စကော့တလန်တွင် အထွေထွေရောဂါကု ဆရာဝန်တစ်ဦး တသက်လုံးစုဆောင်းထားငွေများဖြင့် အိမ်တစ်လုံးကို ပေါင် ၂၃၀၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီးနောက် နေအိမ်ကို တဝက်သာပိုင်ကြောင်း သိခဲ့ရ
စကော့တလန်တွင် အထွေထွေရောဂါကု ဆရာဝန်တစ်ဦး တသက်လုံးစုဆောင်းထားငွေများဖြင့် အိမ်တစ်လုံးကို ပေါင် ၂၃၀၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီးနောက် နေအိမ်ကို တဝက်သာပိုင်ကြောင်း သိခဲ့ရ - Property News in Myanmar from iMyanmarHouse.com
4 Aug 2023 10:35 am တွင် တင်ခဲ့သည်
722 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
စကော့တလန်တွင် အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက တသက်လုံးစုဆောင်းထားငွေများဖြင့် အိမ်တစ်လုံး ကို ပေါင် ၂၃၀၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီးနောက် နေအိမ်ကို တဝက်သာပိုင်ကြောင်း သိခဲ့ရသည်။
ဒေါက်တာ ဘာဘာ အက္ကဘာက ပြောသည်မှာ စကော့တလန်နိုင်ငံ ၊ Dunfermline မြို့ရှိ အိမ်ကို လိမ်လည် ရောင်းချခံရခြင်းဖြစ်ကြောင်း ပြောသည်။
(ဒေါက်တာ ဘာဘာအား လိမ်လည်ရောင်းချခဲ့သောအိမ်။ ဓာတ်ပုံ-Google Maps)
(ဒေါက်တာဘာဘာကို စာရွက်စာတမ်းအတုများဖြင့် လိမ်လည်ရောင်းချသွားခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-University of Dundee)
နေအိမ်ရောင်းချခဲ့သော အမျိုးသား၏ အမည်မှာ ဒေါ်နယ်ဘုသ်ဖြစ်ပြီး အဆိုပါအိမ်ကို ၎င်းနှင့်ကွာရှင်းထားသော ဇနီးက တဝက်ပိုင်ဆိုင်ကြောင်း ထုတ်မပြောဘဲ ရောင်းချခဲ့ခြင်း ဖြစ်သည်။
မစ္စတာဘုသ်သည် ဥပဒေအရ နေအိမ်ပိုင်ဆိုင်မှု တဝက်ကိုသာ ရောင်းချနိုင်ပြီး အလုံးစုံပိုင်ဆိုင်မှု လွှဲပြောင်းခွင့် မရှိချေ။
ဒေါက်တာဘာဘာက အဆိုပါ လိမ်လည်မှုကို တရားရုံးတွင် တိုင်တန်းခဲ့သည်။
မစ္စတာဘုသ်က ထိုအိမ်ကို တစ်ဦးတည်းပိုင်ဆိုင်ကြောင်း ဖော်ပြထားသည့် စာရွက်စာတမ်းအတုများ ပြသခဲ့ ကြောင်း ဒေါက်တာဘာဘာက ပြောသည်။
The Courier သတင်းဌာနသို့ ဒေါက်တာဘာဘာက ပြောသည်မှာ မိမိ၏ လူ့အသိုက်အဝန်းအပေါ် ဝန်ဆောင်မှု များပြုလုပ်ကာ ရရှိလာသော ဝင်ငွေများ တစ်သက်တာစုဆောင်းထားမှုဖြင့် နေအိမ်ဝယ်ယူခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။
ဒေါက်တာဘာဘာက ပြောသည်မှာ… နောက်တစ်နှစ်အကြာတွင် စာချုပ်ပါ လက်မှတ်မှာ အတုဖြစ်ကြောင်း ၊ နေအိမ်ကို မိမိလည်း ပိုင်ဆိုင်ကြောင်း ပြောလာသူတစ်ဦးရှိသည်ဟု ဆိုသည်။
ဤလိမ်လည်မှုတွင် မိမိမှာ သားကောင်ဖြစ်ခဲ့ရကြောင်း ၊ ဤကဲ့သို့ ဖြစ်ရပ်မျိုး လူတိုင်းကြုံရနိုင်ကြောင်း ဒေါက်တာဘာဘာက ပြောသည်။
ပြီးခဲ့သော တနင်္လာနေ့က တရားရုံးကြားနာစစ်ဆေးမှုတွင် မစ္စတာဘုသ်မှာ ထောင်ဒဏ် ၄ နှစ်ချမှတ်ခံခဲ့ရ သည့်အပြင် ဇနီးဟောင်း မစ္စက်ဘုသ်အား ပေါင် ၅၄၀၀၀ လျော်ကြေးပေးရန်လည်း အမိန့်ချမှတ်ခံရသည်။
တရားရုံးကြားနာမှုအပြီး ဒေါက်တာဘာဘာက ပြောသည်မှာ လူတို့အပေါ် ယုံကြည်မှုကင်းမဲ့သွားကြောင်း ပြောသည်။
နေအိမ်တစ်လုံး လက်လွှဲလက်ပြောင်းဖြစ်ပါက မြေစာရင်းဌာန (သို့မဟုတ်) စကော့တလန်တွင်ဆိုလျှင် မှတ်ပုံတင်ဌာနသို့ တင်ပြရန် လိုအပ်သည်။
သင်သည် အိမ်တစ်လုံးကို ပူးတွဲပိုင်ဆိုင်သူတစ်ဦးထံမှ ဝယ်ယူသည်ဆိုပါက သင့်အနေဖြင့် ရောင်းချသူ ပိုင်ဆိုင်သော ဝေစုကိုသာ ဝယ်ယူပိုင်ဆိုင်ခွင့်ရှိမည် ဖြစ်သည်။
နေအိမ်တစ်လုံး ဝယ်ယူရာတွင် ငွေကြေးများစွာသုံးစွဲကာ ရင်းနှီးမြှပ်နှံရမည်ဖြစ်ရာ စာရွက်စာတမ်းများ မှန်ကန်မှု ရှိမရှိ ဥပဒေအတိုင်ပင်ခံများဖြင့် စစ်ဆေးသင့်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: I splashed out £230,000 for my dream house – only to find out I only owned HALF the property…I fought battle and won (thesun)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Mingalar Market
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service