အိန္ဒိယဘီလျံနာကြီး ပန်ကက် အော့စ်ဝဲလ် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ်များတွင် ပါဝင်သော စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ သန်း ၂၀၀ ဖြင့်ဝယ်ယူ

အိန္ဒိယဘီလျံနာကြီး ပန်ကက် အော့စ်ဝဲလ် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ်များတွင် ပါဝင်သော စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ သန်း ၂၀၀ ဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
22 Jun 2023 11:51 am တွင် တင်ခဲ့သည်
696 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယဘီလျံနာသူဌေးစုံတွဲဖြစ်သော ပန်ကက် အော့စ်ဝဲလ် (Pankaj Oswal) နှင့် ဇနီးဖြစ်သူ ရာဒီကာ အော့စ်ဝဲလ်တို့သည် အိန္ဒိယရူပီးငွေ ၁၆၄၉ ကုဋေ (ကန်ဒေါ်လာ သန်း ၂၀၀) တန်ကြေးရှိသော “ဗာရီစံအိမ်” ဟု အမည်ရသော စံအိမ်ကြီးကို ဝယ်ယူခဲ့သည်။

ပန်ကက်တို့စုံတွဲသည် Oswal Group ၏ ပိုင်ရှင်ဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံမှ Gingins အမည်ရှိ ကျေးရွာတွင် တည်ရှိပြီး ပန်ကက်၏ သမီးများဖြစ်သော ဗာဆွန်ဒရာနှင့် ရီဒီတို့ကို အစွဲပြုကာ စံအိမ်ကြီးကို ဗာရီဟု အတိုကောက် အမည်ပေးထားခြင်း ဖြစ်သည်။

ထိုစံအိမ်ကြီးသည် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ်ကြီး ၁၀ လုံးတွင် တစ်လုံးအပါအဝင်ဖြစ်သည်ဟု ယူဆရသည်။

ကမ္ဘာကျော် အိမ်တွင်းဒီဇိုင်နာ Jeffrey Wilkes က မွမ်းမံပြင်ဆင်ပေးထားသော ဗာရီစံအိမ်ကြီး၏ ခြံဝန်းအကျယ်မှာ စတုရန်းမီတာ ၄၀၀၀၀ ကျယ်ဝန်းပြီး ရင်သပ်ရှုမောဖွယ် Mont Blanc တောင်ကြီး၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။

အော့စ်ဝဲလ်စုံတွဲ၏ ကြွယ်ဝမှုမှာ ရူပီး ၂၄၇၀၀၀ ကုဋေ (ကန်ဒေါ်လာ ၃ ဘီလီယံ) ခန့်ကြွယ်ဝသည်ဟု ခန့်မှန်းရပြီး အိမ်ခြံမြေ ၊ သတ္တုတွင်းနှင့် ဓာတ်မြေသြဇာတို့အပါအဝင် လုပ်ငန်းနယ်ပယ်များစွာ လုပ်ကိုင်လျက်ရှိသည်။

ပန်ကက်၏ သမီးတစ်ဦးဖြစ်သူ ဗာဆွန်ဒရာသည် ဘဏ္ဍာရေးဆိုင်ရာဘွဲ့ရရှိထားပြီး Oswal ကုမ္ပဏီအုပ်စုမှ Pro Industries နှင့် Axis Minerals groups တို့၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ သမီးငယ်ရီဒီမှာ လန်ဒန် တက္ကသိုလ်တွင် ဓာတုဗေဒအင်ဂျင်နီယာပညာ ဆည်းပူးနေကာ ပေါ့ပ်အဆိုတော် ၊ တေးရေးတစ်ဦးလည်း ဖြစ်သည်။

အော့စ်ဝဲလ်မိသားစုသည် လုပ်ငန်းနယ်ပယ်များစွာတွင် ကြီးမားသည့် သြဇာလွှမ်းမိုးမှုများစွာ ရှိသော်လည်း လူအများ၏ အာရုံစိုက်ခြင်းကို မခံလိုကြ။

၎င်းတို့မိသားစုသည် ကမ္ဘာပေါ်တွင် Liquid Ammonia အများစု ထုတ်လုပ်နေသော သြစတေးလျနိုင်ငံမှ Burrup Fertilisers ကုမ္ပဏီ ၊ အရှေ့အာဖရိကရှိ အကြီးမားဆုံး အီသနောစက်ရုံ PRO Industries PTE LTD နှင့် အနောက်အာဖရိကတွင် အကြီးမားဆုံး ဘောက်စိုက်သတ္တုတွင်း ကုမ္ပဏီဖြစ်သော Axis Minerals တို့ကဲ့သို့ ကြီးမားသောလုပ်ငန်းကြီးများ ပိုင်ဆိုင်ထားသည်။

၂၀၁၅ ခုနှစ်အတွင်း အော့စ်ဝဲလ်မိသားစုသည် အခွန်မပေးဆောင်မှုဖြင့် သြစတေးလျနိုင်ငံမှ ထွက်ပြေးခဲ့သည် ဟူသော ကောလာဟလများလည်း ရှိသည်။

ထိုအချိန်က အော့စ်ဝဲလ်စံအိမ်ကို ဆောက်လက်စ တန်းလန်းဖြင့် ထားရစ်ခဲ့သည်။

အဆိုပါ စံအိမ်ကြီးကို သြစတေးလျနိုင်ငံ ၊ ပါ့သ်မြို့၏ အကြီးမားဆုံးနှင့် အခမ်းနားဆုံး စံအိမ်ကြီးဖြစ်လာစေရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Indian Business tycoon Pankaj Oswal purchases one of world's most expensive houses (timesofindia)

[Zawgyi]

အိႏိၵယဘီလ်ံနာၾကီး ပန္ကက္ ေအာ့စ္ဝဲလ္ ကမၻာ့ေစ်းအၾကီးဆံုး စံအိမ္မ်ားတြင္ ပါဝင္ေသာ စံအိမ္ၾကီးတစ္လံုးကို ကန္ေဒၚလာ သန္း ၂၀၀ ျဖင့္ဝယ္ယူ

အိႏိၵယဘီလ်ံနာသူေဌးစံုတြဲျဖစ္ေသာ ပန္ကက္ ေအာ့စ္ဝဲလ္ (Pankaj Oswal) ႏွင့္ ဇနီးျဖစ္သူ ရာဒီကာ ေအာ့စ္ဝဲလ္တို႔သည္ အိႏိၵယရူပီးေငြ ၁၆၄၉ ကုေဋ (ကန္ေဒၚလာ သန္း ၂၀၀) တန္ေၾကးရွိေသာ “ဗာရီစံအိမ္” ဟု အမည္ရေသာ စံအိမ္ၾကီးကို ဝယ္ယူခဲ့သည္။

ပန္ကက္တို႔စံုတြဲသည္ Oswal Group ၏ ပိုင္ရွင္ျဖစ္သည္။ ဆြစ္ဇာလန္ႏိုင္ငံမွ Gingins အမည္ရွိ ေက်းရြာတြင္ တည္ရွိျပီး ပန္ကက္၏ သမီးမ်ားျဖစ္ေသာ ဗာဆြန္ဒရာႏွင့္ ရီဒီတို႔ကို အစြဲျပဳကာ စံအိမ္ၾကီးကို ဗာရီဟု အတုိေကာက္ အမည္ေပးထားျခင္း ျဖစ္သည္။

ထိုစံအိမ္ၾကီးသည္ ကမၻာ့ေစ်းအၾကီးဆံုး စံအိမ္ၾကီး ၁၀ လံုးတြင္ တစ္လံုးအပါအဝင္ျဖစ္သည္ဟု ယူဆရသည္။

ကမၻာေက်ာ္ အိမ္တြင္းဒီဇိုင္နာ Jeffrey Wilkes က မြမ္းမံျပင္ဆင္ေပးထားေသာ ဗာရီစံအိမ္ၾကီး၏ ျခံဝန္းအက်ယ္မွာ စတုရန္းမီတာ ၄၀၀၀၀ က်ယ္ဝန္းျပီး ရင္သပ္ရႈေမာဖြယ္ Mont Blanc ေတာင္ၾကီး၏ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။

ေအာ့စ္ဝဲလ္စံုတြဲ၏ ၾကြယ္ဝမႈမွာ ရူပီး ၂၄၇၀၀၀ ကုေဋ (ကန္ေဒၚလာ ၃ ဘီလီယံ) ခန္႔ၾကြယ္ဝသည္ဟု ခန္႔မွန္းရျပီး အိမ္ျခံေျမ ၊ သတၱဳတြင္းႏွင့္ ဓာတ္ေျမၾသဇာတုိ႔အပါအဝင္ လုပ္ငန္းနယ္ပယ္မ်ားစြာ လုပ္ကိုင္လ်က္ရွိသည္။

ပန္ကက္၏ သမီးတစ္ဦးျဖစ္သူ ဗာဆြန္ဒရာသည္ ဘ႑ာေရးဆိုင္ရာဘြဲ႔ရရွိထားျပီး Oswal ကုမၸဏီအုပ္စုမွ Pro Industries ႏွင့္ Axis Minerals groups တို႔၏ အမႈေဆာင္ဒါရိုက္တာျဖစ္သူ သမီးငယ္ရီဒီမွာ လန္ဒန္ တကၠသိုလ္တြင္ ဓာတုေဗဒအင္ဂ်င္နီယာပညာ ဆည္းပူးေနကာ ေပါ့ပ္အဆိုေတာ္ ၊ ေတးေရးတစ္ဦးလည္း ျဖစ္သည္။

ေအာ့စ္ဝဲလ္မိသားစုသည္ လုပ္ငန္းနယ္ပယ္မ်ားစြာတြင္ ၾကီးမားသည့္ ၾသဇာလႊမ္းမိုးမႈမ်ားစြာ ရွိေသာ္လည္း လူအမ်ား၏ အာရံုစိုက္ျခင္းကို မခံလိုၾက။

၎တုိ႔မိသားစုသည္ ကမၻာေပၚတြင္ Liquid Ammonia အမ်ားစု ထုတ္လုပ္ေနေသာ ၾသစေတးလ်ႏိုင္ငံမွ Burrup Fertilisers ကုမၸဏီ ၊ အေရွ႕အာဖရိကရွိ အၾကီးမားဆံုး အီသေနာစက္ရံု PRO Industries PTE LTD ႏွင့္ အေနာက္အာဖရိကတြင္ အၾကီးမားဆံုး ေဘာက္စိုက္သတၱဳတြင္း ကုမၸဏီျဖစ္ေသာ Axis Minerals တို႔ကဲ့သို႔ ၾကီးမားေသာလုပ္ငန္းၾကီးမ်ား ပိုင္ဆိုင္ထားသည္။

၂၀၁၅ ခုႏွစ္အတြင္း ေအာ့စ္ဝဲလ္မိသားစုသည္ အခြန္မေပးေဆာင္မႈျဖင့္ ၾသစေတးလ်ႏိုင္ငံမွ ထြက္ေျပးခဲ့သည္ ဟူေသာ ေကာလာဟလမ်ားလည္း ရွိသည္။

ထိုအခ်ိန္က ေအာ့စ္ဝဲလ္စံအိမ္ကို ေဆာက္လက္စ တန္းလန္းျဖင့္ ထားရစ္ခဲ့သည္။

အဆုိပါ စံအိမ္ၾကီးကို ၾသစေတးလ်ႏိုင္ငံ ၊ ပါ့သ္ျမိဳ႕၏ အၾကီးမားဆံုးႏွင့္ အခမ္းနားဆံုး စံအိမ္ၾကီးျဖစ္လာေစရန္ ရည္ရြယ္ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Indian Business tycoon Pankaj Oswal purchases one of world's most expensive houses (timesofindia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
imyanmarmarket
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service