အမေရိကန်ဒေါ်လာ မသုံးဘဲ BRICS ငွေကြေးသစ်ဖြင့် ကုန်သွယ်မည့်နိုင်ငံ ၄၁ နိုင်ငံအထိ ရှိလာ

အမေရိကန်ဒေါ်လာ မသုံးဘဲ BRICS ငွေကြေးသစ်ဖြင့် ကုန်သွယ်မည့်နိုင်ငံ ၄၁ နိုင်ငံအထိ ရှိလာ - Property News in Myanmar from iMyanmarHouse.com
13 Jul 2023 10:24 am တွင် တင်ခဲ့သည်
473 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

BRICS အဖွဲ့သို့ ဝင်ရောက်ရန်နှင့် မကြာမီ ထုတ်ဝေမည့် အဆိုပါ ငွေကြေးသစ်ကို လက်ခံသုံးစွဲမည့် နိုင်ငံများ များပြားလာလျက် ရှိနေသည်။

ယခုနှစ် ဧပြီလတွင် ၁၉ နိုင်ငံသာ ရှိခဲ့ရာမှ ဇွန်လကုန်တွင် ၄၁ နိုင်ငံအထိ မြင့်တက်လာခဲ့သည်။

BRICS အဖွဲ့သို့ ဝင်ရန်နှင့် အမေရိကန်ဒေါ်လာ မသုံးလိုကြောင်း သဘောထားရှိသည့် နိုင်ငံပမာဏမှာ ၂ လတာကာလအတွင်း ၂၂ နိုင်ငံ ထပ်တိုးလာခြင်းလည်း ဖြစ်သည်။

BRICS ၏ ထိပ်သီးအစည်းအဝေးကို လာမည့်သြဂုတ်လတွင် တောင်အာဖရိကနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး နိုင်ငံ ၅ နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့သည့် အဆိုပါ အဖွဲ့က ငွေကြေးအသစ်တစ်ခု ထုတ်ဝေရန် ထိုအစည်းအဝေးတွင် ဆုံးဖြတ်သွားမည် ဖြစ်သည်။

BRICS ဟူသည်မှာ ဘရာဇီး ၊ ရုရှား ၊ အိန္ဒိယ ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများကို အတိုကောက်ခေါ်ဝေါ်ခြင်း ဖြစ်သည်။

BRICS အဖွဲ့ဝင်နိုင်ငံများ ထပ်မံတိုးချဲ့ လက်ခံရေးကို လာမည့် ထိပ်သီးအစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ပြီး အဖွဲ့၏ အမည်ကိုလည်း BRICS+ဟု ဖြစ်လာမည်ဖြစ်သည်။

တကမ္ဘာလုံးအနေအထားတွင် အမေရိကန်ဒေါ်လာကို စိန်ခေါ်မည့် စုစုပေါင်း နိုင်ငံအရေအတွက် ၄၁ နိုင်ငံ ရှိလာမည် ဖြစ်သည်။

BRICS ၏ ငွေကြေးသစ်ကို လက်ခံသုံးစွဲလိုသည့် နိုင်ငံများမှာ အာရှ ၊ အာဖရိကနှင့် အရှေ့ဥရောပတို့မှ ဖွံ့ဖြိုးဆဲ နိုင်ငံများ ဖြစ်ကြသည်။

 

 

BRICS အဖွဲ့သို့ ဝင်ရောက်ရန် စိတ်ဝင်စားလျက်ရှိသော နိုင်ငံများမှာ အာဖဂန်နစ္စတန် ၊ အယ်လ်ဂျီးရီးယား ၊ အာဂျင်တီးနား ၊ ဘာရိန်း ၊ ဘင်္ဂလားဒေ့ရှ် ၊ ဘီလာရုစ် ၊ အီဂျစ် ၊ အင်ဒိုနီးရှား ၊ အီရန် ၊ ကာဇက်စတန် ၊ မက္ကဆီကို ၊ နီကာရာဂွါ ၊ နိုင်ဂျီရီးယား ၊ ပါကစ္စတန် ၊ ဆော်ဒီအာရေးဘီးယား ၊ ဆီနီဂေါ ၊ ဆူဒန် ၊ ဆီးရီးယား ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု ၊ ထိုင်း ၊ တူနီးရှား ၊ တူရကီ ၊ ဥရုဂွေး ၊ ဗင်နီဇွဲလား နှင့် ဇင်ဘာဘွေ နိုင်ငံများ ဖြစ်ကြသည်။

အရှေ့ဥရောပတွင် ဘီလာရုစ်သည် BRICS ငွေကြေးသစ်ကို လက်ခံသုံးစွဲရန် ပထမဆုံး စိတ်ဝင်စားခဲ့သော နိုင်ငံ ဖြစ်သည်။

ပြင်သစ်နိုင်ငံကလည်း တောင်အာဖရိကတွင် ကျင်းပမည့် BRICS ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ရန် စိတ်ဝင်စားနေသည်။

အာဖရိကမှ နိုင်ငံများစွာမှာ စောင့်ကြည့်အနေအထား ရှိနေကြပြီး BRICS ငွေကြေး ထုတ်ဝေပါက ထောက်ခံကြောင်း ကြေညာဖွယ်ရာ ရှိသည်။

အာဖရိကနိုင်ငံများအနေဖြင့် အမေရိကန်ဒေါ်လာ သုံးစွဲခြင်း ရပ်ဆိုင်းပြီး အာဖရိကတိုက်အတွင်း ဒေသငွေကြေးများဖြင့် ကုန်သွယ်ကြရန် ကင်ညာနိုင်ငံက တိုက်တွန်းထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 41 Countries Ready To Accept BRICS Currency a Month Before Summit (watcher)

 

 

 

 

[Zawgyi]

 

အေမရိကန္ေဒၚလာ မသံုးဘဲ BRICS ေငြေၾကးသစ္ျဖင့္ ကုန္သြယ္မည့္ႏုိင္ငံ ၄၁ ႏိုင္ငံအထိ ရွိလာ

BRICS အဖြဲ႔သို႔ ဝင္ေရာက္ရန္ႏွင့္ မၾကာမီ ထုတ္ေဝမည့္ အဆုိပါ ေငြေၾကးသစ္ကို လက္ခံသံုးစြဲမည့္ ႏိုင္ငံမ်ား မ်ားျပားလာလ်က္ ရွိေနသည္။

ယခုႏွစ္ ဧျပီလတြင္ ၁၉ ႏိုင္ငံသာ ရွိခဲ့ရာမွ ဇြန္လကုန္တြင္ ၄၁ ႏိုင္ငံအထိ ျမင့္တက္လာခဲ့သည္။

BRICS အဖြဲ႔သို႔ ဝင္ရန္ႏွင့္ အေမရိကန္ေဒၚလာ မသံုးလိုေၾကာင္း သေဘာထားရွိသည့္ ႏိုင္ငံပမာဏမွာ ၂ လတာကာလအတြင္း ၂၂ ႏိုင္ငံ ထပ္တိုးလာျခင္းလည္း ျဖစ္သည္။

BRICS ၏ ထိပ္သီးအစည္းအေဝးကို လာမည့္ၾသဂုတ္လတြင္ ေတာင္အာဖရိကႏိုင္ငံ၌ က်င္းပမည္ျဖစ္ျပီး ႏိုင္ငံ ၅ ႏိုင္ငံျဖင့္ စတင္ဖြဲ႔စည္းခဲ့သည့္ အဆုိပါ အဖြဲ႔က ေငြေၾကးအသစ္တစ္ခု ထုတ္ေဝရန္ ထုိအစည္းအေဝးတြင္ ဆံုးျဖတ္သြားမည္ ျဖစ္သည္။

BRICS ဟူသည္မွာ ဘရာဇီး ၊ ရုရွား ၊ အိႏိၵယ ၊ တရုတ္ႏွင့္ ေတာင္အာဖရိကႏိုင္ငံမ်ားကို အတုိေကာက္ေခၚေဝၚျခင္း ျဖစ္သည္။

BRICS အဖြဲ႔ဝင္ႏိုင္ငံမ်ား ထပ္မံတိုးခ်ဲ႕ လက္ခံေရးကို လာမည့္ ထိပ္သီးအစည္းအေဝးတြင္ ဆံုးျဖတ္မည္ျဖစ္ျပီး အဖြဲ႔၏ အမည္ကိုလည္း BRICS+ဟု ျဖစ္လာမည္ျဖစ္သည္။

တကမၻာလံုးအေနအထားတြင္ အေမရိကန္ေဒၚလာကို စိန္ေခၚမည့္ စုစုေပါင္း ႏိုင္ငံအေရအတြက္ ၄၁ ႏိုင္ငံ ရွိလာမည္ ျဖစ္သည္။

BRICS ၏ ေငြေၾကးသစ္ကို လက္ခံသံုးစြဲလိုသည့္ ႏိုင္ငံမ်ားမွာ အာရွ ၊ အာဖရိကႏွင့္ အေရွ႕ဥေရာပတို႔မွ ဖြံ႔ျဖဳိးဆဲ ႏိုင္ငံမ်ား ျဖစ္ၾကသည္။

BRICS အဖြဲ႔သို႔ ဝင္ေရာက္ရန္ စိတ္ဝင္စားလ်က္ရွိေသာ ႏိုင္ငံမ်ားမွာ အာဖဂန္နစၥတန္ ၊ အယ္လ္ဂ်ီးရီးယား ၊ အာဂ်င္တီးနား ၊ ဘာရိန္း ၊ ဘဂၤလားေဒ့ရွ္ ၊ ဘီလာရုစ္ ၊ အီဂ်စ္ ၊ အင္ဒိုနီးရွား ၊ အီရန္ ၊ ကာဇက္စတန္ ၊ မကၠဆီကို ၊ နီကာရာဂြါ ၊ ႏုိင္ဂ်ီရီးယား ၊ ပါကစၥတန္ ၊ ေဆာ္ဒီအာေရးဘီးယား ၊ ဆီနီေဂါ ၊ ဆူဒန္ ၊ ဆီးရီးယား ၊ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု ၊ ထုိင္း ၊ တူနီးရွား ၊ တူရကီ ၊ ဥရုေဂြး ၊ ဗင္နီဇြဲလား ႏွင့္ ဇင္ဘာေဘြ ႏိုင္ငံမ်ား ျဖစ္ၾကသည္။

အေရွ႕ဥေရာပတြင္ ဘီလာရုစ္သည္ BRICS ေငြေၾကးသစ္ကုိ လက္ခံသံုးစြဲရန္ ပထမဆံုး စိတ္ဝင္စားခဲ့ေသာ ႏိုင္ငံ ျဖစ္သည္။

ျပင္သစ္ႏိုင္ငံကလည္း ေတာင္အာဖရိကတြင္ က်င္းပမည့္ BRICS ထိပ္သီး ေဆြးေႏြးပြဲသို႔ တက္ေရာက္ရန္ စိတ္ဝင္စားေနသည္။

အာဖရိကမွ ႏိုင္ငံမ်ားစြာမွာ ေစာင့္ၾကည့္အေနအထား ရွိေနၾကျပီး BRICS ေငြေၾကး ထုတ္ေဝပါက ေထာက္ခံေၾကာင္း ေၾကညာဖြယ္ရာ ရွိသည္။

အာဖရိကႏိုင္ငံမ်ားအေနျဖင့္ အေမရိကန္ေဒၚလာ သံုးစြဲျခင္း ရပ္ဆိုင္းျပီး အာဖရိကတိုက္အတြင္း ေဒသေငြေၾကးမ်ားျဖင့္ ကုန္သြယ္ၾကရန္ ကင္ညာႏိုင္ငံက တုိက္တြန္းထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 41 Countries Ready To Accept BRICS Currency a Month Before Summit (watcher)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service