အင်္ဂလန်နိုင်ငံ၊ ကိန်းဘရစ်မြို့အနီး စွန့်ပစ်ထားသောအိမ်ကြီးတစ်လုံးကို ရည်ညွှန်းဈေး ပေါင်တစ်သိန်း (မြန်မာငွေ သိန်း ၂၅၀၀ ကျော်) ဖြင့် စက်တင်ဘာ ၂၇ ရက်တွင် လေလံတင်ရောင်းချခဲ့

အင်္ဂလန်နိုင်ငံ၊ ကိန်းဘရစ်မြို့အနီး စွန့်ပစ်ထားသောအိမ်ကြီးတစ်လုံးကို ရည်ညွှန်းဈေး ပေါင်တစ်သိန်း (မြန်မာငွေ သိန်း ၂၅၀၀ ကျော်) ဖြင့် စက်တင်ဘာ ၂၇ ရက်တွင် လေလံတင်ရောင်းချခဲ့ - Property News in Myanmar from iMyanmarHouse.com
29 Sep 2023 11:13 am တွင် တင်ခဲ့သည်
718 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း ကိန်းဘရစ်ရှိုင်းယားခရိုင်တွင် ၁၉၀၅ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး ယခုအခါ စွန့်ပစ်ခံ ထားရသော အိမ်ကြီးတစ်လုံးကို ရည်ညွှန်းဈေး ပေါင် ၁၀၀၀၀၀ မှ ပေါင် ၁၂၅၀၀၀ ကြား (မြန်မာငွေ ၂၅၇၂ သိန်းမှ ၃၂၁၅ သိန်းကြား) ဖြင့် လေလံတင် ရောင်းချခဲ့သည်။

Edwardian ဗိသုကာဟုခေါ်သော နီရိုး ဘာရုတ် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ကမ္ဘာကျော် ကိန်းဘရစ် တက္ကသိုလ်ကြီး တည်ရှိရာ ကိန်းဘရစ်မြို့၏ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာရှိ ကျေးရွာတွင် တည်ရှိ သည်။

ယခုအိမ်ကြီးကို ဝယ်ယူမည့် ဝယ်လက်အနေဖြင့် လူနေထိုင်နိုင်သည်အထိ ပြန်လည်မွမ်းမံရန်အတွက် ငွေအလုံးအရင်းသုံးစွဲရမည့်အပြင် ကာလအတန်ကြာ အချိန်ယူ မွမ်းမံရဖွယ်ရှိသည်။

ခြံဝန်းအကျယ်မှာ ၁ ဧကကျော်ရှိပြီး ခြံဝန်းအတွင်း အဆောက်အဦများစွာပါဝင်ကာ များစွာယိုယွင်းပျက်စီးနေပြီ ဖြစ်သည်။

(ကိန်းဘရစ်ရှိုင်းယားခရိုင်၊ Longstanton ကျေးရွာတွင် တည်ရှိပြီး ၁၉၀၅ ခုနှစ် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်)

မျိုးစေ့ကုန်သည်တစ်ဦးနေထိုင်ရန် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၁၀ ပြည့်နှစ်တွင် စတော့ရှယ်ယာပွဲစားတစ်ဦးထံ ရောင်းချခဲ့သည်။

အဆိုပါ စတော့ပွဲစားသည် ၁၉၂၉ ခုနှစ်တွင် စတော့ဈေးကွက်ပြိုလဲသောအခါ ပိုင်ဆိုင်မှုအရပ်ရပ် ဆုံးရှုံးခဲ့ရ သည်။

Redlands စံအိမ်ဟု လူသိများပြီး မူရင်းစံအိမ်တွင် အခန်းပေါင်း ၁၆ ခန်းပါဝင်ရာ အိပ်ခန်း ၈ ခန်းနှင့် ဝန်ထမ်းဆောင်များဖြင့် ဖွဲ့စည်းထားသည်။

အဝင်ပေါက်တွင် ကျောက်တုံးလှေကားထစ်များ တွေ့ရပြီး ထိုမှတဆင့် လှပစွာ မွမ်းမံထားသော mosaic ကြမ်းခင်းများရှိသော ကြီးမားသော ဧည့်ခန်းမဆီသို့ ရောက်ရှိမည်ဖြစ်ပြီး မီးလင်းဖိုများစွာ ပါဝင်သည်။

ယခုအိမ်ကို Cheffins Auctioneers လေလံအဖွဲ့က ကိန်းဘရစ်မြို့တွင် စက်တင်ဘာ ၂၇ ရက် ၊ ဗုဒ္ဓဟူးနေ့တွင် လေလံတင်ရောင်းချခဲ့ပြီး ဈေးနှုန်းမည်မျှဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ကိုမူ မသိရချေ။

(ရည်ညွှန်းဈေးနှုန်း ပေါင် ၁၀၀၀၀၀ မှ ပေါင် ၁၂၅၀၀၀ ဖြင့် လေလံတင် ရောင်းချခဲ့ခြင်း ဖြစ်သည်။)

(တစ်ချိန်က ထိုဒေသ၏ အခမ်းနားဆုံး အဆောက်အအုံများတွင် ပါဝင်ခဲ့ဖူးသည်။)

ဤအဆောက်အအုံကြီးတွင် နောက်ဆုံးလူနေခဲ့သည်မှာ ၁၉၅၀ ပြည့်လွန်ကာလများဖြစ်ပြီး ယင်းနောက်ပိုင်းတွင် စိုက်ပျိုးရေးထုတ်ကုန်များ သိုလှောင်ရာ နေရာအဖြစ် သုံးခဲ့ကာ နောက်ဆုံးတွင် အကြိမ်ကြိမ်မီးသင့်ကာ ယိုယွင်းပျက်စီး သွားခဲ့သည်။

ခြံဝန်းအတွင်း ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်လျက်ရှိသည်။

(အဆောက်အအုံ အပြင်ဘက်သို့ ခုံးထွက် ဆောက်လုပ်ထားသော ပြတင်းများ)

(ဤအဆောက်အအုံကြီးတွင် နောက်ဆုံးလူနေခဲ့သည်မှာ ၁၉၅၀ ပြည့်လွန်ကာလများဖြစ်ပြီး ယင်းနောက်ပိုင်းတွင် စိုက်ပျိုးရေးထုတ်ကုန်များ သိုလှောင်ရာ နေရာအဖြစ် သုံးခဲ့ကာ နောက်ဆုံးတွင် အကြိမ်ကြိမ်မီးသင့်ကာ ယိုယွင်းပျက်စီး သွားခဲ့သည်။)

(လက်ရှိပိုင်ရှင်မှာ ကိတ်တိုင်လာဆိုသူဖြစ်ပြီး ဖခင်ထံမှ အမွေရခဲ့ခြင်း ဖြစ်သည်။ သူ၏ ဖခင်က ဤအိမ်ကို ၁၉၅၉ ခုနှစ်တွင် ပေါင် ၉၀၀ မျှဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။)

(ဤအိမ်ကြီးသည် အကြိမ်ကြိမ် မီးသင့်ခံခဲ့ရပြီး ယခုအခါ အိမ်တွင်းရှိ အချို့အခန်းများတွင် သစ်ပင်များပင် ပေါက်ရောက်လျက် ရှိသည်။)

(ကိန်းဘရစ်မြို့၏ အနောက်မြောက်ဘက် ၆ မိုင်အကွာတွင် တည်ရှိသည်။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Abandoned Edwardian mansion in Cambridgeshire is being sold at auction with a guide price of £100k (dailymail)

[Zawgyi]

အဂၤလန္ႏိုင္ငံ၊ ကိန္းဘရစ္ျမိဳ႕အနီး စြန္႔ပစ္ထားေသာအိမ္ၾကီးတစ္လံုးကို ရည္ညႊန္းေစ်း ေပါင္တစ္သိန္း (ျမန္မာေငြ သိန္း ၂၅၀၀ ေက်ာ္) ျဖင့္ စက္တင္ဘာ ၂၇ ရက္တြင္ ေလလံတင္ေရာင္းခ်ခဲ့

အဂၤလန္ႏိုင္ငံ အေရွ႕ပိုင္း ကိန္းဘရစ္ရႈိင္းယားခရိုင္တြင္ ၁၉၀၅ ခုႏွစ္က ေဆာက္လုပ္ခဲ့ျပီး ယခုအခါ စြန္႔ပစ္ခံ ထားရေသာ အိမ္ၾကီးတစ္လံုးကို ရည္ညႊန္းေစ်း ေပါင္ ၁၀၀၀၀၀ မွ ေပါင္ ၁၂၅၀၀၀ ၾကား (ျမန္မာေငြ ၂၅၇၂ သိန္းမွ ၃၂၁၅ သိန္းၾကား) ျဖင့္ ေလလံတင္ ေရာင္းခ်ခဲ့သည္။

Edwardian ဗိသုကာဟုေခၚေသာ နီရိုး ဘာရုတ္ ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျပီး ကမၻာေက်ာ္ ကိန္းဘရစ္ တကၠသိုလ္ၾကီး တည္ရွိရာ ကိန္းဘရစ္ျမိဳ႕၏ အေနာက္ေျမာက္ဘက္ ၆ မိုင္ခန္႔အကြာရွိ ေက်းရြာတြင္ တည္ရွိ သည္။

ယခုအိမ္ၾကီးကို ဝယ္ယူမည့္ ဝယ္လက္အေနျဖင့္ လူေနထိုင္ႏိုင္သည္အထိ ျပန္လည္မြမ္းမံရန္အတြက္ ေငြအလံုးအရင္းသံုးစြဲရမည့္အျပင္ ကာလအတန္ၾကာ အခ်ိန္ယူ မြမ္းမံရဖြယ္ရွိသည္။

ျခံဝန္းအက်ယ္မွာ ၁ ဧကေက်ာ္ရွိျပီး ျခံဝန္းအတြင္း အေဆာက္အဦမ်ားစြာပါဝင္ကာ မ်ားစြာယိုယြင္းပ်က္စီးေနျပီ ျဖစ္သည္။

(ကိန္းဘရစ္ရႈိင္းယားခရိုင္၊ Longstanton ေက်းရြာတြင္ တည္ရွိျပီး ၁၉၀၅ ခုႏွစ္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္)

မ်ဳိးေစ့ကုန္သည္တစ္ဦးေနထုိင္ရန္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ၁၉၁၀ ျပည့္ႏွစ္တြင္ စေတာ့ရွယ္ယာပြဲစားတစ္ဦးထံ ေရာင္းခ်ခဲ့သည္။

အဆိုပါ စေတာ့ပြဲစားသည္ ၁၉၂၉ ခုႏွစ္တြင္ စေတာ့ေစ်းကြက္ျပိဳလဲေသာအခါ ပိုင္ဆိုင္မႈအရပ္ရပ္ ဆံုးရံႈးခဲ့ရ သည္။

Redlands စံအိမ္ဟု လူသိမ်ားျပီး မူရင္းစံအိမ္တြင္ အခန္းေပါင္း ၁၆ ခန္းပါဝင္ရာ အိပ္ခန္း ၈ ခန္းႏွင့္ ဝန္ထမ္းေဆာင္မ်ားျဖင့္ ဖြဲ႔စည္းထားသည္။

အဝင္ေပါက္တြင္ ေက်ာက္တံုးေလွကားထစ္မ်ား ေတြ႔ရျပီး ထိုမွတဆင့္ လွပစြာ မြမ္းမံထားေသာ mosaic ၾကမ္းခင္းမ်ားရွိေသာ ၾကီးမားေသာ ဧည့္ခန္းမဆီသုိ႔ ေရာက္ရွိမည္ျဖစ္ျပီး မီးလင္းဖိုမ်ားစြာ ပါဝင္သည္။

ယခုအိမ္ကို Cheffins Auctioneers ေလလံအဖြဲ႔က ကိန္းဘရစ္ျမဳိ႕တြင္ စက္တင္ဘာ ၂၇ ရက္ ၊ ဗုဒၶဟူးေန႔တြင္ ေလလံတင္ေရာင္းခ်ခဲ့ျပီး ေစ်းႏႈန္းမည္မွ်ျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့သည္ကိုမူ မသိရေခ်။

(ရည္ညႊန္းေစ်းႏႈန္း ေပါင္ ၁၀၀၀၀၀ မွ ေပါင္ ၁၂၅၀၀၀ ျဖင့္ ေလလံတင္ ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။)

(တစ္ခ်ိန္က ထိုေဒသ၏ အခမ္းနားဆံုး အေဆာက္အအံုမ်ားတြင္ ပါဝင္ခဲ့ဖူးသည္။)

ဤအေဆာက္အအံုၾကီးတြင္ ေနာက္ဆံုးလူေနခဲ့သည္မွာ ၁၉၅၀ ျပည့္လြန္ကာလမ်ားျဖစ္ျပီး ယင္းေနာက္ပိုင္းတြင္ စိုက္ပ်ဳိးေရးထုတ္ကုန္မ်ား သိုေလွာင္ရာ ေနရာအျဖစ္ သံုးခဲ့ကာ ေနာက္ဆံုးတြင္ အၾကိမ္ၾကိမ္မီးသင့္ကာ ယိုယြင္းပ်က္စီး သြားခဲ့သည္။

ျခံဝန္းအတြင္း ျခံဳႏြယ္ပိတ္ေပါင္းမ်ား ထူထပ္လ်က္ရွိသည္။

(အေဆာက္အအံု အျပင္ဘက္သုိ႔ ခုံးထြက္ ေဆာက္လုပ္ထားေသာ ျပတင္းမ်ား)

(ဤအေဆာက္အအံုၾကီးတြင္ ေနာက္ဆံုးလူေနခဲ့သည္မွာ ၁၉၅၀ ျပည့္လြန္ကာလမ်ားျဖစ္ျပီး ယင္းေနာက္ပိုင္းတြင္ စိုက္ပ်ဳိးေရးထုတ္ကုန္မ်ား သိုေလွာင္ရာ ေနရာအျဖစ္ သံုးခဲ့ကာ ေနာက္ဆံုးတြင္ အၾကိမ္ၾကိမ္မီးသင့္ကာ ယိုယြင္းပ်က္စီး သြားခဲ့သည္။)

(လက္ရွိပုိင္ရွင္မွာ ကိတ္တိုင္လာဆိုသူျဖစ္ျပီး ဖခင္ထံမွ အေမြရခဲ့ျခင္း ျဖစ္သည္။ သူ၏ ဖခင္က ဤအိမ္ကို ၁၉၅၉ ခုႏွစ္တြင္ ေပါင္ ၉၀၀ မွ်ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။)

(ဤအိမ္ၾကီးသည္ အၾကိမ္ၾကိမ္ မီးသင့္ခံခဲ့ရျပီး ယခုအခါ အိမ္တြင္းရွိ အခ်ဳိ႕အခန္းမ်ားတြင္ သစ္ပင္မ်ားပင္ ေပါက္ေရာက္လ်က္ ရွိသည္။)

(ကိန္းဘရစ္ျမဳိ႕၏ အေနာက္ေျမာက္ဘက္ ၆ မိုင္အကြာတြင္ တည္ရွိသည္။)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Abandoned Edwardian mansion in Cambridgeshire is being sold at auction with a guide price of £100k (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service