၁ ပေါင် (မြန်မာငွေ ၂၆၇၆ ကျပ်) ဖြင့် နေအိမ်ဝယ်ယူခဲ့ကြသော ဗြိတိန်နိုင်ငံသားများ

၁ ပေါင် (မြန်မာငွေ ၂၆၇၆ ကျပ်) ဖြင့် နေအိမ်ဝယ်ယူခဲ့ကြသော ဗြိတိန်နိုင်ငံသားများ - Property News in Myanmar from iMyanmarHouse.com
23 Aug 2023 10:35 am တွင် တင်ခဲ့သည်
559 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်တွင် ၁ ပေါင် (မြန်မာငွေ ၂၆၇၆ ကျပ် ၊ သြဂုတ်လ ၁၉ ရက် သတ်မှတ်ငွေလဲနှုန်းအရ ဖြစ်ပါသည်) ဖြင့် ဗြိတိန်၏ ဈေးအသက်သာဆုံးနေအိမ်များကို ဝယ်ယူခဲ့ကြသူတို့က ၎င်းတို့ မည်မျှ ကုန်ကျစရိတ်သက်သာ ခဲ့ရပုံများကို The Sun သတင်းဌာနသို့ ထုတ်ဖော်ပြောပြကြသည်။

ဝုဗာဟမ်တန်မြို့တွင် အကောင်အထည်ဖော်ခဲ့သော ပေါင် ၃၄ သန်းတန် Marches အိမ်ရာစီမံကိန်းတွင် ကံကောင်းသော ဒေသခံတို့သည် နေအိမ်များကို ၁ ပေါင်မျှဖြင့် ဝယ်ယူပိုင်ဆိုင်ရမည့် အခွင့်အရေးရခဲ့ကြသည်။

(ဗြိတိန်၏ ဈေးအသက်သာဆုံးအိမ်ယာတွင် နေထိုင်ကြသူများမှာ ၎င်းတို့၏ အိမ်သစ်များတွင် ပျော်ရွှင်စွာ နေထိုင်ကြလျက် ရှိသည်။ ဓာတ်ပုံ- Roland Leon)

(ထိုအိမ်ယာတွင် နေထိုင်သူ ခရစ္စတင်း ကရိုမာနီက ယခုအိမ်ယာတွင် နေထိုင်ရမှုနှင့် မီတာခ ဈေးသက်သာမှု အပေါ် များစွာပျော်ရွှင်လျက်ရှိသည်။ ဓာတ်ပုံ- Roland Leon)

( ၁ ပေါင်တန် နေအိမ်များတွင် ပျော်ရွှင်စွာ နေထိုင်လျက်ရှိသော Rachel Reade နှင့် သူမ၏ သား ၂ ဦး။ ဓာတ်ပုံ- Roland Leon)

(ယခုအိမ်များတွင် နေထိုင်သူများသည် ၂၅ နှစ် ငှားရမ်းနေထိုင်ပြီးလျှင် ၁ ပေါင်ဖြင့် ဝယ်ယူပိုင်ဆိုင်ခွင့် ရရှိမည် ဖြစ်သည်။ ဓာတ်ပုံ- Roland Leon)

ဤအိမ်ရာ စီမံကိန်းတွင် အိပ်ခန်း ၂ ခန်း ၊ ၃ ခန်းနှင့် ၄ ခန်းပါ နေအိမ်များကို Help-to-buy အစီအစဉ်ဖြင့် ရောင်းချပေးနေပြီး ၂၅ နှစ်တာ ငှားရမ်းနေထိုင်ပြီးလျှင် ၁ ဒေါ်လာဖြင့် ဝယ်ယူပိုင်ဆိုင်ခွင့် ရရှိမည် ဖြစ်သည်။

ဤအစီအစဉ်မှာ မိမိတို့ မျှော်လင့်ထားသည်ထက်ပင် ပိုမိုကောင်းမွန်ကြောင်း နေထိုင်သူများက ပြောသည်။

အသက် ၄၂ နှစ်အရွယ်ရှိ ခရစ္စတင်း ကရိုမာနီသည် ခင်ပွန်းဖြစ်သူနှင့်အတူ အိပ်ခန်း ၂ ခန်းပါ နေအိမ်တစ်လုံးသို့ လွန်ခဲ့သော ၁ နှစ်ကျော်က ပြောင်းရွှေ့နေထိုင်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ ဒီအစီအစဉ်ကို တွေ့တော့ ကျွန်မတို့ရဲ့ ကံကြမ္မာကို ယုံတောင်မယုံနိုင်ဘူး။ ကျွန်မ လျှောက်လွှာတင် ခဲ့တယ်။ သူတို့က ၃ နာရီအတွင်း အတည်ပြုပေးတယ်။ နောက်နေ့မှာ ကျွန်မတို့ deposit ငွေသွင်းခဲ့ပါတယ်။”

“အိမ်လခက တစ်လကို ပေါင် ၈၀၀ ကနေ ၈၅၀ ကြား ပေးကြရတယ်။ ဒါက အရင်တုန်းက ငှားနေခဲ့တာထက် နဲနဲပိုများပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့အိမ်ဖြစ်ပြီး နေရာကောင်းမှာ ရှိတာပါ။”

နိုင်ငံတစ်ဝန်း အခြားနေရာများတွင် လူနေမှုစရိတ် မြင့်မားမှုနှင့် ရင်ဆိုင်နေရချိန်တွင် မိမိတို့ဒေသမှာ မီတာ၊ ဓာတ်ငွေ့တို့ ကဲ့သို့သော စွမ်းအင်အတွက် ကုန်ကျစရိတ် အလွန်နည်းပါးကြောင်း ခရစ္စတင်းက ပြောသည်။

“ကျွန်မတို့ရဲ့ လူနေမှုစရိတ်က တကယ့်ကို သက်သာပါတယ်။ ဒါက လျှပ်စစ်နဲ့ ဓာတ်ငွေ့ ကုန်ကျစရိတ် သက်သာမှုကြောင့်ပါ။ လက်ပ်တော့တွေနဲ့ အိမ်ကနေ အလုပ်လုပ်ရင်တောင်မှ နွေကာလတွေမှာ တစ်လကို ၁၀ ပေါင်လောက်ပဲ ကုန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့အိမ်တွေရဲ့ ခေါင်မိုးတွေမှာ ဆိုလာပြားတွေ တပ်ထားပေးတာကြောင့်ပါ။”

“တစ်နှစ်လုံးအတွက် ဓာတ်ငွေ့ဖိုး ပေါင် ၇၈၀ နဲ့ မီတာခ ပေါင် ၃၂၀ လောက်ပဲ ကုန်ပါတယ်။ ဒါက အတော်ကြီးကို သက်သာပါတယ်။”

ယခုစီမံကိန်းကို ဝုဗာဟမ်တန်မြို့ကောင်စီမှ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: We live on Britain’s cheapest housing estate… we bought our homes for £1 – our favourite feature saves us hundreds (thesun)

[Zawgyi]

၁ ေပါင္ (ျမန္မာေငြ ၂၆၇၆ က်ပ္) ျဖင့္ ေနအိမ္ဝယ္ယူခဲ့ၾကေသာ ၿဗိတိန္ႏိုင္ငံသားမ်ား

ၿဗိတိန္တြင္ ၁ ေပါင္ (ျမန္မာေငြ ၂၆၇၆ က်ပ္ ၊ ၾသဂုတ္လ ၁၉ ရက္ သတ္မွတ္ေငြလဲႏႈန္းအရ ျဖစ္ပါသည္) ျဖင့္ ၿဗိတိန္၏ ေဈးအသက္သာဆုံးေနအိမ္မ်ားကို ဝယ္ယူခဲ့ၾကသူတို႔က ၎တို႔ မည္မွ် ကုန္က်စရိတ္သက္သာ ခဲ့ရပုံမ်ားကို The Sun သတင္းဌာနသို႔ ထုတ္ေဖာ္ေျပာျပၾကသည္။

ဝုဗာဟမ္တန္ၿမိဳ႕တြင္ အေကာင္အထည္ေဖာ္ခဲ့ေသာ ေပါင္ ၃၄ သန္းတန္ Marches အိမ္ရာစီမံကိန္းတြင္ ကံေကာင္းေသာ ေဒသခံတို႔သည္ ေနအိမ္မ်ားကို ၁ ေပါင္မွ်ျဖင့္ ဝယ္ယူပိုင္ဆိုင္ရမည့္ အခြင့္အေရးရခဲ့ၾကသည္။

(ၿဗိတိန္၏ ေဈးအသက္သာဆုံးအိမ္ယာတြင္ ေနထိုင္ၾကသူမ်ားမွာ ၎တို႔၏ အိမ္သစ္မ်ားတြင္ ေပ်ာ္႐ႊင္စြာ ေနထိုင္ၾကလ်က္ ႐ွိသည္။ ဓာတ္ပုံ- Roland Leon)

(ထိုအိမ္ယာတြင္ ေနထိုင္သူ ခရစၥတင္း က႐ိုမာနီက ယခုအိမ္ယာတြင္ ေနထိုင္ရမႈႏွင့္ မီတာခ ေဈးသက္သာမႈ အေပၚ မ်ားစြာေပ်ာ္႐ႊင္လ်က္႐ွိသည္။ ဓာတ္ပုံ- Roland Leon)

( ၁ ေပါင္တန္ ေနအိမ္မ်ားတြင္ ေပ်ာ္႐ႊင္စြာ ေနထိုင္လ်က္႐ွိေသာ Rachel Reade ႏွင့္ သူမ၏ သား ၂ ဦး။ ဓာတ္ပုံ- Roland Leon)

(ယခုအိမ္မ်ားတြင္ ေနထိုင္သူမ်ားသည္ ၂၅ ႏွစ္ ငွားရမ္းေနထိုင္ၿပီးလွ်င္ ၁ ေပါင္ျဖင့္ ဝယ္ယူပိုင္ဆိုင္ခြင့္ ရ႐ွိမည္ ျဖစ္သည္။ ဓာတ္ပုံ- Roland Leon)

ဤအိမ္ရာ စီမံကိန္းတြင္ အိပ္ခန္း ၂ ခန္း ၊ ၃ ခန္းႏွင့္ ၄ ခန္းပါ ေနအိမ္မ်ားကို Help-to-buy အစီအစဥ္ျဖင့္ ေရာင္းခ်ေပးေနၿပီး ၂၅ ႏွစ္တာ ငွားရမ္းေနထိုင္ၿပီးလွ်င္ ၁ ေဒၚလာျဖင့္ ဝယ္ယူပိုင္ဆိုင္ခြင့္ ရ႐ွိမည္ ျဖစ္သည္။

ဤအစီအစဥ္မွာ မိမိတို႔ ေမွ်ာ္လင့္ထားသည္ထက္ပင္ ပိုမိုေကာင္းမြန္ေၾကာင္း ေနထိုင္သူမ်ားက ေျပာသည္။

အသက္ ၄၂ ႏွစ္အ႐ြယ္႐ွိ ခရစၥတင္း က႐ိုမာနီသည္ ခင္ပြန္းျဖစ္သူႏွင့္အတူ အိပ္ခန္း ၂ ခန္းပါ ေနအိမ္တစ္လုံးသို႔ လြန္ခဲ့ေသာ ၁ ႏွစ္ေက်ာ္က ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ျခင္း ျဖစ္သည္။

“ကြၽန္မတို႔ ဒီအစီအစဥ္ကို ေတြ႕ေတာ့ ကြၽန္မတို႔ရဲ႕ ကံၾကမၼာကို ယုံေတာင္မယုံႏိုင္ဘူး။ ကြၽန္မ ေလွ်ာက္လႊာတင္ ခဲ့တယ္။ သူတို႔က ၃ နာရီအတြင္း အတည္ျပဳေပးတယ္။ ေနာက္ေန႔မွာ ကြၽန္မတို႔ deposit ေငြသြင္းခဲ့ပါတယ္။”

“အိမ္လခက တစ္လကို ေပါင္ ၈၀၀ ကေန ၈၅၀ ၾကား ေပးၾကရတယ္။ ဒါက အရင္တုန္းက ငွားေနခဲ့တာထက္ နဲနဲပိုမ်ားပါတယ္။ ဒါေပမယ့္ ကြၽန္မတို႔ရဲ႕အိမ္ျဖစ္ၿပီး ေနရာေကာင္းမွာ ႐ွိတာပါ။”

ႏိုင္ငံတစ္ဝန္း အျခားေနရာမ်ားတြင္ လူေနမႈစရိတ္ ျမင့္မားမႈႏွင့္ ရင္ဆိုင္ေနရခ်ိန္တြင္ မိမိတို႔ေဒသမွာ မီတာ၊ ဓာတ္ေငြ႕တို႔ ကဲ့သို႔ေသာ စြမ္းအင္အတြက္ ကုန္က်စရိတ္ အလြန္နည္းပါးေၾကာင္း ခရစၥတင္းက ေျပာသည္။

“ကြၽန္မတို႔ရဲ႕ လူေနမႈစရိတ္က တကယ့္ကို သက္သာပါတယ္။ ဒါက လွ်ပ္စစ္နဲ႔ ဓာတ္ေငြ႕ ကုန္က်စရိတ္ သက္သာမႈေၾကာင့္ပါ။ လက္ပ္ေတာ့ေတြနဲ႔ အိမ္ကေန အလုပ္လုပ္ရင္ေတာင္မွ ေႏြကာလေတြမွာ တစ္လကို ၁၀ ေပါင္ေလာက္ပဲ ကုန္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္မတို႔အိမ္ေတြရဲ႕ ေခါင္မိုးေတြမွာ ဆိုလာျပားေတြ တပ္ထားေပးတာေၾကာင့္ပါ။”

“တစ္ႏွစ္လုံးအတြက္ ဓာတ္ေငြ႕ဖိုး ေပါင္ ၇၈၀ နဲ႔ မီတာခ ေပါင္ ၃၂၀ ေလာက္ပဲ ကုန္ပါတယ္။ ဒါက အေတာ္ႀကီးကို သက္သာပါတယ္။”

ယခုစီမံကိန္းကို ဝုဗာဟမ္တန္ၿမိဳ႕ေကာင္စီမွ အေကာင္အထည္ ေဖာ္ခဲ့ျခင္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: We live on Britain’s cheapest housing estate… we bought our homes for £1 – our favourite feature saves us hundreds (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service