အင်္ဂလန်တွင် ကြီးမားသောစံအိမ်ကြီးတစ်လုံး နှစ်ပေါင်း ၇၀၀ အတွင်း ပထမဆုံးအဖြစ် ပေါင် ၃၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာရာ ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ကြီး Queen ၏ ဂစ်တာသမားက ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိ

အင်္ဂလန်တွင် ကြီးမားသောစံအိမ်ကြီးတစ်လုံး နှစ်ပေါင်း ၇၀၀ အတွင်း ပထမဆုံးအဖြစ် ပေါင် ၃၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာရာ ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ကြီး Queen ၏ ဂစ်တာသမားက ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
17 Aug 2023 12:02 pm တွင် တင်ခဲ့သည်
638 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အင်္ဂလန်နိုင်ငံ ၊ အရှေ့မြောက်ပိုင်းတွင် ကြီးမားသောစံအိမ်ကြီးတစ်လုံး နှစ်ပေါင်း ၇၀၀ အတွင်း ပထမဆုံးအဖြစ် ပေါင် ၃၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာရာ ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ကြီး Queen ၏ ဂစ်တာသမား ဆာ ဘရိုင်ယန် မေက ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိသည်။

ပြီးခဲ့သော သောကြာနေ့က အင်္ဂလန်အရှေ့မြောက်ပိုင်း Northumberland ခရိုင်ရှိ ပေါင် ၃၅ သန်းတန် Rothbury စံအိမ်ကြီးကို အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်သော ရော့ခ်ဂန္ထဝင်ကြယ်ပွင့်ကြီး ဘရိုင်ယန် မေက သွားရောက်ကြည့်ရှုနေသည်ကို တွေ့ခဲ့ကြသည်။

 

(Queen အဖွဲ့၏ ဂစ်တာကြယ်ပွင့်က Northumberland ခရိုင်ရှိ ၉၄၈၆ ဧကကျယ်သော ခြံကြီးကို ဝယ်ရန် ကြည့်ရှုခဲ့သည်။ ဓာတ်ပုံ-Alamy )

 

(ဆာဘရိုင်ယန် မေနှင့် သူ၏ဇနီး အေနီတာ ဒေါ့ဘ်ဆန်။ ဓာတ်ပုံ-AP)

 

(ဤခြံကြီးသည် နှစ်ပေါင်း ၇၀၀ အတွင်း ပထမဆုံးအကြိမ် အရောင်းဈေးကွက်ဝင်လာခြင်း ဖြစ်သည်။ ဓာတ်ပုံ-Alamy)

 

ဤခြံကြီးကို ယခင်က ပိုင်ဆိုင်ခဲ့သူမှာ Northumberland နယ်စားကြီးဖြစ်ပြီး ၁၃၃၂ ခုနှစ်ကတည်းက အရောင်းဈေးကွက်ဝင်ခဲ့ဖူးခြင်း မရှိချေ။

ဂစ်တာကြယ်ပွင့် ဆာဘရိုင်ယန်သည် အာကာသရူပဗေဒပညာရှင်တစ်ဦးဖြစ်သည့်အပြင် တိရိ စ္ဆာန်များအရေး ဦးဆောင်ဦးရွက်ပြု လှုပ်ရှားသူတစ်ဦးလည်း ဖြစ်သည်။

ဆာဘရိုင်ယန်သည် ဤခြံကြီးကို အသက် ၇၄ နှစ်အရွယ်ရှိ ဇနီးဖြစ်သူ အေနီတာနှင့်အတူ ရဟတ်ယာဉ်ဖြင့် လာရောက်ကြည့်ရှုခဲ့ရာ ဒေသခံတို့ များစွာအံ့အားသင့်ခဲ့ကြသည်။

ဤခြံကြီး၏ ယာတော ၁၂ ခုအနက်မှ တစ်ခုတွင် ရဟတ်ယာဉ်ဆင်းသက်ခဲ့ပြီးနောက် ဆာဘရိုင်ယန်တို့ ဇနီးမောင်နှံသည် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးနှင့်အတူ ကားတစ်စီးဖြင့် ခြံအတွင်း လှည့်ပတ်ကြည့်ရှု ခဲ့ကြသည်။

အိမ်နီးချင်းတစ်ဦးက MailOnline သတင်းဌာနသို့ ပြောသည်မှာ “ဘရိုင်ယန်မေရဲ့ ရဟတ်ယာဉ် ဟိုနားမှာ ဆင်းခဲ့တာပါ။ (ကွင်းနေရာတစ်ခုကို ညွှန်ပြသည်။) သူနဲ့အေနီတာတို့ ရောက်လာပြီး လူတိုင်းကို နှုတ်ဆက်ခဲ့ကြပါတယ်။” ဟု ပြောသည်။

“သူတို့ နေ့လည်စာ ပျော်ပွဲစား ထွက်ခဲ့ကြတာ ထင်ပါတယ်။ သူတို့ ဒီမှာ ၂ နာရီ ၃ နာရီလောက် နေခဲ့ကြတယ်။ သူတို့က စိတ်သဘောကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်က နာမည်ကျော်တွေအပေါ် ရူးသွပ်တတ်တဲ့သူ မဟုတ်တာကြောင့် သူနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ မတောင်းဆိုခဲ့ပါဘူး။” ဆာဘရိုင်ယန်မေ၏ ရဟတ်ယာဉ်သည် အနီးရှိ အရက်ဆိုင်တစ်ခုကိုလည်း ကြည့်ရှုသွားခဲ့သည်။

အဆိုပါ အရက်ဆိုင်သည် ၉၄၈၆ ဧကကျယ်သော ခြံအရောင်းအဝယ်တွင် ပါဝင်ဖွယ်ရှိသည်။

ဤခြံကြီးကို Northumberland နယ်စားကြီး၏ အငယ်ဆုံးသား Max Lord Percy (အသက် ၃၃ နှစ်) က အရောင်းဈေးကွက် တင်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် မတ်လအတွင်း ဂစ်တာကြယ်ပွင့် ဘရိုင်ယန်မေကို အင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင်က ဆာဘွဲ့ချီးမြှင့် ကာ သူကောင်းပြုခဲ့သည်။

ဘရိုင်ယန်မေတို့ Queen အဖွဲ့ကြီးသည် We Will Rock You နှင့် Bohemian Rhapsody တို့ကဲ့သို့သော သီချင်းများဖြင့် ကမ္ဘာကျော်ခဲ့သည်။

 

(ယခုနှစ် မတ်လအတွင်း ဂစ်တာကြယ်ပွင့် ဘရိုင်ယန်မေကို အင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင်က ဆာဘွဲ့ချီးမြှင့်ကာ သူကောင်းပြုခဲ့သည်။ ဓာတ်ပုံ-PA)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖောျပွသညျ။)

Credit: iMyanmarHouse.com

 

Ref: Huge £35m estate goes on sale for the first time in 700 years – and world famous rock star is interested in buying it (thesun)

 

 

[Zawgyi]

 

အဂၤလန္တြင္ ၾကီးမားေသာစံအိမ္ၾကီးတစ္လံုး ႏွစ္ေပါင္း ၇၀၀ အတြင္း ပထမဆံုးအျဖစ္ ေပါင္ ၃၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာရာ ကမၻာေက်ာ္ေရာ့ခ္ဂီတအဖြဲ႔ၾကီး Queen ၏ ဂစ္တာသမားက ဝယ္ယူရန္ စိတ္ဝင္စားလ်က္ရွိ

အဂၤလန္ႏိုင္ငံ ၊ အေရွ႕ေျမာက္ပိုင္းတြင္ ၾကီးမားေသာစံအိမ္ၾကီးတစ္လံုး ႏွစ္ေပါင္း ၇၀၀ အတြင္း ပထမဆံုးအျဖစ္ ေပါင္ ၃၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာရာ ကမၻာေက်ာ္ေရာ့ခ္ဂီတအဖြဲ႔ၾကီး Queen ၏ ဂစ္တာသမား ဆာ ဘရိုင္ယန္ ေမက ဝယ္ယူရန္ စိတ္ဝင္စားလ်က္ရွိသည္။

ျပီးခဲ့ေသာ ေသာၾကာေန႔က အဂၤလန္အေရွ႕ေျမာက္ပိုင္း Northumberland ခရိုင္ရွိ ေပါင္ ၃၅ သန္းတန္ Rothbury စံအိမ္ၾကီးကို အသက္ ၇၆ ႏွစ္အရြယ္ရွိျပီျဖစ္ေသာ ေရာ့ခ္ဂႏၳဝင္ၾကယ္ပြင့္ၾကီး ဘရုိင္ယန္ ေမက သြားေရာက္ၾကည့္ရႈေနသည္ကို ေတြ႔ခဲ့ၾကသည္။

(Queen အဖြဲ႔၏ ဂစ္တာၾကယ္ပြင့္က Northumberland ခရိုင္ရွိ ၉၄၈၆ ဧကက်ယ္ေသာ ျခံၾကီးကို ဝယ္ရန္ ၾကည့္ရႈခဲ့သည္။ ဓာတ္ပံု-Alamy )

(ဆာဘရုိင္ယန္ ေမႏွင့္ သူ၏ဇနီး ေအနီတာ ေဒါ့ဘ္ဆန္။ ဓာတ္ပံု-AP)

(ဤျခံၾကီးသည္ ႏွစ္ေပါင္း ၇၀၀ အတြင္း ပထမဆံုးအၾကိမ္ အေရာင္းေစ်းကြက္ဝင္လာျခင္း ျဖစ္သည္။ ဓာတ္ပံု-Alamy)

ဤျခံၾကီးကို ယခင္က ပိုင္ဆိုင္ခဲ့သူမွာ Northumberland နယ္စားၾကီးျဖစ္ျပီး ၁၃၃၂ ခုႏွစ္ကတည္းက အေရာင္းေစ်းကြက္ဝင္ခဲ့ဖူးျခင္း မရွိေခ်။

ဂစ္တာၾကယ္ပြင့္ ဆာဘရိုင္ယန္သည္ အာကာသရူပေဗဒပညာရွင္တစ္ဦးျဖစ္သည့္အျပင္ တိရိ စၦာန္မ်ားအေရး ဦးေဆာင္ဦးရြက္ျပဳ လႈပ္ရွားသူတစ္ဦးလည္း ျဖစ္သည္။

ဆာဘရိုင္ယန္သည္ ဤျခံၾကီးကို အသက္ ၇၄ ႏွစ္အရြယ္ရွိ ဇနီးျဖစ္သူ ေအနီတာႏွင့္အတူ ရဟတ္ယာဥ္ျဖင့္ လာေရာက္ၾကည့္ရႈခဲ့ရာ ေဒသခံတုိ႔ မ်ားစြာအံ့အားသင့္ခဲ့ၾကသည္။

ဤျခံၾကီး၏ ယာေတာ ၁၂ ခုအနက္မွ တစ္ခုတြင္ ရဟတ္ယာဥ္ဆင္းသက္ခဲ့ျပီးေနာက္ ဆာဘရိုင္ယန္တို႔ ဇနီးေမာင္ႏွံသည္ အိမ္ျခံေျမအက်ဳိးေဆာင္တစ္ဦးႏွင့္အတူ ကားတစ္စီးျဖင့္ ျခံအတြင္း လွည့္ပတ္ၾကည့္ရႈ ခဲ့ၾကသည္။

အိမ္နီးခ်င္းတစ္ဦးက MailOnline သတင္းဌာနသို႔ ေျပာသည္မွာ “ဘရိုင္ယန္ေမရဲ႕ ရဟတ္ယာဥ္ ဟိုနားမွာ ဆင္းခဲ့တာပါ။ (ကြင္းေနရာတစ္ခုကုိ ညႊန္ျပသည္။) သူနဲ႔ေအနီတာတို႔ ေရာက္လာျပီး လူတိုင္းကို ႏႈတ္ဆက္ခဲ့ၾကပါတယ္။” ဟု ေျပာသည္။

“သူတို႔ ေန႔လည္စာ ေပ်ာ္ပြဲစား ထြက္ခဲ့ၾကတာ ထင္ပါတယ္။ သူတို႔ ဒီမွာ ၂ နာရီ ၃ နာရီေလာက္ ေနခဲ့ၾကတယ္။ သူတုိ႔က စိတ္သေဘာေကာင္းပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္က နာမည္ေက်ာ္ေတြအေပၚ ရူးသြပ္တတ္တဲ့သူ မဟုတ္တာေၾကာင့္ သူနဲ႔ ဓာတ္ပံုတြဲရိုက္ဖို႔ မေတာင္းဆိုခဲ့ပါဘူး။” ဆာဘရိုင္ယန္ေမ၏ ရဟတ္ယာဥ္သည္ အနီးရွိ အရက္ဆိုင္တစ္ခုကိုလည္း ၾကည့္ရႈသြားခဲ့သည္။

အဆိုပါ အရက္ဆိုင္သည္ ၉၄၈၆ ဧကက်ယ္ေသာ ျခံအေရာင္းအဝယ္တြင္ ပါဝင္ဖြယ္ရွိသည္။

ဤျခံၾကီးကို Northumberland နယ္စားၾကီး၏ အငယ္ဆံုးသား Max Lord Percy (အသက္ ၃၃ ႏွစ္) က အေရာင္းေစ်းကြက္ တင္ခဲ့ျခင္းျဖစ္သည္။

ယခုႏွစ္ မတ္လအတြင္း ဂစ္တာၾကယ္ပြင့္ ဘရိုင္ယန္ေမကို အဂၤလန္ျပည့္ရွင္ ခ်ားလ္စ္ဘုရင္က ဆာဘြဲ႔ခ်ီးျမွင့္ ကာ သူေကာင္းျပဳခဲ့သည္။

ဘရိုင္ယန္ေမတို႔ Queen အဖြဲ႔ၾကီးသည္ We Will Rock You ႏွင့္ Bohemian Rhapsody တုိ႔ကဲ့သုိ႔ေသာ သီခ်င္းမ်ားျဖင့္ ကမၻာေက်ာ္ခဲ့သည္။

(ယခုႏွစ္ မတ္လအတြင္း ဂစ္တာၾကယ္ပြင့္ ဘရိုင္ယန္ေမကို အဂၤလန္ျပည့္ရွင္ ခ်ားလ္စ္ဘုရင္က ဆာဘြဲ႔ခ်ီးျမွင့္ကာ သူေကာင္းျပဳခဲ့သည္။ ဓာတ္ပံု-PA)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Huge £35m estate goes on sale for the first time in 700 years – and world famous rock star is interested in buying it (thesun)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service