(၃၇) မင်း နတ်တွေဟာ ဘယ်ဘုံအတွင်းပါဝင်သလဲ

(၃၇) မင်း နတ်တွေဟာ ဘယ်ဘုံအတွင်းပါဝင်သလဲ - Property Knowledge in Myanmar from iMyanmarHouse.com
13 Jul 2023 11:21 am တွင် တင်ခဲ့သည်
2536 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

(၃၇) မင်းနတ်တွေကို အောက်နတ်တွေလို့ခေါ်ကြတယ်၊ အောက်နတ်ဆိုတာ စတုမဟာရာဇ်၊တာဝတိံသာစသော အထက်နတ်များ မဟုတ်ကြလို့ပါပဲ၊သည်နတ်တွေဟာ နေတော့ လူ့ဘုံလောကမှာနေကြတယ်၊စာရင်းသွင်းတော့ စာတုမဟာရာဇ်နတ်အတွင်း သွင်းရတယ်၊ နတ်စာရင်းသွင်းရသော်လည်း အမှန်တကယ်တော့ နတ်မျိုးရိုး မဟုတ်ကြပါဘူး၊ ဝိနိပါတိက အသုရာမျိုးတွေ ဖြစ်ကြတယ်။

ဝိနိပါတိက ဆိုတာက ဖောက်ပြန်ပျက်စီး၍ ကျရောက်ဖြစ်ပေါ်လာသော၊ အသုရာဆိုတာက နတ်သေး၊နတ်မွှား၊ နတ်အငယ်စားလို့ ဆိုလိုတယ်၊ သည်နေရာမှာ အသုရာငါးမျိုးကိုလည်း ခွဲခြားပြီး မှတ်နိုင်ပါတယ်။

(၁) မြင်းမိုရ်တောင်အောက် မြေခလောက် သုံးလုံးအကြားမှာ တည်ရှိတဲ့ အသုရာ၊ အဲသည်အသုရာက မာဃဇာတ်မှာ သမုဒ္ဒရာအတွင်း ပစ်ချခံရတဲ့နတ်တွေမို့ တာဝတိံနတ်အတွင်းမှာပါဝင်ပါတယ်။

(၂) ဘုမ္မဒေဝခေါ် မြေပြင်ရှိ ရုက္ခစိုး စသော နတ်များထံ မှီခိုကပ်ရပ်ပြီး နေကြတဲ့ ဝိနိပါတိက အသုရာ။

(၃) တစ်ခါတစ်ရံ နတ်စည်းစိမ်ကို ခံစားရ စံစားရပြီး တစ်ခါတစ်ရံ ပြိတ္တာများလို ဒုက္ခခံစားနေရတဲ့ ဝေမာနိက အသုရာ။

(၄) ကမ္ဘာကြီးသုံးခုတို့ရဲ့အကြား ငရဲခံနေရတဲ့ လောကန္တရိက အသုရာ၊ သည်လောကန္တရိက အသုရာကတော့ နတ်မျိုးမဟုတ်ဘူး၊ ငရဲမျိုးဖြစ်တယ်။

(၅) အမြဲ မွတ်သိပ်ဆာလောင်ခြင်းဒုက္ခ ခံစားနေရတဲ့ ကာလကဉ္စိကအသုရာ၊ သည်ကာလကဉ္စိကအသုရာက အပါယ်လေးပါးမှာပါဝင်တဲ့ အသုရကာယ်မျိုးဖြစ်တယ်။

သည်အသုရကာယ်မျိုးထဲက ၃၇-မင်းနတ်များဟာ ဘုမ္မဿိတ ဝိနိပါတိက အသုရာမျိုးဖြစ်တယ်၊ မျိုးရိုးကတော့ စာတုမဟာရာဇ်နတ်မျိုးပဲ၊ သို့သော်လည်း လူ့လောကမှာ စဏ္ဍာလ၊ ပန်းမှိုက်သွန်မျိုးဟာ လူဖြစ်သော်လည်း လူ့အောက်တန်းစားဖြစ်သလို နတ်လောကမှာလည်း သူတို့ဟာ အောက်တန်းစားနတ်သေး၊ နတ်မွှားများ ဖြစ်ကြတယ်၊ သည်နတ်သေး၊ နတ်မွှားများကို အဟိတ် ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်နှင့် ပဋိသန္ဓေနေကြရတဲ့ အတွက် အဟိတ်နတ်မျိုးဖြစ်တယ်လို့ သဂြိုဟ်ကျမ်း ဝီထိမုတ်ပိုင်း ပဋိသန္ဓိ စတုက္က မှာ ပြထားတယ်။

ထီးချိုင့်မြို့တည်တောဆရာတော်ဘုရားကြီး၏ “ယနေ့ ဗုဒ္ဓဝါဒဆိုင်ရာအမေး အဖြေများ(၃)” မှ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 


 















 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service