စီရော်နယ်ဒို ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့အနီး ဆောက်လုပ်နေသော ဆေးရုံအရွယ်အစားရှိ စံအိမ်ကြီး အိမ်နီးချင်းများ၏ မနှစ်မြို့မှုနှင့် ရင်ဆိုင်နေရ ၊ ဆောက်လုပ်စရိတ်အလွန်ကုန်ကျနေပြီဖြစ်ပြီး ပေါင် ၂၈ သန်းခန့်ရှိနေပြီဖြစ်ကာ ပြီးဆုံးရန် ၁ နှစ်ခန့်လိုသေး

စီရော်နယ်ဒို ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့အနီး ဆောက်လုပ်နေသော ဆေးရုံအရွယ်အစားရှိ စံအိမ်ကြီး အိမ်နီးချင်းများ၏ မနှစ်မြို့မှုနှင့် ရင်ဆိုင်နေရ ၊ ဆောက်လုပ်စရိတ်အလွန်ကုန်ကျနေပြီဖြစ်ပြီး ပေါင် ၂၈ သန်းခန့်ရှိနေပြီဖြစ်ကာ ပြီးဆုံးရန် ၁ နှစ်ခန့်လိုသေး - Property News in Myanmar from iMyanmarHouse.com
11 Jul 2023 11:23 am တွင် တင်ခဲ့သည်
787 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့အကောင်းဆုံး ဘောလုံးကြယ်ပွင့်ဖြစ်သော စီရော်နယ်ဒိုသည် ပေါ်တူဂီနိုင်ငံ ၊ လစ္စဘွန်းမြို့အနီးတွင် ဆေးရုံအရွယ်အစားရှိ စံအိမ်ကြီးတစ်လုံး ဆောက်လုပ်နေရာ အိမ်နီးချင်းများ၏ မနှစ်မြို့မှုနှင့် ရင်ဆိုင်ရလျက်ရှိသည်။

အဆိုပါ စံအိမ်အတွက် ဆောက်လုပ်စရိတ်အလွန်ကုန်ကျနေပြီဖြစ်ပြီး ပေါင် ၂၈ သန်းခန့် ကုန်ကျနေပြီ ဖြစ်ကာ ပြီးဆုံးရန် ၁ နှစ်ခန့်လိုသေးကြောင်း ပေါ်တူဂီ သတင်းမီဒီယာတို့က ဖော်ပြသည်။

Look မဂ္ဂဇင်း၏ ဖော်ပြချက်အရ စီရော်နယ်ဒိုနှင့် လက်တွဲဖော် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့ ဆောက်လုပ်နေသော စံအိမ်အပေါ် အိမ်နီးချင်းများက အမြတ်ထွက်လျက်ရှိပြီး ဆောက်လုပ်နေသည်မှာ ၃ နှစ်ကျော် ကြာခဲ့ပြီဖြစ်ကာ အပြီးသတ်ပြီးစီးရန် အနည်းဆုံး ၁၂ လခန့်လိုသေးသည်။

ပြီးခဲ့သော လအတွင်း ထွက်ပေါ်ခဲ့သော ဗွီဒီယိုဖိုင်တစ်ခုအရ စီရော်နယ်ဒို၏ စံအိမ်မှာ ဆောက်လုပ်ရေးလုပ်ငန်းများ များစွာ ကျန်သေးသည်ကို တွေ့ရသည်။

ဒေသခံတို့က အဆိုပါ စံအိမ်ကို စီရော်နယ်ဒို၏ ပိရမစ်ဂူသင်္ချိုင်းဟု ရည်ညွှန်းပြောဆိုလေ့ ရှိကြသည်။

စီရော်နယ်ဒို၏ ကျော်ကြားမှုကြောင့် သတင်းမီဒီယာများစွာနှင့် YouTube သမားတို့က အဆိုပါ စံအိမ်အကြောင်း သတင်းများစွာ ရေးသားထုတ်လုပ်ကြရာ သူ့အိမ်တည်နေရာကို ပေါ်တူဂီတွင် တစ်နိုင်ငံလုံး သိနေကြသည်။

စီရော်နယ်ဒိုသည် ဘောလုံးကစားခြင်းမှ အနားယူပါက သူ၏ အသင်းဟောင်းဖြစ်သော ရီးရဲမက်ဒရစ်အသင်းအခြေစိုက်ရာ မက်ဒရစ်မြို့နှင့် လစ္စဘွန်းမြို့တို့အကြား တလှည့်စီ အချိန်ကုန်လွန်ဖြတ်သန်းဖွယ် ရှိသည်ဟု ခန့်မှန်းရသည်။

(စီရော်နယ်ဒို၏ လစ္စဘွန်းမြို့တွင် ဆောက်လုပ်နေသော စံအိမ်)

(စီရော်နယ်ဒိုနှင့် လက်တွဲဖော် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ် )

(စီရော်နယ်ဒို ဆောက်လုပ်နေသော စံအိမ်ကြီးမှာ လက်ရှိအချိန်တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင် အတွင်းသာ ရှိသေးသည်။)

သတင်းမီဒီယာများစွာနှင့် YouTube သမားတို့က ဤစံအိမ်ကြီးအကြောင်း သတင်းများစွာ ရေးသားကြသည်။

အိမ်နီးချင်းများက ဤစံအိမ်ကြီး ဆောက်လုပ်နေမှုကို အမျက်ထွက်လျက်ရှိကြပြီး “သူတို့ ဆောက်နေတာ ၃ နှစ်လောက် ရှိပါပြီ။ ဒီအိမ်က အရမ်းကြီးမားပြီး ဆေးရုံကြီးတစ်ခုနှင့် တူနေပါတယ်” ဟု အိမ်နီးချင်းတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရဲ့လမ်းက လမ်းတွေပိတ်နေတာ လနဲ့ချီနေပါပြီ။ ကျွန်တော့်အိမ် ဝန်းထဲက ပန်းဥယျာဉ်မှာ ဖုန်တွေတသောတသောနဲ့ ပြည့်နေပါတယ်။ ဒါတွေအားလုံးက ရော်နယ်ဒိုရဲ့ ပိရမစ်ကြောင့်ပါပဲ။”

အဆိုပါ စံအိမ်၏ ကုန်ကျစရိတ်ကို မူလက ခန့်မှန်းခဲ့သည်မှာ ပေါင် ၁၀ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင် ပေါင် ၁၇ သန်း ၊ ထိုမှတဆင့် ယခုအခါ ပေါင် ၂၈ သန်းအထိ ကုန်ကျနေပြီ ဖြစ်သည်။

စီရော်နယ်ဒို၏ စံအိမ်တွင် ရေအောက်လျှောက်လမ်း ပါဝင်သော ကြီးမားသည့် မှန်သားရေကူးကန်ကြီး ထည့်သွင်းမည့်အပြင် စီရော်နယ်ဒိုက ၎င်းအတွက် စတုရန်းပေ ၁၀၀၀ ကျယ်ဝန်းသော Master Bedroom ထည့်သွင်းရန် စီစဉ်ထားသည်။

(စီရော်နယ်ဒို၏ ဆေးရုံအသွင် စံအိမ်)

(ဆောက်လုပ်မှုစရိတ် ပေါင် ၂၈ သန်းကျော် ကုန်ကျနေပြီ ဖြစ်သည်။)

(လက်ရှိအားဖြင့် စီရော်နယ်ဒိုတို့ စုံတွဲသည် အားလပ်ရက် အပန်းဖြေနေပြီး ရွက်လှေတစ်စင်းပေါ်တွင် တွေ့ခဲ့ရသည်။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Cristiano Ronaldo's building of a £28m 'hospital-sized' mansion near Lisbon 'is a year behind schedule, neighbours ALREADY dislike him and Georgina Rodriguez - and costs are rocketing up' (dailymail)

[Zawgyi]

စီေရာ္နယ္ဒို ေပၚတူဂီႏိုင္ငံ လစၥဘြန္းျမဳိ႕အနီး ေဆာက္လုပ္ေနေသာ ေဆးရံုအရြယ္အစားရွိ စံအိမ္ၾကီး အိမ္နီးခ်င္းမ်ား၏ မႏွစ္ျမိဳ႕မႈႏွင့္ ရင္ဆိုင္ေနရ ၊ ေဆာက္လုပ္စရိတ္အလြန္ကုန္က်ေနျပီျဖစ္ျပီး ေပါင္ ၂၈ သန္းခန္႔ရွိေနျပီျဖစ္ကာ ျပီးဆံုးရန္ ၁ ႏွစ္ခန္႔လိုေသး

ကမၻာ့အေကာင္းဆံုး ေဘာလံုးၾကယ္ပြင့္ျဖစ္ေသာ စီေရာ္နယ္ဒိုသည္ ေပၚတူဂီႏိုင္ငံ ၊ လစၥဘြန္းျမဳိ႕အနီးတြင္ ေဆးရံုအရြယ္အစားရွိ စံအိမ္ၾကီးတစ္လံုး ေဆာက္လုပ္ေနရာ အိမ္နီးခ်င္းမ်ား၏ မႏွစ္ျမိဳ႕မႈႏွင့္ ရင္ဆိုင္ရလ်က္ရွိသည္။

အဆိုပါ စံအိမ္အတြက္ ေဆာက္လုပ္စရိတ္အလြန္ကုန္က်ေနျပီျဖစ္ျပီး ေပါင္ ၂၈ သန္းခန္႔ ကုန္က်ေနျပီ ျဖစ္ကာ ျပီးဆံုးရန္ ၁ ႏွစ္ခန္႔လိုေသးေၾကာင္း ေပၚတူဂီ သတင္းမီဒီယာတို႔က ေဖာ္ျပသည္။

Look မဂၢဇင္း၏ ေဖာ္ျပခ်က္အရ စီေရာ္နယ္ဒိုႏွင့္ လက္တြဲေဖာ္ ေဂ်ာ္ဂ်ီနာ ရိုဒရီဂြက္ဇ္တုိ႔ ေဆာက္လုပ္ေနေသာ စံအိမ္အေပၚ အိမ္နီးခ်င္းမ်ားက အျမတ္ထြက္လ်က္ရွိျပီး ေဆာက္လုပ္ေနသည္မွာ ၃ ႏွစ္ေက်ာ္ ၾကာခဲ့ျပီျဖစ္ကာ အျပီးသတ္ျပီးစီးရန္ အနည္းဆံုး ၁၂ လခန္႔လိုေသးသည္။

ျပီးခဲ့ေသာ လအတြင္း ထြက္ေပၚခဲ့ေသာ ဗြီဒီယိုဖိုင္တစ္ခုအရ စီေရာ္နယ္ဒို၏ စံအိမ္မွာ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား မ်ားစြာ က်န္ေသးသည္ကို ေတြ႔ရသည္။

ေဒသခံတုိ႔က အဆိုပါ စံအိမ္ကို စီေရာ္နယ္ဒို၏ ပိရမစ္ဂူသခၤ်ဳိင္းဟု ရည္ညႊန္းေျပာဆိုေလ့ ရွိၾကသည္။

စီေရာ္နယ္ဒို၏ ေက်ာ္ၾကားမႈေၾကာင့္ သတင္းမီဒီယာမ်ားစြာႏွင့္ YouTube သမားတုိ႔က အဆုိပါ စံအိမ္အေၾကာင္း သတင္းမ်ားစြာ ေရးသားထုတ္လုပ္ၾကရာ သူ႔အိမ္တည္ေနရာကို ေပၚတူဂီတြင္ တစ္ႏိုင္ငံလံုး သိေနၾကသည္။ စီေရာ္နယ္ဒိုသည္ ေဘာလံုးကစားျခင္းမွ အနားယူပါက သူ၏ အသင္းေဟာင္းျဖစ္ေသာ ရီးရဲမက္ဒရစ္အသင္းအေျခစိုက္ရာ မက္ဒရစ္ျမဳိ႕ႏွင့္ လစၥဘြန္းျမဳိ႕တုိ႔အၾကား တလွည့္စီ အခ်ိန္ကုန္လြန္ျဖတ္သန္းဖြယ္ ရွိသည္ဟု ခန္႔မွန္းရသည္။

(စီေရာ္နယ္ဒို၏ လစၥဘြန္းျမဳိ႕တြင္ ေဆာက္လုပ္ေနေသာ စံအိမ္)

(စီေရာ္နယ္ဒိုႏွင့္ လက္တြဲေဖာ္ ေဂ်ာ္ဂ်ီနာ ရိုဒရီဂြက္ဇ္ )

(စီေရာ္နယ္ဒို ေဆာက္လုပ္ေနေသာ စံအိမ္ၾကီးမွာ လက္ရွိအခ်ိန္တြင္ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ အတြင္းသာ ရွိေသးသည္။)

သတင္းမီဒီယာမ်ားစြာႏွင့္ YouTube သမားတုိ႔က ဤစံအိမ္ၾကီးအေၾကာင္း သတင္းမ်ားစြာ ေရးသားၾကသည္။

အိမ္နီးခ်င္းမ်ားက ဤစံအိမ္ၾကီး ေဆာက္လုပ္ေနမႈကို အမ်က္ထြက္လ်က္ရွိၾကျပီး “သူတို႔ ေဆာက္ေနတာ ၃ ႏွစ္ေလာက္ ရွိပါျပီ။ ဒီအိမ္က အရမ္းၾကီးမားျပီး ေဆးရံုၾကီးတစ္ခုႏွင့္ တူေနပါတယ္” ဟု အိမ္နီးခ်င္းတစ္ဦးက ေျပာသည္။

“ကၽြန္ေတာ္တို႔ရဲ႕လမ္းက လမ္းေတြပိတ္ေနတာ လနဲ႔ခ်ီေနပါျပီ။ ကၽြန္ေတာ့္အိမ္ ဝန္းထဲက ပန္းဥယ်ာဥ္မွာ ဖုန္ေတြတေသာတေသာနဲ႔ ျပည့္ေနပါတယ္။ ဒါေတြအားလံုးက ေရာ္နယ္ဒိုရဲ႕ ပိရမစ္ေၾကာင့္ပါပဲ။”

အဆိုပါ စံအိမ္၏ ကုန္က်စရိတ္ကို မူလက ခန္႔မွန္းခဲ့သည္မွာ ေပါင္ ၁၀ သန္းခန္႔ ကုန္က်မည္ဟု ခန္႔မွန္းခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ေပါင္ ၁၇ သန္း ၊ ထိုမွတဆင့္ ယခုအခါ ေပါင္ ၂၈ သန္းအထိ ကုန္က်ေနျပီ ျဖစ္သည္။ စီေရာ္နယ္ဒို၏ စံအိမ္တြင္ ေရေအာက္ေလွ်ာက္လမ္း ပါဝင္ေသာ ၾကီးမားသည့္ မွန္သားေရကူးကန္ၾကီး ထည့္သြင္းမည့္အျပင္ စီေရာ္နယ္ဒိုက ၎အတြက္ စတုရန္းေပ ၁၀၀၀ က်ယ္ဝန္းေသာ Master Bedroom ထည့္သြင္းရန္ စီစဥ္ထားသည္။

(စီေရာ္နယ္ဒို၏ ေဆးရံုအသြင္ စံအိမ္)

(ေဆာက္လုပ္မႈစရိတ္ ေပါင္ ၂၈ သန္းေက်ာ္ ကုန္က်ေနျပီ ျဖစ္သည္။)

(လက္ရွိအားျဖင့္ စီေရာ္နယ္ဒိုတုိ႔ စံုတြဲသည္ အားလပ္ရက္ အပန္းေျဖေနျပီး ရြက္ေလွတစ္စင္းေပၚတြင္ ေတြ႔ခဲ့ရသည္။)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Cristiano Ronaldo's building of a £28m 'hospital-sized' mansion near Lisbon 'is a year behind schedule, neighbours ALREADY dislike him and Georgina Rodriguez - and costs are rocketing up' (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service