Gucci ပိုင်ရှင် ကမ္ဘာကျော်သူဌေးကြီး ဖရန်ဆွာ ပီနိုနှင့် ရုပ်ရှုင်မင်းသမီး ဆယ်လ်မာဟာယက်တို့စုံတွဲ၏ လန်ဒန်မြို့မှ သရဲအကောင် ၂၀ ရှိသောစံအိမ်ကြီး

Gucci ပိုင်ရှင် ကမ္ဘာကျော်သူဌေးကြီး ဖရန်ဆွာ ပီနိုနှင့် ရုပ်ရှုင်မင်းသမီး ဆယ်လ်မာဟာယက်တို့စုံတွဲ၏ လန်ဒန်မြို့မှ သရဲအကောင် ၂၀ ရှိသောစံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
10 Jul 2023 9:37 am တွင် တင်ခဲ့သည်
646 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဆယ်လ်မာ ဟာယက်သည် Desparado ဇာတ်ကားဖြင့် စတင်လူသိများခဲ့သူ ဟောလိဝုဒ်ရုပ်ရှင်မင်းသမီးဖြစ်ပြီး Wild Wild West ၊ Puss in Boots: The Last Wish ၊ Frida တို့ကဲ့သို့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

(ဆယ်လ်မာဟာယက်- Salma Hayek)

 

ဆယ်လ်မာ ဟာယက်သည် ဟောလိဝုဒ်၏ ရုပ်ရှင်အကြီးအဆုံးနှင့် သြဇာအလွှမ်းနိုင်ဆုံး လက်တင်မင်းသမီး များတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံရသည်။ သတင်းမီဒီယာများစွာတို့က ဆယ်လ်မာဟာယက်ကို ကမ္ဘာ့အလှဆုံးအမျိုးသမီးများတွင်တစ်ဦးအပါအဝင်အဖြစ် ဖော်ပြကြသည်။

၂၀၂၃ ခုနှစ်အတွင်း တိုင်းမ်မဂ္ဂဇင်းကြီး၏ ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ဆယ်လ်မာဟာယက် ကို ထည့်သွင်းဖော်ပြခဲ့သည်။ ဆယ်လ်မာဟာယက်သည် ကမ္ဘာကျော် ဘီလျံနာကြီး ဖရန်ဆွာ အွန်နရီ ပီနို (Francois Henri Pinault) နှင့် လက်ထပ်ခဲ့ပြီး သမီးတစ်ဦး ထွန်းကားသည်။

((ဖရန်ဆွာ ပီနို))

ဖရန်ဆွာ အွန်နရီ ပီနို (မွေး ၁၉၆၂) သည် ပြင်သစ် စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး Kering နှင့် Groupe Artemis တို့၏ ဥက္ကဌဖြစ်သည်။ ဖရန်ဆွာပီနိုသည် ဖခင်ထံမှ လုပ်ငန်းအမွေဆက်ခံပြီးနောက်ပိုင်း လက်လီအရောင်းလုပ်ငန်းကြီး PPR ကို ဖက်ရှင်ကုမ္ပဏီ Kering အဖြစ် ပြောင်းလဲခဲ့သည်။

(ဖရန်ဆွာ ပီနိုအိမ်ထောင်ရေး)

ပီနိုသည် ဒေါ်ရိုသီ လီပဲရေနှင့် ၁၉၉၆ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ လက်ထပ်ပေါင်းသင်းခဲ့ပြီး သားတစ်ဦး၊ သမီးတစ်ဦး ထွန်းကားသည်။ ယင်းနောက် ပီနိုသည် စူပါမော်ဒယ် လင်ဒါ အယ်ဗန်ဂယ်လစ္စတာနှင့် ၂၀၀၅ မှ ၂၀၀၆ ခုနှစ် ၊ ဇန်နဝါရီအထိ တွဲခဲ့ပြီး သားတစ်ဦး ထွန်းကားသည်။ ၂၀၀၆၊ ဧပြီလတွင် ပီနိုသည် ရုပ်ရှင်မင်းသမီး ဆယ်လ်မာ ဟာယက်နှင့် စတွဲခဲ့ပြီး ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလတွင် သမီးတစ်ဦး ထွန်းကားသည်။ ပီနိုတို့ စုံတွဲသည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ၂၀၀၉ ခုနှစ် ချစ်သူများနေ့၌ လက်ထပ်ခဲ့ကြသည်။ ပီနိုပိုင်ဆိုင်သော ကုမ္ပဏီများတွင် Gucci ၊ Yves Saint Laurent ၊ ပြင်သစ် လက်ဝတ်ရတနာကုမ္ပဏီ Boucheron နှင့် ဖက်ရှင်ကုမ္ပဏီ Balenciaga ၊ ဗြိတိန်ဖက်ရှင်ကုမ္ပဏီ Alexander McQueen တို့ အပါအဝင် ဖြစ်သည်။

((သရဲခြောက်သော စံအိမ်ကြီး))

ဆယ်လ်မာ ဟာယက်သည် ဇာတိမြေ မက္ကဆီကိုတွင် ရုပ်သံအစီအစဉ်များ၌ ပါဝင်ကာ သရုပ်ဆောင်လောကကို စတင်ခြေချခဲ့ပြီး ယနေ့တွင်ကား ဟောလိဝုဒ် ပေါက်ကားများတွင် ပါဝင်သရုပ်ဆောင်လျက်ရှိကာ ထိပ်သီးကြယ်ပွင့်များတွင် ပါဝင်လျက်ရှိသူ ဖြစ်သည်။ ဖရန်ဆွာပီနိုနှင့် ဆယ်လ်မာ ဟာယက်တို့ စုံတွဲတို့ နေထိုင်သည့် တန်ဖိုးကြီး အိမ်ခြံမြေများစွာရှိသည့်အနက် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှ အိပ်ခန်း ၁၄ ခန်းပါ စံအိမ်ကြီးတစ်လုံးလည်း အပါအဝင် ဖြစ်သည်။

ဆယ်လ်မာ ဟာယက်နှင့် သမီးဖြစ်သူ ဗလင်တီနာတို့၏ ပြောကြားချက်အရ အဆိုပါ စံအိမ်မှာ သရဲခြောက် သည်ဟု ဆိုသည်။

အဆိုပါ စံအိမ်ကြီးတွင် မည်သို့သော ဆန်းကျယ်သည့် ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သည်ကို ဤဆောင်းပါးတွင် ဖော်ပြသွားပါမည်။

ဆယ်လ်မာ ဟာယက်၏ စံအိမ်မှာ ကမ္ဘာပေါ်ရှိ ဈေးအကြီးဆုံး စံအိမ်များ တည်ရှိရာ လမ်းတစ်လမ်းဖြစ်သည့် Bishops Avenue တွင် တည်ရှိသည်။ အဆိုပါအိမ်တွင် ယခင်က ပေ့ါပ်ကြယ်ပွင့် ဂျပ်စတင်ဘီဘာ နေထိုင်ခဲ့ဖူးသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ဆယ်လ်မာ ဟာယက်နှင့် အမေရိကန်ရုပ်ရှင်မင်းသမီး Tiffany Haddish တို့ Like A Boss ဇာတ်ကားတွင် အတူပါဝင် သရုပ်ဆောင်ခဲ့စဉ်က Tiffany သည် ယခုအိမ်တွင် တည်းခိုနေထိုင်ခဲ့ဖူးသည်။

အိပ်ခန်းပေါင်းများစွာ ပါဝင်သော ဤစံအိမ်ကြီးမှာ နန်းတော်ကြီးတစ်ခုနှင့် တူသည်ဟု Tiffny က ယူဆသည်။

“ဆယ်လ်မာက ကျွန်မကို လန်ဒန်က သူ့အိမ်မှာ အိပ်ခွင့်ပေးခဲ့ပါတယ်။ အိပ်ယာက တော်ဝင်မင်းသမီးတွေရဲ့ အိပ်ယာလိုမျိုးပဲ။ သူက ကျွန်မ သိကျွမ်းတဲ့ သူတွေထဲမှာ အချမ်းသာဆုံး ဖြစ်မယ် ထင်တယ်။ အိပ်ယာက စက်ဝိုင်းပုံလိုမျိုး… မင်းသမီးလေးတစ်ပါးရဲ့ အိပ်ယာနဲ့ တူနေတယ်။ ကျွန်မက ကိုယ့်ကိုယ်ကို မင်းသမီးလေးတစ်ပါးလို ခံစားခဲ့ရတယ်”ဟု Tiffiny က Good Morning America ရုပ်သံအစီအစဉ်သို့ ပြောခဲ့ကြောင်း Hello မဂ္ဂဇင်းတွင် ဖော်ပြသည်။

များပြားလှသော အိပ်ခန်းများအပြင် အိမ်တွင်းအိမ်ပြင် ရေကူးကန်များ ၊ အားကစားလေ့ကျင့်ခန်းမ ၊ ဝိုင်သိုလှောင်ခန်းနှင့် တင်းနစ်ကွင်းတို့ ပါဝင်သည်။ Tiffiny က ထိုအိမ်တွင် သရဲခြောက်မှုများရှိကြောင်း ထည့်သွင်းပြောကြားခဲ့မှု မရှိသော်လည်း ဆယ်လ်မာ ဟာယက်ကမူ အဆိုပါအိမ်မှာ သရဲခြောက်ကြောင်း ပြောသည်။

The Ellen DeGeneres Show ရုပ်သံအစီအစဉ်တွင် ဆယ်လ်မာ ဟာယက်က ထုတ်ဖော်ပြောကြားသည်မှာ မိမိတို့ မိသားစုနှင့် ဝန်ထမ်း အများအပြားက စံအိမ်အတွင်း ဆန်းကြယ်သော ဖြစ်ရပ်များ ကြုံတွေ့ခဲ့ရကြောင်း ပြောသည်။ “ပီယာနိုကြီးက သူ့အလိုလို တီးနေလို့ တချို့သက်တော်စောင့်တွေဆိုရင် အဲဒီအိမ်မှာ အလုပ်မလုပ်ချင်ကြ တော့ဘူး။ မီးလုံးတွေက မှိတ်လိုက်ပွင့်လိုက်ဖြစ်တယ်။ တံခါးတွေ ပြတင်းပေါက်တွေကလည်း သူ့အလိုလို ဖွင့်လိုက်ပိတ်လိုက် ဖြစ်တယ်။ ဒီလို ဖြစ်ရပ်တစ်ချို့ကို ကျွန်မကိုယ်တိုင် မြင်ပါတယ်။ အိမ်မှာနေတဲ့ တခြားသူ အတော်များများလည်း ဒါတွေကို တွေ့ပါတယ်။” ဆယ်လ်မာ ဟာယက်၏ သမီးဖြစ်သူက ပြောသည်မှာ သူကြုံရသည်မှာ ပိုဆိုးကြောင်း၊ တစ္ဆေသရဲများကို ၂ ကြိမ်တိုင် တွေ့ခဲ့ကြောင်း ပြောသည်။

ဆယ်လ်မာ ဟာယက်လည်း သရဲများနှင်ထုတ်ရန် လူတစ်ယောက်ငှားရမ်းခဲ့ရသည်။ အဆိုပါ ပုဂ္ဂိုလ်က ပြောသည်မှာ နေအိမ်အတွင်း သရဲအကောင် ၂၀ ရှိကြောင်း ၊ ၎င်းအနေဖြင့် သရဲအများစုကို နှင်ထုတ်နိုင်သော်လည်း အိမ်ထဲမှ မထွက်လိုသည့် သရဲအနည်းငယ်ကိုမူ နှင်ထုတ်နိုင်ခြင်း မရှိကြောင်း ပြောသည်။ ဂျပ်စတင်ဘီဘာ ဤစံအိမ်မှ ပြောင်းရွှေ့သွားရခြင်းမှာလည်း သရဲများ ရှိသောကြောင့် ဖြစ်နိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Salma Hayek’s 14-Bedroom Haunted London Mansion ( ShowBiz Cheatsheet )

 

Gucci ပိုင္ရွင္ ကမာၻေက်ာ္သူေဌးႀကီး ဖရန္ဆြာ ပီႏိုႏွင့္ ႐ုပ္ရႈင္မင္းသမီး ဆယ္လ္မာဟာယက္တို႔စုံတြဲ၏ လန္ဒန္ၿမိဳ႕မွ သရဲအေကာင္ ၂၀ ရွိေသာစံအိမ္ႀကီး

(ဆယ္လ္မာဟာယက္- Salma Hayek)

ဆယ္လ္မာ ဟာယက္သည္ Desparado ဇာတ္ကားျဖင့္ စတင္လူသိမ်ားခဲ့သူ ေဟာလိဝုဒ္႐ုပ္ရွင္မင္းသမီးျဖစ္ၿပီး Wild Wild West ၊ Puss in Boots: The Last Wish ၊ Frida တို႔ကဲ့သို႔ နာမည္ႀကီး ႐ုပ္ရွင္ဇာတ္ကားမ်ားတြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့သည္။

ဆယ္လ္မာ ဟာယက္သည္ ေဟာလိဝုဒ္၏ ႐ုပ္ရွင္အႀကီးအဆုံးႏွင့္ ၾသဇာအလႊမ္းႏိုင္ဆုံး လက္တင္မင္းသမီး မ်ားတြင္ တစ္ဦးအပါအဝင္အျဖစ္ သတ္မွတ္ခံရသည္။ သတင္းမီဒီယာမ်ားစြာတို႔က ဆယ္လ္မာဟာယက္ကို ကမာၻ႔အလွဆုံးအမ်ိဳးသမီးမ်ားတြင္တစ္ဦးအပါအဝင္အျဖစ္ ေဖာ္ျပၾကသည္။

၂၀၂၃ ခုႏွစ္အတြင္း တိုင္းမ္မဂၢဇင္းႀကီး၏ ကမာၻ႔ၾသဇာအလႊမ္းဆုံးပုဂၢိဳလ္ ၁၀၀ စာရင္းတြင္ ဆယ္လ္မာဟာယက္ ကို ထည့္သြင္းေဖာ္ျပခဲ့သည္။ ဆယ္လ္မာဟာယက္သည္ ကမာၻေက်ာ္ ဘီလ်ံနာႀကီး ဖရန္ဆြာ အြန္နရီ ပီႏို (Francois Henri Pinault) ႏွင့္ လက္ထပ္ခဲ့ၿပီး သမီးတစ္ဦး ထြန္းကားသည္။

((ဖရန္ဆြာ ပီႏို))

ဖရန္ဆြာ အြန္နရီ ပီႏို (ေမြး ၁၉၆၂) သည္ ျပင္သစ္ စီးပြားေရးလုပ္ငန္းရွင္ျဖစ္ၿပီး Kering ႏွင့္ Groupe Artemis တို႔၏ ဥကၠဌျဖစ္သည္။ ဖရန္ဆြာပီႏိုသည္ ဖခင္ထံမွ လုပ္ငန္းအေမြဆက္ခံၿပီးေနာက္ပိုင္း လက္လီအေရာင္းလုပ္ငန္းႀကီး PPR ကို ဖက္ရွင္ကုမၸဏီ Kering အျဖစ္ ေျပာင္းလဲခဲ့သည္။

(ဖရန္ဆြာ ပီႏိုအိမ္ေထာင္ေရး)

ပီႏိုသည္ ေဒၚ႐ိုသီ လီပဲေရႏွင့္ ၁၉၉၆ ခုႏွစ္မွ ၂၀၀၄ ခုႏွစ္အထိ လက္ထပ္ေပါင္းသင္းခဲ့ၿပီး သားတစ္ဦး၊ သမီးတစ္ဦး ထြန္းကားသည္။ ယင္းေနာက္ ပီႏိုသည္ စူပါေမာ္ဒယ္ လင္ဒါ အယ္ဗန္ဂယ္လစၥတာႏွင့္ ၂၀၀၅ မွ ၂၀၀၆ ခုႏွစ္ ၊ ဇန္နဝါရီအထိ တြဲခဲ့ၿပီး သားတစ္ဦး ထြန္းကားသည္။ ၂၀၀၆၊ ဧၿပီလတြင္ ပီႏိုသည္ ႐ုပ္ရွင္မင္းသမီး ဆယ္လ္မာ ဟာယက္ႏွင့္ စတြဲခဲ့ၿပီး ၂၀၀၇ ခုႏွစ္၊ စက္တင္ဘာလတြင္ သမီးတစ္ဦး ထြန္းကားသည္။ ပီႏိုတို႔ စုံတြဲသည္ ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕တြင္ ၂၀၀၉ ခုႏွစ္ ခ်စ္သူမ်ားေန႔၌ လက္ထပ္ခဲ့ၾကသည္။ ပီႏိုပိုင္ဆိုင္ေသာ ကုမၸဏီမ်ားတြင္ Gucci ၊ Yves Saint Laurent ၊ ျပင္သစ္ လက္ဝတ္ရတနာကုမၸဏီ Boucheron ႏွင့္ ဖက္ရွင္ကုမၸဏီ Balenciaga ၊ ၿဗိတိန္ဖက္ရွင္ကုမၸဏီ Alexander McQueen တို႔ အပါအဝင္ ျဖစ္သည္။

((သရဲေျခာက္ေသာ စံအိမ္ႀကီး))

ဆယ္လ္မာ ဟာယက္သည္ ဇာတိေျမ မကၠဆီကိုတြင္ ႐ုပ္သံအစီအစဥ္မ်ား၌ ပါဝင္ကာ သ႐ုပ္ေဆာင္ေလာကကို စတင္ေျခခ်ခဲ့ၿပီး ယေန႔တြင္ကား ေဟာလိဝုဒ္ ေပါက္ကားမ်ားတြင္ ပါဝင္သ႐ုပ္ေဆာင္လ်က္ရွိကာ ထိပ္သီးၾကယ္ပြင့္မ်ားတြင္ ပါဝင္လ်က္ရွိသူ ျဖစ္သည္။ ဖရန္ဆြာပီႏိုႏွင့္ ဆယ္လ္မာ ဟာယက္တို႔ စုံတြဲတို႔ ေနထိုင္သည့္ တန္ဖိုးႀကီး အိမ္ၿခံေျမမ်ားစြာရွိသည့္အနက္ အဂၤလန္ႏိုင္ငံ၊ လန္ဒန္ၿမိဳ႕မွ အိပ္ခန္း ၁၄ ခန္းပါ စံအိမ္ႀကီးတစ္လုံးလည္း အပါအဝင္ ျဖစ္သည္။

ဆယ္လ္မာ ဟာယက္ႏွင့္ သမီးျဖစ္သူ ဗလင္တီနာတို႔၏ ေျပာၾကားခ်က္အရ အဆိုပါ စံအိမ္မွာ သရဲေျခာက္ သည္ဟု ဆိုသည္။

အဆိုပါ စံအိမ္ႀကီးတြင္ မည္သို႔ေသာ ဆန္းက်ယ္သည့္ ျဖစ္ရပ္မ်ား ျဖစ္ေပၚခဲ့သည္ကို ဤေဆာင္းပါးတြင္ ေဖာ္ျပသြားပါမည္။

ဆယ္လ္မာ ဟာယက္၏ စံအိမ္မွာ ကမာၻေပၚရွိ ေဈးအႀကီးဆုံး စံအိမ္မ်ား တည္ရွိရာ လမ္းတစ္လမ္းျဖစ္သည့္ Bishops Avenue တြင္ တည္ရွိသည္။ အဆိုပါအိမ္တြင္ ယခင္က ေပ့ါပ္ၾကယ္ပြင့္ ဂ်ပ္စတင္ဘီဘာ ေနထိုင္ခဲ့ဖူးသည္။ ၂၀၂၀ ျပည့္ႏွစ္အတြင္း ဆယ္လ္မာ ဟာယက္ႏွင့္ အေမရိကန္႐ုပ္ရွင္မင္းသမီး Tiffany Haddish တို႔ Like A Boss ဇာတ္ကားတြင္ အတူပါဝင္ သ႐ုပ္ေဆာင္ခဲ့စဥ္က Tiffany သည္ ယခုအိမ္တြင္ တည္းခိုေနထိုင္ခဲ့ဖူးသည္။

အိပ္ခန္းေပါင္းမ်ားစြာ ပါဝင္ေသာ ဤစံအိမ္ႀကီးမွာ နန္းေတာ္ႀကီးတစ္ခုႏွင့္ တူသည္ဟု Tiffny က ယူဆသည္။ “ဆယ္လ္မာက ကြၽန္မကို လန္ဒန္က သူ႔အိမ္မွာ အိပ္ခြင့္ေပးခဲ့ပါတယ္။ အိပ္ယာက ေတာ္ဝင္မင္းသမီးေတြရဲ႕ အိပ္ယာလိုမ်ိဳးပဲ။ သူက ကြၽန္မ သိကြၽမ္းတဲ့ သူေတြထဲမွာ အခ်မ္းသာဆုံး ျဖစ္မယ္ ထင္တယ္။ အိပ္ယာက စက္ဝိုင္းပုံလိုမ်ိဳး… မင္းသမီးေလးတစ္ပါးရဲ႕ အိပ္ယာနဲ႔ တူေနတယ္။ ကြၽန္မက ကိုယ့္ကိုယ္ကို မင္းသမီးေလးတစ္ပါးလို ခံစားခဲ့ရတယ္”ဟု Tiffiny က Good Morning America ႐ုပ္သံအစီအစဥ္သို႔ ေျပာခဲ့ေၾကာင္း Hello မဂၢဇင္းတြင္ ေဖာ္ျပသည္။

မ်ားျပားလွေသာ အိပ္ခန္းမ်ားအျပင္ အိမ္တြင္းအိမ္ျပင္ ေရကူးကန္မ်ား ၊ အားကစားေလ့က်င့္ခန္းမ ၊ ဝိုင္သိုေလွာင္ခန္းႏွင့္ တင္းနစ္ကြင္းတို႔ ပါဝင္သည္။ Tiffiny က ထိုအိမ္တြင္ သရဲေျခာက္မႈမ်ားရွိေၾကာင္း ထည့္သြင္းေျပာၾကားခဲ့မႈ မရွိေသာ္လည္း ဆယ္လ္မာ ဟာယက္ကမူ အဆိုပါအိမ္မွာ သရဲေျခာက္ေၾကာင္း ေျပာသည္။

The Ellen DeGeneres Show ႐ုပ္သံအစီအစဥ္တြင္ ဆယ္လ္မာ ဟာယက္က ထုတ္ေဖာ္ေျပာၾကားသည္မွာ မိမိတို႔ မိသားစုႏွင့္ ဝန္ထမ္း အမ်ားအျပားက စံအိမ္အတြင္း ဆန္းၾကယ္ေသာ ျဖစ္ရပ္မ်ား ႀကဳံေတြ႕ခဲ့ရေၾကာင္း ေျပာသည္။ “ပီယာႏိုႀကီးက သူ႔အလိုလို တီးေနလို႔ တခ်ိဳ႕သက္ေတာ္ေစာင့္ေတြဆိုရင္ အဲဒီအိမ္မွာ အလုပ္မလုပ္ခ်င္ၾက ေတာ့ဘူး။ မီးလုံးေတြက မွိတ္လိုက္ပြင့္လိုက္ျဖစ္တယ္။ တံခါးေတြ ျပတင္းေပါက္ေတြကလည္း သူ႔အလိုလို ဖြင့္လိုက္ပိတ္လိုက္ ျဖစ္တယ္။ ဒီလို ျဖစ္ရပ္တစ္ခ်ိဳ႕ကို ကြၽန္မကိုယ္တိုင္ ျမင္ပါတယ္။ အိမ္မွာေနတဲ့ တျခားသူ အေတာ္မ်ားမ်ားလည္း ဒါေတြကို ေတြ႕ပါတယ္။” ဆယ္လ္မာ ဟာယက္၏ သမီးျဖစ္သူက ေျပာသည္မွာ သူႀကဳံရသည္မွာ ပိုဆိုးေၾကာင္း၊ တေစၦသရဲမ်ားကို ၂ ႀကိမ္တိုင္ ေတြ႕ခဲ့ေၾကာင္း ေျပာသည္။

ဆယ္လ္မာ ဟာယက္လည္း သရဲမ်ားႏွင္ထုတ္ရန္ လူတစ္ေယာက္ငွားရမ္းခဲ့ရသည္။ အဆိုပါ ပုဂၢိဳလ္က ေျပာသည္မွာ ေနအိမ္အတြင္း သရဲအေကာင္ ၂၀ ရွိေၾကာင္း ၊ ၎အေနျဖင့္ သရဲအမ်ားစုကို ႏွင္ထုတ္ႏိုင္ေသာ္လည္း အိမ္ထဲမွ မထြက္လိုသည့္ သရဲအနည္းငယ္ကိုမူ ႏွင္ထုတ္ႏိုင္ျခင္း မရွိေၾကာင္း ေျပာသည္။ ဂ်ပ္စတင္ဘီဘာ ဤစံအိမ္မွ ေျပာင္းေ႐ႊ႕သြားရျခင္းမွာလည္း သရဲမ်ား ရွိေသာေၾကာင့္ ျဖစ္ႏိုင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com 

Ref : Inside Salma Hayek’s 14-Bedroom Haunted London Mansion

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service