သမိုင်းတစ်လျှောက်အကြီးမြတ်ဆုံး ဘတ်စ်ကက်ဘောကြယ်ပွင့် မိုက်ကယ်ဂျော်ဒန်ရဲ့ အီလီနွိုက်စ်စံအိမ် အရောင်းဈေးကွက်တင်ထားတာ ၁၀ နှစ်ကြာတဲ့အထိ ဘာကြောင့် ရောင်းမထွက်တာလဲ

သမိုင်းတစ်လျှောက်အကြီးမြတ်ဆုံး ဘတ်စ်ကက်ဘောကြယ်ပွင့် မိုက်ကယ်ဂျော်ဒန်ရဲ့ အီလီနွိုက်စ်စံအိမ် အရောင်းဈေးကွက်တင်ထားတာ ၁၀ နှစ်ကြာတဲ့အထိ ဘာကြောင့် ရောင်းမထွက်တာလဲ - Property News in Myanmar from iMyanmarHouse.com
27 Jul 2023 10:03 am တွင် တင်ခဲ့သည်
419 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မိုက်ကယ်ဂျော်ဒန် (မွေး-၁၉၆၃) ကို MJ ဟုလည်း လူသိများပြီး သူသည် ယခင်က နာမည်ကြီး အမေရိကန် ဘတ်စ်ကက်ဘောကြယ်ပွင့်တစ်ဦး ဖြစ်ခဲ့သည်။

အမေရိကန်အမျိုးသားဘတ်စ်ကက်ဘောအသင်း (NBA) ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် “မိုက်ကယ်ဂျော်ဒန်သည် သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဘတ်စ်ကက်ဘောကစားသမားတစ်ဦး ဖြစ်သည်”ဟု ဖော်ပြထားသည်။

မိုက်ကယ်ဂျော်ဒန်သည် Chicago Bulls အသင်းနှင့်အတူ NBA တွင် ၁၅ ရာသီကစားခဲ့ပြီး NBA ချန်ပီယံဖလား ၆ ကြိမ်ရရှိခဲ့သည်။

မိုက်ကယ်ဂျော်ဒန်သည် NBA မှ Charlotte Hornets အသင်းပိုင်ရှင်၊ ဥက္ကဌလည်း ဖြစ်သည်။

ချီကာဂိုမြို့ရှိ မိုက်ကယ်ဂျော်ဒန်၏ ကြီးမားလှသော စံအိမ်ကြီးမှာ အရောင်းဈေးကွက်တင်ထားသည်မှာ ၁၀ နှစ်ရှိပြီဖြစ်သော်လည်း ရောင်းမထွက်သေးဘဲ ယနေ့တိုင် ဈေးကွက်တွင်ရှိနေဆဲ ဖြစ်သည်။

မိုက်ကယ်ဂျော်ဒန်က စံအိမ်ရောင်းထွက်ရန်အတွက် ခေါ်ဈေးကို ထက်ဝက်နီးပါးလျှော့ချပေးခဲ့သည့်အပြင် စံအိမ်ဝယ်ယူပါက သူ၏အထင်ကရအမှတ်တံဆိပ်တစ်ခုဖြစ်သော Nike ကုမ္ပဏီထုတ် Air Jordan ဖိနပ်များပါ ပေးအပ်မည်ဖြစ်ကြောင်း ကြော်ငြာထားခဲ့သည်။

သို့တိုင် စံအိမ်ရောင်းမထွက်ဘဲရှိနေပြီး မိုက်ကယ်ဂျော်ဒန်မှာ အဆိုပါစံအိမ်အတွက် နှစ်စဉ်အိမ်ခြံမြေခွန် ဒေါ်လာ ၁၀၀,၀၀၀ ကျော် ပေးဆောင်ရလျက်ရှိနေသည်။

အဆိုပါစံအိမ်တွင် သင်တို့ မျှော်လင့်ထားသည့် အရာအားလုံးပါဝင်ပြီး မူလက ဈေးခေါ်ခဲ့သည်မှာ ကန်ဒေါ်လာ ၂၉ သန်းဖြစ်သည်။

အလွန်အကျွံပြုပြင်မွမ်းမံမှုများနှင့် စံအိမ်၏ တည်နေရာတို့ကြောင့် ရောင်းထွက်ရန် ခက်ခဲနေခြင်း ဖြစ်သည်။

စံအိမ်ကို အသေးစိတ်ကြည့်ရှုကာ အဘယ်ကြောင့် ဝယ်လက်ရှာမတွေ့သည်ကို အောက်တွင် ဆက်လက်လေ့လာကြည့်ပါ။

ဓာတ်ပုံအများစုမှာ Concierge Auctions လေလံအဖွဲ့၏ ဗွီဒီယိုဖိုင်မှ ဖြစ်ပါသည်။

 

 

(အီလီနွိုက်စ်ပြည်နယ် ၊ Highland Park မြို့ရှိ မိုက်ကယ်ဂျော်ဒန်၏ စတုရန်းပေ ၅၆၀၀၀ ကျယ်ဝန်းသော စံအိမ်ကြီးနှင့် ၇ ဧကကျယ်သော ခြံဝန်းကြီးမှာ ကောင်းကင်မှ ကြည့်လျှင်ပင် လွန်စွာ ကြီးမားလှသည်။ ဓာတ်ပုံ-Concierge Auctions)

 

 

(ခြံတံခါးတွင် ၂၃ ဟူသော နံပါတ်ကြီး တပ်ဆင်ထားရာ ခြံရှေ့သို့ ရောက်လာသူတိုင်း ဤခြံမှာ နံပါတ် ၂၃ ဖြင့် ကစားခဲ့သူ မိုက်ကယ်ဂျော်ဒန်၏ ခြံဖြစ်ကြောင်း ချက်ချင်းပြောနိုင်မည် ဖြစ်သည်။ ထိုအချက်ကပင် ခြံရောင်းမထွက်သည့် အကြောင်းရပ်လည်း ဖြစ်နိုင်သည်။ ဓာတ်ပုံ-Zillow)

 

 

 

(ခေါ်ဈေးကို အကြိမ်ကြိမ်လျှော့ချပေးခဲ့ပြီး လက်ရှိခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၄ ဒသမ ၉ သန်းဖြစ်ရာ ၁ စတုရန်းပေလျှင် ၂၆၅ ဒေါ်လာခန့် ဖြစ်သည်။ အဆိုပါဈေးနှုန်းမှာ မူလခေါ်ဈေးဖြစ်သော ၁ စတုရန်းပေလျှင် ၅၁၇ ဒေါ်လာအောက် များစွာနည်းပါးသော ဈေးနှုန်းလည်း ဖြစ်သည်။ ခေါ်ဈေးအတိအကျမှာ ၁၄၈၅၅၀၀၀ ဒေါ်လာ ဖြစ်ပြီး ထိုကိန်းဂဏန်းများကို ပေါင်းလိုက်လျှင် ၂၃ ရသည်။ ၂၃ မှာ မိုက်ကယ်ဂျော်ဒန်၏ ကျောနံပါတ်လည်း ဖြစ်သည်။ ဓာတ်ပုံ- Concierge Auctions)

 

(ခြံဝဂိတ်တံခါးမှ စံအိမ်ထိရောက် သက်ရင့် သစ်ပင်ကြီးများကြားရှိ ရှည်လျားသော ယာဉ်မောင်းလမ်းမှ ကားမောင်းဝင်ရမည်ဖြစ်ရာ privacy အလွန်ကောင်းမွန်သည်။ ဓာတ်ပုံ- Concierge Auctions)

 

 

 

(ဤစံအိမ်နှင့် ခြံဝန်းအတွင်းရှိ အဆောက်အအုံများကို မိုက်ကယ်ဂျော်ဒန်က စိတ်ကြိုက်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ- Concierge Auctions)

 

 

(ခြံဝန်းအတွင်းမှ တင်းနစ်ကွင်း။ ဓာတ်ပုံ- Concierge Auctions)

 

(အလယ်တွင် မြက်ခင်းပါဝင်သော ရေကူးကန်။ ဓာတ်ပုံ- Concierge Auctions)

 

 

(ကြီးမားသော patio ။ ဓာတ်ပုံ- Concierge Auctions)

 

(putting green ပါသော မြက်ခင်း။ ဓာတ်ပုံ- Concierge Auctions)

 

(putting green တွင် Jordan အမှတ်တံဆိပ် အလံတိုင်များရှိသည်။ ဓာတ်ပုံ- Concierge Auctions)

 

 

(ငါးကန်။ ဓာတ်ပုံ- Concierge Auctions)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Take a tour of Michael Jordan's Chicago mansion that's been on the market for 10 years and see why he can't sell it (businessinsider)

 

 

[Zawgyi]

 

သမိုင္းတစ္ေလွ်ာက္အၾကီးျမတ္ဆံုး ဘတ္စ္ကက္ေဘာၾကယ္ပြင့္ မိုက္ကယ္ေဂ်ာ္ဒန္ရဲ႕ အီလီႏိြဳက္စ္စံအိမ္ အေရာင္းေစ်းကြက္တင္ထားတာ ၁၀ ႏွစ္ၾကာတဲ့အထိ ဘာေၾကာင့္ ေရာင္းမထြက္တာလဲ

 

မိုက္ကယ္ေဂ်ာ္ဒန္ (ေမြး-၁၉၆၃) ကို MJ ဟုလည္း လူသိမ်ားျပီး သူသည္ ယခင္က နာမည္ၾကီး အေမရိကန္ ဘတ္စ္ကက္ေဘာၾကယ္ပြင့္တစ္ဦး ျဖစ္ခဲ့သည္။

အေမရိကန္အမ်ဳိးသားဘတ္စ္ကက္ေဘာအသင္း (NBA) ၏ တရားဝင္ဝက္ဘ္ဆိုက္တြင္ “မိုက္ကယ္ေဂ်ာ္ဒန္သည္ သမိုင္းတစ္ေလွ်ာက္ အၾကီးျမတ္ဆံုး ဘတ္စ္ကက္ေဘာကစားသမားတစ္ဦး ျဖစ္သည္”ဟု ေဖာ္ျပထားသည္။

မိုက္ကယ္ေဂ်ာ္ဒန္သည္ Chicago Bulls အသင္းႏွင့္အတူ NBA တြင္ ၁၅ ရာသီကစားခဲ့ျပီး NBA ခ်န္ပီယံဖလား ၆ ၾကိမ္ရရွိခဲ့သည္။

မိုက္ကယ္ေဂ်ာ္ဒန္သည္ NBA မွ Charlotte Hornets အသင္းပိုင္ရွင္၊ ဥကၠဌလည္း ျဖစ္သည္။

ခ်ီကာဂိုျမိဳ႕ရွိ မိုက္ကယ္ေဂ်ာ္ဒန္၏ ၾကီးမားလွေသာ စံအိမ္ၾကီးမွာ အေရာင္းေစ်းကြက္တင္ထားသည္မွာ ၁၀ ႏွစ္ရွိျပီျဖစ္ေသာ္လည္း ေရာင္းမထြက္ေသးဘဲ ယေန႔တိုင္ ေစ်းကြက္တြင္ရွိေနဆဲ ျဖစ္သည္။

မိုက္ကယ္ေဂ်ာ္ဒန္က စံအိမ္ေရာင္းထြက္ရန္အတြက္ ေခၚေစ်းကို ထက္ဝက္နီးပါးေလွ်ာ့ခ်ေပးခဲ့သည့္အျပင္ စံအိမ္ဝယ္ယူပါက သူ၏အထင္ကရအမွတ္တံဆိပ္တစ္ခုျဖစ္ေသာ Nike ကုမၸဏီထုတ္ Air Jordan ဖိနပ္မ်ားပါ ေပးအပ္မည္ျဖစ္ေၾကာင္း ေၾကာ္ျငာထားခဲ့သည္။

သို႔တုိင္ စံအိမ္ေရာင္းမထြက္ဘဲရွိေနျပီး မိုက္ကယ္ေဂ်ာ္ဒန္မွာ အဆိုပါစံအိမ္အတြက္ ႏွစ္စဥ္အိမ္ျခံေျမခြန္ ေဒၚလာ ၁၀၀,၀၀၀ ေက်ာ္ ေပးေဆာင္ရလ်က္ရွိေနသည္။

အဆိုပါစံအိမ္တြင္ သင္တုိ႔ ေမွ်ာ္လင့္ထားသည့္ အရာအားလံုးပါဝင္ျပီး မူလက ေစ်းေခၚခဲ့သည္မွာ ကန္ေဒၚလာ ၂၉ သန္းျဖစ္သည္။

အလြန္အကၽြံျပဳျပင္မြမ္းမံမႈမ်ားႏွင့္ စံအိမ္၏ တည္ေနရာတို႔ေၾကာင့္ ေရာင္းထြက္ရန္ ခက္ခဲေနျခင္း ျဖစ္သည္။

စံအိမ္ကုိ အေသးစိတ္ၾကည့္ရႈကာ အဘယ္ေၾကာင့္ ဝယ္လက္ရွာမေတြ႔သည္ကို ေအာက္တြင္ ဆက္လက္ေလ့လာၾကည့္ပါ။ ဓာတ္ပံုအမ်ားစုမွာ Concierge Auctions ေလလံအဖြဲ႔၏ ဗြီဒီယိုဖိုင္မွ ျဖစ္ပါသည္။

(အီလီႏြိဳက္စ္ျပည္နယ္ ၊ Highland Park ျမိဳ႕ရွိ မိုက္ကယ္ေဂ်ာ္ဒန္၏ စတုရန္းေပ ၅၆၀၀၀ က်ယ္ဝန္းေသာ စံအိမ္ၾကီးႏွင့္ ၇ ဧကက်ယ္ေသာ ျခံဝန္းၾကီးမွာ ေကာင္းကင္မွ ၾကည့္လွ်င္ပင္ လြန္စြာ ၾကီးမားလွသည္။ ဓာတ္ပံု-Concierge Auctions)

(ျခံတံခါးတြင္ ၂၃ ဟူေသာ နံပါတ္ၾကီး တပ္ဆင္ထားရာ ျခံေရွ႕သို႔ ေရာက္လာသူတိုင္း ဤျခံမွာ နံပါတ္ ၂၃ ျဖင့္ ကစားခဲ့သူ မိုက္ကယ္ေဂ်ာ္ဒန္၏ ျခံျဖစ္ေၾကာင္း ခ်က္ခ်င္းေျပာႏိုင္မည္ ျဖစ္သည္။ ထုိအခ်က္ကပင္ ျခံေရာင္းမထြက္သည့္ အေၾကာင္းရပ္လည္း ျဖစ္ႏိုင္သည္။ ဓာတ္ပံု-Zillow)

(ေခၚေစ်းကို အၾကိမ္ၾကိမ္ေလွ်ာ့ခ်ေပးခဲ့ျပီး လက္ရွိေခၚေစ်းမွာ ကန္ေဒၚလာ ၁၄ ဒသမ ၉ သန္းျဖစ္ရာ ၁ စတုရန္းေပလွ်င္ ၂၆၅ ေဒၚလာခန္႔ ျဖစ္သည္။ အဆိုပါေစ်းႏႈန္းမွာ မူလေခၚေစ်းျဖစ္ေသာ ၁ စတုရန္းေပလွ်င္ ၅၁၇ ေဒၚလာေအာက္ မ်ားစြာနည္းပါးေသာ ေစ်းႏႈန္းလည္း ျဖစ္သည္။ ေခၚေစ်းအတိအက်မွာ ၁၄၈၅၅၀၀၀ ေဒၚလာ ျဖစ္ျပီး ထိုကိန္းဂဏန္းမ်ားကို ေပါင္းလိုက္လွ်င္ ၂၃ ရသည္။ ၂၃ မွာ မိုက္ကယ္ေဂ်ာ္ဒန္၏ ေက်ာနံပါတ္လည္း ျဖစ္သည္။ ဓာတ္ပံု- Concierge Auctions)

(ျခံဝဂိတ္တံခါးမွ စံအိမ္ထိေရာက္ သက္ရင့္ သစ္ပင္ၾကီးမ်ားၾကားရွိ ရွည္လ်ားေသာ ယာဥ္ေမာင္းလမ္းမွ ကားေမာင္းဝင္ရမည္ျဖစ္ရာ privacy အလြန္ေကာင္းမြန္သည္။ ဓာတ္ပံု- Concierge Auctions)

(ဤစံအိမ္ႏွင့္ ျခံဝန္းအတြင္းရွိ အေဆာက္အအံုမ်ားကို မိုက္ကယ္ေဂ်ာ္ဒန္က စိတ္ၾကိဳက္ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု- Concierge Auctions)

(ျခံဝန္းအတြင္းမွ တင္းနစ္ကြင္း။ ဓာတ္ပံု- Concierge Auctions)

(အလယ္တြင္ ျမက္ခင္းပါဝင္ေသာ ေရကူးကန္။ ဓာတ္ပံု- Concierge Auctions)

(ၾကီးမားေသာ patio ။ ဓာတ္ပံု- Concierge Auctions)

(putting green ပါေသာ ျမက္ခင္း။ ဓာတ္ပံု- Concierge Auctions)

(putting green တြင္ Jordan အမွတ္တံဆိပ္ အလံတိုင္မ်ားရွိသည္။ ဓာတ္ပံု- Concierge Auctions)

(ငါးကန္။ ဓာတ္ပံု- Concierge Auctions)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Take a tour of Michael Jordan's Chicago mansion that's been on the market for 10 years and see why he can't sell it (businessinsider)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service