ဗြိတိန်တွင် သာယာလှပသော ကျေးလက်ဒေသ နေအိမ် ၃ လုံးကို တစ်လုံးလျှင် ၃၃ ပေါင်မျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အရေး
ဗြိတိန်တွင် သာယာလှပသော ကျေးလက်ဒေသ နေအိမ် ၃ လုံးကို တစ်လုံးလျှင် ၃၃ ပေါင်မျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အရေး - Property News in Myanmar from iMyanmarHouse.com
28 Aug 2023 12:39 pm တွင် တင်ခဲ့သည်
516 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဗြိတိန်နိုင်ငံမှ လူသူအလှမ်းကွာဝေးသော ကျေးရွာတစ်ခုမှ နေအိမ် ၃ လုံး ပေါင် ၁၀၀ မျှဖြင့် လေလံတင် ရောင်းချမည် ဖြစ်သည်။
တည်နေရာမှာ ဝေလပြည်နယ်တောင်ပိုင်း Caerphilly အရပ်တွင် တည်ရှိပြီး ပျက်စီးယိုယွင်းနေသော အဆောက်အအုံများ ဖြစ်သည်။
(နေအိမ်များတွင် ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်နေသည်။ ဓာတ်ပုံ-WNS)
(ခက်ခက်ခဲခဲ ပြန်လည်မွမ်းမံရဖွယ် ရှိသည်။ ဓာတ်ပုံ-WNS)
Wesley Building ဟု လူသိများသော အဆောက်အအုံများကို ပေါင် ၁၀၀ (တစ်လုံးလျှင် ၃၃ ပေါင်ခန့်) အနည်းဆုံးဈေးနှုန်းမှ စပေးကာ လေလံဆွဲနိုင်မည် ဖြစ်သည်။
သတ္တုတွင်းအလုပ်သမားတို့ နေထိုင်ခဲ့ကြသော အိမ်များဖြစ်ပြီး ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်နေကာ လူနေနိုင်ရန် ပြုပြင်မွမ်းမံမှုများစွာ ပြုလုပ်ရမည် ဖြစ်သည်။
Nweport မြို့အခြေစိုက် လေလံကုမ္ပဏီ Paul Fosh Auctions မှ Gemma Vaughan က ပြောသည်မှာ “ဒီနေရာဟာ စိတ်ဝင်စားဖို့ သိပ်ကောင်းတဲ့ သမိုင်းကျောင်းရှိပါတယ်။ လက်သမားတစ်ယောက် ကျွန်တော့်ကို ပြောတာက သူဟာ ၁၉၇၉ ခုနှစ်မှာ ဆော်ဒီအာရေးဘီးယားကနေ ပြန်ရောက်လာချိန်မှာ ဒီအိမ်တွေကို ဝယ်ခဲ့တယ်လို့ ပြောပါတယ်။”ဟု ဆိုသည်။
“ဒီအိမ်ဟာ အရင်က သူတို့မိသားစုမျိုးရိုး နေထိုင်ခဲ့တဲ့ အိမ်ပါ။ ရောင်းမယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ သူက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့အဘေးနဲ့ အမေက ဒီနေရာမှာ မွေးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ဘိုးဘေးတွေဟာ Machen ရွာကလေးမှာရှိတဲ့ သံဖြူသတ္တုတွင်းမှာ အလုပ်လုပ်ကိုင်ခဲ့ကြသည်။”
“ဒီအိမ်တွေဟာ လက်ရှိမှာ ဆိုးဆိုးရွားရွားပျက်စီး ယိုယွင်းနေတဲ့ အခြေအနေရှိပါတယ်။ ဒါပေမဲ့ ဒါက အိမ်ခြံမြေ Developer တစ်ယောက်အတွက် ကိုယ့်စိတ်ကြိုက် ခြယ်မှုန်းနိုင်မယ့် ကင်းဗတ်စ အလွတ်တစ်ခုလိုပါပဲ။”
“ဒီအိမ်တွေကို ကြမ်းခင်းဈေး မသတ်မှတ်ထားတာကြောင့် အဖွင့်ဈေး ပေါင် ၁၀၀ လောက် ပေးရင်တောင် တစ်ခြားလေလံဆွဲသူမရှိရင် လေလံအနိုင်ရမှာ ဖြစ်ပါတယ်။ အမြင့်ဆုံးဈေး ဘယ်လောက်ပဲဖြစ်ဖြစ် ရောင်းချပေးမှာပါ။”
Machen သည် ရွာကြီးတစ်ရွာဖြစ်ပြီး Caerphilly ၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာတွင် ရှိပြီး Newport သို့ သွားသော လမ်းပေါ်တွင် ရှိသည်။
သြဂုတ်လ ၂၉ ရက် (အင်္ဂါနေ့) မွန်းတည့် ၁၂ နာရီမှ စတင်ကာ သြဂုတ်လ ၃၁ ရက် ညနေ ၅ နာရီတွင် ပြီးဆုံးမည့် Paul Fosh Auctions ၏ လေလံပွဲတွင် အွန်လိုင်းမှတဆင့် ရောင်းချပေးမည်ဖြစ်ပြီး ယခုအိမ်များအပြင် အခြားအိမ်အလုံး ၉၀ ခန့်လည်း ပါဝင်မည် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref:Three cottages in picturesque countryside could be yours for just £33.33 EACH – but prepare to get your hands dirty (thesun)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service