တရားရံုးမွတ္တမ္းအရ ေလာရင့္စ္သည္ တစ္ညတာငွားရမ္းျပီးေနာက္ ေနအိမ္မွ ထြက္ခြာေပးရန္ ျငင္းဆိုခဲ့ကာ ေဖာ္ရက္စ္တာက တရားရံုးတြင္ တရားစြဲခ်ိန္အထိ ဆက္လက္ေနထုိင္ခဲ့ေၾကာင္း ေဖာ္ျပသည္။

“၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ ၁၄ ရက္တြင္ ေလာရင့္စ္ အိတ္ခ်္ ဂ်က္ဆင္သည္ အမွတ္ ၁၅၁၄၊ Christian လမ္းရွိ အေဆာက္အအံုတစ္ခုလံုးကို ငွားရမ္းခဲ့ျပီးေနာက္ သူသည္…………

(က) အေဆာက္အအံု တံခါးမၾကီး၏ ေသာ့မ်ားကို ေျပာင္းလဲတပ္ဆင္ခဲ့သည္။ ထို႔ေၾကာင့္ တရားလိုမွာ အေဆာက္အအံုတြင္းသို႔ ဝင္ေရာက္ျခင္း မျပဳႏိုင္ေတာ့ေခ်။

(ခ) ေနအိမ္တြင္းရွိ အခန္း ၂ ခန္းကို တစ္ခန္းလွ်င္ လူ ၄ ဦးမွ ၆ ဦးအထိ ျပန္လည္အငွားခ်ထားျပီး အိမ္ငွားခ ရယူခဲ့သည္” ဟု တရားရံုးမွတ္တမ္းတြင္ ေဖာ္ျပသည္။

ထိုႏွစ္ စက္တင္ဘာလတြင္ ဂ်က္ဆင္အား ႏွင္ထုတ္ရန္ တင္ျပမႈကို တရားရံုးက ခြင့္ျပဳေပးခဲ့သည္။

တရားရံုးမွတ္တမ္းမ်ားအရ ဂ်က္ဆင္သည္ ေနထုိင္ခဲ့သည့္ကာလအတြင္း ေနအိမ္ကို ထိခိုက္ပ်က္စီးမႈ မ်ားစြာျဖစ္ေစခဲ့ရာ ပရိေဘာဂမ်ား ပ်က္စီးမႈ၊ အျပင္ဘက္ ေလွ်ာက္လမ္းႏွင့္ အိမ္ေနာက္ဘက္တြင္ ၅ ေပခန္႔ ျမင့္မားေသာ အမိႈက္ပံုၾကီး ထားရွိမႈတို႔ ပါဝင္ေၾကာင္း ေဖာ္ျပသည္။

ေဖာ္ရက္စ္တာက ေျပာသည္မွာ ဂ်က္ဆင္သည္ ေနအိမ္နံရံမ်ား ပ်က္စီးေစျခင္း၊ တံခါးမ်ားႏွင့္ ျပတင္းမ်ား က်ဳိးပ်က္ေစျခင္း၊ ေရပိုက္လိုင္းမ်ားႏွင့္ အိမ္တြင္းရွိ အျခားအရာမ်ားစြာ ပ်က္စီးေစျခင္းတို႔ ျဖစ္ေစခဲ့ေၾကာင္း ေျပာသည္။ ေနအိမ္ကို ျပန္လည္ရယူရန္ ၾကိဳးစားခ်ိန္တြင္ အိမ္တြင္ေနထိုင္ေနသူတစ္ဦးက မိမိအား တိုက္ခိုက္ခဲ့ေၾကာင္း ေဖာ္ရက္စ္တာက ေျပာသည္။

ေဖာ္ရက္စ္တာ၏ ဦးေခါင္းႏွင့္ ဝမ္းဗိုက္တို႔ကို ေဘ့စ္ေဘာရိုက္တံျဖင့္ ရိုက္ႏွက္ခဲ့ျပီး ေနာက္တစ္ၾကိမ္ျပန္လာပါက သတ္ပစ္မည္ဟု ျခိမ္းေျခာက္ခဲ့သည္ေၾကာင္း တရားရံုးမွတ္တမ္းတြင္ ေဖာ္ျပသည္။

ဂ်က္ဆင္ေၾကာင့္ ေနအိမ္မွာ ေဒၚလာ ၇၅၀၀၀ ဖိုးေက်ာ္ ထိခိုက္ပ်က္စီးခဲ့ရသည္ဟု ဆိုသည္။

ေဖာ္ရက္စ္တာက ထိခိုက္နစ္နာခဲ့ရေသာ အိမ္ငွားခ၊ ျပန္လည္ျပင္ဆင္စရိတ္ႏွင့္ ေရွ႕ေနစရိတ္မ်ားအတြက္ ကန္ေဒၚလာ ၁၇၀၀၀၀ ခန္႔ ရလိုလ်က္ ရွိသည္။

Airbnb သည္ မိမိ၏ ထိခိုက္နစ္နာမႈအတြက္ ကူညီပံ့ပိုးမႈ ျပဳလုပ္မေပးခဲ့ေၾကာင္း၊ ယခုျဖစ္ရပ္အတြက္ Airbnb တြင္ တာဝန္ရွိသင့္ေၾကာင္း ေဖာ္ရက္စ္တာက ေျပာသည္။

Airbnb ကမူ စစ္ေဆးေနဆဲအမႈအတြက္ မွတ္ခ်က္မေပးလိုေၾကာင္း၊ သို႔ေသာ္ ေဖာ္ရက္စ္တာသည္ မိမိတို႔၏ စံႏႈန္းႏွင့္ မူဝါဒမ်ား ခ်ဳိးေဖာက္မႈေၾကာင့္ ၎အား Airbnb သံုးစြဲခြင့္ တားျမစ္ပိတ္ပင္ထားျပီးျဖစ္ေၾကာင္း Daily Mail သတင္းဌာနသို႔ ေျပာခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Philadelphia landlord is suing Airbnb for $170,000 after squatters trashed his home, refused to leave for three months and struck him with a baseball bat when he tried to get back in (the-sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service