ခိုးရာပါပစ္စည်း မှားယွင်းစွာ ဝယ်ယူမိခြင်းနှင့် ယင်းခိုးယူပါပစ္စည်းနှင့်စပ်လျဉ်း၍ တရားရုံးမှ စီရင်ဆုံးဖြတ်ပုံအား ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ခိုးရာပါပစ္စည်း မှားယွင်းစွာ ဝယ်ယူမိခြင်းနှင့် ယင်းခိုးယူပါပစ္စည်းနှင့်စပ်လျဉ်း၍ တရားရုံးမှ စီရင်ဆုံးဖြတ်ပုံအား ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
9 Sep 2023 10:44 am တွင် တင်ခဲ့သည်
1299 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

ခိုးရာပါပစ္စည်းတစ်စုံတစ်ရာအား ပေါင်နှံခံယူမိခြင်း၊ လွှဲပြောင်းလက်ခံမိခြင်း၊ ဝယ်ယူမိခြင်းဖြစ်ပါက ထိုပစ္စည်းနှင့်ပတ်သက်၍ အကျိုးခံစားခွင့်ရှိလာမည်မဟုတ်ဘဲ ခိုးရာပါပစ္စည်းမှာ မူလပိုင်ရှင်လက်ထဲ ရောက်ရှိ မှသာ ခိုးရာပါပစ္စည်းအဖြစ်မှ ဆုံးခန်းတိုင်ရပ်စဲမည်ဖြစ်ပါသည်။

ဦးငယ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်(ဦးဘိုးစော) စီရင်ထုံး-၅တွင် အဆိုပါခိုးရာပါပစ္စည်းအား လွှဲပြောင်းဝယ်ယူမိသူမှာ သဘောရိုးဖြင့် ဝယ်ယူခဲ့သည်ဆိုကာမှု ရောင်းချပိုင်ဆိုင်ခွင့် မရှိသောသူထံမှ ဝယ်ယူခဲ့ သောကြောင့် အမှန်တကယ်ပိုင်ဆိုင်ခွင့်ရှိလာမည် မဟုတ်ကြောင်း ထုံးဖွဲ့ထားပါသည်။

ခိုးရာပါပစ္စည်း၏ အဂရပ်များမှာ-ခိုးရာပါပစ္စည်းဖြစ်နေခြင်း၊ တရားခံသည် ထိုပစ္စည်းကို မရိုးမဖြောင့် သောသဘောဖြင့် လက်ခံခြင်း (သို့) ခိုးရာပါပစ္စည်းဖြစ်ကြောင်း သိလျက်နှင့် (သို့) သိရန် အကြောင်းရှိလျက်နှင့် လက်ခံခြင်း၊ ဆက်လက်ထားရှိခြင်း တို့ဖြစ်ပါသည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၁၀ အရ ခိုးရာပါပစ္စည်းမှာ ဥပဒေအရ လက်ရှိဖြစ်ထိုက်သူ၏ လက်သို့ပြန် လည်ရောက်ရှိသည့်အခါမှသာ ခိုးရာပါပစ္စည်းအဖြစ်မှ ရပ်စဲမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဦးမောင်ကိုနှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော် (ဒေါ်တင်အောင်) စီရင်ထုံး-၆တွင် သဘောရိုးဖြင့် ဝယ်ယူကြောင်း ထင်ရှားလျှင် ခိုးရာပါပစ္စည်းလက်ခံမှုနှင့် အရေးယူခံရခြင်းမှ ကင်းလွတ်မည်ဖြစ်သော်လည်း ပစ္စည်းပြန်ရနိုင်ရန်နှင့် လက်ရှိရထိုက်သူအဖြစ်သို့ ရောက်မလာပေ။ ပစ္စည်းပြန်လည်ရလိုကြောင်း ခိုးရာပါပစ္စည်း လက်ခံသူမှ အရေးမဆိုနိုင်ကြောင်း ထုံးဖွဲ့ထားသည်။

ယင်းသို့သော ခိုးရာပါပစ္စည်း အပေါင်ခံခြင်းအမှုများတွင် အမှုဖြစ်သက်သေခံပစ္စည်းများအား မည်သူ့လက်ဝယ်ရရှိထိုက်ကြောင်း တရားရုံးက အလေးထား၍ ဆုံးဖြတ်ပေးသည်။ (ဒေါ်စိန်အေးနှင့် ပြည် ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် စီရင်ထုံး-၄ )အမှုတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၅၁၇(၁) အရ ပစ္စည်းအတွက် စီမံခန့်ခွဲမှုအမိန့်တစ်ရပ် တရားရုံးက ချမှတ်ပေးမည်ဖြစ်သည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၁၁ တွင် ခိုးရပါပစ္စည်းကို မရိုးမဖြောင့်သောသဘောဖြင့် လက်ခံလျှင် (၃)နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။ မရိုးမဖြောင့်သော သဘောဖြင့် ဆက်လက်ထားရှိလျှင်လဲ ပြစ်မှုကျူးလွန်နေခြင်းသာဖြစ်ကြောင်း အရောင်းအဝယ် အပေါင်အနှံများ မမှားယွင်းစေရန်နှင့် သတိထားဆောင်ရွက်စေရန်အတွက် ဖော်ပြရေးသားပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 


 

 













နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service